Friday, March 15, 2013

မဟတ္တမဂန္ဓီ၏ ပြန်ကြားစာ

Zay Ya's photo.
မဟတ္တမဂန္ဓီ မကွယ်လွန်မီက ဖြစ်သည်။ အမေရိကန် နိုင်ငံမှ အမေရိကန် အမျိုးသား တစ်ဦးက ဂန္ဒီကို အားကျ၍ ဟိန္ဒူဘာသာဝင် ဖြစ်လိုကြောင်း ဂန္ဓီထံ အကြောင်းကြားဖူးသည်။ ထိုအခါ မဟတ္တမဂန္ဓီက သူ၏ပြန်ကြားစာ၌ ဘာသာတရား ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်ပြီး ၎င်း၏အယူအဆကို အောက်ပါ အတိုင်း တင်ပြထားခဲ့သည်။

"ကျွန်ုပ် - လူတစ်ဦးတစ်ယောက်ကို ဟိန္ဒူဘာသာထဲ ဝင်ပါလား၊ ခရစ်ယာန်ဘာသာထဲ ဝင်ပါလားလို့ မတိုက်တွန်းဘူး။ မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကိုသာ ယုံကြည်ကိုးကွယ်ပြီး မိမိ ဘာသာတရားထဲက ညွှန်ကြားပြောပြတာတွေကို လိုက်နာကျင့်သုံးပါ လို့ပဲ ပြောချင်တယ်။ ခရစ်ယာန်ဘာသာဝင် တစ်ယောက် ဖြစ်ရင် ခရစ်ယာန်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ်။ ဟိန္ဒူဘာသာဝင် တစ်ယောက် ဖြစ်ရင် ဟိန္ဒူဘာသာဝင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ်။ အစ္စလာမ်ဘာသာဝင် ဖြစ်တယ် ဆိုရင်လည်း အစ္စလာမ် ဘာသာဝင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်တယ် ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်အောင် ကြိုးစားရမှာပဲ။

"အဲ့ဒီမှာ ပြောစရာ ရှိတယ်။ ဘာသာတရား တစ်ခုခုက ညွှန်ကြားတဲ့ လိုက်နာသင့် လိုက်နာအပ်တဲ့ ကျင့်ဝတ်တွေကို လိုက်နာခြင်း မပြုခင် ရှေးဦးဆုံး လူသားကောင်း တစ်ယောက် ဖြစ်ဖို့လည်း ကြိုးစား အားထုတ်ရတယ်။ လူသားတစ်ယောက် - လူသားပီပီသသ ကျင့်ကြံ လိုက်နာရမယ့် ကျင့်ဝတ်သိက္ခာဟာ ကျွန်ုပ်တို့ အားလုံး ရဲ့ ကနဦး ဘာသာတရား ဖြစ်တယ်။

"နောက်တစ်ခု ထပ်ပြောပါမယ်။ ဘာသာတရားတစ်ခုခုကို မှန်ကန်တဲ့ နည်းလမ်းနဲ့ လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ဟာ မိမိဘာသာတရား နဲ့ သူတစ်ပါး ဘာသာတရားကြား ခွဲခြားတဲ့ အလုပ်ကို မလုပ်ဘူး။ မန္ဒိရ်၊ ချာ့ခ်ျ၊ ဗလီ နဲ့ တန်ဆောင်းပြဿာဒ် ကြားမှာ ဘာကွာဟချက်မှ မဖန်တီးဘူး"

ဤပြန်ကြားချက်ကို မြင်တွေ့ရသူ အပေါင်းတို့သည် အိန္ဒိယနိုင်ငံ၏ မတူကွဲပြားခြားနား နေကြသော ဘာသာတရား အားလုံးတို့ မဟတ္တမဂန္ဓီ အပေါ် အဘယ်ကြောင့် တစ်ညီတစ်ညွတ်တည်း လေးစား ကြည်ညိုနေကြသည် ဆိုသည်ကို သဘောပေါက်သွားကြသည်။
...........................
ကွန်မောင်းပလက်ဖောင်း၊ ကွန်မောင်းအိုင်ဒီယာ - ပါရဂူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...