Wednesday, August 17, 2016

ကိုယ်ဝန်ဆောင်မိခင်ကို ခင်ပွန်းများမပြောသင့်သောစကားများ

U Than Win

ဖခင်လောင်းတွေအတွက်ရော ၊ အနီးပတ်ဝန်းကျင်က လူတွေအတွက်ပါ လိုက်နာသင့်တယ်။
ထင်လို့ ဒါလေးကို တင်ပေးလိုက်ပါတယ်နော်....
အမျိုးသမီး တစ်ဦးဟာ ကိုယ်ဝန် ဆောင်နေ ရချိန်မှာ သာမန် အချိန်မှာထက်အများကြီး ပင်ပန်း နေတတ် ပါတယ်။ မွေးလာမယ့် ရင်သွေးလေး အတွက် ရင်ခုန်စိတ်လှုပ်ရှား နေရပေမယ့် တစ်ခါတစ်ရံ စိတ်သွားတိုင်း ကိုယ် မပါတာကြောင့်စိတ်ဓာတ် ကျတာမျိုးလည်း ဖြစ်ရတတ် ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး နဲ့ တွေ့ချိန်မှာ သူ့ စိတ်ကို ပိုမို မသက်မသာ ဖြစ်ရစေမယ့်စကားမျိုး မပြောမိ စေဖို့ ရှောင်သင့်တဲ့ စကားတွေကို ရေးသား လိုက်ရပါတယ်။



