Monday, March 11, 2013

စာရှုသူတွေ နဲ့ ချိုတူးဇော် ဖက်စုံ..တွေးနိုင်အောင်ပါ

by Bo K Nyein on Sunday, March 10, 2013 at 7:42pm ·

စာရေးသူတွေက သူတို့ရဲ့ အတွေးအခေါ် ဒါမှမဟုတ် အမြင် (သို့) မဟုတ် ခံစားချက်ကို ရေးပြကြတယ်။
စာဖတ်တဲ့သူကလည်း သူရဲ့ဘ၀အတွေ့အကြုံ ..လေ့လာထားတဲ့ ..အသိဥါဏ်..နဲ့ ..တနည်းအားဖြင့် ရှိတဲ့ Capacity အားနဲ့ နားလည်လိုက်ကြတာပဲ။

နားလည်မှု မှာ ခံစားမှု ပါလာရင် ..စာရေးသူရဲ့ ..ဆိုလိုချက်…နဲ့ ..လမ်းလွဲသွားတတ်တယ်…
စာရေးသူ..ရဲ့ ..objective .ကနေ .diverge ဖြစ်သွားတာကို ဆိုလိုတာပါ…. ဒါကို …different tangents ..လို့..တချို့က … သတ်မှတ်ကျပါတယ်….


လေ့လာမှုခြင်း…မတူရင်… ဘ၀ဖြတ်သန်းမှုခြင်း..မတူရင်… Capacity ..မတူကြဖူး…. တဦးက နိမ့်တယ်..တဦးက မြင့်တယ် ..လို..(နှိမ်).လိုတဲ့ .. သဘောမဟုတ်… (မတူ) တာဟာ…လောက..ရဲ့ ..(ပကထိ)..တရားပဲ…

Capacity…မတူ..ရင်…. ဥါဏ်.level… မတူရင်..(ကြည့်) ..တာချင်း …(မတူ)..ကြတော့ဖူး…

Level ချင်း..တူ…ရင်တောင် … (angle) ဆိုတာရှိပါသေးတယ်။ ကြည်တဲ့ .. (angle) ချင်းမတူရင် …(အမြင်)..ချင်း …(မတူ) ..ကြပြန်ဖူး….

(မတူ) တာကို အတင်း..(တူ)..ရမယ်..လုပ်ဖို့..မလို..ပါဖူး…..

လောကမှာ (အမှား) ..(အမှန်)..ဆိုတာ …(relative) ….ပဲ

(အမြင်) ဆိုလည်း …(relative) ပါပဲ

ဘာသာရေးမှာ…ဖြစ်စေ….နိုင်ငံရေး..မှာဖြစ်စေ…. ငါမှ..(အမှန်) … (ငါ့) (ယုံကြည်မှု) ဒါမှမဟုတ်… (ငါ) …ပြောတာ (လုပ်)..ဆိုတာနဲ့ …(မတူ) တာကို..လက်မခံပဲ… အတင်း…(တူ) အောင်လုပ်ရင်..(အဓမ္မ) နည်းကို..(သုံး)..ရတော့တာပဲ

အာဏါရှင်စနစ် …. ဆိုတာ..(အဓမ္မ) နည်းနဲ့ ..အုပ်စိုးတပဲ….

စစ်အာဏါရှင်က… စစ်တပ်စစ်သား စိုးမိုးရေးအတွက် ဖြစ်သလို …. ပစ္စည်းမဲ့အာဏါရှင်..ဆိုတာက … ကွန်မြူနစ် ..ပါတီ..စိုးမိုးရေး..ကို (အဓမ္မ) ..နည်းနဲ့လုပ်တာပဲ…

(အဓမ္မ) ပါလာတာနဲ့ … (ဖိနှိပ်မှု) ..ဆိုတာပါလာတာပဲ….

မြန်မာနိုင်ငံမှာ စစ်အာဏါရှင်က ….၈၈ မှာကျောင်းသားတွေကို…သတ်တယ်…

တရုတ်ကွန်မြူနစ်အာဏါရှင်က …. ၈၉..မှာ တရုတ်ကျောင်းသားတွေကို ..သတ်တယ်….

