သစ်ထူးလွင် သတင်းစုစည်းမှု (၉-၃)
သစ်ထူးလွင်
|
- ဒုတိယ နေ့မှာ ဗဟိုကော်မတီဝင် ၂၀ နဲ့ အရံ ၃၀ ရွေးချယ်။(ရုပ်/သံ)
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ။ (ရုပ်/သံ)
- အဓမ္မပြုကျင့် ခံရသူ ၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးအား ခိုးမှုဖြင့် ပြန်လည်တရားစွဲဆိုသည့် အမှုကို စတင်စစ်ဆေးတော့မည်
- ပုသိမ်ကြီးမြို့နယ်မှာ လူ ၁၀၀၀ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား
- မတ်လ (၁၁) ရက်နေ့ထုတ် The Voice Weekly Vol.9/No.10
- မတ်လ ၇ ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၈၆၁)
- မတ်လ ၆ ရက်နေ့ ထုတ် ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၇)
- မတ်လ ၇ ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် (၅၉)
- ယာယီဈေးနေရာသတ်မည်စိုး၍ ဈေးမဆောက်ရန် ဆန္ဒပြ
- စာနယ်ဇင်းသမားများနှင့် ပုံနှိပ်၊ ထုတ်ဝေသူများအကြား သဘောထားကွဲလွဲ
- မအူပင်ပဋိပက္ခ စုံစမ်းစစ်ဆေးမှုစတင်
- ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ဆိုင်းငံ့ရေး လွှတ်တော်တွင် တင်ပြမည်
- ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်
- ဒီချုပ် စမ်းသပ်မှုကာလတစ်ခု ဖြတ်သန်းရမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
- ကားဈေးများပြန်တက်သော်လည်း ကားအရောင်းသွက်
- လူဟောင်းအများစုဖြင့် NLD ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်း
- ကယား NLD အဖွဲ့ဝင် ၁ သောင်းကျော် နုတ်ထွက်
- ရခိုင်မှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြသူတွေကို တရားစွဲမယ်လို့ဆို
- လူငယ်တွေ အလုပ်အကိုင်ရရေးနဲ့ ပညာရေးကိစ္စ လွှတ်တော်မှာ ဆွေးနွေး
- နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ပြည်တွင်းပြည်ပမှာ ကျင်းပ
- ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာအနီး ရောက်ရှိ
- ဘင်လာဒင်ရဲ့သမက် အပြစ်မရှိကြောင်း လျှောက်လဲ
- ဗင်နီဇွဲလား သမ္မတဈာပန ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်
- ကင်တားနားကို လက်ရှိရာထူးဆက်ခန့်ထားဖို့ AI တိုက်တွန်း
- ကာမစိတ်ကြွဆေး အမှု ကိစ္စ သမ္မတ ဦးသိန်းစိန် ထံ ပေးစာ
Posted: 09 Mar 2013 05:20 AM PST
သုံးရက်အကြာကျင်းပတဲ့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဒုတိယ
နေ့မှာ ဗဟိုကော်မတီဝင် ၂၀ နဲ့ အရံ ၃၀ ရွေးချယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Mar 2013 05:17 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ။ (ရုပ်/သံ)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Mar 2013 05:09 AM PST
ဆိုင်ရှင်၏
အဓမ္မပြုကျင့်ခံရသူ မိန်းကလေးကပင် “သမီးကို အနိုင်ကျင့်တဲ့ အကြိမ်တိုင်း
ပါးစပ်တွေကို အတင်းပိတ်ပြီး နင့်အမေတွေ အစ်မတွေကို မပြောနဲ့၊ ပြောရင်
သတ်ပစ်မယ်လို့ သူကပြောပါတယ်။ သမီးကို အဲဒီအိမ်ကနေ တခြားနေရာတွေ
လျှောက်ပြောင်းခိုင်းတုန်းက သူတို့ကိုယ်တိုင်ပဲ ကားနဲ့လိုက်ပို့ခဲ့တာပါ။
သူတို့ဆီက ပစ္စည်းလည်း သမီးမခိုးရပါဘူး” ဟု ပြောသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Mar 2013 05:22 AM PST
မန္တလေးတိုင်း
ဒေသကြီး ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ပုဏ္ဏားကုန်း၊ ကွေ့ကျည်ကုန်း၊
မိုင်ကုန်း၊ မြို့သာကုန်းရွာများတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက
အလှူမှကျွေးသော ထမင်း၊ဟင်းများအား စားသောက်ပြီး လူ ၁၀၀၀ ကျော်ခန့်
အစာအဆိပ် သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း
သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Mar 2013 04:24 AM PST
|
||
Posted: 09 Mar 2013 04:22 AM PST
|
||
Posted: 09 Mar 2013 04:19 AM PST
|
||
Posted: 09 Mar 2013 04:17 AM PST
|
||
Posted: 09 Mar 2013 04:12 AM PST
ရန်ကုန်၊ မတ် ၉။
ရေကျော်ဈေးအား ဈေးသစ်အဖြစ် ပြန်လည်ပြုပြင် ရန် အတွက် ယာယီဈေးနေရာအား ယခုချိန်ထိ သတ်မှတ် နိုင်ခြင်း မရှိသေးသော်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော် ရပ်ကွက်တွင် နေထိုင်သူများက ၎င်းတို့၏ ရပ်ကွက် အတွင်းရှိ ယာယီဈေးနေရာ သတ်မှတ်ခြင်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဇေယျာမြိုင် ပန်းခြံနှင့် ကလေးကစားကွင်း နေရာတွင် ယာယီဈေးနေရာအား သတ်မှတ်ခဲ့ခြင်း ရှိခဲ့သော်လည်း ယခုချိန်ထိ ဈေးနေရာ ချထားမှုကို ညှိနှိုင်းလျက်ရှိပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများက ၎င်းတို့အနေဖြင့် ဈေးနေရာ သတ်မှတ်မည် ဆိုပါက လုံးလက်ခံမည် မဟုတ်ကြောင်း၊ ယာယီဈေး သတ်မှတ်ခြင်းကြောင့် ရပ်ကွက်အတွင်း ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပွားလာနိုင်ကြောင်းနှင့် အခြား သောပြဿနာများဖြစ်ပွားလာနိုင်ြ “အများကြီးဆုံးရှုံး နစ်နာမှုတွေ ဖြစ်နိုင်တာပေါ့။ ပန်းခြံအလှတွေ၊ သစ်ပင်တွေ ပြီးတော့ ဒီမှာ နှစ်ရှည်သစ်ပင်တွေ အများကြီး ပါတယ်လေ။ ပြီးတော့ သေသေချာချာ စိုက်ပျိုးထားတဲ့ သစ်ပင်တွေ ပါတယ်လေ။ ဒါတွေကို စည်ပင်ကပဲ စိုက်ခဲ့တာ။ သူတို့စိုက်တဲ့ သစ်ပင်တွေကို သူတို့ ဘာသာ သူတို့ ပြန်သတ်သလိုဖြစ်နေ တာပေါ့။ ဒီရပ်ကွက်ထဲမှာ လာဆောက်မယ်ဆိုရင် ကျောင်း လဲရှိတယ်။ ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာ အသင်းလဲရှိတယ်။ ဒီရပ်ကွက်မှာ ပုဇွန်တောင်ဈေးကြီး တစ်ခုလုံး လဲရှိပြီးသားပါ။ အဲ့အတွက် အကျိုးကျေးဇူး တစ်စုံတရာ မရှိနိုင်ဘူး။” ဟု ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင်က ပြောကြားသည်။ ရေကျော်ဈေးအား အသစ်ပြန်လည် တည်ဆောက်၍ ယာယီ ဈေးတွင် ရွှေ့ပြောင်း ရောင်းချရမည် ဆိုပါက အခက်အခဲများစွာ ရှိနိုင်ပြီး ပထမအနေဖြင့် အပြောင်းအရွှေ့ကြောင့် ကုန်ကျစရိတ် များပြားလာနိုင်ခြင်း၊ နေရာသစ်တွင် ဈေးရောင်းချမှု မကောင်းပါက ဈေးသူဈေးသားများထိခိုက်နစ်နာ ဝေယံ၊ ရည်မွန် The Myanma Age |
||
Posted: 09 Mar 2013 04:09 AM PST
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းနှင့် ပတ်သတ်၍
