Wednesday, July 27, 2016

သားလေးဖတ်ဖို့ 

Barlarlar

-စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ။ မှတ်ပါ။
-လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ။
-ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ။
-စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ။

-စိတ်ဝင်စားတဲ့အလုပ်ကိုပဲ ရွေးလုပ်ပါ သား . သားစိတ်မဝင်စားတဲ့ အလုပ်ကို ဘယ်သူက ဘယ်လောက်ပဲ တွန်းအားပေးနေပါစေ အကျိုးသင့် အကြောင်းသင့်ပြောပီး
ပြတ်ပြတ်သားသားနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ ။.
-လူတွေကို အားမနာပါနဲ့ သား . အားနာတယ်ဆိုတဲ့စိတ်က သားကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး
-လူတွေကို တတ်နိုင်သလောက် မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါ . ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီး မမျှော်လင့်ပါနဲ့
-ဘဝမှာ "မှား"သွားမှာကို မကြောက်ပါနဲ့သား . လူတိုင်းမှားတတ်ကြပါတယ် . ဒါပေမဲ့မှားမှန်းသိရင် အမှန်ပြင်နိုင်အောင် တတ်နိုင်သလောက်ကြိုးစားကြည့်ပါ
-လူတစ်ယောက်နဲ့ စကားပြောတဲ့ခါ သဘောထားချင်းမတိုက်ဆိုင်တာတွေ့ရင် ခံမငြင်းပါနဲ့ သား .သူတို့ပြောတာပဲ နားထောင်ပေးလိုက်ပါ
-Manual Gearနဲ့ ကားမောင်းတတ်အောင် သင်ပါ . ဘယ်ကားကိုမဆို မောင်းတတ်တဲ့ ယောကျာ်းတစ်ယောက်ပာာ သိပ်ကို Style ကျတယ် အမေ့သား
-ကျန်းမာရေးအတွက်ရော body လှဖို့အတွက်ပါ အားကစားလုပ်ပါ သား . ခန္ဓာကိုယ်တောင့်တင်းတဲ့ ယောကျာ်းတစ်ယောက်ပာာ ဘယ်နေရာသွားသွား လူတောသိပ်တိုးတယ် ငါ့သား
-ရန်ဖြစ်ရင် သူများကို ဘယ်တော့မှစမထိုးပါနဲ့သား .
သူကလာစထိုးရင်တော့ ပြန်ထိုးခဲ့ပါ .. ယောကျာ်းသိက္ခာကျတယ် အမေ့သား
-ခရီးများများထွက်ပါ သား .သွားတိုင်းလဲ Camera တစ်လုံးယူဖို့မမေ့ပါနဲ့
ရောက်ခဲ့တဲ့ ဒေသတိုင်းရဲ့ အထင်ကရနေရာတွေကို ဓါတ်ပုံရိုက်ခဲ့ပီး ... ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို memory card ထဲ မသိမ်းထားပဲ photo album လေးတစ်အုပ်အမြဲထုတ်ပါ.
အဲ့သည့်ဓါတ်ပုံတွေကို သားပြန်ထုတ်ကြည့်မိတိုင်း "ငါဒီနေရာတွေကို ရောက်ခဲ့ပါလား" ဆိုတဲ့ အတွေးက သိပ်ကြည်နူးစရာကောင်းတယ်
-ရည်းစားအများကြီး ထားကြည့်ပါ သား . ဒါပေမဲ့ တစ်ယောက်ပီးမှ တစ်ယောက်ထားပါ
-သားချစ်သူကို ခဏခဏ ပန်းစည်းတွေ လက်ဆောင်တွေပေးပါ. ထို့အတွက်ကုန်ကျတဲ့ ပိုက်ဆံကို မနှမြောပါနဲ့. Romantic ဆန်တဲ့ ယောကျာ်းတစ်ယောက် ဖြစ်နေပါစေ
-အိမ်ထောင်ပြုတဲ့အခါ မိန်းမကောင်းရှာယူမယ်ဆိုတဲ့
စိတ်ကြီးမမွေးပါနဲ့သား . ယောကျာ်းကောင်းတစ်ယောက်ဖြစ်အောင်သာကြိုးစားပါ .မိန်းမကောင်းတစ်ယောက် သားအတွက် အလိုလိုပေါ်လာပါလိမ့်မယ်
-အိမ်ထောင်ဖက်ကို သားစိတ်တိုင်းကျ သေသေချာချာရွေးချယ်ပါ . သားဘဝရဲ့ ၉၀% သော ပျော်ရွှင်မှုကို ဒီမိန်းကလေးဆီကပဲ ရမှာပါ.
စိတ်ထားဖြူစင်ပီး သဘောထားပြည့်ဝတဲ့ ယောကျာ်းကောင်းတစ်ယောက်ဖြစ်ပါစေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...