တကမ္ဘာလုံးက ဒီအစိုးရနှစ်ခုစလုံးကို ..ဆက်ဆံ..ကြရတယ်… (အာဏါရ) ..အစိုးရဖြစ်လို့….

ဦးနု..အစိုးရလက်ထက်က..တရုတ်ပေါ်လစီက…ပါတီ..ပါတီချင်း…ဆက်ဆံရေး..နဲ့ ..အစိုးရ..အစိုးရ…ဆက်ဆံရေး..ဆိုပြီး..ခွဲခြားထားတယ်….

ဦးနု က… ဗကပက…လူတွေသတ်ထားတယ်…. ဗကပ ကိုကူလို့ မင်းတို့တောင်းပန်ရမယ်လို့..တရုတ်ကိုပြောလို့..မရဖူး..

ဆက်ဆံရတယ်…..

တိန်လျှေက်ပိန်လက်ထက်မှာ ဗိုလ်ချုပ်နေ၀င်းက… တရုတ်က..ဗကပကိုကူလို့..တရုတ်ကြီး.. တောင်းပန် ဆန်း..လို့ ..မတောင်းဆို..တဲ့..အပြင်…. ကိုယ့်ဖက်ပါအောင်..ဆွဲ..ယူ..နိုင်လိုက်တော့…

ဗကပ..တွေ….အရုပ်ကြိုးပြတ်….အသက်ရှူ..ရပ်ပြီး…. မြေကြွက်ကြီးတွေ..ဘ၀..ရောက်ခဲ့ရတာ..ယနေ့.. အထိ..ပါပဲ….

ဒါ…နိုင်ငံရေး..ပါပဲ…..

နိုင်ငံရေး…မှာ …. ခံစားချက်..(Emotion) ကို ..ရှေ့တန်းတင်…လို့…မရပါ….

နိုင်ငံရေး..တွင်..မက..Professional ဖြစ်တာနဲ့ …emotion …. ကို...(ုဖြုတ်) ထား..နိုင်ရပါမယ်….
Professionals decide only on facts not on emotions ..လို့ဆိုလိုတာပါ…..
ချိုတူးဇော်..တို့ professionals ..ဖြစ်လာတဲ့ ..တနေ့..မှာ ..ဒီ REALITY..ကိုနားလည်လာမှာပါ….

ဘ၀..ဆိုတာ ..စိတ်ကူးယဉ်..သက်သက်..မဟုတ်….
ဘာကြောင့်လဲ..ဆိုတော့..ဘာလုပ်လုပ်..Responsibility ဆိုတာ..ပါလာလို့ပါ…..
တရားဝင်…စိတ်ကူးယဉ်..လို့ရတဲ့..Professions တွေရှိပါတယ်။
ရုပ်ရှင်သမားတွေ..နဲ့ Fictional writers..တွေပါ……
Professionally စိတ်ကူးယဉ်တတ်…သူတွေက ….. အောင်မြင်တယ်
Professionally စိတ်ကူးမယဉ်တတ် သူတွေက ..reality ကမ္ဘာမရောက်ရင်
စိတ်ကူးယဉ်..ကမ္ဘာ..က..မထွက်နိုင်ရင်… လမ်းဘေးရောက်သွားတတ်ပါတယ်
Hollywood မှာဒီိလိုလူတွေ ..အများကြီးပါ….

တနည်းအားဖြင့် responsibility ကို..နားမလည်..သူတွေပါ…


Responsibility ကိုနားလည်ရင်….

နိုင်ငံရေး…ကိုနားလည်း..လာပါလိမ့်မယ်….
နိုင်ငံရေး ဆိုတာနဲ့ …တိုင်းပြည်မျက်နှာ … တိုင်းပြည်သူ..တွေရဲ့ ..မျက်နှာ…ကိုကြည့်ရတော့မယ်….

ဗိုလ်ချုပ်အောင်ဆန်း..တို့လို..ဒေါ်စုတို့လို..နိုင်ငံရေးကို..ပြောတာနော်….

အာဏါရှင်..ဆိုတာ..မိမိအာဏါတည်မြဲရေးပဲ..ကြည့်တာပါ…..


ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်…ကိုပြန်ကြည့်ရင်…အင်္ဂလိပ်..စီက..လွပ်လပ်အောင်တိုက်တာ…
အင်္ဂလိပ်..ကို…မမုန်း..ပဲနေပါ့မလား….
(တိုက်) တယ်ဆိုတဲ့..နေရာမှာ …လက်နက်နဲ့တိုက်တာရှိသလို … စနစ်အတွင်း..ကတိုက်တာရှိတယ်…
ဖက်ဆစ်ကို လက်နက်ကိုင်မှ ရမှာမို့…လက်နက်..ကိုင်ကဲ့ကြတယ်….
နိုင်ငံလည်း..စစ်ကြောင့်..ပြာကျ… လူတွေလည်း..သေ..တာမို့..အင်္ဂလိပ်ခေတ်ရောက်တော့ စနစ်အတွင်းကတိုက်ဖို့ ဖဆပလ နဲ့ ဗိုလ်ချုပ်တို့က ..ဆုံးဖြတ်ခဲ့ကြတယ်….ဒီလိုဆုံးဖြတ်စဉ်
ကွန်မြူနစ်တွေလည်းပါ..ပါတယ်။

ဘာကြီးဘဘေလို …. လူမျိုးကို ဖဆပလမှာလက်ခံတော့ လူငယ်ဖြစ်တဲ့ ဦးချစ်လှိုင်တို့က .
ဘာကြောင့်လက်ခံရသလဲဆိုပြီး ဗိုလ်ချုပ်ကိုမေးတော့…ဗိုလ်ချုပ်က…
အခု..ငါတို့ ..စနစ်ထဲက..တိုက်ရမှာ..သူတို့က …အတွေ့အကြုံရှိတယ်လို့ဖြေတယ်….
ငယ်ပေမဲ့ ခေါင်းဆောင်တွေ Wisdom ကြီးမားတယ်။

လူငယ်တွေက…emotion ဖြစ်ခွင့်ရှိတယ်…
တာဝန်ယူထားရတဲ့ …responsibility ရှိတဲ့ ..ဗိုလ်ချုပ်တို့ က… လက်တွေ့..ကျရမယ်…
အင်္ဂလိပ်အားအကိုးဆုံး… အိုင်စီအက်စ်..ဦးတင်ထွဋ်ကို ..
အင်္ဂလိပ်လူလို့..မမြင်ဖူး …..ဆွဲစားလိုက်တယ်….

လက်တွေ့ကျတယ်..ခံစားမှု…မပါဖူး…ဥါဏ်ရှိတာပေါ့
ခင်ဗျား..အင်္ဂလိပ်ကို serve လုပ်ခဲ့တယ်..
တောင်းပန်..လို့…စိတ်..မကူးခဲ့ကြဖူး….

အောင်ဆန်းအက်တလီမှာ ဦးတင်ထွဋ် ..ကိုဘုရင်ခံကထဲ့တာ….
ဗိုလ်ချုပ်..သခင်မြ…ဦးကျော်ငြိမ်း..တို့ကို ဘတ်ဂျက်စတဲ့ ..
အင်္ဂလိပ်စနစ်တွေကို… စနစ်ကိုသိတဲ့ ..ဦးတင်ထွဋ်က ဗမာစိတ်နဲ့ ကူခဲ့တယ်။


ဒီကနေ့..နိုင်ငံရေးကိုကြည့်ရင်လည်း….
ရွှေလီမှာ ဗမာဗိုလ်ချုပ်တွေ နဲ့… ကချင်ဗိုလ်ချုပ်တွေ ..ဒီမနက်..ဆွေးနွေးကြမယ်…
သူသတ်..ကိုယ်သတ်..နာကြီးမှုတွေ..ရှိကြမှာပေါ့….
ဒါပေမဲ့ …လူတွေ..ထပ်မသေရအောင်… ဆက်ဆံကြရတယ်… အဖြေရှာကြရတယ်….


ကိုချိုတူးဇော် ခမြာ … ခံစားမှု emotion မျက်စိနဲ့ ..ကြည့်တော့…

(ဆက်ဆံ) တာနဲ့ (လက်ခံ) တာကို ..(ခွဲ) ..မမြင်နိုင်တော့ဖူး

NLD က..ဦးဌေးဦး..ကို (ဆက်ဆံ) ..တာပါ… (လက်ခံ)..တာမဟုတ်ပါ…..