စာနယ်ဇင်းသမားများနှင့် ပုံနှိပ်၊ ထုတ်ဝေသူများအကြား သဘောထားကွဲလွဲ ရန်ကုန်၊ မတ် ၉။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်း ထုတ်ပြန် ကြေညာရာတွင် စာနယ်ဇင်းသမားများနှင့် ပုံနှိပ် ထုတ်ဝေသူ များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းဟု ခေါင်းစဉ် တပ်ထားသော်လည်း စာနယ်ဇင်းလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် ပါတ်သက်ဆက်နွယ်သော အကြောင်းအရင်းများသာ အဓိက ပါဝင်ပြီး ပုံနှိပ်၊ ထုတ်ဝေခြင်းအတွက် အကြောင်းအရင်း အချို့သာ ပါဝင်ကြောင်း ဥပဒေကြမ်းအတွင်း တွေ့ရသည်။ စာနယ်ဇင်းသမားများနှင့် သက်ဆိုင်သည့် ဂျာနယ်၊ သတင်းစာ ထုတ်ဝေခြင်း၊ သတင်းအေဂျင်စီ တည်ထောင်ခြင်း၊ ဝက်ဘ်ဆိုဒ်တွင် သတင်း လွှင့်တင်ခြင်း၊ တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာခြင်း၊ စည်းကမ်းချက်၊ တားမြစ်ချက်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များ အဆိုပါ ဥပဒေ ကြမ်းအတွင်း ပါရှိသည်။ ပုံနှိပ်သူနှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း အမှုဆောင် ဦးရဲမြင့်က “အခု ထုတ်ပြန်ထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ကြမ်းကို စာနယ်ဇင်းသမားတွေ ကန့်ကွက်သံ ညံလာတဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ အားငယ်စိတ်တွေ ဖြစ်လာတယ်။ ဒီဥပဒေမှာ မီဒီ ယာနဲ့ ပါတ်သတ်တာ လုံးဝ ပါဝင်ခြင်း မရှိပါဘူး။ လုံးဝမပါဝင်တာကို အသည်းအသန် ကန့်ကွက်နေတယ်ဆိုတော့ စိတ်မကောင်း ဖြစ်ရပါ တယ်”ဟု ပြောကြားသည်။ ပုံနှိပ်သူများမှာ စာနယ်ဇင်းအတွက် သီးသန့်ပုံနှိပ်ခြင်း မဟုတ်ကြောင်းနှင့် အခြားပုံနှိပ်ခြင်းများ စွာရှိကြောင်း၊ ထုတ်ဝေသူများ အနေဖြင့် လည်း အခြားသော စာအုပ်များထုတ်ဝေခြင်း လုပ်ငန်း များလည်း ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။ “ပုံနှိပ်သူနဲ့ ထုတ်ဝေသူလုပ်ငန်း အသင်းသားတွေကို ခေါ်ပြီး ဆန္ဒခံယူပွဲလေး လုပ်ပါတယ်။ တစ်ဦး တစ်ယောက် ကမှ ဒီဥပဒေကို ကန့်ကွက်ခြင်း မရှိပါဘူး” ဟု ဦးရဲမြင့်က ပြောကြားသည်။ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ ဦးကျော်မင်းဆွေက “ဒီဥပဒေကို ဆန့်ကျင်တာ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ အခွင့်အရေးကို ဆန့်ကျင်တာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။ မြန်မာ စာနယ်ဇင်း သမဂ္ဂမှ ဦးဇော်သက်ထွေးက “ကျွန်တော် တို့က မီဒီယာသမားတွေ အခွင့်အရေး ကောင်းတွေ အတွက်ပဲ စဉ်းစားတယ်။ ကျန်တဲ့သူတွေအတွက် မစဉ်းစားဘူးဆိုတာ မဟုတ်ပါဘူး။ နိုင်ငံသား အားလုံးရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေး အတွက်သာ မီဒီယာသမားတွေ က တောင်းဆိုတိုက်ပွဲဝင်တာ ဖြစ်ပါတယ်” ဟုပြောကြားသည်။ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်က လွှတ်တော်တွင် တင်ပြဆွေးနွေး နေသည့် ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဆိုင်းငံ့ပေးရန် ပြည်သူ့ လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်သည့်အနေဖြင့် စာနယ်ဇင်း သမားများ လက်မှတ်ထိုး လှုပ်ရှားမှု တစ်ခုကို ပြုလုပ်နေ ကြောင်းလည်း သတင်းလွတ်လပ်ခွင့်ကော်မတီမှ သိရသည်။ ဟိန်းသူ - The Myanma Age |
