နေလာရာ မျက်နှာမူ
Author: lubo601 |
8:40 AM |
No မှတ်ချက် |
ငယ်ငယ်က
(ခုလဲ ဒီဆိုက်ပါပဲ... ဟဲဟဲ) Solar Panel အတွက် Tracking System (နေလာရာ
မျက်နှာမူ) လုပ်ခဲ့တုန်းက လေ့လာခဲ့ရ တာလေးတွေပါ။ မိုးလင်းကနေ
မိုးချုပ်အရှေ့အနောက် ရွေ့မယ့် One-Axis လောက်ပဲဆိုရင် ဒါတွေမလိုပေမယ့်။
အရှေ့အနောက် တောင်မြောက် လှည့်ပေးမယ့် Double-Axis အတွက်ဆိုရင်တော့
Celestial Sphere ကို လေ့လာရပါတော့တယ်။
ကမ္ဘာကမှ နေကိုလှည့်တာပါ။
ဒါပေမယ့် ကမ္ဘာပေါ်က လူတစ်ယောက်၊ နေရာတစ်ခုကို ဗဟိုပြုတဲ့ ပုံစံမျိုးနဲ့
စဉ်းစားတာကို Celestial Sphere လို့ခေါ်ပါတယ်။ ကိုယ့်ခေါင်းပေါ် တည့်တည့်ကို
Zenith၊ နွေဘက်မှာ နေသွားတဲ့ လမ်းကြောင်းကို June or Summer Solstice၊
ဆောင်းတွင်းနေသွား လမ်းကြောင်းကို December or Winter Solstice စသည်ဖြင့်
ခေါ်ပါတယ်။ ကြားထဲက စပ်ကူးမတ်ကူး ကာလကိုတော့ Equinox လို့ခေါ်ပါတယ်။
နေကို လှည့်လည်နေတဲ့ ကမ္ဘာကြီးဟာ သူ့ဝင်ရိုးပေါ်မယ် ၂၃ (၁/၂) ဒီဂရီ
လှည့်နေတာကြောင့် နေရောင်က ခေါင်းပေါ်တည့်တည့်မဟုတ်ပဲ တိမ်းစောင်းရောင်ခြည်
ကျတာပါ။ ပြီးတော့ နေကိုပတ်နေတာကြောင့် ကမ္ဘာ့တောင်ခြမ်းနဲ့ မြောက်အခြမ်းဟာ
တစ်လှည့်စီ တည့်မတ်ရောင်ခြည်နဲ့ တိမ်းစောင်းရောင်ခြည်ကို ရကြတာပါ။
ကမ္ဘာ့မြောက်ဘက် (ကျွန်တော်တို့
နေတဲ့အခြမ်းမယ်) ကိုနေရောင် ပိုကျရင် ကိုယ်တွေဘက် နွေဖြစ်ပြီးတော့၊
ဟိုဘက်ခြမ်းက ဆောင်းပေါ့။ ဟိုဘက်က နွေဆိုရင် ဒီဘက်ကဆောင်းပါ။ နေရောင်ခြည်
တည့်ကျတာနဲ့ စောင်းကျတာ ကွာတာကလဲ အပူအအေးကို ဖြစ်စေသလို၊ နေထွက်ချိန်
(နေ့တာ အတိုအရှည်) အနည်းအများကလဲ ပူခြင်းအေးခြင်း ရာသီဥတုကို ဖြစ်စေပါတယ်။
ပြောချင်တာက နေဆိုတာက အရှေ့ကထွက်လို့ အနောက်က ဝင်တယ်ဆိုပေမယ့်
တစ်ရက်နဲ့တစ်ရက် မတူပါဘူး။ ကိုယ့်ရဲ့ အရိပ်ကို သတိထားကြည့်ရင်
သိနိုင်ပါတယ်။ ဒါဟာ နေသွားရာ လမ်းကြောင်း ပြောင်းနေတာကို ပြတာပါ။ နွေဆို
အရိပ်တိုပြီး ဆောင်းဆို ရှည်ပါတယ်။
နေရောင်ကျတဲ့ပုံ၊
အချိန်အနည်းအများနဲ့ ပက်သက်လို့ မြောက်လေ (ဆောင်းလေ - မြောက်ဘက်က
ရေခဲတောင်တွေဆီက လာတော့ အေးပြီး ရေငွေ့နည်းတာပေါ့)၊ တောင်လေ (မုတ်သုံလေ -
တောင်ဘက်က ပင်လယ်ရှိတော့ ရေခိုးရေငွေတွေ ပါတော့မုတ်သုံမိုး ဖြစ်စေ) တွေကို
