အပြစ်မဲ့သောသူခိုးများ
ဖြိုး သုတ ·
့တစ်ဖဲ့ကို ခိုးယူမိခဲ့ပါသတဲ့..။ အဲဒီလို သူဆင်းရဲရဲ့ ခိုးဝှက်ခြင်းကို မြင်ကြတဲ့အခါ ဈေးထဲက လူတွေ၊ မြို့ကလူတွေဟာ သူဆင်းရဲကို ၀ိုင်းဝန်းဖမ်းဆီးရိုက်နှက် ကြပြီး မြို့စားမင်းထံကို အပ်နှံကြပါသတဲ့..။
အဲဒီလို မြို့စားမင်းထံကို ရောက်တဲ့အခါ မြို့စားမင်းက သူဆင်းရဲကို ဒီလိုပြောခဲ့တယ်။
"မင်းဟာ ဘ၀ရှင်မင်းတရားကြီးချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်သူ ငမိုက်သားပဲ။ ဒါကြောင့် မင်းဟာ ကြိုးပေးပြီးသေဒဏ် စီရင်ခြင်းခံရမယ်"
-
အဲဒီလို မြို့စားမင်းရဲ့အမိန့်ကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောတယ်
-
"ကျွန်တော်မျိုးဟာ အင်မတန်ဆင်းရဲလှပါတယ်။ တွယ်တာစရာ ပူပင်စရာ မိသားစုတစ်စုံတစ်ရာလည်း မရှိသူဖြစ်ပါတယ်။ ဒါကြောင့် သေဒဏ်ကျခံရလည်း ကျွန်တော်မျိုးအတွက် အကြောင်းမဟုတ်ပါဘူးလေ။ ဒါပေမယ့်လည်း ကျွန်တော်မျိုး တစ်သက်လုံး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကိုတော့ မသေခင်မှာ တစ်စုံတစ်ယောက်ကို ပြောသွားချင်ပါတယ်"
-
အဲဒီအခါ မြို့စားဟာ သူဆင်းရဲရဲ့ လျှို့ဝှက်ချက်ကို သိချင်လာတယ်။
-
"မောင်မင်းမှာ ဘာလျှို့ဝှက်ချက်ရှိလဲ" လို့ မေးတယ်။ အဲဒီအခါ သူဆင်းရဲက
-
"ကျွန်တော်မျိုးမှာ အင်မတန်ထူးဆန်းတဲ့အတတ်ပညာရှိပါတယ်။ အဲဒီအတတ်ပညာကတော့ တလည်းစေ့ တစ်လုံးကို မြေကြီးထဲမှာမြှုပ်လိုက်ပြီးတဲ့နောက် ညတွင်းချင်း အပင်ပေါက်ပြီး ကြီးထွားလာအောင် လုပ်တဲ့အတတ်ပညာဖြစ်ပါတယ်။ အဲဒီအတတ်ပညာကို ကျွန်တော်မျိုးကြီးဟာ ဘုရင်ကြီးရဲ့ရှေ့မှောက်မှာ ပြသချင်ပါတယ်။ အဲဒီအခွင့်အရေးပြီးရင်တော့ ကျွန်တော်မျိုးကို စိတ်တိုင်းကျ သတ်ဖြတ်အပြစ်ပေးပါတော့" လို့တောင်းဆိုလိုက်တယ်။ အဲဒီလို သူဆင်းရဲရဲ့ စကားကို ကြားတဲ့အခါ မြို့စားမင်းက
-
"ကောင်းပြီလေ၊ ဒါဖြင့် မင်းကို နောက်ဆုံးအခွင့်အရေးပေးတဲ့အနေနဲ့ မင်းတရားကြီးရှေ့မှောက်ကို ခေါ်ဆောင်သွားပေးမယ်" လို့ကတိက၀တ်ပြုလိုက်တယ်။
-
