Wednesday, March 13, 2013

ဆရာဗန်းမော်တင်အောင် ရဲ့  ဘုန်းမောင်တယောက်ထဲရယ်..

Yeyint Kyaw and 3 other friends were tagged in Ko Nyi's photo. — with Khon Ja and 35 others.
သူသည် ကျောင်းမှထွက်သွားကတည်းက အလုပ်အကိုင် အတည်တကျလည်း လုပ်သည်ကို မတွေ့ရ။ 
သတင်းစာဆရာ ယောင်ယောင် အယ်ဒီတာ ယောင်ယောင်နှင့် တခါတခါ သခင်တွေနှင့် တွဲကာ၊
သခင်ယောင်ယောင် လုပ်နေသူ တစ်ယောက်လဲ ဖြစ်သည်။ 
သူ့ကို အေးအေးဆေးဆေး တွေ့ဆုံဆွေးနွေးဘို့ မရင်မေ ရှာဖွေကြံစီဘူးခဲ့သည်။ 
သူသည် အိုးခြေအိမ်ခြေ အတည်တကျရှိသူမဟုတ်။ 
သူသည် လေလွင့်နေသော လူဝင်စား တစ်ယောက်ဖြစ်လေသည်။ 
သူ့ကို တခါတရံ ခရီးဆုံးသောအခါ၊ စုတ်စုတ်ပြတ်ပြတ်နှင့် သာဘဲ တွေ့ရလေသည်။ 
သူသည် အစဉ်ဘဲ အလုပ်များနေပုံရသည်။ 
ထီးနှင့်ဦးထုပ်မပါဘဲ။ ခုံဘိနပ်စီးကာ နေပူကြီးခြစ်ခြစ်ထဲမှာ သူသည် လမ်းရှောက်နိုင်ပါပေသည်။ 
သူ၏ဆံပင်များသည် ရှည်၍နေသည်။ ခေါင်းကိုလဲ သပ်သပ်ယပ်ယပ်မဖီးနိုင်။
....'ပြာရိပြာရာနဲ့ ဘယ်လဲ ဆရာကြီး၊ ဦးထုပ်လဲမပါ ထီးလဲမပါနဲ့၊ တော်တော်ကလေး အလုပ်များနေတယ် ထင်တယ်' ...
မရင်မေသည် စကော့ဈေးမှ ဈေးဝယ်ပြီး၍ ကားနှင့်အပြန် သူ့ကိုတွေ့ရသဖြင့်၊ သူ့ဘေးတွင် ကားကိုအသာရပ်ခါ မေးလိုက်ရာ..
 'အော်.....မရင်မေ' .....သူသည် ပြုံးလေသည်။
 'ရှင်သည်လိုဘဲ အေးအေးဆေးဆေး နေနေတော့မှာလား ကိုဘုန်းနိုင်'
 ပြုံးနေသော သူ့မျက်နှာသည် ညှိုး၍သွားသည်။ ဘာမျှတော့ကာ သူသည်မပြော။ 
'ရှင့်ကိုတခါတော့ အေးအေးဆေးဆေး စကားစမည်ကလေးများ ပြောစမ်းပါရစေ ကိုဘုန်းနိုင်' 
သူသည် ခေါင်းကိုသာဘဲ ငုံ့နေသည်။ ဘာမျှတော့ကာ ပြန်မပြော။ 
'ရှင်သည်လိုဘဲ နေတော့မလို့လားဟင်... ကိုဘုန်းနိုင်၊ မိန်းမမတန်မဲ့ အိနြေ္ဒမငဲ့နိုင်ဘဲ၊ 
လူလယ်ခေါင်မှာ စကားပြောနေရတဲ့ မိန်းမသားကို၊ ရှင်အားမနာတောဘူးလား...' 
'ကျွန်တော် ဘာပြောရမလဲ မရင်မေရယ်...' သူသည် သူ၏ ခေါင်းကိုခါရင်း ဖြေးလေးစွာ ပြောလိုက်သည်။ 
'အော်... အော်... ဘာပြောရမှန်း ရှင်မသိဘူးပေါ့။ အင်း-အင်း-အင်း' မရင်မေသည် သည်လောက်တောင်ဘဲ 
အေးတိအေးစက်နိုင်လွန်းလှသော သူ့ကိုစိတ်မရှည်နိုင်တော့ချေ။
 'မောင်သော်ရေ...မောင်းဟေ့' မရင်မေသည် ဒရိုင်ဘာကို အမိန့်ပေးလိုက်သည်။

(ဆရာဗန်းမော်တင်အောင် ရဲ့  ဘုန်းမောင်တယောက်ထဲရယ်..)
http://www.mediafire.com/?qd7et653nn4la1a

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...