Sunday, March 3, 2013

အန်ဂျီအို မိုးသားအောက်မှ သတ္တ၀ါများ


ထိုင်းမြန်မာနယ်စပ်တလျောက် အန်ဂျီအိုမိုးသားများ နှစ်ပေါင်း ၂၀ ကျော်အကြာ ထူထူထဲထဲသိပ်သိပ်သဲသဲ ရွားသွန်းခဲ့၏၊ မြို့တမြို့ ရွာတရွာရဲ့ နိုင်ငံရေးဒဏ်ရာအားမသိမ်းနိုင် မကုနိုင်ပေးခဲ့ကြသော အဖွဲစည်း ပေါင်း တထောင်လောက်အပေါ် အန်ဂျီအိုမိုးများ မည်မျှရွာသွန်းစေခဲ့ကာမူ စိမ်းလန်းစိုပြေသော နိုင်ငံရေး ရှုခင်းတခုဖြစ်မလာခဲ့သောကြောင့် အန်ဂျီအို တိမ်တိုက်တို့ ရန်ကုန်နှင့် နေပြည်တော်သို့ ရွေလျားကုန်၏၊

အန်ဂျီအိုတို့ နယ်စပ်လျောက်တွင် နိုင်ငံကျော် ကမ္ဘာကျော် ဟောလီးဝုဒ်ပါမကျန် အစွမ်းကုန် ၇ွာသွန်းခဲ့သည်။ ထိုအချိန်ဝယ် ရေခံသူများ စုမိဆောင်းမိပြီး ဖူလုံသွားကြသော်လည်း နိုင်ငံရေး အနာဆာက ဗျက်ဗျက်ဗြဲကြီး သာရှိနေ၏၊
အန်ဂျီအိုက ဘာမှတ်လို့လဲ? Win Win Policy ၀င်းဝင်းပေါ်လစီကို ပြာချသောက်ထားသူများဖြစ်ကြ၏

နယ်စပ်တလျောက် အန်ဂျီအိုအချို့ စတင်ပေါက်ချလာသော ရှစ်လေးလုံးနောက်ပိုင်းကာလ ကျောင်းသားတော်လှန်ရေးအစပိုင်းကာလတွင် အန်ဂျီအိုမှ လာရောက် စမ်းသပ်သော ဆေးဝါးအချို့ကြောင့် လူစစ်စစ်မှ သားကောင် သတ္တ၀ါများသို့ ကူးပြောင်းခံရသူများအတော်ပင်ရှိခဲ့သည်။

အန်ဂျီအိုမိုးမှ စစ်ထုတ်လာသော ငွေကြေးလေးများဖြင့် အာဏာရှင်အမြစ်ပြုတ်ရေးလို့ ခေါင်းစဉ်ပေါင်းများစွာထဲက လျှို့ဝှက်ချက်များနှင့် သင်တန်းပေါင်းစုံ တော်လှန်ရေး ဗျူဟာကျမ်းကြီးများ ထွက်ပေါ်ခဲ့ပြီး ပြည်းတွင်းသို့ ပို့လွှတ်ခံရသော အညတရ နှံလုံးသားလှသည့် ရဲဘော်များလည်း ကျားပါစပ်ထဲ အသားတုံး ပစ်ထည့်ူသလို ဖြစ်သွားခဲ့ကြရသည်။

အန်ဂျီအိုက အတော်ထူးဆန်းသည်၊ မျက်နေတာကို မြင်သည်ဟု မှတ်သော အဖွဲ့စည်းများ မဟုတ်ကြသလို ကြားနေသည်ကိုလည်း ကြားသည်ဟု မှတ်သော အဖွဲ့မဟုတ်ပဲ ၄င်းတို့နှင့် တိုက်၇ိုက်ထိစပ်သော ထိပ်ပိုင်း အတွန့်အလိမ်များကိုသာယုံကြည်ကြသည်။