ဖြစ်စေတာပါ။ ပြီးတော့ ကမ္ဘာက အနောက်ကနေ အရှေ့ကို လည်နေတော့ (သေချာ
တွေးကြည့်နော် နေက အရှေ့ကထွက် အနောက်ကဝင်) လေတိုက်တဲ့ လမ်းကြောင်းတွေ
တိမ်းစောင်းပြီ (မြောက်မှတောင်၊ တောင်မှမြောက် မဟုတ်တော့ပဲ) အရှေ့ အနောက်
ကုန်သည်လေတွေ ဖြစ်လာသတဲ့။ ဗဟုသုတပေါ့လေ ငယ်ငယ်က ပထဝီမယ် သင်ရတုန်းက
ရှေ့ကဆရာကလဲ လယ်တည်တည် နောက် ကိုယ်တွေကလဲ (ဟဲဟဲ - စကားပြော၊ မုန့်ခိုးစား)
မသိနဲ့ပေါ့။
ဒါကတော့ အနောက်တိုင်း လောကဓါတ်ပညာနဲ့ တွက်သပေါ့။
ဗြဟ္မဏ အယူဝါဒကို အခြေခံတဲ့ ဗေဒင်ကိန်းခန်း နက္ခတာရာ ပညာတွေအရလဲ ပြက္ခဒိန်တွေ
ဂြိုလ်သွားဂြိုလ်လာတွေနဲ့ တွက်ချက်တာတွေလဲ ရှိပါတယ်။ မြန်မာနိုင်ငံ
ရန်က်ုမြို့က ရွှေတိဂုံဘုရားဘေး (ဦးနေဝင်းတည်တဲ့ စစ်တပ်ဘုရားလို့ ခေါ်ကြတဲ့)
မဟာဝိဇယ စေတီတော်မယ်ဆိုရင် လှိုင်လုပ်ထားတဲ့ ဘုရားအတွင်းမယ် အပေါ်ကနေ
အပေါက်တစ်ပေါက်ဖောက်လို့ နှစ်တိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ဆို
နေရောင်ခြည်က ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်တည့်တည့် ကျရောက်စေဖို့
လောကီအစီအရင်တွေနဲ့ စီစဉ်ထားသတဲ့။
နှစ်ဆန်းတစ်ရက်နေ့ သွားမဖူးနိုင်တောင် ညဘက်လာတဲ့ တီဗွီမယ်တော့ သတင်းလောက်ကြည့်ကြပေါ့ဗျာ...။
သာပို
၁၂၊ ၃၊ ၂၀၁၃။

ကမ္ဘာကမှ နေကိုလှည့်တာပါ။ ဒါပေမယ့် ကမ္ဘာပေါ်က လူတစ်ယောက်၊ နေရာတစ်ခုကို ဗဟိုပြုတဲ့ ပုံစံမျိုးနဲ့ စဉ်းစားတာကို Celestial Sphere လို့ခေါ်ပါတယ်။ ကိုယ့်ခေါင်းပေါ် တည့်တည့်ကို Zenith၊ နွေဘက်မှာ နေသွားတဲ့ လမ်းကြောင်းကို June or Summer Solstice၊ ဆောင်းတွင်းနေသွား လမ်းကြောင်းကို December or Winter Solstice စသည်ဖြင့် ခေါ်ပါတယ်။ ကြားထဲက စပ်ကူးမတ်ကူး ကာလကိုတော့ Equinox လို့ခေါ်ပါတယ်။
နေကို လှည့်လည်နေတဲ့ ကမ္ဘာကြီးဟာ သူ့ဝင်ရိုးပေါ်မယ် ၂၃ (၁/၂) ဒီဂရီ လှည့်နေတာကြောင့် နေရောင်က ခေါင်းပေါ်တည့်တည့်မဟုတ်ပဲ တိမ်းစောင်းရောင်ခြည် ကျတာပါ။ ပြီးတော့ နေကိုပတ်နေတာကြောင့် ကမ္ဘာ့တောင်ခြမ်းနဲ့ မြောက်အခြမ်းဟာ တစ်လှည့်စီ တည့်မတ်ရောင်ခြည်နဲ့ တိမ်းစောင်းရောင်ခြည်ကို ရကြတာပါ။ ကမ္ဘာ့မြောက်ဘက် (ကျွန်တော်တို့ နေတဲ့အခြမ်းမယ်) ကိုနေရောင် ပိုကျရင် ကိုယ်တွေဘက် နွေဖြစ်ပြီးတော့၊ ဟိုဘက်ခြမ်းက ဆောင်းပေါ့။ ဟိုဘက်က နွေဆိုရင် ဒီဘက်ကဆောင်းပါ။ နေရောင်ခြည် တည့်ကျတာနဲ့ စောင်းကျတာ ကွာတာကလဲ အပူအအေးကို ဖြစ်စေသလို၊ နေထွက်ချိန် (နေ့တာ အတိုအရှည်) အနည်းအများကလဲ ပူခြင်းအေးခြင်း ရာသီဥတုကို ဖြစ်စေပါတယ်။