ဒါကြောင့် ..(အမှား) ကို ..(၀န်ခံ) ..ရမယ်..ဘာဘာညာညာ..တွေ..တောင်းဆို..ချင်လာတာပါ…
သေသွားတဲ့သူတွေကို ပဲ သစ္စာဖေါက်သယောင်ယောင်…. တွေးထင်လာတာပါ….

..(အမှား) ကို (၀န်ခံ) ရမယ်လို့တောင်းဆိုလာတာ…သုံးသပ်တတ်ရင်
..(မာန) ..(ego)..တွေပါလာပြီ
တကယ်တော့ ..နိုင်ငံရေး..ကိုနားမလည် လို့ပါ….

စစ်တပ်ဖက်ကလည်း…(မာန) ထွက်လာရင်…. (ကြား) ..ကနာမှာက (ပြည်သူ)


နိုင်ငံရေး..နားလည်တဲ့ ..Mandela .. က..ဂလဲ့စားချေ..တဲ့လမ်းကို ..မရွေးပဲ…
Truth & Reconciliation ဆိုတာလုပ်ခဲ့တာပေါ့…..
Truth တခုထဲမဟုတ်ဖူးနော် … Reconciliation ကိုပါထဲ့ခဲ့တာပါ။
ဒါမှ တိုင်ပြည်အတွက် ထူထောင်ရေးကို ..လုပ်နိုင်ကြမှာပေါ့ ….

ကိုချိုတူးဇော် ရဲ့ အဖြစ်ကဘာနဲ့တူသလဲဆိုရင်….

ရေမကူးတတ်တဲ့ သူက ပါးစပ်ကလည်း က Life Guard မဟုတ်ဖူးနော်လို့အော်ရင်း
ရေကန်ထဲကလူတွေကို ၊ emotion ခံစားမှုနဲ့ ကမ်းပေါ်က လိုက်အော်နေသလိုပေါ့….
ရေကန်ထဲက လူရေနစ်ရင် …. ရေမကူးတတ်တဲ့သူ ဘာမှ..မလုပ်တတ်သလိုပေါ့…
Life Guard မဟုတ်ဖူးနော်လို့ … excuse ပေးလို့..(မရ) ပါ….
ရေကူးတတ်တဲ့သူကမှ ..(၀ုန်း)..ဆို ..(ရေထဲ) ..ဆင်းဆယ်မှာ

ဒီဥပမာ မှာ အဓိက က ဘာကွာသလဲ
Responsibility မရှိတော့ …ရေမကူးတတ်ပေမဲ့…ဆရာလုပ်လို့..ရတယ်..
ဘေးကထိုင် (ပွား) ..နေလို့ရတယ်…..(ဖွ) လို့ရတယ်

တာဝန်..(ရှိ) တဲ့သူ…တာဝန်..(သိ)..တဲ့လူ..တွေက ..တာဝန်မဲ့ (ပြော) လို့..မရ
NLD  က လက်တွေ့ ရေကန်ထဲမှာ (ကူး) နေရတဲ့သူတွေပါ…..
ရေမနစ်အောင် ကြိုးစားနေရတဲ့သူတွေပါ….

(ဆက်ဆံ) တာနဲ့ ..(လက်ခံ)..တာကို ..ကောင်းကောင်း..(သိ) ..ကြပါတယ်…
(မသိ) တာက…ကုန်းအပေါ်က ..လူတွေပါ…..

ကွန်မြူနစ်ကိုလက်မခံပါဖူးပြောပြီး….
ကွန်မြူနစ်ဆရာကြီးရဲ့ တရားကိုနာပြီး ….
ရပ်ကွက်..အဆင့်မှာတောင်..utopia..လိုချင်တာကို စိတ်ကူးယဉ်..နေတာက..ခက်တယ်…

ကွန်မြူနစ်ဝါဒ ကိုကျကျနန လေ့လားပြီး ကွန်မြူနစ်ဖြစ်တဲ့သူကို ပြဿနာမရှိပါ…
ငါနိုင်ငံရေးသမား မဟုတ်ဖူးလို့ ..ခံယူထားရင်…
ငါနိုင်ငံရေး..ကိုနားလည်ရမယ်ဆိုတဲ့ …. (အသိ) စိတ်က..ကင်းလွပ်..သွားနိုင်တယ်လေ

ဟိုစကား..ဒီစကားတွေ..ကို ..တ၀က်တပျက်..နားထောင်ပြီး…
မကျက်တကျက်..(အသိ)..နဲ့ ..(ခံစားမှု) ကိုရှေ့တန်းတင်လာရင်….
နားလည်အောင်..ရှင်းပြရတာ..မခက်ဖူးလား….