||
Posted: 09 Mar 2013 04:03 AM PST
ရန်ကုန်၊ မတ် ၈
ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုနှင့် လူ ၅၀ ခန့် ဒဏ်ရာရရှိခဲ့သည့် မအူပင် မြို့နယ် မလက်တို ကျေးရွာအုပ်စု ပလောင် ကျေးရွာတွင် ရဲတပ်ဖွဲ့နှင့် ဒေသခံ လယ်သမားတို့ အကြား ပဋိပက္ခဖြစ်ပွား ခဲ့မှုကို မတ်လ ၇ ရက်နေ့မှ စ၍ စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်လျက် ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ပြောကြားသည်။ အဆိုပါပဋိပက္ခကို စုံစမ်းစစ်ဆေး ရန် ကော်မရှင်အဖွဲ့ကို ဧရာဝတီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် အကျဉ်းဦးစီးဌာန၊ စည်ပင် သာယာရေး ဦးစီးဌာနနှင့် စက်မှုသီးနှံ ဦးစီးဌာနရှိ ညွှန်ကြားရေးမှူးများ၊ ဥပဒေချုပ်ရုံးမှ ရုံးအဖွဲ့မှူး၊ ပုသိမ်မြို့နယ်မှ တရားလွှတ်တော် ရှေ့နေ တစ်ဦးနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ မအူပင်မြို့နယ် တာဝန်ခံ အလုပ်အမှုဆောင်တစ်ဦးတို့ ပါဝင်ဖွဲ့စည်းကြောင်း မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောကြားသည်။ မတ်လ ၇ ရက်နေ့တွင် မအူပင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန နှင့် ဥပဒေရုံးမှ တာဝန်ရှိသူများကို စုံစမ်း စစ်ဆေးခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ဒေသခံလူမှုရေး အသင်းအဖွဲ့များနှင့် ညှိနှိုင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ ဖြစ်ရပ်အမှန်ကို သိရှိနိုင်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း အဆိုပါ စုံစမ်းစစ် ဆေးရေးကော်မရှင် ဥက္ကဋ္ဌကပြောဆိုသည်။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေး ပေါ်ပေါက်ချက် တွေကို အတည်ပြုပြီး မှပဲ မီဒီယာက တစ်ဆင့် ပြည်သူတွေကို အသိပေးသွားမှာပါ" ဟု ၄င်းက ထပ်မံ ပြောကြားသည်။ The Voice Weekly |
||
Posted: 09 Mar 2013 03:58 AM PST
ရန်ကုန်၊ မတ် ၉
ပုံနှိပ်နှင့် လုပ်ငန်းရှင်များ၏ ဆန္ဒသဘောထားမပါဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဆိုင်းငံ့ရန် လာမည့် ပြည်သူ့ လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ ဥက္ကဌ သူရဦးအေးမြင့် က ပြောကြားသည်။ မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံ အနီး ဟိုတယ်ရန်ကုန် တွင် ယနေ့ ပြုလုပ်သည့် စာပေစာနယ်ဇင်း အဖွဲ့အစည်း များနှင့် ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ တွေ့ဆုံပွဲတွင် အထက်ပါ ပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ တင်သွင်းမှာပါ။ အောင်မြင်မယ်၊ မအောင်မြင်ဘူး အတိကျကြီးတော့ ပြောလို့မရပါဘူး” ဟု ၎င်းက ဆိုသည်။ ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၂၈ချက် ဖြည့်စွက်ချက် နှစ်ချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များ အနေဖြင့် မတ်လ ၁၈ရက်နေ့ နောက်ဆုံး စာရင်းပေးသွင်းရန် ထုတ်ပြန်ထားသည်။ “ဒီ ပြန်ကြားရေးက ထုတ်တဲ့ ပုံနှိပ်ဥပဒေက ပြစ်မှုပြစ်ဒဏ် များတယ်၊ ပြစ်ဒဏ် ကလည်း ဈေအကြီးဆုံး ဥပဒေပါ” ဟု အလုံမြို့နယ် မဲဆန္ဒနယ်အမတ် ဦးခိုင်မောင်ရည်ကပြောဆိုသည်။ The Voice Weekly |