အဲဒီနောက်မှာတော့ မြို့စားဟာ ဘုရင်ကြီးရဲ့ရှေ့ကို ၀င်ရောက်ပြီးအကြောင်းစံလျှောက်တင်တယ်။ မြို့စားရဲ့လျှောက်တင်ချက်ကို ကြားပြီးတဲ့အခါ ဘုရင်မင်းကြီးက သူ့ရဲ့အပါးမှာ အမြဲတမ်းခစားလေ့ရှိတဲ့ အမတ်ချုပ်ကြီး၊ ဘဏ္ဍာစိုးကြီးနဲ့ မြို့စားကြီးကို ခေါ်ဆောင်ပြီး ဘုရင့်ဥယျာဉ်တော်ရဲ့ တလင်းပြင်ကို ထွက်လာခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ဘုရင်ကြီးဟာ သူဆင်းရဲကို အစောင့်အကြတ်တွေနဲ့ခေါ်ဆောင်လာစေတယ်။ အတုပ်အနှောင်ကို ဖြေလျှော့စေပြီး တလင်းပြင်မှာနေရာယူစေတယ်။ အဲဒီနောက်မှာတော့ ဘုရင်ကြီးဟာ သူဆင်းရဲရဲ့ လျှို့ဝှက်အပ်တဲ့ အတတ်ပညာကို ပြသစေတယ်။
-
တစ်ခါက အင်မတန်ဆင်းရဲနုံချာလှတဲ့ သူဆင်းရဲတစ်ယောက်ဟာ ငတ်မွတ်လွန်းလှတဲ့အတွက် ဈေးထဲက ပေါင်မုန့်ဆိုင်ကနေ ပေါင်မုန်

သူဆင်းရဲဟာ ဘုရင့်ဥယျာဉ်တော်ရဲ့တလင်းပြင်မှာ ကျင်းတစ်ခုကို တူးတယ်။
အဲဒီနောက်မှာတော့ သူ့ခါးကြားထဲမှာ ထည့်ထားတဲ့ တလည်းစေ့ ကို လက်မှာကိုင်ပြီး
ဂါထာတစ်မျိုးကို စတင်ရွတ်ဖတ်တယ်။ အဲဒီနောက်မှာတော့ သူဟာ ဘုရင်ကြီး၊
အမတ်ချုပ်ကြီးနဲ့ ဘဏ္ဍာစိုးကြီးဘက်ကို လှည့်ပြီး ဒီလိုပြောခဲ့တယ်။
-
"ခုကျွန်တော်မျိုးရာဇ၀တ်သားရဲ့ အစီအရင်ပြီးဆုံးပါပြီအရှင်တို့။ ကျွန်တော်မျိုးလက်ထဲက တလည်းစေ့ဟာ သိဒ္ဓိဝင် တလည်းစေ့ဖြစ်သွားပါပြီး။ အဲဒီတလည်းစေ့ကို ခိုးမှု မကျူးလွန်ဘူးတဲ့ အပြစ်ကင်း ဖြူစင်သူ စိုက်ပျိုးလိုက်တာနဲ့ နေ့ချင်းညချင်း အပင်ပေါက်ကြီးထွားလာမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရေးပါအရာရောက်တဲ့ နေရာကို ယူထားကြသူတွေဟာ အင်မတန် ဖြူစင်မြင့်မြတ်သူတွေဖြစ်မှာပါ။ ကျွန်တော်မျိုးလို သူခိုးတစ်ယောက်ကတော့ ခိုးမှုကျူးလွန်ပြီးဖြစ်တဲ့အတွက် စိုက်ပျိုးလို့မရတော့ပါဘူး။ အဲဒီတော့ ဒီတလည်းစေ့ကို မခိုးဘူးတဲ့အရှင်တို့သာ ဆောင်ယူပြီးစိုက်ပျိုးကြပါတော့"
-
အဲဒီနောက်မှာတော့ သူဆင်းရဲဟာ တလည်းစေ့ကို အမတ်ချုပ်ကြီးလက်ထဲကို ထည့်လိုက်တယ်။ အမတ်ချုပ်ကြီးရဲ့ မျက်နှာဟာ မလုံမလဲဖြစ်လာပြီး ကြောက်ရွံ့လာတယ်။ အဲဒီနောက်မှာတော့ အမတ်ချုပ်ကြီးက ဘုရင်ကြီးကို ဒီလိုလျှောက်တင်လိုက်တယ်
-
"ကျွန်တော်မျိုး ရှက်ရှက်နဲ့ဝန်ခံပါရစေဘုရား။ ကျွန်တော်မျိုးငယ်စဉ်က ကစားဖော်တစ်ယောက်ရဲ့ ထွေပြားကို ခိုးယူထားခဲ့ဘူးပါတယ်၊ အဲဒီတော့ ကျွန်တော်မျိုးဟာ ဖြူစင်သူမဟုတ်ပါဘုရား"
-
