Wednesday, August 17, 2016

If Clause နှင့် အကျုံးဝင်သော ပုံစံခွဲများကိုလေ့လာခြင်း (၂)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

..............................................................
(7) UNLESS : မပြုသော်/လျှင် ၊ မဖြစ်သော်/လျှင်
.
Unless is followed by an affirmative verb to express "if ... not"
Unless ကို If.. not အစားသုံးနိုင်ပါတယ် ၊ Unless နောက်မှာ အငြင်းကြိယာမလိုက်ရပါဘူး ၊
not ရဲ့ သဘော အကျုံးဝင်ပြီးဖြစ်ခြင်း un- ပါခြင်းတို့ကြောင့် အငြင်းအဓိပ္ပါယ်ပါပြီးဖြစ်ပါတယ် ၊ အငြင်းဓိပ္ပါယ်အတိုင်းပဲ ပြောချင်လျှင် Not ထပ်ပေါင်းဖို့ မလိုပါဘူး ။


.
(7.1) I CAN'T stand up UNLESS you help me.
( = I can't stand up if you don't help me.)
ခင်ဗျား မကူညီလျှင် ကျနော်မတ်တပ် မရပ်နိုင်ပါဘူး ။
(ကူညီလျှင် ရပ်နိုင်မယ် ..ဆိုတာနဲ့အတူတူပါပဲ ၊ ဒီမှာ အငြင်းဝါကျပိုင်းနှစ်ခု can’t ..unless ထပ်ထားပြီး double negative ကနေ positive ကို ပြန်ရောက်တာဖြစ်ပါတယ် ၊ Unless you help me, ဆိုတဲ့ clause တစ်ပိုင်းထဲဆိုလျှင် negative သဘောအတိုင်းပဲ ရှိပါတယ် ။ ဆိုချင်တာက Unless you DON’T help me, လို့ မရေးသင့်ဘူး ဆိုတာကို သတိပြုစေချင်တာဖြစ်ပါတယ်)
.
(7.2) UNLESS he was very ill, he would be at work.
( =If he wasn't very ill, he would be at work.)
သူအလွန်နေမကောင်း မဖြစ်ခဲ့သော် အလုပ်မှာပဲ ရှိနေလိမ့်မယ်
.
~ အင်္ဂလိပ်ဝါကျတွေမှာ အများအားဖြင့် ..
Main verb တွေက ပြုလုပ်ကြောင်းကို ပြပါတယ်
V-be အပါအ၀င် Linking verb တွေက ဖြစ်ကြောင်း နဲ့ ရှိကြောင်း(တည်ရှိကြောင်း) ကိုပြပါတယ်။
ပထမ၀ါကျမှာ stand, help စသည်တို့က လုပ်ကြောင်းပြနေပါတယ် ..
ဒုတိယ၀ါကျမှာ was ill ဖြစ်ကြောင်းပြနေပါတယ် ၊ be at work တည်ရှိကြောင်းပြနေပါတယ်..
.
အဲဒါကြောင့်မို့ အထက်မှာ unless ကို အဓိပ္ပါယ်ပေးတော့ ပြု နဲ့ ဖြစ် နှစ်မျိုးပါအောင် ပေးခဲ့တာဖြစ်ပါတယ် ။
....................................................
(8) BUT FOR : မပါခဲ့လျှင်
.
This expression means "without". It is used in second and third conditionals and is usually followed by a noun phrase:
But for ကတော့ without ကဲ့သို့ အဓိပ္ပါယ်ရှိပြီး if pattern 2,3 တို့မှာသုံးလေ့ရှိပြီး သူ့နောက်မှာ noun phrase အမြဲလိုက်ရပါတယ် ။
.
(8.1) BUT FOR your help, I would have been in big trouble.
( =Without your help... / If you hadn't helped me...)
ခင်ဗျားရဲ့ အကူအညီ မပါခဲ့လျှင် ကျနော် ဒုက္ခ အကြီးအကျယ်ကြုံတွေ့နေခဲ့မှာပဲ
(ဒုက္ခက တကယ်မကြုံခဲ့ရပါဘူး ၊ စိတ်ကူးနဲ့ တွေးကြည့်တာ)
.............................................
(9) IF IN DOUBT : သံသယရှိလျှင်
.
We can make the if-clause shorter by omitting the subject and the verb be:
Subject နဲ့ verb ကိုမြှုပ်ထားပြီး If clause ကို အတိုချုပ်လို့ရပါတယ် ..
.
(9.1) IF (you are) IN DOUBT, consult a dictionary.
သံသယရှိလျှင် အဘိဓါန်နဲ့ ညှိနှိင်းပါ ( အဘိဓါန်မှာကြည့်ပြီး စစ်ဆေးပါ)
...............................................
(10) IF POSSIBLE : ဖြစ်နိုင်လျှင်, IF NECESSARY : လိုအပ်လျှင်
In certain idiomatic expressions, the subject and be are normally omitted:
အချို့သော အသုံးအနှုန်းများမှာတော့ ပုံမှန်အားဖြင့် Sub နဲ့ V-be ကို မြှုပ်ထားလေ့ရှိပါတယ်
.
(10-1) IF NECESSARY, you can call Jake at home.