||
Posted: 09 Mar 2013 03:54 AM PST
ရန်ကုန်၊ မတ် ၉
မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။ အရှေ့တောင်အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုပါဝင်ပြီး မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်၊ “မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာဖြစ်လာမယ်၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်း မိန့်ကြားသည်။ အဆိုပါ မြန်မာဗုဒ္ဓစင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာလင်ပေါင် ၅၀၀နှုန်းဖြင့် အလှူခံနေပြီး မြန်မာနိုင်ငံသားများ လှူဒါန်းမည် ဆိုပါက မြေနေရာ၁ပေ ပတ်လည်ကို ၅သောင်းကျပ် ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး အသင်းထံမှ စုံစမ်းသိရှိရသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ ၁၇သန်းခန့် လာရောက်လည်ပတ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့် ခရီးသွားများ လာရောက်လေ့လာမှုများ ရှိလာနိုင်ကြောင်း လန်ဒန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန်ဘာသာဝင် များပြားကြောင်း၊ သို့သော် မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာတော်က သုံးသပ်မိန့်ကြားသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါအဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေးအသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။ The Voice Weekly
|
||
Posted: 09 Mar 2013 03:39 AM PST
နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ရွေးချယ်တင်မြှောက်ခံရသော
လူသစ်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းသပ်မှု ကာလတစ်ခုဖြတ်သန်းရမည်ဖြစ်ကြောင် ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံး ဆိုင်ရာ ညီလာခံအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ''အခု ညီလာခံပြီးသွားရင် စမ်းသပ်မှုကာလတစ်ခုကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုကာလကတော့ အမြဲတမ်း အခက်အခဲတွေ ရှိနိုင်ပါတယ်။ စမ်းသပ်ကာလမှာ ထင်သလို မဖြစ်လာတာတွေလည်း မြင်လာပါလိမ့်မယ်'' ဟု မိန့်ခွန်းတွင် ၄င်းကထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လူသစ်များဖြင့် သွေးသစ်လောင်းမည်ဖြစ်ပြီး လက်ရှိအချိန်ကာလနှင့် ကိုက်ညီသော ခေါင်းဆောင်၊ ပါတီနှင့် သင့်လျော်သော ခေါင်းဆောင်များကို ရွေးချယ်ကြရန် ညီလာခံတက်ရောက်လာသော ပါတီဝင်ကိုယ်စားလှယ်များကို တိုက်တွန်းခဲ့သည်။ ထို့အပြင် နေရာယူသော စိတ်ဓာတ်ဖြင့် အလုပ်မလုပ်ဘဲ တာဝန်ယူတက်သော စိတ်ဓာတ်ဖြင့် အလုပ်လုပ်ကြရန်လည်း ပါတီကိုယ်စားလှယ်များကို တိုက်တွန်းသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် အပါအ၀င် လေ့လာသူများ တက်ရောက်ခဲ့ကြသည်။ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် မတ် ၈ ရက်မှ ၁၀ ထိ ကျင်းပခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှ ကိုယ်စားလှယ် ပေါင်း ၁,၅၀၀ ကျော် တက်ရောက်ကြသည်။ Photo- EPA 7Day News Journal |
||
Posted: 09 Mar 2013 03:37 AM PST
ယခုတစ်ပတ် ကားများ အရောင်း သွက်လျက်ရှိသလို ကားဈေးများလည်း တက်လျက်ရှိကြောင်း ကားအရောင်း အ၀ယ်ပြုလုပ်နေသူများ၏ပြောကြားချ
“ဒီတစ်ပတ်ကို ကားဈေးနည်းနည်း ပြန်တက်တယ်။ အ၀ယ်လည်း နည်းနည်းလိုက်တယ်။ကားဈေးကွက် ယခုအချိန်မှာ ကားလေလံ ဆွဲနေသည့်ကာလဖြစ်ပြီးကားတင်ဆော အင်ဂျင်ပါဝါနိမ့်သော ကားများဖြစ်သည့် Probox,Honda fit, Suzuki Swift ကဲ့သို့ကားများ မှာ ၅သိန်းခန့်ဈေးတက်သွားပြီး၊ အင်ဂျင်ပါဝါမြင့်သော Prado,Harrier ကဲ့သို့ကားများမှာ ၁၀သိန်းနှင့်သိန်း၂၀ကြားဈေးတက် “ကျွန်တော်ဆီမှာတော့ Probox အင်ဂျင်ပါဝါ 1.3ကို ၁၁၇သိန်း၊ အင်ဂျင်ပါဝါ 1.5ဆိုရင် သိန်း၁၂၀၊ Succeedဆိုရင်တော့ ၁၄၅သိန်း နဲ့ရောင်းတယ်။ ယာယီနံပါတ်ကိုပေါ့” ဟုကားအရောင်းအ၀ယ်ပြုလုပ်သူ ကိုသီဟကျော်ကပြောကြားသည်။ “Proboxတွေ အရောင်းသွက်တယ်။ ၀ယ်သူတွေက Probox မေးတာ များတယ်။ ကျွန်တော်တို့ဆီမှာတော့ အင်ဂျင်ပါဝါ 1.3 Proboxတွေရောင်းတယ်။ ဈေးကတော့ ၁၂၅သိန်းပါ။ စလစ်က အမည်ပေါက်ကို ၉၁သိန်းပေါက်တယ်။” ဟုWin & S.P.A.M ကားအရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ပြောကြားသည်။ ဆုဝေ ဓာတ်ပုံ - အောင်သိုက် The Myanma Age |
||
Posted: 09 Mar 2013 03:34 AM PST
မြန်မာနိုင်ငံ၏
အင်အားအကောင်းဆုံး နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဗဟို ညီလာခံသို့ တက်ရောက်လာသော
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၁၅၀၀ အနက် ဗဟို
ကော်မတီဝင် ၁၅၀ ဦးကိုရွေးချယ်ရာ ယခင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည့်
ပါတီဝင်အများစု ပြန်လည် ရွေးချယ်ခံခဲ့ရကြောင်း ယင်းပါတီ ဗဟိုညီလာခံသို့
တက်ရောက်သည့် ကိုယ်စားလှယ်များက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက်ရောက်လာသည့် ကိုယ်စားလှယ်များ ထဲမှ ညီလာခံကိုယ်စားလှယ် ၁၀ ဦးလျှင် တစ်ဦးကျ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ကြောင်း ၄င်းတို့က ပြောဆိုသည်။ ဗဟိုကော်မတီဝင် ၁၅၀ ဦးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ဒါရိုက်တာကြည်ဖြူသျှင် တို့ အရွေးခံရသည့် အပြင် လွှတ်တော် ကိုယ်စားလှယ် အများစုမှာ အလုပ် အမှုဆောင်အဖြစ် အရွေးချယ်ခံရကြောင်း ၄င်းတို့က ပြောကြားသည်။ ယင်းဗဟိုကော်မတီဝင်များ ညှိနှိုင်း ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် များကို ရွေးချယ်ကာ ပါတီဥက္ကဋ္ဌ နေရာကို ရွေးချယ်တင်မြှောက်မည် ဖြစ်သော်လည်း သြဇာကြီးမားသည့် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကိုပင် ပါတီဥက္ကဋ္ဌအဖြစ် တစ်ဖန် ပြန်လည် ရွေးချယ်နိုင်ခြေ ရှိကြောင်း ညီလာခံ ကိုယ်စားလှယ်များက သုံးသပ်သည်။ ရန်ကုန်တိုင်းဒေသကြီးမှ ဗဟို ကော်မတီဝင် ၁၂ ဦး၊ ပဲခူးတိုင်းဒေသ ကြီးမှ ဗဟိုကော်မတီဝင် ကိုးဦး၊ တနင်္သာရီ တိုင်းဒေသကြီးမှ ဗဟိုကော်မတီဝင် သုံးဦး၊ ရခိုင်ပြည်နယ်မှ ဗဟိုကော်မတီဝင် လေးဦးနှင့် ဧရာဝတီ တိုင်းဒေသကြီးမှ ဗဟိုကော်မတီဝင် ရှစ်ဦးတို့ ပါဝင်ကြောင်း ၄င်းတို့က ဆိုသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် မှတ်ပုံတင်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပါတီဝင် အင်အား ၁၂ သိန်းကျော်ရှိကြောင်း ယင်းပါတီက ထုတ်ပြန်ထားသည်။ The Voice Weekly |