အဲဒီလိုနဲ့ အမတ်ချုပ်ကြီးဟာ တလည်းစေ့ကို ဘဏ္ဍာစိုးကြီးထံကို လက်ဆင့်ကမ်းလိုက်တယ်။ ဘဏ္ဍာစိုးကြီးဟာလည်း လိပ်ပြာမလုံတဲ့အမူအရာနဲ့ဒီလိုပြောပြန်တယ်
-
"ကျွန်တော်မျိုးဟာ ဘုရင့်ဘဏ္ဍာကို ကိုင်တွယ်ထိန်းသိမ်းနေရသူဆိုတော့ တစ်ခါက ဒင်္ဂါးပြားတစ်ပြားကို အိပ်ထဲကို ဆောင်ယူလာမိပါတယ်ဘုရား၊ အရှင်အပြစ်ပေးရင်လည်းခံရမှာပါပဲ။ ကျွန်တော်မျိုးဟာလည်း ခိုးမှုကျူးလွန်သူပါဘုရား"
အဲဒီလိုနဲ့ ဘဏ္ဍာစိုးကြီးဟာ တလည်းစေ့ကို ဘုရင်ကြီးလက်တော်ထဲကို ထည့်ပေးလိုက်တယ်။ အဲဒီအခါမှာလည်း ဘုရင်ကြီးက
-
"ငါကိုယ်တော်လည်း ခိုးမှုကျူးလွန်ခဲ့ဘူးတာပဲ မင်းကြီးတို့ရဲ့။ ငါကိုယ်တော် အိမ်ရှေ့စံဘ၀က ဖခမည်းတော်ရဲ့ လည်ဆွဲကို မပြောဘဲ ယူဆောင်ဆင်မြန်းခဲ့မိတယ်။ ဖခမည်းတော်က ခွင့်လွှတ်တော်မူလို့ ဒီလိုထီးနန်းအရိုက်အရာစံစားခွင့်ရခဲ့တာပဲ"
-
အဲဒီလို ဘုရင်ကြီး၊ ဘဏ္ဍာစိုးကြီးနဲ့ အမတ်ချုပ်ကြီးရဲ့စကားတွေကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောခဲ့တယ်။
-
"အရှင်တို့ အရှင်တို့ဟာ ရွှေ၊ ငွေ၊ စည်းစိမ် ပြည့်စုံပါရက်နဲ့ ခိုးမှုကျူးလွန်ခဲ့ကြသူတွေဖြစ်တယ်။ အရှင်တို့ဟာ ခိုးမှုကျူးလွန်ပါရက်နဲ့ အပြစ်ဒဏ်တစ်စုံတစ်ရာမှ ကျခံရခြင်း၊ ခံစားရခြင်း မရှိခဲကြဘူး။ ကျွန်တော်မျိုးလို သူဆင်းရဲဟာ ငတ်လွန်းမက ငတ်တဲ့အတွက် တစ်နပ်စာမျှတောင်မရှိတဲ့ ပေါင်မုန့်လေးတစ်ဖဲ့ကို ခိုးယူစားသောက်မိခဲ့တာပဲဖြစ်တယ်။ အဲဒီပေါင်မုန့်တစ်ဖဲ့ကို စားသောက်မိတဲ့အတွက် လူအများရဲရိုက်ပုတ်ခြင်းကိုလည်း မချိမဆံ့ ခံခဲ့ရသေးတယ်။ အဲဒီအပြင် အခု မင်းတရားကြီးရဲ့ ဥပဒေအရ သေဒဏ်တောင်ကျခံရတော့မယ်။ အဲဒီအဖြစ်ကို ဆင်ခြင်စဉ်းစားပေးတော်မူကြပါဘုရား။ ကျွန်တော်မျိုးကြီးလို သူဆင်းရဲ အငတ်တစ်ယောက်တောင် သေဒဏ်ကို ခံရသေးရင် တိုင်းပြည်ကို အုပ်ချုပ်၊ တရားသဖြင့် စီရင်တတ်တဲ့ အရှင်တို့လို လူတွေက ပိုပြီးကျခံရမှာမဟုတ်ဘူးလား"
-
အဲဒီလို သူဆင်းရဲရဲ့စကားကို ကြားတဲ့အခါ ဘုရင်ကြီးဟာ အင်မတန်မှ သတိသံဝေဂရခဲ့တယ်။ သူဆင်းရဲကို အပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး အပါးတော်မြဲအမတ်အဖြစ် ခန့်အပ်ပြီးမြို့တစ်မြို့ကိုလည်း အပိုင်စားပေးတော်မူခဲ့တော့တယ်။
-
