Saturday, March 9, 2013

ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်

Nay Ko Ko shared Myanmar Online News's photo.
ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်
Saturday, March 9, 2013

မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။

အရှေ့တောင်အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုပါဝင်ပြီး
မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင် လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်၊
“မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာဖြစ်လာမယ်၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်း မိန့်ကြားသည်။

အဆိုပါ မြန်မာဗုဒ္ဓစင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာလင်ပေါင် ၅၀၀နှုန်းဖြင့် အလှူခံနေပြီး မြန်မာနိုင်ငံသားများ လှူဒါန်းမည် ဆိုပါက မြေနေရာ၁ပေ ပတ်လည်ကို ၅သောင်းကျပ် ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး အသင်းထံမှ စုံစမ်းသိရှိရသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ ၁၇သန်းခန့် လာရောက်လည်ပတ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့် ခရီးသွားများ လာရောက်လေ့လာမှုများ ရှိလာနိုင်ကြောင်း လန်ဒန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန် ဘာသာဝင် များပြားကြောင်း၊ သို့သော် မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာတော်က သုံးသပ် မိန့်ကြားသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါအဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေးအသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။

The Voice Weekly

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...