သစ်ထူးလွင် သတင်းစုစည်းမှု (၇-၃)
သစ်ထူးလွင်
|
- ဘင်္ဂလီတွေကို အိမ်မဆောက်ပေးဖို့ ကျောက်တော် မှာ ဆန္ဒပြ
- အားကစားသမားသုံးဦး နေပြည်တော်၌ ကားတိုက်ခံရ
- အရေးပေါ် နှလုံးသွေးကြောချဲ့ ကုသခြင်း အောင်မြင်ခဲ့
- လာမည့် KIA နှင့် အစိုးရ ဆွေးနွေးပွဲ UWSA နှင့် မိုင်းလား ပါဝင်မည်
- စစ်တွေတွင် ဆန္ဒထုတ်ဖော်
- ထုတ်ဝေသူ ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ ဒီလှိုင်းနေ့စဉ် သတင်းစာထုတ်ဖို့ရှိ
- ခရီးသည်တင် အစားထိုး ယာဉ်သစ်များ စီအင်န်ဂျီ မလောက်ငသဖြင့် ရပ်ထားရ
- ၂ဝ၁၃-၂ဝ၁၄ ခုနှစ် တပ်မတော် အသုံးစားရိတ် အမေရိကန်ဒေါ်လာ သန်း ၂၄ဝဝ ရရှိ
- ရေမဆေးကျောက်ရှာဖွေရာမှ မြေစာပိ၍ ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ
- အကြွေး
- လယ်လုပ်ပိုင်ခွင့်အတွက် ကုမ္ပဏီနှင့် ညှိနှိုင်းပေးမည်ဟု အစိုးရအဖွဲ့ ပြောကြား
- တောမီးလောင်မှုကြောင့် ရာဘာပင် ၅၀၀၀၀ ကျော် ပျက်ဆီးဆုံးရှုံး
- မတ်လ(၇)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၁
- မတ်လ(၇)ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၀
- မတ်လ (၇) ရက်နေ့ထုတ် PopularNews Journal အတွဲ(၅)၊ အမှတ်(၁၀)
- အင်တာနက်ဆိုင်အချို့ ညစ်ညမ်းကားများဖြင့် ဆွဲဆောင်မြှင့်တင်လာ
- ကျောင်းသူများကို အချောင်စိတ်ဝင်မည်စိုး၍ အလှူမခံခိုင်း
- ဟောင်ကောင်က အထည်ချုပ် အပါအဝင် လုပ်ငန်းရှင်တွေ လာဆွေးနွေး
- ၀ါရှင်တန် နှင်းမုန်တိုင်း နယူးယောက်ခ်ဘက်ကို ရွေ့
-
လက်ပံတောင်းကြေးနီစီမံကိန်းတ၀ို
က် ပုဒ်မ ၁၄၄ သက်တမ်းတိုး - ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ
- အမှန်တကယ် ပြင်ဆင်ထားသူများ ခွင့်ပြုချက်မရ၊ ထုတ်ဝေခွင့် ရသူများမှာ အဆင်သင့် မဖြစ်
- အင်းလေးဒေသမှ ဘုရားရွှေဆိုင်း ဈေးသည်၏ပဋိပက္ခ
- ဒီချုပ်ပါတီမှာ ညီညွတ်ရေး ပြဿနာ ရှိနေပြီလား
- အစိုးရနဲ့ ကေအိုင်အို မတ် ၁၁ ဒုတိယအကြိမ် တွေ့မယ်
Posted: 07 Mar 2013 06:42 AM PST
ရခိုင်ပြည်နယ်
ကျောက်တော်မြို့ မှာ လူပေါင်း နှစ်ထောင်ကျော်ခန့် က ဒီကနေ့ နေ့ လည်
(၂)နာရီ လောက်ကစပြီး မြို့မသိမ်ကျောင်း ဘုန်းတော်ကြီးကျောင်း ကနေပြီးတော့
မြို့ပတ်လမ်းအတိုင်း မြို့ကို တစ်ပတ်လှည့်လည် ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂလီတွေကို အိမ်မဆောက်ပေးဖို့ ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို လေးစားပါ။ ဒေသခံတိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဒေသအရေးကို မဆုံးဖြတ်ပါနှင့်။ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားအခွင့်အရေး မပေးပါနှင့်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး (အမြန်ဆုံး) အကောင်အထည်ဖော်ပေးပါ။ တရားမ၀င်နေထိုင်သူများအား