သခင်သန်းထွန်းတို့ရဲ့ ..မနာလိုစိတ်… exclusive စိတ်ဓါတ်..မရှိဖို့..ပြောတာကို
ဦးဌေးဦးတို့ကို ဆက်ဆံတာနဲ့ ..လာရောပြီးတော့
တောင်းပန်ရမယ် ဆိုတာတွေ ဆွဲထဲ့လာတာကြောင့်
Tangents ..တွေမှားကုန်ပြီလို့..ပြောတာပါ…..

လောကမှာ …စာတွေ့ကြီးပဲ … အားကိုလို့မရဖူး..
လက်တွေ့ ..(အသိ)..ပါမှ … (အသိ) ..ဆိုတာပြည့်စုံတာပါ…

စာအုပ်ဖတ်ပြီး…ကားမောင်းတတ်ပြီ ထင်နေသလိုပေါ့

ကားဘီး ..နဲ့ မြေကြီးထိတာနဲ့..စလှိမ့် ..တာနဲ့ …
အတွေ့အကြုံမရှိရင်..သေ..ဖို့သာပြင်….
Passenger ပါလာရင်..မိမိ..တာဝန်ပဲ…
Passenger က ကိုယ့်ရင်သွေး..ဆိုပို..ဆိုးသေးတယ်….
(အသိ) ..မရှိလို့..ဘ၀င်မြင့်လို့..ရမ်းကားတဲ့ လူတွေကြောင့်
လမ်းပေါ်မှာ..အပြစ်မဲ့သူတွေ ..အများကြီး သေနေကြရပါတယ်….

စာဖတ်ပရိသတ်ရော ..မိတ်ဆွေကြီး.ကိုချိုတူးဇော်ပါ…
ဖက်ပေါင်းစုံ…တွေးနိုင်အောင်ပါ….

စာရှုသူတို့ တခုတော့..လေးလေးနက်နက်..စဉ်းစားစေချင်တယ်….
မိမိခံစားချက် ..က အရေးကြီးသလား….
တိုင်းပြည်..ကြီးပွားရေး..ဒီမိုကရေစီ ..ရရှိရေး..ကအရေးကြီး..ပါသလား….

မာန တွေထောင်နေရင်…ယနေ့..ဆီးရီးယား..ကိုလှမ်းကြည့်..လိုက်ကြပါ….
ဘယ်သူသေသေ..ငတေမာရင်..ပြီးရောလား….
စစ်အစိုးရက..မှားမှန်းသိလို့… ပြောင်းချင်တယ်….
မပြောင်းချင်တာက…တာက…လူတွေလမ်းပေါ်ထွက်စေချင်တာက
လက်ဝဲသူငယ်နာ မဆင်သေးတဲ့.. အက်ဆစ်တို့လို လူတွေနဲ့
လေထန်ကုန်းက ..စိတ်ကူးယဉ်..သမားတွေ..မဟုတ်ဖူးလား….

NLD ကသူ့အလုပ် သူတို့လုပ်ကြပါလိမ့်မယ် …..
အစိုးရကလည်း ..သူတို့ဘောင်..အတွင်းက…လုပ်နိုင်သမျှ..လုပ်ကြပါလိမ့်မယ်…

လေသမားတွေ အော်ရင်း..ဟစ်ရင်း… တဖြည်းဖြည်း…
အသံတွေ..ဝေးသွားပါလိမ့်မယ်…..
ရထားထွက်သွားတာ…. ကြာပါပြီ ….မသိကြသေးလို့ပါ….

တိုင်ပြည်..ဒီမိုကရေစီ..ရမှ… သေခဲ့တဲ့..အသက်စွန့်ခဲ့တဲ့..လူတွေအတွက်…
အဓိပ္ပါယ်ရှိမှာပါ…. စွန့်ရကျိုးနပ်ကြမှာပါ….
ဒိမိုကရေစီ..ရဖို့….စိတ်ကူးယဉ်..နေရုံနဲ့..မရ..ပါ…
အဝေးက..တိုက်နေလို့လည်း..မရပါ…
ပြည်တွင်းမှာ …လက်တွေ့..ပါဝင်…တိုက်..မှ..(ရ) မှာပါ….

NLD က ဗိုလ်ချုပ်လို့ စနစ်အတွင်း ….က..တိုက်..ဖို့ဆုံးဖြတ်တယ်….

မကျေနပ်ရင် …တခြားနည်းလမ်း..ပိုကောင်းတယ်ထင်ရင်….
ဦးဆောင် ပြကြစမ်းပါ…. (သိ) ချင်လို့ပါ…. (ကြည့်) ချင်လို့ပါ….

စိတ်ကူးယဉ်ကမ္ဘာမှာ ..ဖြစ်ချင်တာဖြစ်တယ်…
လက်တွေ့ကမ္ဘာမှာ…. Realism ..ဆိုတာရှိပါတယ်…
(မသိ) သေးသူတွေကို ..(သိ) စေချင်လို့ပါ….

ကျေးဇူးတင်လျှက်

P.S. ကင်တားနားက တိုင်းပြည်အတွက် responsibility မရှိဖူးလေ။ သူလည်းဒေါ်လာစားပါပဲ။ ICC ပို့မှ သူအလုပ်ရှိမှာကိုး။ ဒေါ်စု တို့ မပြောတာက ..သူတို့က ..လက်တွေ့ပြည်တွင်းမှာနေရတဲ့သူတွေ… တာဝန်ရှိ တဲ့သူတွေပါ…ဗိုလ်ချုပ်လို ..စနစ်ထဲက ပြောင်းဖို့..ကြိုးစားနေကြလို့ပါ….

တောင်ပန်စကားကြားချင်ရင် … စစ်ဗိုလ်တွေကို လက်ထိပ်ခပ်ချင်ရင်…. လက်နက်ကိုင်ပြီး..နိုင်အောင်တိုက်ကြပါ…. သခင်သန်းထွန်း တို့လည်း… ဘ၀င်မြင့်ပြီး လက်နက်ကိုင်တိုက်ကြတာ…. ပြည်သူတွေလည်း..သေ..သူတို့လည်း … စအိုနှစ်ပေါက်နဲ့..မာလကီးယား..ခဲ့ကြရရှာတယ်….

နိုင်ငံရေး…အကြောင်းပြောချင်ရင်…နိုင်ငံရေးတော့..ပီပီပြင်ပြင်လေ့လာစေချင်တယ်…. စိတ်ကူးယဉ် သက်သက်ဆို ..တိုင်ပြည်ကလမ်းဘေးရောက်နေပြီ… ကယ်တင်ဖို့ ..မ..တင်ဖို့..မစဉ်းစားပဲ… တွေ့ကရာလျှေက်ပြောနေရင်.. ဂျောက်ထဲ..ထပ်ကျရင်..ပြန်တက်ရခက်တယ်နော်…. ..

ဘယ်မှာနေနေ လူတိုင်းနေခွင့်ရှိပါတယ်။ လူဆိုတာ ကိုယ့်မျက်ချေးကြတော့ မမြင်တတ်ကြဖူး။ သူတပါးကို ကဲ့ရဲ့ချင်ရင်…ကိုယ်ကိုယ်တိုင်လည်း (သတိ) ရှိဖိုလိုလာပါတယ်။