(၁) နင့်ကို ကြည့်ရတာ ပေါက်ကွဲ တော့မယ့် အတိုင်းပဲ။
အဓိပ္ပာယ် - နင့် ပုံစံက ပင်လယ် ကမ်းခြေက ဝေလငါး နဲ့ တူလိုက်တာ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေက မြင့်တက် လာတာကြောင့် ဗိုက်ဖုံး အင်္ကျီတွေနဲ့မတော်တော့ တာမျိုး ဖြစ်နေတတ် ပါတယ်။ ဒါပေမဲ့ ဒီလို မပြောသင့် ပါဘူး။ကိုယ်ဝန်ဆောင် မိခင် အနေ နဲ့ အဆမတန် ၀ဖြိုးနေတယ်
လို့ ထင်ပြီး စိတ်ညစ်ရစေတဲ့ စကားပါ။
(၂) အမြွှာ မွေးမှာလား၊ နင်တော့ အလုပ်တွေ ရှုပ်ပြီး ဒုက္ခ များတော့ မှာပဲ။
အဓိပ္ပာယ် - နင့် ကလေးတွေက ငိုတော့မယ်၊ နို့ဆာလို့ ဂျီကျတော့မယ်၊ ဒီတော့ကလေး နှစ်ယောက် နဲ့ နင် ခြေပစ်လက်ပစ် ပင်ပန်း တော့မယ်။ လူတွေက အမြွှာကိုယ်ဝန်ဆောင် ရပြီ ဆိုရင် အဆိုး မြင်တဲ့ ရှုထောင့်ကပဲ ကြည့်ပြီး ပြောတတ်ကြပါတယ်။ ပင်ပန်း တော့မှာ၊ အိပ်ပျက် တော့မှာ၊ လက်မလည်အောင် အလုပ်ရှုပ်ရတော့မှာ စသဖြင့်ပေါ့။ တကယ်တော့ အမြွှာလေး မွေးလာရင် တစ်ကြိမ် နဲ့ ကလေးနှစ်ယောက် ရလာလို့ အဖော်ရတာ၊ မွေးဖွားစရိတ် သက်သာတာ၊ အပြုံးနှစ်ခုတစ်ပြိုင်တည်း ရတာ စတဲ့ ကောင်းကျိုး တွေကိုလည်း ရရှိ စေနိုင် ပါတယ်။
(၃) အခု အိပ်ရေး ၀၀ အိပ်ထားဦးပေါ့။
အဓိပ္ပာယ် - နောင်ဆိုရင် အိပ်ရဖို့ ကောင်းကောင်း လမ်းမမြင်ဘူး။ မိခင်
ဖြစ်တော့မယ့် သူတွေ အနေနဲ့ ကလေး မွေးပြီးတာ နဲ့ အိပ်ရေးပျက်မယ့် အရေးတွေးပြီး လန့်စရာ စကားပါ။ ဒီလို စကားမျိုးက ကိုယ်ဝန်ဆောင် မိခင်တွေကိုစိတ် ပင်ပန်းစေမယ့် စကားဖြစ်လို့ ရှောင်သင့် ပါတယ်။
(၄) တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင် လှုပ်ရှားထား။
အဓိပ္ပာယ် - ကလေး မွေးလာတာ နဲ့ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကလေးမွေးပြီး ပေမယ့် ရုပ်ရှင် သွားကြည့်နိုင်၊ အေးအေးလူလူ စာဖတ်နိုင်၊
စားသောက်ဆိုင်ကြီးတွေမှာ ညစာ ထွက်စားနိုင်တဲ့ မိဘတွေကို အများကြီး
တွေ့ဖူးပါတယ်။ အလုပ်မှာလည်း အောင်မြင်ပြီး ပျော်ရွှင် ကျန်းမာတဲ့
ကလေးငယ်တွေလည်း ရှိတဲ့ မိခင်တွေလည်း အများကြီး ပါပဲ။ ဒါကြောင့်
ကိုယ်ဝန်ဆောင် မိခင်ကို ဒီလို စကားမျိုး ပြောပြီး စိတ်ဓာတ် ကျအောင်
မလုပ်သင့်ပါဘူး။
(၅) နင့် ပုံစံနဲ့ မိခင်နို့ချို ကိုပဲ တိုက်ဦးမယ်ပေါ့ ဟုတ်လား။
အဓိပ္ပာယ် - နင်ရဲ့ အားအင် မရှိတဲ့ပုံ နဲ့ ကလေးကို မိခင်နို့ချိုပဲ
တိုက်ရင်တော့ ကလေးက အာဟာရ ကောင်းကောင်း ရမှာ မဟုတ်ဘူး။ ကလေးတွေကိုမွေးပြီး ခြောက်လ အထိ မိခင်နို့ချို တစ်မျိုးတည်း တိုက်ကျွေးတာကအကောင်းဆုံးလို့ ပညာရှင်တွေက ဆိုထား တာပါ။ မိခင်က ကိုယ်ခန္ဓာ အရွယ်အစားဘယ်လောက် သေးသေး၊ သူ့ရင်သွေးကို ပြည့်ဝတဲ့ အာဟာရ ရတဲ့ အထိ နို့ချို
တိုက်ကျွေး နိုင်ပါတယ်။ အစားအသောက် ကိုတော့ အစုံ စားပေး ပါ။
(၆) နင့် ကြည့်ရတာ စိတ် မသက်မသာ ဖြစ်စရာ ကောင်းလိုက်တာ။
အဓိပ္ပာယ် - ကိုယ်ဝန် ဆောင်ရတဲ့ ဒုက္ခတွေလေ။ ဒါကြောင့် အလှပျက်ရပြီ။
ကိုယ်ဝန် ဆောင်ချိန်မှာ ခြေထောက်တွေ ရောင်တာ၊ မျက်နှာ နွမ်းနယ်တာ စတဲ့ဝေဒနာတွေကို တစ်ခါတစ်ရံ ဖြစ်ပေါ်တတ် ပါတယ်။ အဲဒီ အချိန်မှာ သူရဲ့ဝေဒနာတွေကို ထောက်ပြပြီး မပြောသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ထား ပေမယ့် လှနေဆဲပါပဲ လို့ ပြောပေးသင့် ပါတယ်။
(၇) နင် ဗိုက်ဆာ ပြန်ပြီလား။
အဓိပ္ပာယ် - အခု လေးတင် နင် အများကြီး စားပြီပြီလေ။ ကိုယ်ဝန်ဆောင်
မိခင်တချို့က အမြဲလိုလို ဗိုက်ဆာ နေတတ်တယ် ဆိုတာကို စိတ်ထဲမှာ ထားပေးပါ။ဒါကြောင့် သူတို့ ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ဆိုရင် ဘာမှ မပြောသင့်ပါဘူး။
အစုံသုပ် အသုပ်စုံ အကုန်သုပ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...