Monday, March 18, 2013

အလှ ပျက်စ---မောင်းမကန်

by Win Mgthant (Notes) on Sunday, March 17, 2013 at 8:21am

ငယ်တုန်းက လို့ ပြောရင်  သိပ်ဝေးသွားမယ်။

၇ နှစ်၊ ၈ နှစ် လူမှန်းသိစကတဲက   မောင်းမကန်သွားရမယ်ဆို အလွန်ပျော်၊အထူးပျော်။

ထားဝယ် က မောင်းမကန် သွားရတာ  ကျနော်တို့  မူလတန်း ကနေ အလယ်တန်းအတိတော့ အတော်မလွယ်ပါ ဗျ။

ကမျောကင်းကူးတို့ မှာ ရှိသမျှပစ္စည်း အကုန် ချရပါတယ်။
ပစ္စည်းဆိုတာ က ၁၀ရက်၊၁၅ရက်လောက် နေရမဲ့  လူ ၁၄/၅ ယောက်စာ အိမ်ထောင်တခုစာပါ။
ငရုပ်ဆုံ အစပါရပါတယ်။ တစုလုံးအတွက် အခင်း၊ ခေါင်းအုံး၊စောင် ပါရပါတယ်
ကမျောကင်း ကူးတို့ ကို  သမ္ဗာန်(မန်း အခေါ်  ငှက်) ၃ စီးလောက်နဲ့ ထားဝယ်မြစ် ကို ကူးရပါတယ်။
ပီးရင်  စစ်ကျန်ကားကြီးတွေပေါ် ပစ္စည်းတွေ တင်ရပါတယ်။
ကား ပေါ် ရောက်ရင် ကျနော်တို့  အပျော်လုံးဆို့ နေပါပီ။
အဲဒီ ကားကြီးတွေ ကလဲ အလွန်ဆုံးမောင်းနိုင်လှ တနာရီ ၁၀ မိုင်ပ။ ကုန်းတက် များဆို ဂီယာကြီး နဲ့ တဂီးဂီး ရုန်းတက်ရတာပါ။
သုံးထပ်လမ်း ဆိုတာ ရောက်ရင်   မောင်းမကန် ကို မြင်ရပါပြီ။ ပင်လယ်ပြာ  ပြင်ကျယ်ကြီးပေါ့။

×××××××××××××××××××××××××××××
မြန်မာပြည် ၏ ပထမဆုံး ပင်လယ်ကမ်းအနားယူစခန်း သမိုင်း ကို သေချာမသိပါ။

ဘိုမ ခလေးဗလန်းတဲ(ဘိုမ ၀စ်လစ်စလစ် တဲ  ဟု ဘာသာပြန်ရမလား မသိပါ။ ၀တ်လစ်စလစ် လဲ ဟုတ်ဟန်မတူပါ။ မြန်မာ ရှေးလူကြီး တောသူတောင်သူများ မျက်စိတွင် ရေကူးဝတ်စုံ ကို  ယူပုံရသည် ဟု ထင်ပါသည်)
အုတ်ခုံကြီးများ တွေ့ ဖူးပါသည်။ ကျနော့ ဖခင် ကတော့ တိရစ္ဆာန် ရုံငယ်လေး ပင် ရှိဖူးသည် ဟု သညာပြုပါသည်။  (ဖြစ်တန် ရာပါသည်၊ အုတ်ခုံများမှာ အတော်ကျယ်ကျယ်ပြန့် ပြန့်  နေရာ ယူထားပါသည်။)

၁၈၂၆ မှ စ ကျွန် ဘ၀ရောက်ခဲ့သော  မောင်းမကန် အတွက် ၁၉၁၀ လောက်မှ မွေးသော ကျနော့ ဖခင် ၏ စကားများ အတည်မပြုနိုင်ပါ။

အုတ်ခုံ ကြီးသေး များကိုမူ ကျနော် ကိုယ်တိုင် မြင်ဖူးပါတယ်။
×××××××××××××
မောင်းမကန် တွင်  “တဲ “ ဝေါဟာရ က အတော်ရှုပ်ထွေးပါတယ်။

  ဘန်ဂလို လို့ ခေါ်ရင် ပိုနီးစပ်မယ် ထင်ပါတယ်။  ကမ်းခြေ ရေစပ်နဲ့  မလှမ်းမကမ်း လဲ မဟုတ်၊ဝေးဝေး လဲမဟုတ်တဲ့ သဲပြင်ပေါ်မှာ  အောကိထပ် မပါ ခြေတန်ရှည် သစ်သားအိမ် အကောင်းစားတွေ ဖြစ်ပါတယ်။  အကြီးကြီးတွေပါ။  အဲဒီ တဲ(ဘန်ဂလို) တွေကို သတ္တုတွင်းသူဌေး၊ ရာဘာ ခြံသူဌေး   စသူတွေ က ပိုင်ကြပါတယ်။

အယင့် အယင် ကတော့  တဲ(ဘန်ဂလို)ပိုရှင်ဆီက ခွင့်ပြုစာလေး တောင်းပီး  သွားတည်းရပါတယ်။  သူတို့ သွားမဲ့ ကာလ နဲ့ ရက်မတိုက်ရင် ပီးတာပါဘဲ။ ခင်မင်မှု တခုပါဘဲ။

ကျနော်တို့ ငယ်ငယ် ကတော့  တောင်မှ မြောက်သို့  စီရင်  စာရေးဆရာကြီး တင့်တယ် တဲ၊ သစ်တောကွက်လပ်ကြီး၊ ကရင်အထက်တန်းကျောင်းတဲ၊-- ကွပ်လပ်၊  PWD 2—PWD1်ဦးအုန်းညွန့်  တထပ်တဲ။  ဦးချိန်ဂွမ် တဲ၊  မီးစက် ဒေါ်ဧကြည် တဲ၊  ဦးဘိန်ကြည်တဲ၊  ဦးဆင်ဂွမ် တဲ၊ ပန်းဘဲရွှေမြ၊  ဒေါက်တာ ရာမန်။ရွှေဟင်္သာ သင်္ကန်း၊  မိတ်ဆက်။  သစ်တော။   ဦးစံမြိုင်။   ဆရာမကြီး ဒေါ်ဧမေ ၁(မြယမုန်)။ ၂။--အမည်မမှတ်မိ(မြနန္ဒာထင်၏) --။ သတ္တုတွင်း၊--ရဲ(ပြူစောထီး တဲ
ဟုခေါ်လေ့ပါတယ်)။
(ကျနော် မှတ်မိသမျှသာ ဖြစ်ပါ၍ အမှားအယွင်း ပါ ပါ က တောင်းပန်အပ်ပါတယ်။ အမှတိပြင်ပေးကြပါ။)

၂၀၁၃ ဖေဖော်ဝါရီ က ဦးဘိန်ကြည် တဲ၊ ရွှေဟင်္သာတဲ၊ မြယမုန် တို့ ကို သာ ထိန်းသိမ်းပြင်ဆင်ထားတာ  တွေ့ ခဲ့ရပါတယ်။

(ဦးဘိန်ကြည်တဲ  တောင်ဘက် ကျသောနေရာများသို့  မရောက်ခဲ့ပါ ၍  မပြောသာပါ)

ပျက်နေတာ၊ပျောက်သွားတာတွေ တော့ အသေအချာပါ။

ဟိုတယ်ဇုံကြီးလိုလို ၊ ဘာကြီးတွေ လိုလို နဲ့  နေရာဦးထားတဲ့ လူတွေ ကလဲ ဘာမှ မလုပ်၊(တဲ စောင့်လခ မပေးတာ ၁၀ နှစ်ရှိပီဆိုတဲ့  ကွက်ကျယ်ကြီးတခု ဦးထားသူတွေ  ရှ်ပါတယ်။) မူလ ပိုင်ရှင် တွေ ကလဲ ဘာမှ မလုပ်ရဲ။

၁၉၆၄ မတိုင်မီ လောက်အထိ  မောင်းမကန် ကမ်းခြေတလျှောက်လုံး  ပင်လယ်ကဗွီးပင် တန်းကြီးပါ။  အထူထပ် ဆုံးကတော့ တဲ(ဘန်ဂလို)တွေ မြောက်ဘက်အစွန် ကနေ ပန်းဒက်အင်းချောင်းဝ အထိပါ။ ၆၄~၇၁ ကာလများမှာ အဲဒီ ကဗွီးတောကြီး ပြောင်သလင်းခါသွားပါတော့တယ်။

နောင်နှစ်များ မှ သစ်တော က ပြန်လည် ပြုစုလို့ (သစ်တောဝန်  ဦးပေါအောင် လို့ ထင်ပါတယ်)-နလန်ပြန်ထူလာပေမဲ့ အယင် က တောပုံစံ ပျက်သွားခဲ့ပါပြီ။  မူလ တောကြီး ထဲမှာဆို သစ်ခွအရိုင်း တွေ အလွန်လှ၊အလွန်ပေါ တာ မှတ်မိပါတယ်။

××××××××××××××

ခု မတော့  ပြန်စိုက်အပင်တွေ ကလဲ တူတူတန်တန် ကြီးလာကြပြီ မို့  ကြည့် ပျော်၊ရှုပျော်လေး ပြန်ဖြစ်နေပါပြီ။

ကဗွီံးပင်၊ဗာဒန်ပင်တွေ အောက်၊  ဘန်ဂလိုတွေနဲ့  ပင်လယ်ကမ်းစင်ကြား  သောင်ပြင်ဖွေးဖွေး ပေါ်မှာတော့  ဆိုင်ခန်းပေါင်းများစွာ ကမ်းခြေ နဲ့ အပြိုင် ပေါ်ထွန်းလာပါတယ်။ အတန်း ရှည်ကြီးပါ။