ဒီပုံပြင်လေးက ကျွန်တော်တို့ကို သတိပေးထားတာတွေရှိတယ်။ ကျွန်တော်တို့တွေဟာ ဘုရင်ကြီး၊ အမတ်ချုပ်ကြီး နဲ့ဘဏ္ဍာစိုးလို လူစားတွေဖြစ်တယ်လို့ဆိုတယ်။ မိမိရဲ့ ခိုးဝှက်တတ်ခြင်းဆိုတဲ့ အပြစ်ကိုမမြင်ကြဘဲ သူဆင်းရဲရဲ့ ငတ်မွတ်ခြင်းကြောင်းခိုးဝှက်မိတဲ့ ပေါင်မုန့်တစ်ဖဲ့ကိုတော့ နမူနာစံပြအဖြစ် သေဒဏ်ပေးချင်ကြသူတွေဖြစ်တယ်။ သူဆင်းရဲဟာ ပေါင်မုန့်တစ်ဖဲ့ကြောင့် ရိုက်ပုတ်ခြင်းခံရသလို၊ ကျွန်တော်တို့တွေဟာလည်းပဲ တပါးသူရဲ့ သေးငယ်သောအပြစ်ကို ဝေဖန်ရှုံ့ချဖို့၊ အပြစ်သားတစ်ယောက်အဖြစ် နှိမ်ချဆက်ဆံဖို့၊ ဘ၀တစ်ခုလုံးကို သတ်ပစ်ဖို့ ၀န်မလေးကြသူတွေပဲဖြစ်တယ်။ တစ်ဖက်သားရဲ့ ငတ်မွတ်ဆာလောင်ခြင်းကို ခွင့်လွှတ်ခြင်း၊ ဂရုဏာထားပေးကမ်းခြင်း၊ မိမိရဲ့ ပိုလျှံနေတဲ့ ပေါင်မုန့်တစ်ဖဲကို ပေးကမ်းကျွေးမွေးဖို့ကို မေ့လျော့ပစ်ပယ်ထားကြပြီး သေးငယ်သောအပြစ်ကိုသော်မှ စာနာခြင်းကင်းစွာ နှိပ်စက်ချင်၊ ပုံကြီးချဲ့ချင်တဲ့ စိတ်ယုတ်မာရှိသူများပဲဖြစ်တယ်။ တစ်နည်းအားဖြင့် အတ္တကိုသာ ဖက်တွယ်ထားတတ်တဲ့အပြင် ကိုယ်ချင်းစာတရားမရှိကြသူတွေပဲဖြစ်လာကြပြန်တယ်
-
ကျွန်တော်တို့ရဲ့ လူ့လောကကြီးဟာလည်း ဒီပုံပြင်ထဲကလို တရားမျှတခြင်းကင်းမဲ့တဲ့ သတ်မှတ်ပြဌာန်းချက် ဥပဒေတွေနဲ့ ပြည့်နှက်နေတယ်လို့ဆိုတယ်။ သူဆင်းရဲရဲ့ ခိုးဝှက်ခြင်းဟာ သေဒဏ်ကျခံရပေမယ့်၊ ဘုရင်ကြီးရဲ့ခိုးဝှက်ခြင်းကတော့ ခွင့်လွှတ်ခြင်းနဲ့ထိုက်တန်နေသလို ကျွန်တော်တို့ကျင်လည်ရာ လောကကြီးရဲ့ "အပြစ်"အပေါ် သတ်မှတ်ခြင်းတွေဟာ လူပေါ်မူတည်ပြီး မြေနိမ့်ရာလှံစိုက်လေ့ရှိကြပြန်တယ်။ ငတ်မွတ်နေတဲ့ ကလေးငယ်တစ်ယောက်အတွက် အပြစ်ပေးခြင်းဟာ ဘ၀တစ်ခုလုံးသိမ်ငယ်နိမ့်ကျသွားလောက်အောင်ပြင်းထန်နေကြသလို၊ အများသူငါရဲ့ထမင်းလုတ်တွေကို လုယူကြီးပွားသူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိနေတတ်ကြပြန်တယ်။ သဘောကတော့ ကိုယ့်ကိုယ်ကို သာ ဗဟိုပြုစဉ်းစားတတ်တဲ့ "Self absorbed person"၊ ကိုယ့်ကိုယ်ကိုယ်သာ အကောင်းမြင်တတ်ကြသူတွေ သတ်မှတ်ပြဌာန်းထားတဲ့ စည်းကမ်းဥပဒေတွေဟာ လည်း တရားမျှတခြင်းဆိတ်သုဉ်းတဲ့ အချည်းနှီးအရာတွေသာဖြစ်တယ်။
-
A self absorbed person only can see the faults of others. But, they are often color blind to their own.