လိုအပ်လျှင် Jake ကို အိမ်ထိခေါ်လို့ရပါတယ်
.
(10-2) I'd like a seat by the window IF POSSIBLE.
ဖြစ်နိုင်လျှင် ပြတင်းပေါက်ဘေးကပ်လျှက်က ထိုင်ခုံနေရာကို လိုချင်ပါတယ်
.
(မြှုပ်ထားတဲ့ပုံစံက သုံးနေကျပုံစံဖြစ်တယ် ၊ grammar form ကို မြင်အောင်ကြည့်လျှင် ဖြည့်ပြီးမြင်ရပါမယ်)
...........................................................................
(11) IF SO : အဲလို ဖြစ်လျှင် လုပ်လျှင် .. IF NOT : အဲလိုမဖြစ်လျှင် ၊ မဟုတ်လျှင်
.
If so and if not can stand for an if-clause which is understood from the context:
If so နဲ့ If not ဟာ စာကြောင်း (ဆက်စပ်အကြောင်းအရာ) ကနေ သူတို့ဘာကို ရည်ညွှန်းသလဲဆိုတာ အလွယ်တကူ နားလည်နိုင်လျှင် If clause တစ်ခုလုံးကို ကိုယ်စားပြုဖေါ်ပြနိုင်ပါတယ်
.
(11-1) Are you coming? IF SO, I'll wait.
ခင်ဗျား လာတော့မှာလား ၊ အဲလိုဖြစ်လျှင် (လာမယ်ဆိုလျှင်) ကျနော် စောင့်ပါမယ်
.
(11-2) I hope Peter gets here soon. IF NOT, we'll have to start without him.
ပီတာက ဒီကို မကြာခင်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ် ၊ အဲလိုမဖြစ်လျှင် (ရောက်မလာလျှင်) ကျနော်တို့က သူမပါဘဲနဲ့ စတင်ရပါလိမ့်မယ်
.
တကယ်လို့ မေးခွန်းရဲ့ အဖြေဟာ yes/no နှစ်ခုပဲ ဖြစ်နိုင်ပြီး အဲဒီ အဖြေကို ပြန်ညွှန်းပြောဆိုလိုလျှင်တော့ If yes, If no တို့ကို သုံးလို့ရပါတယ် ။ အများအားဖြင့် ဖြည့်သွင်းရတဲ့ပုံစံတွေမှာ မေးခွန်းနဲ့ ကိုက်ညီလျှင် ဘာဆက်လုပ်ပါ ၊ မကိုက်ညီလျှင် ဘာဆက်လုပ်ပါ ..စသည်ဖြင့် ညွှန်ကြားတတ်ပါတယ် ..
..
(11.3) Do you enjoy learning English in our group?
IF YES, please tell us about your experience.
IF NO, you can give some advice to us about what to do.
ကျနော်တို့ Group မှာ အင်္ဂလိပ်စာလေ့လာရတာ ကြည်နူးပျော်ရွှင်ပါရဲ့လား
ဟုတ်ကဲ့..ဆိုလျှင် ခင်ဗျားရဲ့ အတွေ့အကြုံလေးတွေ ကျနော်တို့ကို ပြောပြပါ
ဟင့်အင်း .. ဆိုလျှင် ဘာလုပ်ရမယ်ဆိုတာ ကျနော်တို့ကို အကြံညာဏ်တချို့ ပေးနိုင်ပါတယ် ..စသည်ဖြင့်
.
If yes, If no နေရာမှာ If so, If not တို့ကို သုံးလျှင်လည်း ရပါတယ် ၊ သို့သော် အပြန်အလှန်အားဖြင့်
If so, If not နေရာမှာ If yes, If no တို့ကိုသုံးလို့မရပါဘူး ။ If so, If not တို့ဟာ ရှေ့က clause မှာဖေါ်ပြတဲ့ အကြောင်းအရာအတိုင်းဖြစ်လျှင် ဆိုတဲ့သဘောကိုညွှန်းပြီး if yes, if no ကတော့ အဖြေ yes, no ကိုပဲ ပြန်ညွှန်းပြီး ပြောတာဖြစ်လို့ပါ ။
............................................................
(12) IN CASE : လိုရမည်ရ ၊ လိုသော်ရှိမလိုသော်ရှိ
.
An in case-clause gives a reason while an if-clause describes a condition:
အကြောင်းပြချက်ပေးဖို့အတွက် if နေရာမှာ in case ကိုသုံးပြီး ပြောဆိုနိုင်ပါတယ် ။ if နဲ့ in case ကွဲပြားပုံလေးကိုပါ တစ်ခါတည်း ရှင်းပေးလိုက်တယ် ။
.
(12-1) I'll buy a sandwich IN CASE I get hungry.
ကျနော်ဆာလိုဆာငြား လိုရမယ်ရ အသားညှပ်ပေါင်မုန့် ၀ယ်ပါမယ်
(ဆာသည်ဖြစ်စေ မဆာသည်ဖြစ်စေ ၀ယ်တော့ဝယ်ထားမယ် ဆိုတဲ့သဘောပါပဲ)
.
(12-2) I'll buy a sandwich IF I get hungry.
ကျနော် ဆာလာလျှင် အသားညှပ်ပေါင်မုန့် ၀ယ်ပါမယ်
(ဆာမှပဲ ၀ယ်မယ် ၊ မဆာလျှင် မ၀ယ်ပါဘူး)
.................................................
ဒီလိုမျိုး အကျုံးဝင်တဲ့ သုံးစွဲပုံလေးတွေ ရှိပါသေးတယ် ၊ ဖြည်းဖြည်းချင်းစုပြီးမှ ထပ်တင်ပေးပါဦးမယ် ၊ အခုတော့ ဒီလောက်နဲ့ ခဏနားလိုက်ပါရစေလို့ ..
..
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...