လိစ္ဆဝီမှာမနေလို
အချင်းပုဏ္ဏား...
အသို့ဆိုလျှင်
မည်သို့စီရင်ရမည်နည်း
အသို့ဆိုလျှင်
မည်သို့စီရင်ရမည်နည်း
အရှင်မင်းကြီး...
ပသို့ဆိုစေ
မသောက်လေနှင့်
ကောင်းလှပြီ
သင့်အလိုအရ
မသောက်ကြရုံပ
သို့နှင့်...
မိုးကြီးသည်းထန်စွာ
ရွာလေ၏
မင်းနှင့်ပုဏ္ဏားမှအပ
အလုံးသောက်သုံး
တပြည်လုံး ရူးသတတ်
အရူးတွေ...
အရူးတွေ !
တို့တိုင်းပြည်မှာမနေနဲ့''
သူခိုးကလူဟစ်တော့
မင်းနဲ့ပုဏ္ဏားအခက်တွေ့
အချင်းပုဏ္ဏား...
အသို့ဆိုလျှင်
မည်သို့စီရင်ရမည်နည်း
အရှင်မင်းကြီး
ဤသို့ဆိုက
သောက်မှလျော်မည်
အိမ်း
ကောင်းလေစွ
သောက်လိုက်ကြစို့
သဟဇာတ...
ပြည်လုံးရူးမှတော့
ဘုရင်လည်းရူးမှသာ
လှေလှူးနဲ့သင့်မြတ်
လိစ္ဆဝီဇာတ်မှာ
ဖတ်ဖူးကြမှာပါ
အမှန်နဲ့အမှားကို
အင်အားနဲ့ဆုံးဖြတ်ခွင့်ရှိတာ
ဝါဒတစ်ခုရဲ့အားနည်းချက်
ဘဝလို့တော့မတွက်ကြလေနဲ့
အမှန်တရား''က
ဘယ်အင်အားနဲ့မှ
ပြောင်းလဲပစ်လို့မရတဲ့အရာ
အသက်နဲ့လဲလိုက်ပါ
မြိုင်ရပ်သို့နှင်လိုကနှင်
သတ်ချင်လျှင်လည်းသတ်
ကျေနပ်မဲ့ငါ
လိစ္ဆဝီမှာတော့
မနေဘူး... ။ ။
မင်းဝေဟင်
ပသို့ဆိုစေ
မသောက်လေနှင့်
ကောင်းလှပြီ
သင့်အလိုအရ
မသောက်ကြရုံပ
သို့နှင့်...
မိုးကြီးသည်းထန်စွာ
ရွာလေ၏
မင်းနှင့်ပုဏ္ဏားမှအပ
အလုံးသောက်သုံး
တပြည်လုံး ရူးသတတ်
အရူးတွေ...
အရူးတွေ !
တို့တိုင်းပြည်မှာမနေနဲ့''
သူခိုးကလူဟစ်တော့
မင်းနဲ့ပုဏ္ဏားအခက်တွေ့
အချင်းပုဏ္ဏား...
အသို့ဆိုလျှင်
မည်သို့စီရင်ရမည်နည်း
အရှင်မင်းကြီး
ဤသို့ဆိုက
သောက်မှလျော်မည်
အိမ်း
ကောင်းလေစွ
သောက်လိုက်ကြစို့
သဟဇာတ...
ပြည်လုံးရူးမှတော့
ဘုရင်လည်းရူးမှသာ
လှေလှူးနဲ့သင့်မြတ်
လိစ္ဆဝီဇာတ်မှာ
ဖတ်ဖူးကြမှာပါ
အမှန်နဲ့အမှားကို
အင်အားနဲ့ဆုံးဖြတ်ခွင့်ရှိတာ
ဝါဒတစ်ခုရဲ့အားနည်းချက်
ဘဝလို့တော့မတွက်ကြလေနဲ့
အမှန်တရား''က
ဘယ်အင်အားနဲ့မှ
ပြောင်းလဲပစ်လို့မရတဲ့အရာ
အသက်နဲ့လဲလိုက်ပါ
မြိုင်ရပ်သို့နှင်လိုကနှင်
သတ်ချင်လျှင်လည်းသတ်
ကျေနပ်မဲ့ငါ
လိစ္ဆဝီမှာတော့
မနေဘူး... ။ ။
မင်းဝေဟင်
0 comments:
Post a Comment