Wednesday, August 17, 2016

မိုးရာသီမှာယာဉ်မောင်းနှင်ခြင်းနှင့် ပတ်သတ်၍ ပညာရှင်တို့၏ အကြံပြုချက်များ

သိန်း မြင့်


🚜မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးအတွက် ဘယ်လိုရာသီဥတုမျိုးကအဆိုးဝါးဆုံး၊ သတိထားဖို့အလိုဆုံးလို့ ထင်ပါသလဲ?
ကမ္ဘာပေါ်မှာရှိတဲ့ နေရာဒေသအလိုက်
📎တစ်ချို့နိုင်ငံတွေမှာရာသီဥတုလေးမျိုး (နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း)၊
📎တစ်ချို့ နိုင်ငံတွေမှာရာသီဥတုသုံးမျိုး (နွေ၊ မိုး၊ ဆောင်း) ရှိပါတယ်။ ရာသီဥတုလေးမျိုးရှိတဲ့နိုင်ငံတွေမှာဆောင်းရာသီအတွင်းလမ်းမတွေပေါ်မှာရေခဲ၊ နှင်းခဲတွေပိတ်ဖုံးတဲ့အထိဖြစ်တာကြောင့် မောင်းနှင်ရအဆိုးဆုံးအချိန်လို့ဆိုကြတယ်။
🚜ဒါပေမယ့် အမေရိကန်မှာရှိတဲ့ NTSHA အဖွဲ့ကြီးရဲ့ ဆယ်နှစ်တာသုသေသနပြုမှုတွေအရ မိုးရွာနေချိန်ဟာ အန္တရာယ်အများဆုံးဖြစ် တယ်လို့ သိရပါတယ်။
NTSHA ရဲ့ ဖော်ပြချက်အရရာသီဥတုကြောင့်ဖြစ်ရတဲ့ မတော်တဆမှုတွေရဲ့
46% ဟာမိုးရွာသွန်းချိန်မောင်းနှင်မှုတွေကြောင့်ဖြစ်ပြီး နှင်းကျချိန်မောင်းနှင်မှုကြောင့် ဖြစ်ရတဲ့ မတော်တဆမှုက 17% သာရှိတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကယာဉ်မောင်းသူအများစုဟာမိုးရွာချိန်မောင်းနှင်မှုကိုပေါ့ပေါ့ဆဆသဘောထားတာကြောင့်ဖြစ်ပြီးမိုးထဲရေထဲမောင်းနှင်ဖို့ ကားမှာလိုအပ်တဲ့ ချိန်ပြုပြင်မှုတွေ၊ စစ်ဆေးမှုတွေ မလုပ်ထားတာကြောင့်ဖြစ်ပါ တယ်။
ဒါကြောင့် ယာဉ်မောင်းတွေအတွက် မိုးရာသီဟာကျန်တဲ့ဥတုကာလတွေထက် ပိုမိုသတိထားဖို့လိုတဲ့အချိန်ဖြစ်ပြီးကားအတွက်လည်းလိုအပ်တဲ့ စစ်ဆေးပြုပြင်မှုတွေ လုပ်ထားရပါလိမ့်မယ်။ မိုးရာသီမှာ အန္တရာယ်ကင်းတဲ့ စီးနင်းမောင်း နှင်မှုတွေဖြစ်စေဖို့ သတိပြူသင့်တဲ့၊ ဆောင်သင့်ရှောင်သင့်တဲ့ အချက်တွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။
မော်တော်ယာဉ်မှာစစ်ဆေးသင့်သည်များ
မိုးရာသီမောင်းနှင်မှုအတွက် စီးတော်ယာဉ်မှာပထမဆုံးစစ်ဆေးကြည့်သင့်တဲ့ အစိတ်အပိုင်းကတာယာတွေပါ။ တာယာတွေ မှာပန်းရဲ့အထူ (Tire Thread) ကိုစစ်ဆေးကြည့်ဖို့လိုသလိုသင့်တော်တဲ့ လေဖိအားရှိ၊ မရှိစစ်ဆေးကြည့်သင့်တယ်။ တာယာပန်းအထူကိုစစ်ဆေးဖို့ အလွယ်ဆုံးနည်းကသွားကြားထိုးတံလိုမျိုးတုတ်တံခပ်ငယ်ငယ်တစ်ခုကိုတာယာပန်း ကြားထည့်ပြီးအတိုင်းအတာကိုမှတ်သား၊ ပြီးရင် တုတ်တံငယ်ပေါ်မှာမှတ်သားထားတဲ့ အတိုင်းအတာကိုပေတံနဲ့ ပြန် တိုင်းကြည့်တာပါ (တခြားအကြွေစေ့နဲ့ တိုင်းတဲ့နည်းတွေလည်းရှိပါတယ်)။ တာယာပန်းရဲ့ အနက်ဟာတစ်လက်မရဲ့ 32 ပုံ 4 ပုံ(< 4/32”)ထက်ကျော်နေဖို့လိုအပ်ပြီး 2/32” လောက်ပဲရှိရင်တော့ အန္တရာယ်မကင်းတော့ပါဘူး။