ဥပဒေကြောင်းအရ အမြန်ဆုံးအရေးယူပေးပါ။ ဘင်္ဂါလီအရေးကိုင်တွယ်မှု ပွင့်လင်းမြင်သာမှု ရှိပါစေ။ စတဲ့ ကြွေးကြော် သံတွေ နဲ့ တောင်းဆို ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြပွဲ မှာ ပါဝင်တဲ့ ကိုကျော်သက် Myanmar News Now ကို ပြောပါတယ်။ ညနေ ၃ နာရီခွဲလောက်မှာ ဆန္ဒပြသူတွေ သိမ်ကျောင်း ဘုန်းတော်ကြီး ကျောင်းကို ပြန်ဝင်ပြီး ဆန္ဒပြပွဲ ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။ Myanmar News Now
|
||||||||||||
Posted: 07 Mar 2013 06:06 AM PST
ပြည်ထောင်စု ဖလား အားကစား ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့်
မွန်ပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးတို့မှ ပိုက်ကျော် ခြင်း အားကစားသမား သုံးဦးတို့ မတ်လ ၂ ရက်နေ့ညက ယာဉ်တိုက်ခံ ရသဖြင့် ဆေးရုံတင် ကုသထားရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||||||||
Posted: 07 Mar 2013 05:52 AM PST
မြန်မာနိုင်ငံတွင် ပထမဦး ဆုံးဖြစ်သော အရေးပေါ် နှလုံးသွေးကြောချဲ့ကုသမှုကို မန္တလေးပြည်သူ့
ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ဆေးကု သမှုတွင် ပါဝင် ခဲ့ကြသော နှလုံးရောဂါကု သမားတော် ကြီးများက ပြောသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||||||||
Posted: 07 Mar 2013 05:39 AM PST
မကြာမှီကျင်းပမည့်
ကေအိုင်အေ နှင့် အစိုးရ ဆွေးနွေးပွဲ၌ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်
နှင့် မိုင်းလား တပ်ဖွဲ့တို့ အသိသက်သေ အနေဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်း
ခံရကြောင်း နီးစပ်သည့်အသိုင်း အဝိုင်းကပြောပါသည်။ “ကျနော် ကြားထားတာက ဝ
တပ်ဖွဲ့ မိုင်းလားတပ်ဖွဲ့ အပြင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||||||||
Posted: 07 Mar 2013 05:05 AM PST
ရခိုင်
ပြည်နယ်အတွင်း ဘင်္ဂါလီ ဒုက္ခသည်များ အတွက် တူရကီနိုင်ငံမှ
လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး
စစ်တွေမြို့တွင် မတ်လ ၇ရက်နေ့၌ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း
သိရသည်။ ထိုသို့ ဆန္ဒ ထုတ်ဖော်ရာတွင် ဒေသခံများ၊ ရဟန်းသံဃာများနှင့် လူမှုရေး
အဖွဲ့အစည်းများမှ အင်းအား ၃၀၀၀ ကျော်ခန့်သည် မတ်လ ၇ ရက်နေ့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||||||||
Posted: 07 Mar 2013 04:23 AM PST
ထုတ်ဝေသူ
ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ ဒီလှိုင်းနေ့စဉ် သတင်းစာထုတ်ဖို့ ဖေဖော်ဝါရီ
၂၇ရက်က ပြန်ကြားရေးဝန်ကြီးဌာနထံ ထုတ်ဝေခွင့်တင်ထားပြီး ဖြစ်တယ်လို့
ဒီလှိုင်းစာစောင်တာဝန်ခံအယ်ဒီတာ ဦးအုန်းကြိုင်(အောင်ဝင့်)က ပြောပါတယ်။
