Author: lubo601 |
12:24 AM |
|
(လက်ပံတောင်းအရေး၊ နောက်ကွယ်ကြိုးကိုင်နေသူတွေအရေး ကျနော်မရေးချင်တော့ပါ။ သို့သော် လွဲမှားနေသည်ဟုထင်ရသောအရာများကို အတ္တနောပတိကင်းစွာ ရေးခြင်းသာဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည့်အတွက် ဆက်ရေးခြင်းသာဖြစ်သည်)
မီဒီယာသမားစစ်စစ်ကြီးတွေဟု ကင်ပွန်းတပ်နေကြပါသည်။
“A သည် B အား ဓားနှင့်ထိုးသတ်ရန် ကြံရွယ်လျက်ရှိသည်ကို
သတင်းထောက်သည်မြင်၏။ ထိုသတင်းထောက်သည် B အသတ်မခံရစေရန် တားဆီးခြင်းကို
မသိကျိုးကျွံပြုလျက် ဓားနှင့်အထိုးခံရပြီးမှသာ ရဲကိုအကြောင်းကြားသည်။
မသေသေးသော် လူနာတင်ကားခေါ်ပြီး ဓားထိုးမှုသတင်းကို ဓာတ်ပုံနှင့်တကွ
ခိုင်မာသေချာစွာ သတင်းရယူခဲ့လေသည်။”
ဖော်ပြပါသတင်းထောက်မျိုးကို
စာနယ်ဇင်းဆရာကြီးတွေ လုံးဝကိုရှုံ့ချပါတယ်။ သတင်းကောင်းရဖို့အတွက်သာ
အဓိကထားပြီး မျက်စိရှေ့မှ မတရားမှုတခုကို မျက်ကွယ်ပြုသူ၊
လူ့ကျင့်ဝတ်ကိုချိုးဖောက်သူ၊ မီဒီယာကျင့်ဝတ်ကို မလိုက်နာသူအဖြစ် သတ်မှတ်ပါတယ်။
မီဒီယာသမားစစ်စစ်တွေက လက်ပံတောင်းမှာ နောက်ကွယ်ကကြိုးကိုင်သူတွေရှိတယ်ဆိုတာ ၂၀၁၂ ကတည်းက သိပြီးသားလို့ ဆိုကြတယ်။ အကယ်၍သာ ၂၀၁၂ ထဲကသိခဲ့ကြတဲ့ မီဒီယာတွေက စောစီးစွာဖော်ထုတ်ခဲ့ကြတယ်ဆိုရင် လက်ပံတောင်းနယ်ခံတွေ ပြည်သူတွေလည်း နောက်ကွယ်ကကြိုးကိုင်နေသူတွေကို စောစီးစွာသိနိုင်ကြပြီး ယခုအချိန် လူထုခေါင်းဆောင်ကို လွဲမှားစွာဆန္ဒပြမှုမျိုး ဖြစ်လာနိုင်စရာမရှိတော့ပါဘူး။
လက်ပံတောင်းနယ်ခံတွေက နောက်ကွယ်ကကြိုးကိုင်သူတွေ(ရှိပါတယ်ဆိုရင်)ပြောတဲ့ စကားကိုယုံကြည်ပြီး လူထုခေါင်းဆောင်ကို ဆန္ဒပြကန့်ကွက်ပြီးတဲ့အချိန်ကျမှသာ ဒါကဒီလိုရှိပါတယ်ဆိုပြီး လုပ်လာကြတော့ ဓားနဲ့ထိုးနေတာကို ဓာတ်ပုံသေချာရိုက်ယူပြီးမှ ကျနော်တရားခံကိုတွေ့ထားပါတယ်လို့ ရဲခေါ်သတင်းပေးသလို ဖြစ်နေပါတယ်။
ဒီတော့ကာ လက်ပံတောင်းနယ်ခံတွေ လူထုခေါင်းဆောင်ကို မှားယွင်းစွာဆန္ဒပြမှုမှာ နောက်ကွယ်ကကြိုးကိုင်သူတွေက တရားခံပါဆိုရင် မီဒီယာသမားစစ်စစ်ကြီးတွေက အမှုတွဲတွေလို့ ပြောရမလိုပါပဲ။
ဟန်ဝင်းအောင်ကို ကျနော်မသိပါ။
လက်ပံတောင်းတောင်အရေးတွင် နောက်ကွယ်မှကြိုးကိုင်သူရှိမရှိနှင့် မည်သူမည်ဝါများဖြစ်သည်ကို ကျနော်မသိပါ။
The Voice Weekly ဂျာနယ်၏ နောက်ကွယ်မှကြိုးကိုင်နေသူကို ကျနော်မသိပါ။
တစုံတခုလွဲမှားနေသည်ဟုသာ ကျနော်ထင်မြင်မိပါသည်။
မောင်ပါလ
၁၇.၀၃.၂၀၁၃
—
0 comments:
Post a Comment