📍တကယ်လို့ တာယာပန်းရဲ့အနက်ဟာ 1/32” လောက်သာရှိတယ်ဆိုရင် မိုးရာသီမဟုတ်ရင်တောင် အဲဒီ့တာယာကိုလဲလှယ်သင့်ပါတယ်။
📍တာယာရဲ့ လေဖိအားကိုလည်းတစ်လတစ်ခါ စစ်ဆေးပေးသင့်တယ်။
📍မိုးရာသီအတွက် ကားကို ပြင်ဆင်ရာမှာနောက်ထပ် စစ်ဆေးသင့်တာတွေကရေသုတ်တံတွေဖြစ်ပြီးလေကာမှန်ပေါ်မှာ စ နစ်တကျ နေရာကျနခြင်းရှိမရှိ၊ ပုံမှန် အလုပ်လုပ်နိုင်၊ မလုပ်နိုင်တို့ကိုစစ်ဆေးရပါမယ်။ ပုံမှန် အလုပ်မလုပ်တဲ့ လေကာမှန် တွေကိုတော့ ပြင်ဆင်ပေးဖို့လိုတယ်။
📍 နောက်ထပ် ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီး၊ အချက်ပြမီးစတာတွေကိုစစ်ဆေးရမှာဖြစ် ပါတယ်။
မောင်းနှင်ရာမှာသတိပြုသင့်သည်များ
မိုးသည်းထန်စွာရွာနေတဲ့အချိန် လမ်းပေါ်မှာရေတွေရှိတာကြောင့် ကားတာယာနဲ့ လမ်းမျက်နှာပြင်တို့ကြားဆွဲအားနည်းပါးပြီး (ကားခြေကုပ်အားလျော့ကျပြီး) ကားကိုထိန်းရခက်တယ်ဆိုတာကားမောင်းသူတိုင်းသိကြပါတယ်။ ကားတာယာတွေကလမ်းမျက်နှာပြင်ပေါ်မှာ မြဲမြဲမြံမြံရှိနေရမှာဖြစ်ပြီးစိုစွတ်နေတဲ့ ရာသီဥတုကြောင့် ဆွဲအား (Traction) က ပုံမှန် ထက် သုံးပုံတစ်ပုံလောက်အထိလျော့ကျသွားတတ်ပါတယ်။ ဒါကြောင့် စိုစွတ်နေတဲ့အချိန်တွေမှာမောင်းနှင်ရာမှာအမြန် နှုန်းကိုသုံးပုံတစ်ပုံလောက် လျှော့ချမောင်းနှင်သင့်တယ်လို့ ပညာရှင်တွေကအကြံပြုထားပါတယ်။
📌 ဥပမာ - အမြန်နှုန်းကန့်သတ်ချက် 60mph ရှိရင် 40mph လောက်နဲ့ မောင်းတာမျိုးပါ။ မဖြစ်မနေလိုက်နာရမှာမျိုးမဟုတ်ပေမယ့် အန္တရာယ် ကင်းရှင်းဖို့ ဆောင်ထားသင့်တဲ့ အချက်တစ်ချက်ပါပဲ။
📌ပညာရှင်တွေ အကြံပြုထားတဲ့ နောက်အချက်တစ်ခုကရှေ့ကားနဲ့ အကွာအဝေးဖြစ်ပြီးသာမန်ခြောက်သွေ့တဲ့ ရာသီဥတုတွေမှာရှေ့ကားနဲ့ သုံးစက္ကန့်အကွာလောက်မှာမောင်းနှင်သင့်ပါတယ် - ဒီတစ်ချက်ကတော့ ကားကြပ်လွန်းတဲ့ ကျွန်တော် တို့ဆီကလမ်းမတွေမှာအဆင်မပြေလောက်ပါဘူး။
📌မိုးရာသီအတွက် ပြန်ဆက်ရရင် ရှေ့ကားနဲ့ အကွာအဝေးငါးစက္ကန့် လောက် ရှိသင့်ပြီးမိုးရွာနေတဲ့ ညပိုင်းတွေမှာဆိုရင် ခြောက်စက္ကန့်အကွာလောက်မှာရှိသင့်တယ်လို့ ဆိုပါတယ်။ လမ်းကြပ် တဲ့ မြို့တွင်းလမ်းတွေမှာအဆင်မပြေလောက်တဲ့ အကြံပြုချက်ဖြစ်ပေမယ့် အမြန်လမ်းလိုဟိုင်းဝေးလမ်းပေါ်မှာမောင်းနှင် တဲ့အခါ အသုံးတည့်ပါလိမ့်မယ်။
နောက်ပိုင်းထွက်ကားမော်ဒယ်လ်တွေမှာ
📍Crusie Control,
📍Adaptive Cruise Control,
📍Traction Control စတဲ့ အဆင့် မြင့်နည်းပညာတွေ ပါဝင်လာပါတယ်။ မိုးရာသီအတွင်းမောင်းနှင်မှုတွေလုပ်တဲ့အခါ ဒီအဆင့်မြင့်နည်းပညာတွေထဲကတစ် ချို့ဟာကားမောင်းသူကိုအကျိုးပြုနိုင်ပေမယ့် တစ်ချို့ကိုတော့ ချင့်ချိန်အသုံးပြုဖို့ လိုပါလိမ့်မယ်။
🚹အမေရိကန်အမျိုးသား အန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ အကြီးအကဲဖြစ်သူ Debbie Hersmanရဲ့ အဆိုအရမိုးရွာနေချိန်မှာ
📍Cruise Control,
📍Adaptive Cruise Control
📍 Forward Collision Warning စနစ်တွေကိုအရမ်းအားမကိုးသင့်ဘူးလို့ ဆိုထားတယ်။ အကြောင်းကတော့ ဒီနည်းပညာအများစုမှာအာရုံခံကိရိယာ (Sensor) တွေကိုအများဆုံးအသုံးချထားပြီးမိုးရွာနေချိန် (သို့) နှင်းကျနေချိန်တွေမှာဒီကိရိယာတွေရဲ့ အလုပ်လုပ်ပုံကမှားယွင်းနိုင်ချေရှိတာကြောင့်ပါ။
ဥပမာတစ်ခုကိုပြောရရင်
Adaptive Cruise Control စနစ်ဖြစ်ပြီးမောင်းနှင်သူသတ်မှတ်ထားတဲ့အတိုင်းမော်တော်ယာဉ်ရဲ့ အမြန်နှုန်း၊ ရှေ့ကားနဲ့ အကွာအဝေးတွေကိုထိန်းချုပ်ပေးခြင်းအားဖြင့် အကျိုးပြုပေးတယ်။
မိုးရွာနေချိန် ဒီစနစ်ကိုမသုံးဘဲမောင်းနှင် နေစဉ်မှာမတော်တဆတစ်ခုခုကိုတွေ့လို့ လီဗာကနေခြေထောက်ကိုခွာလိုက်ရင် အမြန်နှုန်းအနည်းငယ်ကျသွားပြီးကားရဲ့ အလေးချိန်ကဦးပိုင်းဆီကိုရောက်လာတယ် - ဒီဖြစ်စဉ်ကလိုအပ်လို့ ဘရိတ်နင်းတဲ့အခါ ပိုအဆင်ပြေအောင် ကူညီပေးနိုင်ပါတယ်။ Adaptive Cruise Control ကိုဖွင့်မောင်းရင်တော့ ခြေထောက်ကိုလီဗာကနေခွာလိုက်ပေမယ့် အမြန်နှုန်း က တစ်သမတ်တည်းဖြစ်နေတာကြောင့် ဦးပိုင်းဆီကိုအလေးချိန်ရောက်ပြီးရှေ့ဖက်တာယာတွေ ဆွဲအားပိုကောင်းသွားတာမျိုးကိစ္စလည်း ဖြစ်မလာနိုင်တော့ပါဘူး။
Traction Control စနစ်ကတော့ မိုးရွာနေစဉ်မှာအကျိုးပြုပေးနိုင်တယ်လို့ Hersman က ပြောပါတယ်။ ဒီစနစ်ကမောင်း နှင်သူဟာမိုးထဲရေထဲမှာကားကိုအရှိန်မြှင့်ရင်ဖြစ်စေ၊ ဘရိတ်အုပ်ရင်ဖြစ်စေစိုစွတ်နေတဲ့ လမ်းမပေါ်ကနေချော်မထွက် အောင် ကာကွယ်ပေးနိုင်ပြီးယာဉ်ကိုဆက်လက်ထိန်ကျောင်းလို့ ရစေတယ်။ 2012 ထွက် မော်ဒယ်လ်တွေမှာပါတဲ့
📍Electronic Stability Control (ESC) က ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် ယာဉ်ကိုတည်တည်ငြိမ်ငြိမ်မောင်းနှင်နိုင် အောင် ကူညီပေးပြီး
📍Antilock Braking System (ABS) ဘရိတ် စနစ်တွေကလည်းချော်ထွက်နိုင်တဲ့ အနေအထားတွေမှာရုတ်တရက်ဘရိတ်အုပ်တဲ့အခါ စတီရီယာကိုဆက်ထိန်းနိုင်စေတယ်။ ABS ဘရိတ်စနစ်က Electronic Stability Control (ESC) ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။နည်းပညာတွေနဲ့ ပတ်သတ်လို့ Hersmanရဲ့ နောက်ဆုံးကောက်ချက် ကတော့ ဒီစနစ်တွေ မရှိဘူးလို့ယူဆပြီးယာဉ်မောင်းသူအနေနဲ့ ဂရုတစိုက်မောင်းနှင်တာကအကောင်းဆုံးပါပဲတဲ့။

မိုးရေတွေလွှမ်းနေတဲ့ လမ်းမတွေပေါ် မောင်းနှင်တဲ့အခါ နောက်ထပ် ကြုံတွေ့လာနိုင်ချေရှိတဲ့ကိစ္စတစ်ခုက
🌟Hydroplane ပါ
- အမြန်နှုန်းတစ်ခုနဲ့ ရွေ့လျားနေစဉ်မှာကားတာယာကလမ်းမျက်နှာပြင်နဲ့ မထိတော့ဘဲရေလွှာပေါ် မောင်နေရတာမျိုး ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကတစ်ခါတစ်ရံ 35mph လောက်နဲ့ မောင်းနေရင်တောင် ဖြစ်တတ်ပြီးစတီရီယာတိုင် ပေါ့သွာခြင်းအားဖြင့် Hydroplane ဖြစ်နေပြီလို့ သိနိုင်တယ်။ ဒီလိုအခြေအနေမျိုးဖြစ်လာရင် လီဗာ ကို ဖြည်းဖြည်းချင်းလွှတ်လိုက် သင့်ပါတယ် -
🔝အပေါ်မှာပြောခဲ့သလိုကားရဲ့အလေးချိန်ကဦးပိုင်းဆီရွေ့သွားပြီးရှေ့ဘီးတွေကဆွဲအားပိုကောင်းလာပါ လိမ့်မယ်။ ဒီလိုနည်းနဲ့မှ အဆင်မပြေသေးရင် ဘရိတ်ကို ဖြည်းဖြည်းချင်းနင်းကြည့်ပါလို့ Hersman က အကြံပြုထားတယ်။
💧Hydroplane ဖြစ်နေတဲ့ အခြေအနေမျိုးမှာစတီရီယာရင်ကိုဆွဲချိုးချတာမျိုးမလုပ်သင့်ပါဘူး - ဒီလိုလုပ်ရင် ဘီးတွေကလမ်းမျက်နှာပြင်နဲ့ ပြန်မိတ်ဆက်သွားနိုင်ပေမယ့် ကားကလည်းလမ်းပေါ်ကကျော်ထွက်ပြီးတစ်ခုခုနဲ့ မိတ်ဆက်သွားနိုင် တယ်။
🔚နိဂုံးချုပ်အနေနဲ့ ဆိုရရင် မိုးရွာနေချိန် မောင်းနှင်မှုတွေပြုတဲ့အခါ ဖြစ်လာနိုင်ချေရှိတဲ့ မတော်တဆမှုအများစုကိုယာဉ် မောင်းသူရဲ့
📍ကျွမ်းကျင်လိမ္မာမှု၊
📍စည်းကမ်းလိုက်နာမှု၊
📍ဆင်ခြင်တုံတရာတို့နဲ့ ဖြေရှင်းရှောင်ကွင်းနိုင်ပါတယ်။ မိုးရာသီအတွင်း အန္တရာယ်ကင်းရှင်းစေဖို့ ဖော်ပြခဲ့တဲ့နည်းနာတွေကိုလေ့လာလိုက်နာနိုင်တဲ့အပြင် မောင်းနှင်မှုအပိုင်းမှာပိုမိုကျွမ်းကျင်စေဖို့ အဆင့်မြင့်သင်တန်းတွေတက်ပြီးလေ့လာသင်ယူတာမျိုး၊ အတွေ့အကြုံရှိဝါရင့်ပုဂ္ဂိုလ်တွေဆီမှာဆည်းပူးတာမျိုးတွေလည်းလုပ်နိုင်ပါတယ်။အဆုံးသတ်နှုတ်ဆက်စကား
အနေနဲ့ဆိုရရင်
🔊“မိုးရွာနေစဉ်မှာ ဖြည်းဖြည်းမှန်မှန် မောင်းနှင်ပါ”။
🚘🚘🚘🚘🚘
ကားချစ်သူ
Credit 》》
i.Car Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...