ပြောချင်တာက နေဆိုတာက အရှေ့ကထွက်လို့ အနောက်က ဝင်တယ်ဆိုပေမယ့် တစ်ရက်နဲ့တစ်ရက် မတူပါဘူး။ ကိုယ့်ရဲ့ အရိပ်ကို သတိထားကြည့်ရင် သိနိုင်ပါတယ်။ ဒါဟာ နေသွားရာ လမ်းကြောင်း ပြောင်းနေတာကို ပြတာပါ။ နွေဆို အရိပ်တိုပြီး ဆောင်းဆို ရှည်ပါတယ်။
နေရောင်ကျတဲ့ပုံ၊ အချိန်အနည်းအများနဲ့ ပက်သက်လို့ မြောက်လေ (ဆောင်းလေ - မြောက်ဘက်က ရေခဲတောင်တွေဆီက လာတော့ အေးပြီး ရေငွေ့နည်းတာပေါ့)၊ တောင်လေ (မုတ်သုံလေ - တောင်ဘက်က ပင်လယ်ရှိတော့ ရေခိုးရေငွေတွေ ပါတော့မုတ်သုံမိုး ဖြစ်စေ) တွေကို ဖြစ်စေတာပါ။ ပြီးတော့ ကမ္ဘာက အနောက်ကနေ အရှေ့ကို လည်နေတော့ (သေချာ တွေးကြည့်နော် နေက အရှေ့ကထွက် အနောက်ကဝင်) လေတိုက်တဲ့ လမ်းကြောင်းတွေ တိမ်းစောင်းပြီ (မြောက်မှတောင်၊ တောင်မှမြောက် မဟုတ်တော့ပဲ) အရှေ့ အနောက် ကုန်သည်လေတွေ ဖြစ်လာသတဲ့။ ဗဟုသုတပေါ့လေ ငယ်ငယ်က ပထဝီမယ် သင်ရတုန်းက ရှေ့ကဆရာကလဲ လယ်တည်တည် နောက် ကိုယ်တွေကလဲ (ဟဲဟဲ - စကားပြော၊ မုန့်ခိုးစား) မသိနဲ့ပေါ့။
ဒါကတော့ အနောက်တိုင်း လောကဓါတ်ပညာနဲ့ တွက်သပေါ့။ ဗြဟ္မဏ အယူဝါဒကို အခြေခံတဲ့ ဗေဒင်ကိန်းခန်း နက္ခတာရာ ပညာတွေအရလဲ ပြက္ခဒိန်တွေ ဂြိုလ်သွားဂြိုလ်လာတွေနဲ့ တွက်ချက်တာတွေလဲ ရှိပါတယ်။ မြန်မာနိုင်ငံ ရန်က်ုမြို့က ရွှေတိဂုံဘုရားဘေး (ဦးနေဝင်းတည်တဲ့ စစ်တပ်ဘုရားလို့ ခေါ်ကြတဲ့) မဟာဝိဇယ စေတီတော်မယ်ဆိုရင် လှိုင်လုပ်ထားတဲ့ ဘုရားအတွင်းမယ် အပေါ်ကနေ အပေါက်တစ်ပေါက်ဖောက်လို့ နှစ်တိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ဆို နေရောင်ခြည်က ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်တည့်တည့် ကျရောက်စေဖို့ လောကီအစီအရင်တွေနဲ့ စီစဉ်ထားသတဲ့။
နှစ်ဆန်းတစ်ရက်နေ့ သွားမဖူးနိုင်တောင် ညဘက်လာတဲ့ တီဗွီမယ်တော့ သတင်းလောက်ကြည့်ကြပေါ့ဗျာ...။
သာပို
၁၂၊ ၃၊ ၂၀၁၃။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment