ဘယ်လောက် ရှုပ်လိုက်တဲ့ လောကကြီးလဲလို့...
ကျောက်သင်ပုန်း
ကျွန်တော့်မှာ ဘဏ်အပ်ငွေ ဆယ်သိန်းရှိတယ် ဆိုပါတော့...
တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အတိုး ၈ ရာခိုင်နှုန်းရလို့ ပြန်ထုပ်လိုက်တဲ့အချိန်မှာ ဆယ်သိန်းနဲ့ ရှစ်သောင်း ရပါလေရော...

ဪ... ဘဏ်မှာ အပ်ထားရတာ စိတ်လည်းချရ အတိုးလည်းရ တယ်ဟုတ်ပါလားလို့ ထင်နေတာပေါ့လေ...
မနှစ်က ကျွန်တော့်မှာရှိတဲ့ ငွေဆယ်သိန်းဟာ ဒေါ်လာ တစ်ထောင်နဲ့ ညီမျှတယ်ဗျ...
ဒါပေမယ့် အခုရလာတဲ့ ဆယ်သိန်းရှစ်သောင်းကျတော့ ငွေလဲလိုက်တာ ဒေါ်လာကိုးရာပဲ ရတော့တယ်...
ကျွန်တော့် ဒေါ်လာတစ်ရာ ဘယ်ရောက်သွားမှန်း မသိလိုက်ဘူး...
ဒီပြဿနာရဲ့ အဖြေက အမှန်တကယ် အတိုးနှုန်း (real interest rate) ပါ...
Real Interest Rate ရဲ့ ပုံသေနည်းကို မပြောခင်မှာ Norminal Interest Rate နဲ့ Inflation Rate အကြောင်း အရင်မိတ်ဆက်ချင်တယ်...
Norminal interest rate ဆိုတာ ကိုယ်မျှော်လင့်ထားတဲ့၊ ကိုယ်သတ်မှတ်ထားတဲ့ အတိုးနှုန်းပါပဲ...
ဥပမာ - ဘဏ်တိုး၊ ရွှေပေါင်အတိုး၊ ROI (return on investment) အရင်းအပေါ်က ရတဲ့အမြတ်
Inflation Rate ကတော့ ငွေဖောင်းပွနှုန်းပါ... အရင်နှစ်က ငွေတစ်ရာနဲ့ ကြက်ဥတစ်လုံး ဝယ်လို့ရရင် အခုနှစ် ငွေတစ်ရာ့ငါးဆယ်မှ ကြက်ဥတစ်လုံးရရင် ငွေဖောင်းပွနှုန်း ၅၀% နှုန်းပါ...
အခု အဖြစ်အပျက်မှာ ဘဏ်တိုးနှုန်းက ၈ ရာခိုင်နှုန်း ရှိပါတယ်... ငွေဖောင်းပွနှုန်းကတော့ တစ်ဒေါ်လာကို ငွေတစ်ထောင်ကျပ်နှုန်းကနေ တစ်ဒေါ်လာကို ထောင့်နှစ်ရာနှုန်းဖြစ်သွားလို့ ၂၀ ရာခိုင်နှုန်းပါ...
ပြဿနာရဲ့ အဖြေ Real Interest Rate ကို တွက်ကြည့်ရအောင်ပါ...
Real interest rate = Norminal Interest rate - inflation rate
အမှန်တကယ် ကိုယ်အတိုးရတဲ့နှုန်းကို လိုချင်ရင် ကိုယ်ရတဲ့ အတိုးနှုန်း (ဘဏ်တိုး ၈%) ထဲကနေ ငွေဖောင်းပွနှုန်း (Inflation rate) ၂၀% ကို နှုတ်ရပါတယ်...
ဆိုတော့ ကျွန်တော့်ငွေ ဆယ်သိန်းအတွက် အမှန်တကယ်ရတဲ့ အတိုးနှုန်းက
ဘဏ်တိုး - ငွေဖောင်းပွနှုန်း ပါ...
၈ - ၂၀ = - ၁၂ (အနှုတ် ၁၂ ရာခိုင်နှုန်းပါ)
ဒီအတွက် ဘဏ်မှာ ငွေဆယ်သိန်းအပ်ထားတဲ့အတွက် တစ်နှစ်ကြာတဲ့အခါမှာ ကျွန်တော် ရှစ်သောင်း အမြတ်ရတာ မဟုတ်ပါဘူး...
မြန်မာငွေ ကျပ်ဆယ်သိန်းအပ်တဲ့အတွက် ကျပ်ဆယ်သိန်းရှစ်သောင်း ပြန်ရပေမယ့်
ဒေါ်လာသာဆိုရင် ဒေါ်လာတစ်ထောင်ကနေ ဒေါ်လာကိုးရာ ဖြစ်သွားတာပါ...
ဘာမှမလုပ်ရပါဘဲ ကျွန်တော် ၁၂ ရာခိုင်နှုန်း အရှုံးပေါ်ပါတယ်...
ကဲ ဘယ်လောက် ရှုပ်လိုက်တဲ့ လောကကြီးလဲလို့... :-D
Credit to : Kaung Myat Bo

0 comments:
Post a Comment