သူတပါးကို Opportunists ခရိုနီတွေလို့ ဝေဖန်ချင်ရင်… ကဲ့ရဲ့ချင်ရင်… ကိုယ်..ကိုယ်တိုင်.. အခွင့်ရေးရတဲ့အခါ… စိတ်ထိန်းနိုင်ရပါမယ်။ (ခုံချ) တယ်ဆိုတာ (ရတဲ့) ..အခွင့်အရေး ကို … (အသုံးချ)...လိုက်တာပဲ… excuse တွေပေးလို့ရတယ်… reality ကို ရှောင်လို့မရပါ…. Passport လျှောက်..ဗီဇာလျှောက်… စာလာသင်… တသက်လုံးပဲနေနေ …. ဒါကြိုးစားမှုနဲ့ …. မိမိ objective ကိုဖေါ်ထုတ်တာ။ (ခုံချ) တာနဲ့ ကွာတယ်နော်။ ဆက်ဆံ..တာနဲ့ ..လက်ခံ..တာကွာသလိုပေါ့နော်…

အားလုံး ကိုယ်ချမ်းသာ..စိတ်ချမ်းသာမှု နဲ့ ပြည့်စုံကြပါစေ….

                                       *************************



Cho Tu Zal ကိုဘိုဘိုကျော်ငြိမ်းရေ

တခါလာ လက်ဝဲအမြင်၊ တခါလာ ကွန်မြူနစ်အမြင်နဲ့ ကျနော်တို့ မဆလခေတ်မှာ မွေးဖွားလူလားမြောက်ခဲ့တဲ့ အရွယ်တွေ အဖို့မှာ ကွန်မြူနစ်ဆိုတာ ဝေလာဝေး၊ လက်ဝဲဆို တီကို ဆားနဲ့အတို့ခံရသလို ကြောက်ပါလေရဲ့။ ဒါပေမယ့် အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ဆုံးဖြတ်သုံးသပ်ကြတဲ့အခါမှာ၊
ရိုးရိုးကလေးပဲ ကြည့်၊ ရှင်းရှင်းကလေးပဲ မြင်ပါတယ်။

လူတယောက် လူသတ်မှုတမှု ကို ကျူးလွန်ပြီး ပြစ်ဒဏ်မကျခံဘဲ တိမ်းရှောင်နေမယ်၊
ပြီးတော့ ကာလတခုမှာ နောင်တရပါပြီ၊ ပြင်ပါပြီပြောမယ်။ လက်ခံသင့်သလား၊ အဲဒီလူ ကျူးလွန်ခဲ့တဲ့ ပြစ်မှု ကို ခွင့်လွှတ်သင့်သလား၊ အဲဒီပြစ်မှုတွေကို ခ၀ါချနိုင်တယ်ထား၊ အဲဒီလူ ကို အဲဒီလူ့အဖွဲ့အစည်း လူ့အသိုင်းအ၀ိုင်းရဲ့
အကြီးအကဲနေရာမျိုးမှာ ထားသင့်သလား၊ လူ့အဖွဲ့အစည်းတရပ်လုံးကို ထမ်းဆောင်ရမယ့် တာဝန်မျိုးယူစေသင့်
သလား စသဖြင့်ပါ။

အနည်းဆုံးတော့ မှားခဲ့ပါတယ် လို့ ၀န်ခံမှ ဘယ်ဟာကဖြင့် မှန်ခဲ့တယ်၊ ဘယ်ဟာကဖြင့် မှားခဲ့တယ် လို့ ကွဲပြား
မယ် လို့ ထင်ပါတယ်။

ပြောခဲ့ဖူးသလို ကျနော်က နိုင်ငံရေးသမား မဟုတ်တော့ အကျိုးအမြတ် ကို ရှေ့ရှုပြီး ဓမ္မ ကွယ် တာ ကို မခံစားနိုင်လွန်းလို့ဗျာ။

ဒီလူတွေကို တိုင်းပြည်ပြုပြင်ပြောင်းလဲရေး အတွက် အုတ်မြစ်ချသူ လမ်းခင်းသူ ကယ်တင်ရှင်တွေအနေနဲ့ နေရာပေး၊ ကမ္ပည်းထိုးလိုက်ရင် ၆၂ က စ လမ်းပေါ်မှာ သွေးမြေကျခဲ့ရတဲ့ မြန်မာပြည်သား ရဟန်းရှင်လူတွေ ဘယ်နားသွားထား
ရမလဲ လို့ပဲ တနုံ့နုံ့ စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။

