Tuesday, March 12, 2013

"ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းတစ်ကွက်"

by Ter Tee on Monday, March 11, 2013 at 2:08am ·
- ကျိုက်လတ်မိုးမြင့်


မြောက်ဥက္ကလာပ မြို့သစ်တည်စအချိန် မြို့နယ်စာဆိုတော်နေ့ကျင်းပရေးအတွက်
နလက ဥက္ကဋ္ဌနှင့် ကျွန်တော်တို့အဖွဲ့သွားရောက်တွေ့ဆုံပါ သည်။ ဥက္ကဋ္ဌတာဝန်ရှိသူ ဗိုလ်ကြီးက
ကျွန်တော်တို့စာရေးဆရာအဖွဲ့ကို မကျေနပ်သောမျက်နှာထား ၊ အဆင့်နိမ့်သောစကားလုံးများဖြင့်ပြော ဆိုကာနောက်ဆုံး "ခင်ဗျားတို့ဟောပြောပွဲလျှောက်လွှာ တင်ထားခဲ့” ဟု ပြောပြီးအဆုံးသတ် လိုက် ပါတော့သည်။

စာဆိုတော်ပွဲပြီး၍အဖွဲ့ကိုဖျက်သိမ်းလိုက်သော်လည်း ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးဖြစ်၍
ဗိုလ်ကြီးချစ်ဖေနှင့်ကျွန်တော်မှာ ပုဂ်္ဂိုလ်သံယောဇဉ်အရ ခင်မင်သွားပါသည်။ သူနေထိုင်ရာ
(ည)ရပ်ကွက်ခေမာသီ နှင့်သုနန္ဒာလမ်းထောင့်ရှိ အိမ်သို့မကြာ ခဏရောက်ပါသည်။
ဟိုစဉ်က နယကဥက္ကဋ္ဌ၏ ဆက်ဆံမှုပုံမကျေနပ်၍မေးကြည့်ရာ-


“ကိုမိုးမြင့်တို့စာရေးဆရာတွေက ဒီမြင်ကွင်းတစ်ခုပဲဆိုတော့ လိပ်ပတ်မလည်ဘူးပေါ့ ၊ တကယ်တော့
ကျွန်တော် ပါလာတာကို မကျေနပ်လို့အကုန်လုံးကို ရစ်တာ ၊ သူက လက်ရှိဗိုလ်ကြီး ၊
ကျွန်တော်က(အငြိမ်းစား)စစ်သားဘ၀ ၊ ပဲစားတာ သူ့ထက်အချိန်က အများကြီးစောခဲ့ပါတယ်။
ဗိုလ်ကြီးဆိုတဲ့ရာထူးချင်းတူပေမဲ့ အတွေ့အကြုံချင်းအများကြီးကွာပါတယ်။ ပြောမယ်ဆိုရင်
အရှည်ကြီးပါ ကိုမိုးမြင့် ရာ” ဟု ပြောကာရပ်သွားပါသည်။


ကျွန်တော်သည် ဗိုလ်ကြီးချစ်ဖေအား အဖွဲ့တွင်တွဲဖက်လုပ်စဉ်ကပင် စစ်သားကောင်းတစ်ဦးဟု
ထင်ထားမိသည်။  ထို့ကြောင့် သူပြောသည့်အကြောင်းတွေ ကိုလည်း ဆက်ကြားချင်သည်။
"ကျွန်တော်ကစစ်ထဲမလိုက်ဖူးလို့ အတွေ့အကြုံမရှိဘူး။ နေပါစေ ပြောပါ" ဟု ထောက်ပေးလိုက်ပါသည်။
ဗိုလ်ကြီး ချစ်ဖေသည် အနည်းငယ်နေမကောင်း၍ အိပ်ရာ၊ခုတင်တွင်လဲလျောင်းနေရာမှ ထထိုင်ပါသည်။


"ကိုမိုးမြင့်က သိချင်တယ်ဆိုရင်တော့ ဒီတစ်ကြိမ်တည်းမဟုတ်ဘူးပေါ့ ကျွန်တော်ခံစားရတဲ့အချက်တချို့ကို
ပြောပြပါ့မယ်။ကျွန်တော်ပြောချင်တာက ဗိုလ်ချုပ် အောင်ဆန်းရဲ့အများမသိသေးတဲ့အကြောင်း ၊
ဗိုလ်ချုပ်ဟာပွင့်လင်းတယ်၊ရိုးဆင်းတယ် ၊ တိကျပြတ်သားတယ်၊ဗိုလ်ချုပ်တို့ လွတ်လပ်ရေးသွားတောင်းတဲ့
အကြောင်းတော့ ကြားမှာပေါ့"


"ဟုတ်ကဲ့ ကြားပါတယ်"


"အဲဒီကိုမသွားမီ ဗိုလ်ချုပ်က တပ်အသီးသီးမှာရှိတဲ့အမိန့်နာခံတတ်ပြီး သေရဲ ၊ သတ်ရဲတဲ့ ရဲဘော်(၂၀)ကိုစု ၊
ကုက်္ကိုင်း ဘောင်ဒရီ- မြက်ခင်းပြင်မှာ လေးပေအကွာမျက်နှာချင်းဆိုင်ရပ် ၊ ၆း၄၅အချိန်မှာ သတိဆွဲထားရန်
ဗိုလ်မှူးအောင်ကို  တာဝန်ပေးတယ်"