-
အတ္တကြီးသူတွေဟာ အခြားသူတွေရဲ့အပြစ်ကို မြင်နိုင်ကြတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ သူတို့ရဲ့အပြစ်ကိုမြင်ဖို့တော့ ကန်းကွယ်နေကြတယ်လို့ဆိုတယ်။ တချို့သော သူတွေဟာ ဘယ်လောက်ပဲ အသက်အရွယ်ကြီးရင့်ပါစေ၊ ရာထူးရာခံ ဥစ္စဓန ပေါကြွယ်ဝနေပါစေ ကိုယ်ချင်းစာတရားဆိတ်သုဉ်းကြတဲ့အခါ၊ အတ္တဗဟိုပြုစဉ်းစားကြတဲ့အခါ တဖက်သားရဲ့အပြစ်ကိုသာ မြင်တတ်ကြသူတွေပဲဖြစ်လာကြပြန်တယ်။
-
ကျွန်တော်တို့တွေအားလုံးဟာ ဒီပုံပြင်ထဲက သူဆင်းရဲရဲ့ ငတ်မွတ်ခြင်းကို မြင်တဲ့အခါ၊ သူ့ရဲ့ အပြစ်ကျူးလွန်ခြင်း အကြောင်းတရားကို ဆင်ခြင်မိတဲ့အခါမှာတော့ စာနာခွင့်လွှတ်ခြင်းဆိုတဲ့ အချက်ကို သတိတရ ရှိသင့်ကြတယ်။ "ငါသာဆိုရင်"ဆိုတဲ့ အတွေးနဲ့သူဆင်းရဲရဲ့ ဆာလောင်ခြင်းကို ခွင့်လွှတ်နားလည်သင့်ကြတယ်လို့ဆိုတယ်။ကိုယ်တိုင်ရဲ့ အပြစ်ကင်းခြင်း မရှိတဲ့အဖြစ်ကိုလည်း ဆင်ခြင်သင့်ကြတယ်။
အဲဒီလို လူတွေရဲ့ တပါးသူအပေါ်အပြစ်မြင်တတ်ခြင်း၊ သေးငယ်သော အပြစ်နဲ့မထိုက်တန်အောင် ကြီးလေးတဲ့အပြစ်တွေကို ပေးတတ်ခြင်းတွေကို မြင်တွေ့တဲ့အခါ မဟတ္တမဂန္ဓီက ဒီလိုပြောခဲ့တယ်
-
"The weak can never forgive. Forgiveness is the attribute of the strong"
သေးသိမ်တဲ့လူတွေဟာဘယ်တော့မှ ခွင့်လွှတ်လေ့မရှိကြဘူး။ ခွင့်လွှတ်ခြင်းဆိုတာ ကြီးမြတ်သူတွေရဲ့ ပင်ကိုယ်အရည်အချင်းဖြစ်တယ်။ ဆိုလိုတာကာ စိတ်ထားသေးသိမ်တဲ့သူတွေဟာ သေးငယ်သောအပြစ်ကိုသော်မှ ခွင့်လွှတ်ပေးတတ်ကြသူတွေမဟုတ်ဘူး လို့ဆိုလိုတာဖြစ်တယ်။
-
စိတ်ထားသေးသိမ်သူတွေဟာ အပြစ်နဲ့ အပြစ်ဒဏ်ကို မျှတစွာ မချိန်ဆနိုင်သူတွေသာဖြစ်တယ်။
ကိုယ်ချင်းစာသော နိုင်ငံသားများဖြစ်ကြပါစေ
-
(ဖြိုးသုတ)
Reference: Moral Stories from internet
ရှယ်နိုင်ပါတယ်။ ကော်ပီယူလိုပါက ကူညီတဲ့အနေနဲ့ ကျွန်တော့်ပေ့ခ်ျလေးကိုပါ ထည့်ပြီး ကော်ပီကြပါ
https://www.facebook.com/ko.phyo.3363
https://www.facebook.com/ThutaWisdomStory/
https://www.facebook.com/phyo.thuta.754?pnref=story
https://www.facebook.com/Panorama-Publishing-5426582359266…/
(Panorama စာပေရဲ့ စိတ်အာဟာရ အတွေးလက်ဆောင်စာစုများ Series မှ ထုတ်နှုတ်တင်ပြပါသည်)
အွန်လိုင်းမှ အိမ်တိုင်ရာရောက်ပို့ဆောင်စနစ်ဖြင့် ၀ယ်ယူလိုပါက
Royal Shop:
09 786251505, 09 264200107, 09 2657 16656 များသို့ တိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါတယ်။

0 comments:
Post a Comment