ဒီလှိုင်းသတင်းစာကို ပြည်သူ့အာဘော် ပြည်သူ့သတင်းစာအဖြစ် နေ့စဉ်ထုတ်ဝေသွားမှာဖြစ်ပြီး၊ ဒီလှိုင်းတာဝန်ခံ အယ်ဒီတာ ဦးအုန်းကြိုင်(အောင်ဝင့်)ကို DVB သတင်းထောက် ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ အသံဖိုင် နားစဉ်ရန် ဒီနေရာကို နှိပ်ပါ |
||||||||||||
Posted: 06 Mar 2013 10:27 PM PST
စီအင်န်ဂျီ
ရရှိသည့် ပမာဏ မလောက်င သဖြင့် အစားထိုး ယာဉ်သစ်များ ခရီးသည်
ပြေးဆွဲနိုင်မှု မရှိကြောင်း မေတ္တာလှိုင်း မော်တော်ယာဉ်အသင်းမှ သိရသည်။
ယာဉ်အို၊ ယာဉ်ဟောင်း အပ် နှံပြီး တင်သွင်းလာသော အစား ထိုးယာဉ်များကို
မူလယာဉ်၏ စီအင်န်ဂျီ Capacity ထက်ပိုမို သော
စီအင်န်ဂျီ ၆ဝ၅ လီတာ ပေးခြင်းကြောင့် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||||||||
Posted: 06 Mar 2013 10:15 PM PST
မြန်မာ့
တပ်မတော်ဟာ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်အတွက် အသုံးစားရိတ် အမေရိကန်ဒေါ်လာ
သန်းပေါင်း နှစ်ထောင့်လေးရာ ရရှိခဲ့တယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။
ပြည်ထောင်စု လွှတ်တော်က ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုလိုက်တဲ့
စစ်တပ်အသုံးစား ရိတ်ပမာဏဟာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||||||||
Posted: 06 Mar 2013 10:02 PM PST
နေပြည်တော်၊ မတ် ၇
၆-၃-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ် ဆေးရုံ၌ မြေစာပိ၍ သေဆုံး ဒဏ်ရာ ရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ဖားကန့်မြို့နယ်၊ ကရင်ချောင်ကျေးရွာအနီး ““ထူး””ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ရှိ စွန့်ပစ်မြေစာ ပုံဟောင်း အောက်ခြေတွင် ကရင်ချောင်ကျေးရွာ၊ ရပ်ကွက်(၁)နေ ကျိန်တင်ဖု (၂၅)နှစ်ပါ ၁၁ ဦးက ရေမဆေးကျောက်တူးဖော်ရှာဖွေနေစဉ် အမြင့် ၁၅၀ ပေခန့်မှ မြေစာများ ပြိုကျလာပြီး မြေစာနှင့်အတူပါလာသည့် ကျောက်ခဲများထိမှန်၍ ကျိန်တင်ဖုမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သန်းဇော်(၃၁)နှစ်ပါ ၁၀ ဦးတွင် ဖူးရောင်ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ ရဲဇာနည် (Facebook) |
||||||||||||
Posted: 06 Mar 2013 09:57 PM PST
‘အကြွေး’ဆိုတဲ့အသံကို
ကြားရရုံမျှနဲ့ နားကြောစိမ့်လောက် အောင် ကြောက်လန့်စိုးရွံ့တတ် ကြပါတယ်။
ကျွန်တော်တို့ လူမှု အသိုင်းအဝိုင်းတစ်ခုတည်း မဟုတ် ဘဲ
ဘယ်အသိုင်းအဝိုင်းမှာမဆို’အကြွေ
