Friday, March 8, 2013

သူ့လက်ချက်.......

သူ့လက်ချက်.......

တစ်ခါက ပဲခူးရိုးမအတွင်းသို့ စစ်အင်ဂျင်နီယာတစ်ဥိး ၊အထူးကုဆရာဝန်တစ်ဦိး နှင့် ပြည်သူ့လွှတ်တော်အမတ် တစ်ဦးတို့ အမဲပစ်ထွက်ကြလေ၏။

တော်ထဲရောက်၍ မကြာခင်မှာပင် သူတို့နှင့် မလှမ်းမကမ်း၌ အစာစားနေသော သမင်တစ်ကောင်ကို မြင်လိုက်ကြ၏။

မတိုင်ပင်ထားပါပဲလျှက်  သုံးယောက်စလုံး ပြိုင်တူ ပစ်လိုက်ကြလေ၏။

သို့နှင့် သမင်လည်း ကျည်မှန်ကာသေဆုံးရလေသည်။

လဲကျရာ သမင်အနီးသို့ ပြေးလွှား၍ သုံးဦးသားသွားကြည့် ရာ ကျည်ဆန်ထိမှန်ရာ တစ်ခုကိုသာ တွေ့ကြရလေပြီး.....

သူတို့ သုံးဦးလုံးမှာ သူပြစ်လို့ ထိသည် ငါပြစ်လို့ သမင်သေသည်စသဖြင့် ငြင်းခုန်နေကြ၏။

ထိုသို့ ဆုံးဖြတ်ရ ခက်နေချိန်တွင် မြန်မာ့သစ်တော ထိမ်းသိမ်းရေး အရာရှိတစ်ဦးမှ သူတို့အနားသို့ရောက်လာသည်။

ဘယ်သူ့လက်ချက်ဖြစ်ကြောင်းကိုငြင်းခုန်နေရာမှ သုံးဦးစလုံး သစ်တောအရာရှိအား ဆုံးဖြတ်ခိုင်းရန် သဘောတူကြ၏။

ထိုအခါ သစ်တောအရာရှိမှ သမင်သေကို သေချာ စိုက်ကြည့် ပြီး.....

"..ဒါဟာ.....ပြည့်သူလွှတ်တော်အမတ် ပစ်လိုက်တဲ့ ကျည်ဆန်ရာပဲဗျ။...".ဟု အပိုင်ပြောချလိုက်၏။

ထိုအခါ ဆရာဝန် နှင့် အင်ဂျင်နီယာမှ " ဘယ်လိုလုပ်ပြီး သိသလဲ " ဟု ဇဝေ ဇ၀ါ ဖြစ်နေပုံဖြင့်မေးလိုက်သောအခါ....

မြန်မာ့သစ်တော အရာရှိမှ ပြန်ဖြေလိုက်ပုံက..

" လွယ်လွယ်လေးပါဗျာ.....။ခင်ဗျားတို့ သေချာကြည့်လေ....

သမင်ကို ထိတဲ့ ကျည်ဆန်ရာက တစ်ဘက်နားက ၀င်သွားပီး တဖက်နား က ပြန်ထွက် သွားတာပဲမဟုတ်လား.."

ဟု လက်ခံနိုင်ဖွယ် ရှင်းပြလေတော့သည်။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely......

တစ်ခါက ပဲခူးရိုးမအတွင်းသို့ စစ်အင်ဂျင်နီယာတစ်ဥိး ၊ အထူးကုဆရာဝန်တစ်ဦိး နှင့် ပြည်သူ့လွှတ်တော်အမတ် တစ်ဦးတို့ အမဲပစ်ထွက်ကြလေ၏။
တော်ထဲရောက်၍ မကြာခင်မှာပင် သူတို့နှင့် မလှမ်းမကမ်း၌ အစာစားနေသော သမင်တစ်ကောင်ကို မြင်လိုက်ကြ၏။


မတိုင်ပင်ထားပါပဲလျှက် သုံးယောက်စလုံး ပြိုင်တူ ပစ်လိုက်ကြလေ၏။

သို့နှင့် သမင်လည်း ကျည်မှန်ကာသေဆုံးရလေသည်။

လဲကျရာ သမင်အနီးသို့ ပြေးလွှား၍ သုံးဦးသားသွားကြည့် ရာ ကျည်ဆန်ထိမှန်ရာ တစ်ခုကိုသာ တွေ့ကြရလေပြီး.....

သူတို့ သုံးဦးလုံးမှာ သူပြစ်လို့ ထိသည် ငါပြစ်လို့ သမင်သေသည်စသဖြင့် ငြင်းခုန်နေကြ၏။

ထိုသို့ ဆုံးဖြတ်ရ ခက်နေချိန်တွင် မြန်မာ့သစ်တော ထိမ်းသိမ်းရေး အရာရှိတစ်ဦးမှ သူတို့အနားသို့ရောက်လာသည်။

ဘယ်သူ့လက်ချက်ဖြစ်ကြောင်းကိုငြင်းခုန်နေရာမှ သုံးဦးစလုံး သစ်တောအရာရှိအား ဆုံးဖြတ်ခိုင်းရန် သဘောတူကြ၏။

ထိုအခါ သစ်တောအရာရှိမှ သမင်သေကို သေချာ စိုက်ကြည့် ပြီး.....

"..ဒါဟာ.....ပြည့်သူလွှတ်တော်အမတ် ပစ်လိုက်တဲ့ ကျည်ဆန်ရာပဲဗျ။...".ဟု အပိုင်ပြောချလိုက်၏။

ထိုအခါ ဆရာဝန် နှင့် အင်ဂျင်နီယာမှ " ဘယ်လိုလုပ်ပြီး သိသလဲ " ဟု ဇဝေ ဇ၀ါ ဖြစ်နေပုံဖြင့်မေးလိုက်သောအခါ....

မြန်မာ့သစ်တော အရာရှိမှ ပြန်ဖြေလိုက်ပုံက..

" လွယ်လွယ်လေးပါဗျာ.....။ခင်ဗျားတို့ သေချာကြည့်လေ....

သမင်ကို ထိတဲ့ ကျည်ဆန်ရာက တစ်ဘက်နားက ၀င်သွားပီး တဖက်နား က ပြန်ထွက် သွားတာပဲမဟုတ်လား.."

ဟု လက်ခံနိုင်ဖွယ် ရှင်းပြလေတော့သည်။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely......

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...