Wednesday, August 31, 2016

ပင်လုံဘုရင်မ...


တစ်ကမ္ဘာကြီးတစ်ဖက်မှာ...
မီးရောင်စုံတွေအကြား....
လေယာဉ် ဘရန်းအသစ်တွေနဲ့...
ကောင်ကင်ပြာကို လွှမ်းမိုးနေချိန်...
နည်းပညာတွေနဲ့ ကမ္ဘာကြီးကိုချုပ်ကိုင်နေချိန်...

မော်တော်ကားတွေ ပလူပျံနေချိန်..
ထိုထိုများစွာ၂၁ ရာစု ပကာသနဂုဏ်တွေအလှ..
တန်ဆာပြု လို့ဆင်မြန်း..
လူမှု့အသိုင်းအဝိုင်းတွေ အဆင့်မြှင့်တင်နေချိန်...
လောကနတ်ဘုံသို့အလား...။

၂၀ ရာစုအသိုက်အဝန်းထဲမှာ... တစ်ကိုယ်တည်းကျန်ခဲ့
.မြန်မာဆိုတဲ့...ဒို့ကမ္ဘာလေး..
မှိန်တုတ်တုတ် မီးအိမ်နဲ့လင်းတဲ့ည...
၂၀ ရာစုလေယာဉ်ပျံတွေဝဲပျံ....
၂၀ ရာစုမော်တော်ကားတွေပြည့်နှက်....
စီးပွားရေး၊ ပညာရေး၊ အလုပ်သမားအရေး...
ဘာဆိုဘာမှ မထွန်းကားသေးတဲ့...
ကမ္ဘာ့ဒေါင့်စွန်းက...၂၀ရာစုပြတိုက်လေး။

မျှော်လင့်ချက်တွေအပြည့်...
ငေးမောလို့ကြည့်မိပါရဲ့...
နှိုးထတော့လေမလား....ပင်လုံဘုရင်မရယ်...။

အရှင်ပညာဒီပ
(လူမှု့ဘာသာရပ်များဌာန၊ ချူ လာတက္ကသိုလ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...