||
Posted: 08 Mar 2013 06:08 PM PST
ကယား
ပြည်နယ် ၇ မြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ၁
သောင်း ကျော်ဟာ NLD ညီလာခံ စတင် ကျင်းပတဲ့ သောကြာနေ့ မှာပဲ ပါတီဝင် အဖြစ်
ကနေ နုတ်ထွက် သွား ကြပြီ ဖြစ်ပါတယ်။ အခုလို နုတ်ထွက် ရခြင်း အကြောင်းရင်း
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 08 Mar 2013 05:56 PM PST
မြန်မာနိုင်ငံ
ရခိုင်ပြည်နယ် အတွင်းမှာ ခွင့်ပြုချက် မရဘဲ ဆန္ဒပြမှုနဲ့ ဆန္ဒပြ
ခေါင်းဆောင်တွေကို ရဲက တရားစွဲသွားမယ်လို့ သိရပါတယ်။ မွတ်ဆလင်
ဒုက္ခသည်တွေကို လုံးချင်း အိမ်ယာတွေ ဆောက်လုပ်ပေးမယ့် အစီအစဉ် အပေါ် ဆန့်ကျင်
ကန့်ကွက်တဲ့ အနေနဲ့ အခုလ ရရက်နေ့က ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 08 Mar 2013 05:47 PM PST
မြန်မာနိုင်ငံ
ပညာရေး စနစ်ကို အရည်သွေး မြှင့်တင်ဖို့နဲ့ ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရ
ရှိစေမယ့် ပညာရေး ဥပဒေတစ်ရပ်ကို လွှတ်တော်က ဦးစားပေးရေး ဆွဲသင့်တယ်လို့
ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မတ်လ ၈ ရက် ဒီကနေ့မှာ တိုက်တွန်းပြော
ဆိုခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 08 Mar 2013 05:40 PM PST
ဒီကနေ့
မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ
အမျိုးသမီးတွေရဲ့ အခွင့်အရေး မြှင့်တင်ပေးဖို့ အမျိုးသမီးများအရေး
ဆောင်ရွက်နေတဲ့ Women's Glaxy အဖွဲ့နဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့
Generation Youth's အဖွဲ့တွေ ပူးပေါင်းပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 08 Mar 2013 05:32 PM PST
မြင်းခြံမြို့ကနေ
တရုတ်-မြန်မာနယ်စပ်နားက လိုင်ဇာမြို့အထိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ
ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ
လိုင်ဇာနဲ့ ၁၉မိုင်ကွာဝေးတဲ့ ဒေါ့ဖုန်းယန်ကို ရောက်ရှိနေပြီး
အဲဒီအရောက်မှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 08 Mar 2013 05:08 PM PST
အရင်က
အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ တဦးဖြစ်တဲ့
အိုစမာ ဘင်လာဒင်ရဲ့ သမက်ဖြစ်သူက အမေရိကန်တွေကို သတ်ဖြတ်မှုနဲ့
နယူးယောက်မြို့ တရားရုံးမှာ သူ့ကို စွပ်စွဲချက်ထားတဲ့အပေါ်မှာ သူ့မှာ
အပြစ်မရှိကြောင်း လျှောက်လဲ လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 08 Mar 2013 05:02 PM PST
ကွယ်လွန်သူ
သမ္မတ Hugo Chavez ရဲ့ နိုင်ငံတော်ဈာပနကို တက်ရောက်ဖို့
ဗင်နီဇွဲလားမြို့တော်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရောက်ရှိ နေကြပါတယ်။
မြို့တော် Caracas မှာ သောကြာနေ့ကျင်းပမယ့် Mr. Hugo Chavez ရဲ့ ဈာပနကို