ဒါပေမဲ့ ”အကြွေးရရင် ဆင်တောင်သက်စေ့ဝယ်စီးမယ်”၊ ”အကြွေးတင်ရှင် ဘုရင်ဆပ်လိမ့်မယ်” စတဲ့ စတဲ့စကားတွေကိုတော့ ပြောဆိုတတ်ကြပြီး ”ကြွေးတင် ကျွန် ဖြစ်”ဆိုတဲ့ စကားနဲ့အဆုံးသတ် ကြတာကိုပဲ တွေ့ရတာများပါတယ်။ ၂ဝ၁၃ ခုနှစ်ဇန်နဝါရီလ ၂၇ ရက် နေ့က ဧရာဝတီတိုင်း ဓနုဖြူမြို့မှာ ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ မြို့နယ် တောင်သူလယ်သမားတွေရဲ့တွေ့ ဆုံပွဲမှာ စိုက်ပျိုးစရိတ် ချေးငွေတွေ တွက် ”အကြွေး ကျေအောင်၊ လယ်သမားတွေအနေနဲ့ ထမင်းတစ်နပ်သာစားပြီး ဆပ်ကြဖို့၊ သံ သရာကြွေးဆိုတာတင်ဖို့မကောင်း ရုံသာမက အကြွေးမကျေရင် နောင်ဘဝမှာ ကျွန်ဖြစ်လိမ့်မယ်”လို့ လူကြီးတစ်ယောက်က ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ဒီတော့ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးဟာဘယ်ခေတ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့လည်း အလားတူပုံစံအတိုင်းဖြေရှင်းပြီး အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိ ကန်ဒေါ်လာ ၅၁၂ သန်း အသစ်ချေးခဲ့ပါသတဲ့။ ဒီတော့ အကြွေး တွေကတင်ဆဲ၊ ရှိမြဲပဲပေါ့။ ပဲရစ်ကလပ်ဝင် နိုင်ငံတွေကလည်း မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ ကြွေးမြီတွေထဲက အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၉၂ ဘီလျံ ခန့်လျှော့ချပေးခဲ့တယ်လို့ သိရှိရပြီး ကျန်တဲ့အကြွေး အမေရိကန်ဒေါ် လာ ၄ ဒသမ ၁၃၈ ဘီလျံကို ဆိုင်းငံ့ကာလ ၇ နှစ်အပါအဝင် ၁၅ နှစ် အတွင်းပြန်လည်ပေးဆပ်ကြဖို့ လိုက်လျော ခွင့်ပြုတယ်လို့သိရပါတယ်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေနဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဘဏ္ဍာရေးဝန်ကြီးက မြန်မာတစ်နိုင်ငံလုံးရဲ့ ပြန်လည်ပေးဆပ်ဖို့ ကျန်ရှိနေတဲ့ အကြွေးတွေက လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ကျန်သေးတယ်လို့ ဆိုပါတယ်။ ဒီတော့ အထက်က ဟောပြော ချက်အတိုင်းပြောရရင် ဒီကြွေးတွေ ကို ပြန်မဆပ်နိုင်လို့ကတော့ သံသရာကြွေးအဖြစ် အဲဒီ နိုင်ငံတွေရဲ့ကျွန်ဘဝကနေပြီး လွတ်လမ်းကို မမြင်နိုင်တော့ပါဘူး။ ဒါကြောင့် လယ်သမားတွေသာမကတော့ဘဲတစ်နိုင်ငံ ကျွန်တော်တို့နိုင်ငံရဲ့ ကြွေးရှင် နိုင်ငံတွေကတော့ အကြွေးပြန်ဆပ်နိုင်ဖို့အတွက် ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှသာ အဆင်ပြေမယ် ဆိုတာကိုသိရှိနားလည်ကြပါတယ်။ ဒါကြောင့်လည်း ချေးငွေတွေသာမက အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ နည်းပညာ ထောက်ပံ့မှုအစီအစဉ်မှ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့သွားမယ့်အကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ စွမ်းအင်ကဏ္ဍ၊ ဆည်မြောင်းတာတမံများကဏ္ဍ၊ ပညာရေးစီမံကိန်းတွေနဲ့ အခြားကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိအောင်ရည်ရွယ်ချေးငှားကြမယ် ပဲရစ်ကလပ်ကတော့ တစ်နှစ်တာအတွင်း နိုင်ငံတော်အသုံးစရိတ်လိုငွေ (Budget-Deficit) ပြသနေမှု ကို ၅ ရာခိုင်နှုန်းအောက် လျော့ကျအောင် ဆောင်ရွက်နိုင်ရင် သူတို့ ကလပ်ရဲ့ ကြွေးမြီ ၇၅ ရာခိုင်နှုန်းအ ထိ လျှော့ချပေးမယ်လို့ ဆိုပါတယ်။ဒီလို အကြွေးရှင်နိုင်ငံတွေနဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တွေက ငွေထုတ်ချေးပေးရုံသာမက အကြွေးတွေ ပြန်လည်ပေးဆပ်နိုင်အောင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အကူအညီအထောက် အပံ့တွေပေးကြပါသေးတယ်။ ကျွန်တော်တို့ကသာ ကြိုးစားရင်အကြွေးတွေကို ထပ်လျှော့ပေးဦးမယ်ဆိုပြီး ဝိုင်းဝန်းကူညီနေတာကို တွေ့ရတော့ ကျွန်တော်တို့ကလည်း ကျွန်တော် တို့ရဲ့ အမျိုးသားဂုဏ် အင်္ဂါတစ်ရပ် ဖြစ်တဲ့ ရိုးသားကြိုးစားမှုကိုပြသဖို့ လိုအပ်လာပြီလို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ သမ္မတကြီးက မိဘပြည်သူတွေကို ဒုတိယအကြိမ် ပြောကြားခဲ့တဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ အစိုးရအနေနဲ့ နိုင်ငံတကာချေးငွေ အကူအညီ တွေကို ပြည်သူ့အကျိုးစီးပွားအ တွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံး ပြုသွားပါမယ်လို့ ကတိပြုခဲ့တာကို ပထမဆုံးတွေ့ရမှာဖြစ်ပါတယ်။ဒုတိ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံပြီး တောင်သူလယ်သမားတွေလည်း ကြွေးကင်းပါစေ၊ နိုင်ငံတော်ကြီးလည်း ကြွေးရှင်းပါစေ။ ခင်မောင်အေး(ချောက်) Popular Myanmar News Journal |
||||||||||||
Posted: 06 Mar 2013 09:52 PM PST
ပြီးခဲ့သည့်
ရက်ပိုင်းအတွင်းက မအူပင်မြို့နယ်၊ ပလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော
ပဋိပက္ခအပေါ် စုံစမ်း စစ်ဆေးရေးဖွဲ့ကာ စစ်ဆေးသွား မည်ဖြစ်ပြီး ဖြစ်စဉ်၏ အဓိက
အကြောင်းအရာ ဖြစ်သော လယ်လုပ်ပိုင်ခွင့်အတွက် ကုမ္ပဏီနှင့် ညှိနှိုင်းပေးသွား
မည်ဖြစ်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||||||||
Posted: 06 Mar 2013 09:44 PM PST
တနင်္သာရီတိုင်း
ကော့သောင်းမြို့နယ်၊ အန်တချွန် ကျေးရွာအုပ်စု၊ ၁၀မိုင်ကျေးရွာနှင့်
၁၄မိုင်ကျေးရွာရှိ ရာဘာခြံများတွင် မတ်လ ၃ ရက်နေ့မှစ၍ မီးစတင် လောင်ကျွမ်း
လျက်ရှိပြီး မတ်လ ၆ ရက်နေ့အထိ မီးငြိမ်းခြင်း မရှိသေးဘဲ နေရာ အနည်းငယ်၌
လောင်းကျွမ်းမှု ရှိနေဆဲဖြစ်ကြောင်း----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||||||||
Posted: 06 Mar 2013 09:25 PM PST
|
||||||||||||
Posted: 06 Mar 2013 09:23 PM PST
|
||||||||||||
Posted: 06 Mar 2013 09:18 PM PST
|
||||||||||||
Posted: 06 Mar 2013 09:07 PM PST
သုံးစွဲသူ
နည်းပါး၍ ဝင်ငွေကျဆင်းမှုများ ဖြစ်ပေါ်နေသော အင်တာနက်ဆိုင်အချို့
ကွန်ပျူတာတွင် ညစ်ညမ်း ဗီဒီယို ဇာတ်ကားများ အခမဲ့ထည့်သွင်း နည်းလမ်းဖြင့်
သုံးစွဲသူများအား ဆွဲဆောင်မှု ပြုလုပ်နေကြောင်း သိရသည်။ ယင်းသို့