လမ်းဘေးတွင် အဟာရပြတ်ကာ နံရိုးအပြိုင်းပြိုင်းထနေသော ခလေးများအား အန်ဂျီအိုဂုရုကြီးတယောက်က မြင်ပြီး ၄င်း၏ဘေးမှ မြန်မာ အနားပြာတယောက်အား “ဒီခလေးတွေ ဘာဖြစ်လို့ အခုလို ပိန်လှီ ရှုပ်တွနေရတာလဲ?”ဟုမေးသောအခါ ကိုအနားပြာက “အဲဒါ ကျနော်တို့ ချပေးတဲ့ ဆေးကို မသောက်ပဲ ပြန်ရောင်းစားလို့ အဆုတ်နာတီဘီရောဂါ တကိုယ်လုံးကိုက်ပြီး ပုံပြက်ပမ်းပြက်ဖြစ်သွားတာ”ဟု ဆိုလိုက်သောအခါ ထိုအန်ဂျီအိုဂုရုက ချက်ခြင်းမျုက်နှာလွဲလိုက်ပြီး ကျောခိုင်းလိုက်သည်။ ၄င်းခလေးငယ်များသည် နိုင်ငံရေးစနစ်ကြောင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အဟာရ မရရှိကြောင်းကို မလေ့လာတော့ပဲ အနားပြာစကားကို ပုံသြောယုံကြည်ကာ ကွက်လပ်ထားခဲ့လိုက်သည်။
ယခု နယ်စပ်မှ အန်ဂျီအို မိုးတိမ်ထုတို့ ပြည်တွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသောနေရာများတွင် သဲသဲမဲမဲ ရွာချနေလေပြီ။

နယ်စပ်တွင် အန်ဂျီအိုမိုးများဖြင့် ကူးခတ်ပျော်ပါးနေသော အဖွဲ့များသည် ၄င်းတို့၏ အိုင်ကလေးများ ခန်းခြောက်လာသောကြောင့် ပြည်တွင်းထဲသို့ အူရာဖားရားပြေးဝင်ပြီး အန်ဂျီအို ငွေမိုးများကို သိမ်းကျုံးခံယူရေးအတွက် ရေကာတာများကြီးပင် ဆောက်နေကြသည်။
ပြည်တွင်းသို့ရောက်နေသော အန်ဂျီအိုများ အတော်ကြီးပင် ရွာသွန်းခွင့် ယခုရလာသည်။ သိန်းစိန်တို့ နှင့် တရုတ်ပြည် နိုင်ငံရေး ဖျံများက ၄င်းတို့ အတွက် ပွကိန်းဆိုက်လာအောင် ဖွင့်ပေးလေသည်။အန်ဂျီအို ဒေါ်လာများက သိန်းစိန်တို့ထံရောက်ရှိသော စည်းမျဉ်းကို စနစ်တကျဆွဲထားပြီး တရုတ်လက်နက်များအား အန်ဂျီအိုဒေါ်လာများဖြင့် လက်ငင်းဝယ်လာနိုင်အောင် တရုတ်က သွားဖြဲပြထားလေသည်။

နေပြည်တော် ဘဘကြီးများဖြစ်သော စစ်အာဏာရှင်အသိုင်းဝိုင်းနှင့် ဘဘ သားသမီးများ၏ သူခိုးဘဏ္ဏာမထိခိုက်ပဲ အန်ဂျီအို မိုးတို့ဖြင့် စိမ်းလန်းစိုပြေလာအောင် ခွင့်ပြုထားသည်။
အန်ဂျီအိုတို့ ယူလာသော ဒေါ်လာများအား ဘဘကြီး ကားဂိုထောင်နှင့် မြေအောက်ခန်းမှ မှိုတက်နေသော မြန်မာငွေများဖြင့် လဲလှည်အသွင်ပြောင်းပေးပြီး အနားယူ ဘဘကြီးနှင့် စစ်တပ်အသိုင်းဝိုင်းမှလာသော ငတက်ပြားဝန်ကြီးများအားလုံး၏ ရေကာတာထဲသို့ ဒေါ်လာများ အတားဆီးမဲ့ စီးဝင်နေသည်။

လျောက်လွှာ စက္ကူများအား မှင်ရောင်မျိုးစုံတိုဖြင့် ပုံနှိပ်ရိုက်ထုတ် ဖြတ်တောက်ပေးလိုက်သော မြန်မာငွေများမှာ အရင်းမဲ့ ပြည်သူများအားလုံးတို့၏ ဦးခေါင်းငယ်ထိပ်အား အရှိန်ပြင်းပြင်းနှင့် နေစဉ်နှင့်အမျှထုရိုက်နေသော ၁၀ ပေါင်ကျော်လေးသည့် တရားရုံးဒဏ်ငွေများနှင့် ကုန်ဈေးနုံန်းတင်ပုတ်ကြီးများဖြစ်လာကြသည်။
သိန်းစိန်တို့ နေပြည်တော် မျောက်လွဲကျော်တို့အဖို့ ကမ္ဘာနှင့်ယဉ်ဘောင်တန်းနိုင်သည့် စီးပွါးရေးအကွက်ကွင်းတခုပေါ်လာရသည်။ အန်ဂျီအိုများမှ အရေးပေါ် ဒေါ်လာများဖြင့် ၀ယ်ယူမည့် စားနပ်ရိပ်ခါများအား အထွေထူး ထုတ်ပိုး တင်ပို့စရာမလိုတော့ပဲ ပြည်တွင်းမှာပင် ပြည်သူများ၏ အရံအရေးပေါ်ထားသော စားနပ်ရိပ်ခါများကို တိုက်ရိုက်ရောင်းချကြပြီး ၄င်းတို့၏ ဘဏ္ဏာ တိုက်အား ရေလှေင်ကန်ကြီးသဖွယ်တည်ဆောက် ဖြည့်သွင်းနေကြသည်။

၎င်းတို့နှင့် ပေါင်းဖက်သော ခရိုနီနှင့် အရောင်မျိုးစုံပါသော ကျပိုးသခိုးပွဲစားများလည်းအလုပ်ဖြစ်ကာ စည်ပင်လာကြသည်။ လယ်သိမ်းမြေသိမ်းပြီး မူရင်း လယ်ယာ တောင်သူ ဆင်းရဲသားများကိုပင် မသေရုံတမည် ရေစက်လေးများချပြီး ချတီးနှစ်ထပ်ကွမ်းစနစ်တရပ်ကို အသက်သွင်းကာ လယ်သမားများအား ရိုက်နက် ပစ်ခတ်သတ်ဖြတ်လာကြသည်။

၎င်းတို့ ပြသနာများအား အန်ဂျီအိုဘုန်းဘုန်းနှင့် သံဃာတော်ကြီးများက ကြေအေးအောင် ဓမ္မတေးများ သွားရောက်သီဆိုဖျောက်ဖြေပေးရပြီး အန်ဂျီအို ငွေမိုးဖြင့် ရာဇ၀တ်မှုများကို လိုက်လံဆေးကြောပေးနေကြသည်။
အန်ဂျီအိုတို့သည်လည်း အလုပ်ဖြစ်ပြီး ၄င်းတို့ လစာများအား မြက်မြက်ကလေးရရှိရေးကိုသာ အာရုံစိုက်ထားကြ။

ကမ္ဘာကျော် နိုင်ငံရေး ထုံပေပေ အန်အယ်ဒီနှင့် ၈၈ ကျောင်းသားများ၏ မြစ်ကျဉ်းလေးထဲသို့လဲ စီးဆင်းပေးနေသည်။ သူတို့က လောလောဆယ် လူထုဆန္ဒ အတည်မဟုတ်သော အစိုးရကို ကျားကန်ပေးရင်း နီးစပ်သူလူရင်းလေးများသို့ အန်ဂျီအိုမြောင်းကလေးများ သွယ်ပေးနေကြသည်။ ဗဟုဆိုသော အဖွဲ့ နှင့် ရိုဟင်ဂျာဘန်းပြတို့က ရေကာတာ ပိုပြီး ချဲ့ထွင်လာသည်။
ကချင်ဒေသ နှင့် ရှမ်းပြည်မြောက်ဖျားတို့မှ ဒုက္ခသယ်များအဖို့ အန်ဂျီအိုဒါရိုက်တာ နေပြည်တော်နှင့် အနားပြာကျားကြီးများ သနားစိတ်ဝင်မှ အကူညီရကြသည်။

ဧရာဝတီလယ်သမားများနှင့် နာဂစ် သားကောင်း အကြွင်းကျန်များအဖို့တော့ ခရိုနီရေကာတာပေါက်မှ ရေသောက်ကြရမည့်အခြေနေသို့ရောက်နေသည်။
လက်ပံတောင်းနှင့် မီးလောင်ဗုံးကတော့ဖြစ် အန်ဂျီအိုမျက်ကွယ်ပြုထားသလို ကော်မရှင်ဥက္ကဌကြီးဖြစ်သော မိန်းမသားကြီးမှာ သံဃာတော်များအပေါ် ကျူးလွန်ထားသော ရာဇ၀တ်မှုများအား နေပြည်တော်နှင့် အန်ဂျီင်္အို အပါဝင် တရုတ်ခရိုနီထောက်ခံချက်ဖြင့် တရုတ်ပြည် သို့ အလည်ဗီဇာရရှိရေးအတွက် ၄င်းတို့အလိုကျ ဖျောက်ဖျက် ၀ိုင်းဝန်းဖာထေးပေးပြီး ဘ၀ အဖန်ဖန် အတွက် ထိန်ချန် လိမ်လည်မှုကြီး ကျူးလွန်ကာ ငရဲပြည်သို့ ဆင်းဖို့ အသင့်ဖြစ်နေလေသည်။

နယ်စပ်မှ ဘူမိနိုင်ငံရေးအရ ရွေ့လျားသွားသော အနားပြာများက နေရာအနှံ့ ဆည်ဆောက်မည့် စီမံကိန်းများ ၀င်ဆွဲနေကြပြီး အန်ဂျီအိုငွေမိုးများအား ရသလောက် ခံကာ ပျော်ပျော်ပါး ရေးဘေးဒုက္ခသယ်ကြားများတွင် ကူးခတ်ကြဖို့ နိုင်ငံတကာသို့ တင်ပြထားသော ၄င်းတို့ ပရောဂျက်စရိတ်မှာ အမေရိကန် ပြည်ထောင်စု၏ စစ်ရေးအသုံးစရိတ် တစ်နှစ်စာနီးပါးမျှလောက်ကြီးပင်ရှိနေကြသည်။

ပြည်ပ မှ အပြေးပြန်ဝင်ပြီး အန်ဂျီအိုမိုး၇ွာသွန်းမှုအောက်တွင် မိုးရေးချိုးဖို့ ချက်ခြင်း ဘက်ပြောင်းကာ ရေကြည်ရာ မြက်နုရာရှာနေသော သတ္တ၀ါများမှာလည်း တိုင်းပြည်တိုးတက်ရေးအား အန်ဂျီအို မိုးသားတိမ်တိုက်ထူထပ်ရေးနှင့် ရွာသွန်းရေးတို့အား ၂၁ရာစုနှင့် အာရပ်စပရိန်း အိုင်ဒီယာဟုပင် နာမည်သစ်ထွင်ကာ ပုဒ်စာဆန်းဆန်းလေးများ တွက်ပြလာကြသည်။

သို့သော် အန်ဂျီအို မမြင်ချင်ယောင်ဆောင်ထားမှုခံရသော အလုပ်သမား လယ်သမား ကျောင်းသား၊အောက်ခြေ၀န်ထမ်းနှင့် အလှမ်းဝေးသော ဒေသအပြင် ချမ်းအေးသော တောင်တန်းသားတို့အပါဝင် ခလေးငယ်သန်းပေါင်းများစွာနှင့် သက်ကြီးရွယ်အိုများအဖို့ အန်ဂျီအိုတိမ်တိုက်တို့ ဘယ်သောအခါမှ မိုးအဖြင့် ရွာချခွင့် ရကြရမှာ မဟုတ်ကြောင်း……….

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး
မတ်လ 5 ရက် ၂၀၁၃ ခုနှစ် ညနေ ၅ နာရီ ၂၉ မိနစ်တွင်ရေးပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...