သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၃)
သစ်ထူးလွင်
|
- တရုတ်အစိုးရပိုင်း အပြောင်းအလဲလုပ်မည်
- NLD ဥက္ကဋ္ဌအဖြစ် ဒေါ်စုကိုရွေးချယ်
- စစ်အရာရှိတစ်ဦးက အရပ်သားဝန်ထမ်းအား ဓါးဖြင့်ခုတ်ခြင်း
-
မြေယာဥပဒေလုပ်ထုံးလုပ်နည်းဆိုင်
ရာအလုပ်ရုံဆွေးနွေးပွဲ - NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးမှ ရွေးကောက် တင်မြှောက် ခံရသူများ စရင်း အပြည့်အစုံ
- NLD ညီလာခံ နောက်ဆုံးနေ့ မနက် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း (အသံဖိုင်)
- ကမ္ဘောဒီယား အတိုက်အခံခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
- အစ္စလာမ်မီယာ ဘာသာရေး စာသင်ကျောင်းတွင် ဝတ်ပြုနေသူများ စစ်ဆေးတွေ့ရှိ
- NLD မှာ ဗဟိုဦးစီးစနစ် ကနေ ဒီမိုကရေစီ ပြောင်းပြီ
-
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းသံ
ုးသပ်ချက် - မတ်လ ၁၁ ရက်နေ့ ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၂၂)
- မြန်မာတိုင်း(မ်) အတွဲ ၃၁ ၊ အမှတ် ၆၁၀
- မတ်လ (၇) ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၆
-
မလေးရှား ဘော်နီယိုသူပုန်နှိမ်နင်းမှုပြင်
းထန် - NLD ညီလာခံဒုတိယနေ့ ဒေါ်စုမိန့်ခွန်းပြော
- ၈၈မျိုးဆက်တွေရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာ နှောင့်ယှက်မှုတွေရှိ
- ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကို အကျိုးပြုမယ့် သူတွေ ရွေးချယ်ကြဖို့ပြော
Posted: 10 Mar 2013 08:12 AM PDT
စီးပွားရေးနဲ့
လူမှုရေး ကိစ္စရပ်တွေမှာ တရုတ်အစိုးရ အုပ်ချုပ်ရေး ပိုင်းက ပါဝင်လုပ်ဆောင်မှု
လျော့ချဖို့၊ ပြီးတော့၊ ကြိုးနီစံနစ်နဲ့ ပြစ်မှုတွေ လျော့ပါးစေဖို့
အစိုးရပိုင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ တရုတ်နိုင်ငံ၊
နိုင်ငံတော်ကောင်စီ ၀န်ကြီးများအဖွဲ့က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Mar 2013 08:04 AM PDT
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကနေ
ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ပါတယ်။ ဒါဟာဖြင့် NLD မှာ
ပါတီ ခေါင်းဆောင်ပိုင်း တာဝန်ယူမယ့်သူတွေကို ပါတီဝင်တွေက အဆင့်ဆင့်
ရွေးချယ် တာဝန်ပေးတာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့
နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ ပါတီ ခေါင်းဆောင်တွေကို ရွေးချယ်ခဲ့တာ
နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာတွေကို ကောက်နှုတ် စုစည်းပြီး
ကိုကျော်ကျော် သိန်းက တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်မှာ NLD ပါတီကို စတင်ထူထောင်ခဲ့ကတည်းကဆိုရင် အခုကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံဟာ ပထမဆုံးအကြိမ်ဖြစ် သလို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပါတီခေါင်းဆောင်တွေကို အဆင့်ဆင့် ရွေးချယ် တာဝန်ပေးနိုင်တာဟာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အမည်စာရင်းကို ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ မတ်လ ၁၀ ရက် တနင်္ဂနွေနေ့ ညီလာခံအစမှာ ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဖတ်ကြား ကြေညာခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်မှုဆောင်၊ ဦးဉာဏ်ဝင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ဦးဟန်သာမြင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ဦးအုန်းကြိုင် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ဦးဝင်းမြင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်။” ပြီးခဲ့တဲ့ရက်တွေမှာ ရွေးချယ်တာဝန်ပေးထားတဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၂၀ နဲ့ အရံအလုပ်အမှုဆောင်အဖွဲ့ဝင် ၃၀ တို့က တနင်္ဂနွေနေ့မနက်ပိုင်းမှာ စုဝေး ဆွေးနွေးပြီး အခုကြားခဲ့ရတဲ့ လူပုဂ္ဂိုလ်ငါးဦးအပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးနဲ့ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ငါးဦးကို ရွေးချယ် တာဝန်ပေးခဲ့ကြတာပါ။ ဒါ့အပြင် သူရဦးတင်ဦးနဲ့ ဦးဝင်းတင်တို့အပါအ၀င် သဘာပတိအဖွဲ့ဝင် ၈ ဦးကို လည်း ရွေးချယ်ခဲ့ကြပါတယ်။ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့တာမှာ အမျိုးသားရင်ကြားစေ့ရေး၊ ညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူထု ထောက်ခံမှု စသည်အားဖြင့် ကိစ္စရပ်မျိုးစုံနဲ့ပတ်သက်ပြီး ရပ်တည်ချက်တွေကို အကျယ်တ၀ံ့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မပြောမဖြစ်တဲ့ကိစ္စတစ်ခုဟာ ပြည်သူနဲ့တပ်မတော်ကြား ဆက်ဆံရေး ကိစ္စဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကဆိုပြီး ဒီအပေါ် သူ့ရဲ့သဘောထားကို ပြောခဲ့ပါတယ်။ “ကျမအနေနဲ့တော့ ပြည်သူနဲ့တပ်မတော်ကြားမှာ အမြဲပဲအဆင်ပြေစေချင်ပါတယ်။ တချိန်တခါတုန်းက ပြေခဲ့သလို နောင်လည်း ပြေအောင်လို့ ကျမတို့ ဆက်ပြီးတော့ ကြိုးစားသွားရမယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်တွင်းငြိမ်းချမ်းရေးရဖို “ကျမတို့ဟာ ညီညီညွတ်ညွတ်နဲ့ ဒီတနိုင်ငံလုံးရဲ့ ပြဿနာကို ရင်ဆိုင်မယ်၊ ကျော်လွှားမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို မွေးမြူဖို့ လိုပါတယ်။ ညီညွတ်မှုဆိုတာက ကျမတို့အဖွဲ့တွင်း ညီညွတ်မှုကိုဆိုလိုတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးညီညွတ်မှုကို ဆိုလိုတာဖြစ်ပါတယ်။” ၂၀၁၂ ခုနှစ်ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ချိန်တုန်းက ကြေညာခဲ့တဲ့ အဓိက ရည်ရွယ်ချက်တွေထဲမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရေးဆိုတာ တစ်ချက်အပါအ၀င်ပါ။ ဒီကိစ္စကို လည်း သူ့ရဲ့မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ပတ်သက်လို့ကတော့ ဒါ ကျမတို့ ထပ်တလဲလဲ ပြောခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ ကိုက်ညီရမယ်။ ဒီ စံနှုန်းစံထားတွေနဲ့ မကိုက်ညီတဲ့အပိုင်းတွေကို ကျမတို့က ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ အဲဒါမှသာလျင် ကျမတို့နိုင်ငံဟာ တကယ့်စစ်မှန်တဲ့ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းကြီး ဖြစ်လာမှာပါ။” အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ လူထုထောက်ခံမှုရဖို့ အရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပြီး ပါတီ ရဲ့ မူဝါဒသဘောထားတွေ ဟာ နိုင်ငံနဲ့လူထုရဲ့အကျိုးစီးပွား “ပြည်သူလူထု ထောက်ခံမှုလိုချင်တယ်ဆိုတာကလည်း နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားများအကျိုး ထမ်းဆောင်နိုင်ဖို့အတွက် အခွင့်အရေးလိုချင်လို့ ထောက်ခံမှုကို တောင်းရတာဖြစ်ပါတယ်။ ကျမတို့ဟာ ဘယ်ဟာလိုချင်လို့၊ ရာထူးလိုချင်လို့ ဆိုတဲ့ ဦးတည်ချက်နဲ့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့လုပ်ချင်တဲ့ လုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် ရာထူးတွေကလိုအပ်တယ် ဆိုတာ ငြင်းလို့ရတဲ့ဟာမဟုတ်ပါဘူး။” NLD ပါတီညီလာခံမတိုင်ခင်လေးမှာပဲ ကယားပြည်နယ်က ပါတီဝင် ၁၀,၀၀၀ နှုတ်ထွက် သွားတယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ညီလာခံအပြီး သတင်းထောက်တွေက မေးခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်က ကယားမှာ အစ ကတည်းက ပါတီဝင် ၁၀,၀၀၀ ရှိပါ့မလားဆိုတာကို မေးခွန်းထုတ်သွားခဲ့ပါတယ်။ NLD ပါတီကနေ နှုတ်ထွက်ပြီး တခြားပါတီထဲဝင်သွားခဲ့သူတွေထဲမှ ကိုကျော်ကျော်သိန်း (ဗွီအိုအေ)
|
||
Posted: 10 Mar 2013 07:52 AM PDT
မကွေးတိုင်း
ဒေသကြီး အောင်လံမြို့ နယ် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း၊
အမှတ်(၁)သံမဏိစက်ရုံ၊ ကျောက်စွယ်ကျိုး မှာ (၆.၃.၂၀၁၃)ရက်နေ့ည
(၉း၄၅)နာရီခန့်တွင် လ/ထ စက်ရုံမှူး ရာထူးရှိ ဗိုလ်ကြီးတင်အေးသည်
လုံခြုံရေးဝန်ထမ်း ကိုဇော်လင်းထွန်း (ကျွမ်းကျင်-၅) အား ဓါးဖြင့်ခုတ်သည့်
အခင်းဖြစ်ပွား ခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Mar 2013 07:23 AM PDT
၂၀၁၃ ခုနှစ် မတ်လ ၉ ရက်
ယနေ့ မနက် ၉ နာရီ တွင် ပဲာဟိုးမြို့ လေသာ ဘုန်းတော်ကြီးကျောင်းတွင် မြေယာ ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း သိရပါသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့သော မြေယာဥပဒေ များကို ဒေသခံ တိုင်းရင်းသားတောင်သူများ သိရှိရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဟဲဟိုးကျေးရွာအုပ်စု/ ဘော်ဆိုင်း/ ရွှေညောင်/ အောင်ပန်း/ ရွာငံ/ အင်းလေးဟော်တယ်ဇုံ ဒေသခံ တောင်သူ (၅၀) ဦးခန့် တက်ရောက် ဆွေးနွေးကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစု မှ ကိုညီညီမိုး ကပြောပါသည်။ ဥပဒေ ၏ အားသာချက် အားနည်းချက်များကို သိရှိရန်လိုအပ်ကြောင်း တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးသော ဥပဒေများပေါ်ပေါက်ရန်လိုအပ်ကြော အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ထိ ၂ ရက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ သတင်း -- စိုင်းလျံ (တောင်ကြီး) |
||
Posted: 10 Mar 2013 07:08 AM PDT
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ပထမဆုံးအကြိမ် ကျင်းပသော နိုင်ငံလုံးဆိုင်ရာ
ညီလာခံမှ ယနေ့ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့် အသစ်ရွေးချယ်ဖွဲ့စည်းလိုက် ပါသည်။
ရွေးကောက်တင်မြှောက်ပြီးသော ဗဟို အလုပ်အမှုဆောင်အဖွဲ့ အမည်စာရင်းများ၊ အရံ ဗဟို အလုပ်မှုဆောင် အဖွဲ့ ဝင်များ ၊ ဗဟိုကော်မတီဝင်များ နှင့် အရံ ဗဟိုကော်မတီဝင်များ စရင်း ကို အပြည်စုံ တင်ပြပေလိုက်ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Mar 2013 06:28 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံ နောက်ဆုံးနေ့ မနက် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း
အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Mar 2013 09:31 PM PST
ကမ္ဘောဒီယားနိုင်ငံက
ပြည်ပရောက် အတိုက်အခံ Sam Rainsy ဟာ စနေနေ့က ရန်ကုန်မြို့မှာ NLDပါတီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဒီမိုကရေစီရေးအတွက်
ရုန်းကန်လှုပ်ရှားရတာတွေကို ဆွေးနွေးတယ်လို့ Mr Sam Rainsy ရဲ့ ပြောခွင့်ရသူ
ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Mar 2013 08:00 PM PST
ဒေါပုံမြို့နယ်၊
ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်းပေါ်ရှိ အစ္စလာမ် မီယာဘာသာရေး စာသင်ကျောင်းတွင်
ဝတ်ပြုနေသူများကို စစ်ဆေး တွေ့ရှိရကြောင်း ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်
ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။ ယမန်နေ့ မွန်းလွဲ တစ်နာရီအချိန်တွင်
အဆိုပါ စာသင်ကျောင်းသို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Mar 2013 07:46 PM PST
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်NLD ဟာ အရင်တုန်းက အခက်အခဲ တွေနဲ့ ရင်ဆိုင် ဖြတ်သန်း
ခဲ့ရတာ ဖြစ်လို့ ဗဟို ကနေသာ အဓိက ဦးစီး ဆောင်ရွက် ခဲ့ရာ ကနေ အခုတော့
ဒီမိုကရေစီ နည်းကျ ပြောင်းလဲ ဆောင်ရွက်ပြီ ဖြစ်ကြောင်း ပါတီ ဥက္ကဌ
ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Mar 2013 07:21 PM PST
NLD
ပါတီညီလာခံ အဖွင့်မိန့်ခွန်း မှာ ဒေါ်အောင်ဆန်းစုကြည် က ရှေ့ဆက် သွားရမယ့်
ခြေလှမ်းတွေ၊ ပါတီဖွဲ့စည်း တည်ဆောက်မယ့် ပုံစံတွေ ချပြသွားပါတယ်။
မျိုးဆက်သစ် လူငယ်တွေ၊ လူသစ်တွေ အဖွဲ့ချုပ်ထဲ ပါဝင်ရေး၊ ပါတီ ရဲ့ မူလ
ရည်မှန်းချက် ဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Mar 2013 07:15 PM PST
|
||
Posted: 09 Mar 2013 07:11 PM PST
|
||
Posted: 09 Mar 2013 06:37 PM PST
|
||
Posted: 09 Mar 2013 06:28 PM PST
မလေးရှား
အာဏာပိုင်တွေက ဘော်နီယို ကျွန်းပေါ်မှာရှိတဲ့ ဆာဘား ပြည်နယ်အတွင်း လူပေါင်း
၈၀ နီးပါးကို ဖမ်းဆီး လိုက်တယ်လို ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း သယံဇာ
တပေါကြွယ်ဝတဲ့ ကျေးရွာ တရွာကို ဖိလစ်ပိုင် မူစလင် မျိုးနွယ်သူပုန်တွေက
သိမ်းပိုက်ခဲ့တာကို ပြန်လည်ရှင်းလင်း ခြေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Mar 2013 06:21 PM PST
ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဒီနေ့မိန့်ခွန်းထဲမှာ ဘာတွေပြော သွားတယ် ဆိုတာနဲ့၊ ပြောသွားတဲ့ အထဲမှာ
အဓိက ကျမယ်လို့ထင်ရတဲ့ အချက်တချို့ကို ကောက်နုတ်တင်ပြ ရရင်တော့ လွန်ခဲ့တဲ့
နှစ်၂၀ ကျော်ကာလအတွင်း NLD ပါတီအနေနဲ့ ဗဟိုဦးစီး စနစ်ကျင့်သုံး
ခဲ့ရတဲ့အတွက် နားလည်မှု လွဲမှားခဲ့တာတွေ ရှိကောင်းရှိမယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Mar 2013 06:13 PM PST
ချင်းပြည်နယ်မှာ
ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ရောက်နေကြတဲ့ ၈၈မျိုးဆက် ကျောင်း
သားတွေရဲ့ ဟောပြောပွဲ တစ်ချို့ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ပိတ်ပင်တားဆီး
တာတွေ ရှိခဲ့တယ်လို့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက မတ်လ ၉ ရက်
ဒီကနေ့မှာ RFA ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Mar 2013 06:08 PM PST
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ညီလာခံဟာ တစ်ဦးတစ်ယောက် နေရာရရေး၊ ဆွေမျိုး
အသိုင်းအဝိုင်း နေရာရရေးအတွက် မဟုတ်ပဲ ကိုယ့်နိုင်ငံနဲ့ ပြည်သူအတွက်
အကျိုးပြုရေး ကိုသာ စဉ်းစားကြပြီး ခေါင်းဆောင်တွေကို ရွေးချယ်ကြဖို့
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment