Sunday, March 10, 2013

“အာသာ” (စိမ်းခက်စိုး)

by Sein Khat Soe on Saturday, March 9, 2013 at 11:09am ·


အာသာမပြေတဲ့အိပ်မှုန်စုံဝါး ထ။ (လင်နဲ့မယားအထားအသိုမှား) ကျမသာ ဂျူဒိုသမားတစ်ယောက်ဆိုရင် ကျမကိုင်ကိုင်ပေါက်နေတာက ဒီမိုကရေစီဆိုတဲ့ မထုံတတ်တေးကောင်လေးကိုပေါ့။ ကျမကို လည်ပင်းတက်တက် ညှစ်နိုင်နေတာကတော့ အာဏာရှင်စနစ်ဆိုးဆိုတဲ့ ငနဲကောင်ပေါ့။
ညကြီးမင်းကြီးမူးတဲ့ ၀ိုင်။ (ဆေးလိပ်လေးတောင်ထဖွာ)


ပြော
ချင်
လွန်း
လို့
လည်
ပင်း
ဖက်
ပေါင်း
ခဲ့
တယ်


ခုံး
ဖက်
ရာ
ကြီး
ဘဲ
ကျန်
ခဲ့
တယ်



လေးလနဲ့ အပြီးတည်ဆောက်မယ့် ရွှေသွားလို တံတားငေါငေါတွေ ကြောင်ရုပ်ထိုးချင်သူတွေအတွက် မြို့ထဲလမ်း
မတလျောက်မှာ ကြောင်မည်းကြီးက မျက်လုံးကြီးဖြဲပြီးလမ်းလျောက် အဘအပြန်လမ်းစရိတ်
လေးမရှိလို့ သနားပါဆိုတာက ညလုံးပေါက်ဆိုင်လေးရဲ့ စာပွဲညစ်ညစ်ပေါ်လာတင်ထား ဆိုက်ကားသမားအိပ်ပျော်
နေပုံနဲ့ မနက်ကိုမလင်းစေချင်တော့ဘူး ဟိုးဘက်ထောင့်က မူးနေရင် စကားလုံးတွေနည်းနည်းလမ်းဖယ် အမှိုက်
ကားဆိုတာ စိတ်လွတ်ကိုယ်လွတ်လမ်းကျယ်မှဖြစ်မယ်။


ဟေ့ မောင်ရင်ငတေ အမျိုးတွေရေ
ဒီမိုကရေစီကိုချောင်းရိုက်မယ်ဆိုရင်
သူ့လျှာကိုမထိစေနဲ့သိလား
သူဗလုံးဗထွေးပြောရင် နားကြားပြင်းကပ်လွန်းလို့ပါ...။        


ငါပြောချင်တာ ဒါဘဲကွာ။            ။


စိမ်းခက်စိုး
(တနင်္ဂနွေ) မတ်လ ၁၀၊ ၂၀၁၃
နံနက် - ၁၂း ၅၈ နာရီ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...