ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း က ကျမရဲ့  ရင်တွင်းဖြစ်လေးပါ
( ၁ )
မိန်းကလေးအမေ့ အိမ်ကို ရောက်လာတဲ့ အချိန်က နေ၀င်ရီတရောလေးပါ။ သားက
သူ့မွေးနေ့မို့  သူ့ သူငယ်ချင်းတွေကို ကျွေးမယ်ဆိုပြီး အမေ့ ကို
မုန့်တီချက်ခိုင်းပြီး သင်တန်းသွားတက်နေတဲ့အချိန်ပေါ့။
ခြံစည်းရိုးရယ်လို့ သတ်မှတ်ကာရံထားတဲ့ ပုဏ္ကရိတ်ပန်းခြုံလေးကိုဖြတ်ပြီး ပျဉ်ထောင်အိမ်လို့ ပြောသာရုံသာရှိတဲ့ ယိုင်တိုင်တိုင်အိမ်အိုလေးရှေ့မှာ မိန်းကလေး ရပ်နေ တာကိုမြင်လိုက်တဲ့အမေအိမ်ရှေ့ထွက်ပြီး ကြည့်လိုက်ပါတယ်။
ဒါ--ကိုထက်ဝေယံတို့အိမ်ပါလားရှင်
--ဆိုတဲ့ ကြည်လင်ချိုသာတဲ့ မေးသံလေးနဲ့အတူ ဆည်းဆာရိပ်မှာ လင်းလက်နေတဲ့ 
မိန်းမချောလေးကို အမေ မှင်သက်စွာ ကြည့်နေမိပါတယ်။ သူကလေးက အမေ
့မျက်နှာကိုသေသေချာချာ မြင်လိုက်တဲ့ အချိန်မှာပဲ သေချာပိုင်နိုင်တဲ
့အပြုံးလေးနဲ့  သမီးအိမ်ပေါ်တက်ခဲ့မယ်နော်---တဲ့ 
အို--မိန်းကလေးအသံကအမေ့ကိုတရင်းတနှီးရှိလှချည်လား--ဆိုတဲ့အတွေးနဲ့အတူအိမ်ပေါ်လှမ်းတက်လာတဲ
့ မိန်းကလေးကို အမေ ငေးမောကြည့်မိတယ်။ ၀င်းစက်တဲ့နေတဲ့အသားအရည်၊
ကြော့ရှင်းတဲ့ ကိုယ်ဟန်၊ မျက်နှာ သွယ်သွယ်လေး၊ မျက်လုံး လေးတွေက
အရေကြည်လဲ့ပြီး စူးတောက်လို့ ။
ဘာမှန်းမသိပေမယ့်
ဒီမိန်းကလေးမှာအရောင်တစ်ခု တောက်ပနေသလိုပဲ။ အမေသိသလောက် သားအသိတွေထဲမှာရော
အမေ့ ပတ်ဝန်းကျင်မှာရော ဒီလို မိန်းကလေးမျိုးမရှိပါဘူး။ အဲဒီအချိန်တုန်းက
အမေက လမ်းထိပ်ဈေးတန်းလေးမှာ မနက်ပိုင်းမုန့်ဟင်းခါးရောင်းပြီး ညနေအိမ်ရှေ့မှာ ရခိုင်မုန့်တီချက်ရောင်းပါတယ်။
သမီးအကြီးမနောက်အိမ်ထောင်ပြုသွားလို့ထားရစ်ခဲ့တဲ့မြေးလေးကကျောင်းတက်ခါစအရွယ်ပါ။ သားလေးက လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက အလုပ်ကအဆင်မပြေလို့ထွက်ပြီး နိုင်ငံခြားသွားဖို့  အသည်းအသန်လုံးပန်းနေရချိန်၊ အမေ့ တစ်ယောက်စာဝင်ငွေလေးနဲ့ ရုန်းကန်နေရတာ အိမ်ရဲ့စားဝတ်နေရေးက တော်တော်ခက်ခဲပင်ပန်းပါတယ်။
ဆက်ဖတ်ရန် ....
http://www.shwedaungtaung.com/novel/45-novel/
0 comments:
Post a Comment