ကျနော်တို့ မှားခဲ့ပါတယ်၊
ပြည်သူလူထုအပေါ်မှာ ကျနော်တို့ မတရားကျူးလွန်မိခဲ့ပါတယ် လို့ ၀န်ခံစကား၊ ၀န်ချစကားတွေ မပြောမချင်း၊
ဒီလူတွေကို လက်မခံနိုင်ပါဘူးဗျာ။

အစိုးရအနေနဲ့ကော
တပ်မတော်အကြီးအကဲများကလည်း တပ်မတော်အနေနဲ့ကော
တကယ်ကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ရမယ့် ကိစ္စပါ။

ဒါမှ တကယ်ပြောင်းပြီ၊
သူတို့လည်း ဦးဆောင်ပြောင်းပြီ လို့ သတ်မှတ်လို့ရမယ် လို့ ကျနော်ကတော့ ရိုးရိုးရှင်းရှင်းပဲ မြင်ပါတယ်။

စာဖတ်သူတို့ နှိုင်းယှဉ် သုံးသပ်ဖို့ ရှယ်ပါတယ်
4 hours ago · Like · 3


Cho Tu Zal အဓိက ဥပမာကြီးကလည်း ဗိုလ်ချုပ်အောင်ဆန်း ကို သခင်သန်းထွန်းတို့ မနာလိုလို့မဖိတ်တာ ဆိုတာနဲ့၊ လူသတ်သမား၊ စစ်ရာဇ၀တ်ကောင်တွေ ကို နေရာပေးတာနဲ့ နှိုင်းယှဉ်တာနဲ့ တက်တက်စင်အောင် လွဲနေတယ် လို့ မြင်ပါတယ်။
ကင်တာနား လို လူမျိုးက အစ၊ ဘတ်တေးလ်လစ်တနာ လို လူမျိုးကော နိုင်ငံတကာက ပညာရှင်တွေ၊ အဖွဲ့အစည်းအသီးသီးက စောင့်ကြည့်နေသူတွေဟာ မြန်မာပြည် နှစ်၅၀ ကာလမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို သဘောပေါက်ကြသလို၊ အဲဒါတွေအတွက်လည်း ဆက်လက်ဖေါ်ထုတ် လုပ်ဆောင်သွားရမယ် ဆိုတာ နားလည်ကြပါတယ်။

ခုကိစ္စက ဒီမိုကရက် ရီပတ်ဗလီကင် လို နိုင်ငံရေး နှစ်ပါတီ ရိုးရိုှးရှင်းရှင်းကလေး သဘောထားကြီးပြရတဲ့ ကိစ္စ မဟုတ်ပါ။
နှစ် ၅၀ ကျော် ပြည်သူတို့ ရုန်းကန်ရင်ဆိုင်တည်ဆောက်လာတဲ့ အင်အားနဲ့ အဲဒါကို ဖိနှိပ်ဖုံးကွယ်နေတဲ့ အဓမ္မမှု တို့
အားပြိုင်မှု လို့မြင်ပါတယ်။

လူတွေ တကယ်သွေးမြေကျခဲ့ရတာပါ။
ဒါကို တိုင်းပြည်အကျိုးအတွက် သင်ပုန်းချေမယ် ဆိုရင် ချေလောက်၊ ကျေလောက်မယ့် ပြုမူဆောင်ရွက်မှုတွေ မလွဲမသွေ လိုပါတယ်။
4 hours ago · Like · 1

Win Maung · Friends with Ko Myo and 8 others

Cho To Zal ရေးတဲ့ ... "လူတွေ တကယ်သွေးမြေကျခဲ့ရတာပါ။
ဒါကို တိုင်းပြည်အကျိုးအတွက် သင်ပုန်းချေမယ် ဆိုရင် ချေလောက်၊ ကျေလောက်မယ့် ပြုမူဆောင်ရွက်မှုတွေ မလွဲမသွေ လိုပါတယ်။" ... ဒီအချက်ကို အလေးအနက်ထားသင့်တယ်။ လုပ်သာကိုင်သာအောင်လည်း ချိန်ဆရမယ်လို့ ယူဆပါတယ်။ နှစ်ဘက်စလုံးက လျှော့မှ အလုပ်ဖြစ်မယ် ထင်ပါတယ်။ မလျှော့ရင် မရနိုင်ပါဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...