Saturday, March 2, 2013

သမ္မတပြောခွင့်ရအရာရှိ နဲ့ မြန်နှုန်းမြင့်အင်တာနက်

Moe Heine shared General Knowledge's photo.
သမ္မတပြောခွင့်ရအရာရှိ နဲ့ မြန်နှုန်းမြင့်အင်တာနက်

Saturday, March 2, 2013

ဘယ်တိုင်းပြည်ဖြစ်ဖြစ် အစိုးရတာဝန်ရှိသူတွေရဲ့လစာ၊ အသုံးစရိတ်တို့ဟာ ပြည်သူတွေဆီက လာတာပါ။

သူတို့ ပြည်ပ ခရီးထွက်တယ် ဆိုရင်လည်း ဒါ ... ပြည်သူတွေ လွှတ်လိုက်တာလို့ ဆိုနိုင်ပါတယ်။

လတ်တလော သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးတချို့ ဥရောပရောက်နေပါတယ်။

ဒီခရီးစဉ်မှာ ပြည်သူအတွက်၊ နိုင်ငံအတွက်၊ သူတို့အတွက် အကျိုးရှိတာတွေ လုပ်ဆောင်၊ ဆွေးနွေးခဲ့မှာ အသေအချာပါပဲ။

သူတို့ကို ဒီခရီးစဉ် လွှတ်လိုက်တာ တန်တယ်၊ လွှတ်ရကျိုးနပ်တယ်လို့ မြန်မာပြည်သူတွေ ယူဆနိုင်ပြီလား။

လောလောဆယ် နည်းနည်းတော့ ယူဆနိုင်ပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ခရီးစဉ်မှာ ပါသွားတဲ့ သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်က ဥရောပမှာ အင်တာနက်မြန်နှုန်း မြင့်လွန်းတဲ့အကြောင်း အင်တာနက်ကနေ လူသိရှင်ကြား ဖော်ပြလိုက်လို့ပါပဲ။

"အင်တာနက်ကလည်း မြန်လိုက်တာ၊ ခလုတ်တိုက်လဲမှာတောင် စိုးရိမ်ရ" လို့ လွန်ခဲ့တဲ့ ၂ ရက်က နော်ဝေနိုင်ငံမှာ ရောက်ရှိခိုက် သူ့ Facebook မှာ မှတ်ချက် ရေးလိုက်ပါတယ်။

မြန်မာပြည်က ထိပ်တန်းအရာရှိကြီးတယောက်ရဲ့ မှတ်ချက် ဖြစ်တာကြောင့် အင်မတန် အရေးကြီးပါတယ်။

ဘာရည်ရွယ်ချက်နဲ့ ပြောလိုက်တာလဲ။ ဘယ်သူတွေကို သိစေချင်လို့လဲ။ သူ့ရဲ့ အဓိကပစ်မှတ်က ဘာလဲ။
ဆက်သွယ်ရေးဝန်ကြီးဌာနလား၊
မြန်နှုန်းနိမ့်အင်တာနက်နဲ့ ကြီးပွားနေတဲ့ မြန်မာလုပ်ငန်းရှင်တွေလား၊
Facebook မှာ သူ့ကို စောင့်ကြည့်မယ့်သူတွေလား၊
မီဒီယာသမားတွေလား။

ပစ်မှတ်က အားလုံးလည်း ဖြစ်နိုင်ပါတယ်။

ပြည်ပမှာ အင်တာနက် မြန်တယ် ဆိုတော့ မြန်မာပြည်မှာ အင်တာနက် နှေးတယ်လို့ ဆိုလိုတာပါပဲ။

သမ္မတရဲ့ ပြောခွင့်ရအရာရှိ အပါအ၀င် ခရီးစဉ်မှာ ပါဝင်သွားသူတွေဟာ မြန်မာပြည်သားတွေရဲ့ လူနေမှုဘ၀ အခြေအနေ၊ ပြည်ပနိုင်ငံက လူနေမှုဘ၀ အခြေအနေတွေကို သိပြီး ဖြစ်မှာပါ။ ခရီးစဉ် တခု ပြီးတိုင်း ပြီးတိုင်း ပိုပို သိနေမှာပါ။

မြန်နှုန်းမြင့်အင်တာနက် အပါအ၀င် ရှိသင့် ရှိထိုက်တဲ့ လူနေမှုဘဝ ပုံစံတွေ မြန်မာပြည်မှာ ပေါ်ပေါက်ဖို့ သူတို့စွမ်းသလောက် ဆောင်ရွက်ပေးနိုင်ရင်တော့ သူတို့ကို ပြည်ပခရီး လွှတ်ရကျိုးနပ်တယ်လို့ ဆိုနိုင်ပါတယ်။

စည်သူလင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...