Thursday, July 14, 2016

Hacker များရန်မှ ကာကွယ်နည်း

Kyaw Thu Ya

ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာခေတ်ရောက်သည်နှင့်အညီ မိမိတို့အသုံးပြုနေသော စကားဝှက် (Passwords) များသည်လည်း Hacker များရန်မှ ကာကွယ်နိုင်ရန် လွန်စွာအရေးကြီးလှပါသည်။ မိမိတို့အသုံးပြုနေသော စကားဝှက် (Passwords) များသည် လုံခြုံမှုအားနည်းနေလျင် မိမိတို့ကိုယ်ရေးအချက်အလက်များ ပေါက်ကြားသွားပြီး အရှက်တကွဲအကျိုးနည်းဖြစ်နိုင်သည်။
အွန်လိုင်းစကားဝှက်လုံခြုံရေးကုမ္မဏီ SplashData သည် စကားဝှက် (Passwords)များကို လုံခြုံစေရန်ထိန်းသိမ်းပေးသော SplashID ဆော့ဖ်ဝဲလ်ကို ထုတ်လုပ်ထားပါသည်။

SplashData ဆော့ဖ်ဝဲလ်တွင် သိမ်းဆည်းထားသော စကားဝှက် (Passwords) ၂သန်းကို အခြေခံ၍ SplashData ကုမ္မဏီသည် ၂ဝ၁၅ခုနှစ်အတွက် လုံခြုံမှုအားအနည်းဆုံးစကားဝှက် ၂၅ခုကို ကြေငြာခဲ့ပါသည်။ ၄င်းတို့မှာ
၁။ 123456
၂။ password
၃။ 12345678
၎။ qwerty
၅။ 12345
၆။ 123456789
၇။ football
၈။ 1234
၉။ 1234567
၁ဝ။ baseball
၁၁။ welcome
၁၂။ 1234567890
၁၃။ abc123
၁၄။ 111111
၁၅။ 1qaz2wsx (ကွန်ပျူတာကီးဘုတ်မှ အနီးဆုံး ၂တန်း)
၁၆။ dragon
၁၇။ master
၁၈။ monkey
၁၉။ letmein
၂ဝ။ login
၂၁။ princess
၂၂။ qwertyuiop (ကွန်ပျူတာကီးဘုတ်မှ အပေါ်ဆုံးအတန်း)
၂၃။ solo
၂၄။ passw0rd နှင့်
၂၅။ starwars တို့ဖြစ်ကြပါသည်။
စကားဝှက်(Passwords)အာလုံးထဲတွင် “123456” နှင့် “password” တို့သည် လုံခြုံမှုအနည်းဆုံးဖြစ်သည်။
မိမိစကားဝှက် (Passwords) ကို လုံခြုံမှုမြှင့်တင်ခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - -
၁။ စကားဝှက် (Passwords) များထားရာတွင် “အမည်၊စကားလုံး” တို့ကို လုံးဝမထားပါနှင့်။ (ဥပမာ- ILovePhwayPhway)
၂။ ကီးဘုတ်တွင် တစ်တန်းတည်းဖြစ်သော စကားလုံးများ (ဥပမာ- qwertyuiop ၊ asdfghjkl နှင့် zxcvbnm) ကို စကားဝှက် (Passwords) မထားသင့်ပါ။
၃။ “အက္ခရာများ (ဥပမာ-abnrdg) ၊ဂဏန်းများ (ဥပမာ-1853) ၊ သင်္ကေတများ (ဥပမာ-&$+^) ” များကို ပေါင်းစပ်အသုံးပြု၍ အနည်းဆုံး ၁၂လုံးခန့်ထားသင့်ပါသည်။ စကားဝှက် (Passwords) အလုံးရေများလေ လုံခြုံလေဖြစ်ပါသည်။ (ဥပမာ-t3$9@S$w0rD684@^&$tdsvd)
၎။ မိမိအသုံးပြုသော လူမှုကွန်ယက် (Social Media Network) များကို စကားဝှက် (Passwords) တစ်ခုတည်း မထားသင့်ပါ။ Hacker သည် Facebook Password ရသွားသည်နှင့် အခြားသော Twitter ၊ Gmail ၊ Linkedin စကားဝှက်(Passwords) များကိုပါ သိမ်းပိုက်ပါလိမ့်မည်။
၅။ မိမိအသုံးပြုလိုသော စကားဝှက် (Passwords) များသည် လုံခြုံမှုရှိစေရန် Password Generator ကို http://passwordsgenerator.net/ လင့်ခ်အတိုင်းသွားကာ အသုံးပြုသင့်ပါသည်။
၆။ အသုံးပြုနေသော စကားဝှက်သည် လုံခြုံမှုရှိ၊မရှိ Password Meter ဖြင့် www.passwordmeter.com လင့်ခ်အတိုင်းသွားကာ အမြဲစစ်ဆေးသင့်ပါသည်။
၇။ Facebook ၊ Gmail ဆိုလျင်လည်း မိမိအကောင့်သည် မိမိဆင်းကဒ် (Sim Card) ဖြင့်သာ အလုပ်လုပ်သော 2 Step Log In Verification ဖြင့် https://www.authy.com/…/add-2-factor-authentication-facebo…/ လင့်ခ်အတိုင်းသွားရောက်ကာ လုံခြုံမှုမြှင့်တင်သင့်ပါသည်။ ကိုဇော်သွင်ရေးသားသော 2 Step Log In Verification လုပ်နည်းကို https://drive.google.com/…/0B_ntQpyMBa7ZZFRpNzdxQjd2e…/view… လင့်ခ်တွင် အသေးစိတ်ဖတ်ရှု့နိုင်ပါသည်။
ကျော်စိုးအောင် (Myanmar Knowledge Bank)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...