Saturday, August 13, 2016

အကြည်တော်ပြောတဲ့ မန်းသူရဲ့ ကျနော်



ဪ...မန္တလေးသူတွေ "ကျွန်တော်....ကျွန်တော်" နဲ့ပြောတာဘာကြောင့်လဲ " အကြည်တော် "ပြောမှပဲသိရတယ်.......😄😆
မင်းတုန်းမင်းကြီပေါ့...သိကြတဲ့အတိုင်းမိဖုရား၅၀၀နဲ့စံစားတာလေ......
ထို့အပြင်တောင်..၅၀၀နဲ့မလုံလောက်ပဲ
သူစက်တော်ခေါ်နေတုန်အခန်းရှေ့ကခြေသံကြားတိုင်း..

"ဟဲ့..ဘယ်သူတုန်း;;;;" ဟုလှမ်းလှမ်းပြီမေးတယ် ။။။။

-ရံရွေတော်တွေက
"ကျမပါရှင့်"
ဆိုလျှင်..အသံသြကြီးနှင့်
"ကျမဆို ဝင်ခဲ့လေကွယ် ... ဟီးဟီး"
လုပ်တတ်လွန်းတော့ ရံရွေတော်တွေလဲ
စိတ်ညစ်ကြတာပေါ့.......
မင်းကြီးရှေ့ခြေဖွဖွပင်ဖြတ်မလျှောက်ရဲ...လျှောက်လိုက်လို့ကျမ်းပြင်က"ကျွီ"ခနဲ
မြည်သွားရင်တောင်,,,,
"ဟဲ့ ဘယ်သူတုန်းးး"
ဆိုပြီးမေးတော့ ရံရွေတော်တွေလဲဘုရင်က
မေးတော့ဖြေရတာပေါ့
"ကျမပါ ရှင့်"
"ကျမဆို လာခဲ့အုံးကွဲ့!!!!!"
ထိပါများတော့ရံရွေတော်တွေလဲအထဲမဝင် ကြရအောင်တိုင်ပင်ကြတယ်....နောက်ဆုံးမှာအ
ဖြေတခုထွက်လာပြီး အရဲစွန့်ကြည့်ဖို့ဆုံး
ဖြတ်လိုက်ကြတယ်..............
ထိုအရာကားမင်းကြီးအခန်းရှေ့ဖြတ်လျှောက်
တဲ့အခါ အရင်လိုခြေမဖွပဲခြေသံခတ်ပြင်းပြင်း
နဲ့လျှောက်ကြည့်ကြတယ်....ထုံးစံအတိုင်း
"ဟဲ့...ခြေသံပြင်းပြင်နဲ့...ဘယ်သူတုန်း!!"
ဆိုပြီးလုပ်ကြန်ရော...အဲ့ဒီမှာ ရံရွေတော်လေးကအရဲစွန့်ပြီး အသံလေးပါသြပြီး.......
"ကျွန်တော် ပါမင်းကြီး"
ထိုအခါမင်းကြီလည်း စိတ်မသက်မသာအသံ
ကြီးနဲ့........
" ကျွန်တော်ဆိုသွား ကျွန်တော်ဆိုရင်သွား "
ဆိုကာမှရံရွေတော်တွေလဲ လွတ်လပ်စွာသွား
လာနိုင်ကြတော့သတဲ့.....
အကြံအောင်မြင်သွားကြတဲ့ရံရွေတော်တွေလဲ
အခန်းရှေ့ဖြတ်လျှောက်တိုင်း ခြေကျင်းကြီး
တွေဝတ်ပြီးတဒုံးဒုံးနဲ့ဖြတ်လျှောက်ကြတော့
တယ်တဲ့.... မင်းကြီးကတော့အသံကြားရင်
"ဟဲ့ ... ဘယ်သူတုန်း "
"ကျွန်တော် ......ကျွန်တော် "
" အေး ... ကျွန်တော်ဆိုရင် လစ်ချင်သလိုသာ
လစ်လိုက်တော့"
ဤသို့ဖြင့်....မန္တလေးသူများသည်
" ကျွန်တော် ...ကျွန်တော် " ဟုပြောဆိုသော
အမူအကျင့်နှင့် ခြေကျင်းဝတ်သောအလေ့အထ ထိုအချိန်ကစသည်ဟူ၏ ............
( မယုံလျှင် ပုံပြင်ဟုမှတ်ပါ )
Credit to : အကြည်တော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...