"တပ်အသီးသီးက ရွပ်ရွပ်ချွံချွံ မိုက်မိုက်ကန်းကန်းလုပ်တတ်သူတွေပေါ့ ၊ အမိန့် ပေးသူက
“သတိ” လို့အမိန့်ပေးပြီးထွက်သွားတယ်။စစ်တပ်မှာ “သတိ” ဆွဲထားလျှင် ခန္ဓာကိုယ်ကိုတောင့်ထားပြီး
လုံးဝမလှုပ်ရဘူး။  (၁၅)မိနစ်အကြာ (၇)နာရီအချိန်တွင် “နေမြဲ” ဟု အမိန့်ပေးတော့မှ
ဗိုလ်ချုပ်ရောက် နေမှန်းသိရတယ်။ ရပ်နေသူတွေကို မျက်နှာတွေတစ်ယောက်ချင်းလိုက်ကြည့်တယ်။
တချို့ကို တပ်ထဲဘာကြောင့်ဝင်သလဲ ၊ ဘယ်တုန်းက၀င်သလဲ ဟူသော လျှပ်တစ်ပြက်မေးခွန်းကိုမေးတယ်။
ပြီးတော့မှ "မင်းတို့ကိုခေါ်တာ ငါလွတ်လပ်ရေးသွားတောင်းတဲ့အခါ အရေးကြီးတာဝန်ပေးဖို့ပဲ ၊
ဒါပေမဲ့ အလုပ်တစ်ခုကိုရည်ရွယ်ချက် ၊ ယုံကြည်ချက်ခိုင်မာမှ အောင်မြင်တာ။ အခုသွားတောင်းမှာ
အင်္ဂလိပ် ၊ မရရင် ချချင်ချရမှာ အဲဒီလို ချမယ်ဆိုရင်ဘယ်နိုင်ငံနဲ့ပေါင်းမလဲ" လို့မေးတယ်။
ဘယ်ပြောကောင်းမလဲ ကိုမိုးမြင့်ရာ အရင်းရှင်ကို ကွန်မြူနစ်ကချနေတဲ့ အချိန်မို့လား
အားလုံးက ဆိုဗီယက်နဲ့တရုတ်ကို ပေါင်းမယ်လို့ပြောကြတာပေါ့။ တစ်ယောက်က
အိန်္ဒိယကိုပေါင်းမယ်လို့ပြောတယ်"
 
"ဟိုကောင်တွေကရှင်းတယ် ၊ မင်းက ကုလားကိုဘာလို့ပေါင်းချင်တာလဲ"
 
"ကုလား က လူဦးရေများတယ် ၊ ဒါကြောင့် နားလည်မှုယူထားတာပါ" လို့ ရဲဘော်ကပြောတယ်။
 
"အေးဟုတ်ပြီ မင်းတို့ကပေါင်းမယ့်နိုင်ငံရည် ရွယ်ချက်ပြောပြီးပြီ ၊ ငါက ဘာမှမပြောဘဲ နေမယ်ဆိုရင်
အဲဒါလူကြီးလူလယ်လုပ်တာပဲ။ ငါခုသွားတောင်းမှာ အင်္ဂလိပ် ၊ မရလို့ လွတ်လပ်ရေးတွက်ပြန်ကြိုးစားမယ်ဆိုရင် အင်္ဂလိပ်ကိုပဲပေါင်းမယ်လို့ပြောလိုက်ရာ ကိုမိုးမြင့်ရာ ကျွန်တော်တို့အားလုံးအကြောအချဉ်တွေလျော့ပြီး
ဘယ်လို ဖြစ်သွားမှန်းတောင်မသိဘူး။ မင်းတို့ပေါင်းမယ့် စတာလင် ၊ လီနင် ဆိုတဲ့ ရုရှ ၊
မော်စီတုန်းဦးဆောင်တဲ့ တရုတ်တို့ဆိုတာ နိုင်ငံရဲ့ကောင်းမွန်ကြွယ်ဝတဲ့ သယံဇာတတွေကိုစားကြ ၊
ဝါးကြမှာပဲ သူတို့အကြောင်းသိအောင်ပေါင်းရမယ် ဆိုရင် အနှစ်(၁၀၀)လောက်ကြာမယ်။
အင်္ဂလိပ်ကတော့စားထားလို့ သိပ်မစားနိုင်တော့ဘူး။ အနှစ်(၁၀၀)ကျော် ပေါင်းစားလို့
သူ့အကြောင်းသိနေပြီ။ ဒါကြောင့် အင်္ဂလိပ်ကိုပေါင်းမှာ" လို့ပြော လိုက်ပါတယ်။
 
"အဲဒီတော့မှ အသက်(၃၀) ကျော်သာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တွေးခေါ်မြော်မြင်မှု
သဘာဝကျတဲ့အယူအဆ ၊ တိကျပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ပြောကြားမှုတို့ကြောင့်
ကျွန်တော်တို့ အားလုံးဟာ ပေးအပ်တဲ့တာဝန်ကို ဆောင်ရွက်ရန် အသင့်ရှိသွားကြပါတော့တယ်"


“ဗိုလ်ချုပ်တို့လွတ်လပ်ရေးသွားတောင်း တဲ့အချိန်မှာယူနီဖောင်းမ၀တ်မထင်ရှားသော အသွင်ဖြင့်
တာဝန်ကျရာတွင် အသင့်ရှိ  နေကြပါတယ်။အဆင်ပြေသွားတဲ့အတွက်  ကျွန်တော်တို့အားလုံး
မသေလိုက်ကြရပါ။ ပြန်လာပြီးတဲ့အခါ သူ့အနားတွင်လုံခြုံရေးတာဝန်ယူရန် ကျွန်တော်အပါအ၀င် ငါးယောက်ကိုခေါ်ထားပါတယ်”ဟူ၍ ပြောပြပါသည်။


Hot News Website မှ ကူးယူပါသည်။

http://www.hotnewsweekly.com/archives/17454

14

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...