ပြုလုပ်လာမှုသည် အင်တာနက်သုံးစွဲမှု နည်းပါးသည့် နယ်မြို့များတွင်သာမက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||||||||
Posted: 06 Mar 2013 09:05 PM PST
ကလေးမြို့
အေးရိပ်မွန် အမျိုးသမီး ဂေဟာမှ ကျောင်းသူများကို အချောင်လိုချင်
စိတ်ဝင်မည်စိုး၍ အလှူမခံခိုင်းကြောင်း ၄င်းကျောင်းအုပ် ဆရာမကြီး
ဒေါ်မေရီမြင့်က ပြောသည်။ ကျောင်းသူများကို အလှူခံ ခိုင်းခြင်း မရှိကြောင်း၊
လိုအပ်လျှင် မိမိကိုယ်တိုင်သာ အလှူခံကြောင်း၊---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||||||||
Posted: 06 Mar 2013 08:24 PM PST
မြန်မာ
ဖက်က စီးပွားရေး လုပ်ငန်းရှင်တွေ ၊ မြန်မာ နိုင်ငံ စက်မှုလက်မှု
ကုန်သည်ကြီးများ အသင်းက တာဝန်ရှိသူတွေနဲ့ ဟောင်ကောင်က လုပ်ငန်းရှင်
တရာကျော် တွေ့ဆုံခဲ့ ကြပါတယ်။ ဟောင်ကောင်ဖက်က လျှပ်စစ် အစိတ်အပိုင်း ၊
လက်ဝတ်လက်စား ၊ နာရီ ၊ အထည်ချုပ် ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုနဲ့ အိမ်ရာဆောက်တဲ့
လုပ်ငန်းက---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||||||||
Posted: 06 Mar 2013 08:18 PM PST
အမေရိကန်
ပြည်ထောင်စု အတ္တလန္တိတ် သမုဒ္ဒရာဘက်ခြမ်း အလယ်ပိုင်းဒေသမှာ ဆီးနှင်းနဲ့
မိုးတွေ ထူထူထပ်ထပ် ကျရောက်ခဲ့ပြီးနောက်၊ အဲ့ဒီ ဆောင်းရာသီ အကုန်
မုန်တိုင်းဟာ အခုတော့ အရှေ့ဘက်ကမ်းရိုးတန်း တလျှောက် နယူးယောက်ခ် နဲ့
နယူးအင်္ဂလန် ဘက်ကို ရွေ့လျားသွားပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||||||||
Posted: 06 Mar 2013 08:12 PM PST
လက်ပံ
တောင်းတောင် ကြေးနီ စီမံကိန်း ရှိတဲ့ ကြေးနီ သိုက်နေရာက ဧက ၇၈၆၇.၇၈ မှာ ၂၄
နာရီပတ်လုံး မည်သူမှ သွားလာခွင့် မရှိတဲ့ အကြောင်း ပုဒ်မ ၁၄၄ ညမထွက်ရ
အမိန့်ကို နောက်ထပ် သက်တမ်း ၂ လတိုးလိုက်ပါတယ်။ တရား ဥပဒေ စိုးမိုးရေးနဲ့
ငြိမ်ဝပ် ပိပြားရေး အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ အခုလို
ထပ်တိုးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်း အပြည့်အစုံကို မအေးအေးမာ က
သတင်းပေးပို့ ထားပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ နီးစပ်ရာ ကျေးရွာတွေအနေနဲ့ ၂၄ နာရီ အတွင်းမှာ ကန့်သတ်နယ်မြေတွေကို ကျုးကျော်ခြင်း မလုပ်နိုင်ဖို့အတွက် ဆားလင်းကြီးမြို့နယ် အထွေအထွေ အုပ်ချုပ်မှူးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်က ပုဒ်မ ၁၄၄ ကို သက်တမ်း ၂ လတိုးပြီး ထုတ်ပြန်ခဲ့တာပါ။ လက်ပံတောင်းတောင် သပိတ်စခန်းမှာရှိနေတဲ့ မြန်မာနိုင်ငံ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ရက်က ကိုသောင်းထိုက် က အခုလို ပြောပါတယ်။ “ဒီနေ့ဆိုရင် အသစ်ပြောင်းလာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းကနေ မတ်လ ၁ ရက်နေ့က ဧပြီလ ၃၀ ရက်နေ့အထိ ဆိုပြီးတော့ ၂ လ သက်တမ်းတိုးပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ချက်ကိုလည်း ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။ တကယ်လို့ ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်ဆို ရင်တောင် ဒေသခံတွေကို ပြောရမှာ။ အခုတော့ မပြောဘူး။ သူတို့ အုပ်ချုပ်ရေးပိုင်းမှာပဲ စာရွက်တွေ ဖြန့်ပြီးတော့ ထုတ်ပြန်တယ်ဆိုတာမျိုးလောက်ပဲ အသိအမှတ်ပြုပြီးတော့ ပြည်သူတွေ မသိတဲ့အတွက် အချိန်မရွေး သူတို့ ၀င်ပြီးတော့ နှိမ်နင်းနိုင်တယ်။” ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ကျေးရွာတွေကတော့ ဖောင်းတကာရွာ၊ တောင်ပလူရွာ၊ ရွာရှည်အုပ်စု ၀က်မှေးကျေးရွာ၊ ဖောင်းကားတောင်ရွာ၊ လိပ်ခွံတောင်၊ ဖောင်းတကာအုပ်စု ဆည်တဲရွာ၊ ဇီးတောရွာ၊ ပလူကုန်းရွာ၊ ရွေလှေရွာ၊ လက်ရှိ သပိတ်စခန်း ဖွင့်ထားတဲ့ တုံရွာ တို့ ပါဝင်ပါတယ်။ ဒါ့အပြင် အရှေ့၊ အနောက်၊ တောင်၊ မြောက် မှာရှိတဲ့ ဆားလင်းကြီး၊ ညောင်ပင်ကြီး ကားလမ်း၊ မိုးကြိုးပြင်ကျေးရွာအုပ်စု၊ ဖောင်းတကာကျေးရွာအုပ်စု၊ ညောင်ပင်ကြီး ယင်းမာပင်လမ်းတို့လည်း ပါဝင်ပါတယ်။ လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေတဲ့ ပြီးခဲ့တဲ့နှစ် အချိန်ကာလ ကတည်းက အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာပါ။ လယ်သမားတွေက သူတို့ လယ်မြေတွေနေရာမှာ ပြန်လည်လုပ်ကိုင်တဲ့အခါမှာ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုတွေကို လုပ်ခဲ့ကြပါတယ်။ မတ်လ ၁ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်း ၂ လ ထပ်တိုးလိုက်ခြင်းလည်း ဖြစ် ပါတယ်။ ဒေသခံတွေကတော့ စီမံကိန်း ဖျက်သိမ်းဖို့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက မီးလောင်ဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့တဲ့အပေါ်မှာ အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့အတွက် နိုင်ငံတော် သမ္မတကို ဒေသ ခံရွာသား ၃ ဦးက တရားစွဲဆိုမှုတွေ လုပ်ခဲ့တဲ့အကြောင်းကိုလည်း ကိုသောင်းထိုက် အခုလို ဆက်ပြောခဲ့ပါတယ်။ “အဓိကစွဲရတဲ့ အကြောင်းရင်းကတော့ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာတွေနဲ့ ပြည်သူတွေကို အစိုးရအာဏာပိုင်တွေက မီးလောင်ဗုံးတွေသုံးပြီး ပစ်ခတ်နှိမ်နင်း အကြမ်းဖက်တဲ့ကိစ္စ အစိုးရအဆင့်၊ နိုင်ငံတော်အဆင့် လုပ်ကြံမှုဖြစ်တယ်။ အဲ့ဒါကြောင့် ဒီကိစ္စတွေရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတပဲ ဖြစ်တယ်ဆိုတဲ့အတွက် ကြောင့် နိုင်ငံတော် သမ္မတကိုပဲ ဦးတည်ပြီးတော့ တရားစွဲတယ်။ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်တယ်ပေါ့နော်။ ဒီဥစ္စာက