တက်ရောက်ဖို့ ရောက်နေကြတဲ့ ခေါင်းဆောင်တွေထဲမှာ အီရန်သမ္မတ Mahmoud
Ahmadinejad နဲ့အတူ ကျူးဘားသမ္မတ Raul Castro လည်း ပါဝင်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 08 Mar 2013 04:52 PM PST
မြန်မာနိုင်ငံရဲ့
လူ့အခွင့်အရေး အခြေအနေတွေဟာ စောင့်ကြည့် စစ်ရေးရမယ့် အခြေအနေမှာပဲ
ရှိနေသေးတာမို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့
လုပ်ပိုင်ခွင့်တွေ ဆက်ပြီး ထားရှိသွားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု
အဖွဲ့တခုဖြစ်တဲ့ Amnesty International က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့
အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆို လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စောင့်ကြည့် စစ်ဆေးမှုတွေက ဘယ်လောက်ထိ
အရေးပါပါသလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ
ပြောပြပေးပါရှင်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ အနေအထားမှာ ဆက်ပြီး ရှိနေသေးတာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည်စစ်ဆေးမှုတွေ ဆက်လက်ထားရှိဖို့ အရေးကြီးတယ်လို့ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားရဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှု လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်း မပစ်လိုက်ဖို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က တောင်းဆိုလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ Amnesty International အဖွဲ့ကြီးရဲ့ ပြောခွင့်ရသူ T. Kumar က ပြောပါတယ်။ “မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စောင့်ကြည့်စစ်ဆေးမှုတွေ ဆက်လက်ထားရှိဖို့ Amnesty International အဖွဲ့က ဘာကြောင့် တောင်းဆိုရသလဲ ဆိုရင်တော့ ပြီးခဲ့တဲ့ တနှစ်တာအတွင်း အခြေအနေတွေကို ပြန်ကြည့်ရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ကျဆင်း သွားပါတယ်လို့ အာမခံပြောနိုင်တဲ့ အခြေအနေမတွေ့ရပါဘူး။ ကျနော်တို့ စုစောင်းရရှိထားတဲ့ မှတ်တမ်းတွေအရ ရခိုင်ပြည်နယ်မှာဆိုရင် အခြေအနေက လုံးဝကို တိုးတက်ပြောင်းလဲလာတာ မရှိပါဘူး။ လူတွေ မတရား ထောင်သွင်းအကျဉ်းချခံနေရဆဲ့ ဖြစ်သလို ဒုက္ခသည် စခန်းတွေထဲမှာ အိုးအိမ်မဲ့ဒုက္ခရောက်နေသူတွေ အများကြီး ရှိနေပါတယ်။ ရခိုင်လူမျိုးတွေအပေါ်မှာရော မူစလင်တွေအပေါ်မှာပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးရှိနေတုန်းပါ။ အလားတူ ကချင်ပြည်နယ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်ပွားနေတယ် ဆိုတာကို ကျနော်တို့သိထားပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကလည်း ရှိနေတုန်းပါ။ ပြီးခဲ့တဲ့တနှစ်အတွင်း ဥပဒေတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေဆိုတာလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဆက်လက်စောင့်ကြည်ဖို့ လိုတယ်လို့ ကျနော်တို့ ပြောတာပါ။” |
[Message clipped] View entire message
0 comments:
Post a Comment