ခရုခွံ လက်မှု ပစ္စည်း အရောင်းဆိုင်လေး တွေ က အစ အမျိုးအမည်ပေါင်းများစွာသော ယမကာ တွေ တွဲ နိုင်တဲ့ ပင်လယ်စာ(ဒေသစာ)
စားသောက်ဆိုင်ကြီးတွေ အပါအ၀င် ဟီးဟီး ထ နေတာပါဘဲ။
စီးပွားရေး  လုပ်ငန်းကြီး တခုပဲပေါ့ ဗျာ။
ခမျာ များမှာလဲ  ဆောင်းဦးပေါက် မှ သည် နွေနှောင်း အထိ ပဲ ရောင်းရေးဝယ်တာ ကောင်းပါတယ်။
ထားဝယ်မိုးတွင်း ဆိုတာ  အများသိတဲ့အတိုင်း  တနှစ် မိုးရေချိန် လက္မ ၃၀၀ လောက် ရွာတာကိုး။

××××××××××××××××××××××××

ပင်လယ် ဆိုတာ က ဘယ် အမှိုက် ကိုမှ လက်မခံတတ်ဘူး။ ကမ်းပေါ် ပုတ်တင်လိုက်တာမျိုး။

သစ်တိုသစ်စ၊အရွက်တို အရွက်စ လို သဘာဝ အမှိုက်တွေ အပြင် ငါးဖမ်းပိုက် အဆွေးအပြတ်မျိုးတွေ၊နိုင်လွန်ကြိုးအတိုအစ တွေ လို တံငါသည်သုံးအချို့ လဲ ပါတာပါဘဲ။
သဘာဝ အမှိုက် လို့  ခေါ်နိုင်ကြမလားပါဘဲ။

××××××××××××××××××××××××××

ခု ပြဿနာ က လူလုပ်အမှိုက် ကိစ္စပါ။
ကမ်းခြေတလျှောက် ပလပ်စတစ် ဘူးခွံတွေ၊ ပုလင်း ခွံတွေ ပွထ နေတာပါ။
စီးပွားရေး လုပ်တဲ့ ဆိုင် တွေ ကလဲ နိုင်သလောက် လုပ်ကြပါတယ်။
ဖြူလွ နေဖူးတဲ့  သောင်ပြင်မှာ လက်ယက်တွင်းလိုလေး တွေ တူးပီး  ဧည့်မလာခင် မီးရှို့ တာပါ။
မနက်ခင်း မောင်းမကန်လေညှင်း က ပလပ်စတစ် ညှော်နံ့ လေး သင်းနေတာပေါ့။
×××××××××××××××××××××××
ထူးထူးခြား တွေ့ ခဲ့ရတာ  တခုကတော့ ဘီယာပုလင်းခွံ တလုံးမှ မတွေ့ ရတာပါဘဲ။(ပြန် သွင်းလို့ ရတာကိုး။)
ထိုင်း က လာတဲ့ အားဖြည့်အချိုရေ ပုလင်းလေးတွေ၊ ရေသန့်  ဗူးတွေ  ရဲ့ အခွံတွေ၊ အများဆုံးပါဘဲ။

××××××××××××××××××××××××××

ကောင်းတဲ့တချက် လဲ ပြောရမဲ့ တာဝန်ရှိပါတယ်။ ဆိုင် ကန္တွားတန်း အရှည်ကြီးတလျှောက်မှာ  အံစာဝိုင်း၊ ဂျောက်ဂျက်ဝိုင်း၊ အံဂလုံ ၀ိုင်းတွေ  စတဲ့ လောင်ကစားဝိုင်းတွေ  လုံးဝ(နီးပါး) မတွေ့ ရတော့တာပါဘဲ။

×××××××××××××××××××××××××

မောင်းမကန် အလှ ဟာ ပျက်စ တေြာ့ပုနေပါပီ။
ဆိုင်ပိုင်ရှင်တွေ ကလဲ တာဝန်ယူ၊ စားသုံးသူတွေဘက်ကလဲ တာဝန်ယူ၊ အုပ်ချုပ်သူတွေ ဘက်ကလဲ( ထစ်ကနဲနေ ဒါဏ်ငွေ ဘယ်လောက်ဆိုတာမျိုး မှ အပ) စံနစ်တကျ  ပညာပေး လုပ်ကြဖို့  လိုအပ်ပါလိမ့်မယ်။

မြန်မာပြည်ရဲ့ ပထမဆုံးနဲ့  အလှဆုံး မောင်းမကန် အလှပျက်စ ပြုနေပီလို့  ညှာညှာတာတာ ပြောပါတယ် ဗျာ။
အလှ မဲ့မသွားအောင် ညီညီညွတ်ညွတ်  စုပေါင်း ဆောင်ရွက် ကြ ပါစေ ခလို။     ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...