မြို့နယ်အုပ်ချုပ်မှူး အဆင့်ကနေပြီးတော့ ဒီဒေသမှာ ပုဒ်မကို လိုသလို ထုတ်ပြန်နိုင်တဲ့အတွက် ဒီကိစ္စမှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာလည်း သမ္မတဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ဒီကိစ္စတွေနဲ့ နိုင်ငံတော် သမ္မတကို တရားစွဲတာပါ။ စွဲတာက သုံးယောက်၊ တရားစွဲတဲ့သူတွေက ဆည်တဲရွာက မ၀င်းဝင်းဌေးရယ်၊ မရီဝင်းရယ်၊ နောက် မိုးကြိုးပြင်ရွာက ကိုဇော်နိုင်ရယ်။” လက်ပံတောင်းဒေသခံတွေက စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း ဘ၀င်ကျမှုမရှိကြောင်း သူတို့ရဲ့ လေ့လာစုံစမ်းချက်တွေဟာ ဒေသခံတွေရဲ့ သဘောထားဆန္ဒတွေကို အလေးထားမှု နည်းပါးတဲ့အကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။ “လက်ပံတောင်းတောင်နဲ့ ပတ်သက်ပြီးတော့မှ သဘာဝပတ်ဝန်းကျင်တို့၊ ရေတိုရေရှည် စီမံကိန်း တို့နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို တင်ပြတဲ့အခါမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့သူတွေက ဒီကိစ္စတွေကို သူတို့ သိပြီးသားပါ။ ဒါတွေ မပြောပါနဲ့ဆိုပြီးတော့ ကြားကနေ ဖြတ်ပြီးတော့ တားတဲ့အတွက် သူတို့မှာ ပြောပိုင်ခွင့် မရခဲ့ဘူး။ သူတို့ ပြောခွင့်ရတဲ့အပိုင်းကတော့ မြေယာလျော် ကြေးနဲ့ ပတ်သက်ပြီးတော့ပဲ ပြောခွင့်ရခဲ့တယ်။ ဟိုဘက်ကလည်း မေးတာက မြေယာလျော်ကြေး ကိုပဲ ဦးတည်ပြီး မေးတယ်။ ဒေသခံတွေ လိုချင်တာကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီဒေသက ပြည်သူတွေ ဘာဖြစ်ချင်တယ်၊ ဘယ်လိုချင်လဲ ဆိုတဲ့ အချက်အလက်တွေကို အစုံအ လင် မယူဘဲနဲ့ မြေယာလျော်ကြေး ကိစ္စတခုလောက်သာ သူတို့ စုံစမ်းစစ်ဆေးသွားတဲ့ကိစ္စအပေါ် မှာ သံသယ၀င်နေတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာေ ပေမဲ့ နောက်ပိုင်း ၁၆ ယောက်နဲ့ ၁ ယောက် ပြန်လည် ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် မှာတော့ ဒီမီးလောင်ဗုံးကိစ္စနဲ့ပတ်သက်ပြီ ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ ကျော်ကို သိမ်းယူခဲ့သလို စီမံကိန်းနဲ့ မလွတ်တဲ့ ရွာ ၄ ရွာကိုလည်း ဖယ်ရှားခိုင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အခု ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေတွေကတော့ လယ်သမားတွေထံကနေ သိမ်းယူထားတဲ့ လယ်မြေဧကတွေရှိတဲ့ ကွင်းအမှတ်တွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လယ်သမား တွေကတော့ အစပိုင်းမှာ သူတို့ပိုင် လယ်မြေတွေ ပြန်ရရေးအတွက် ကြိုးစားခဲ့ကြပေ မဲ့ နောက်ပိုင်းမှာ စီမံကိန်း ရပ်တန့်ရေးအတွက်ကိုပဲ သူတို့ သဘောထား ဆန္ဒအဖြစ် ထုတ်ဖော်ကြပါ တယ်ရှင်။ မအေးအေးမာ (ဗွီအိုအေ) |
[Message clipped] View entire message
0 comments:
Post a Comment