English Speaking Basics (23) အင်္ဂလိပ်စကားပြော အခြေခံများ (၂၃)
Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
·
ဒီနေ့စကားပြော သင်ခန်းစာလေးထဲက စကားလုံးတွဲဟာ လွယ်လွယ်လေးပေမယ့်လို့ ဘယ်လိုဘာသာပြန်သလဲ
ဆိုတာ မဖတ်ဖူးသေးလျှင် နားလည်ရတာ အနည်းငယ် ဂွတီးဂွကျ ဖြစ်နေတတ်ပါတယ် ၊
ဒါပေမယ့် သိပြီးသွားတဲ့ နောက်မှာတော့ တော်တော်လေး လွယ်ပြီး
တော်တော်လေးရှယ်ဖို့ကောင်းတယ်ဆိုတာ သိစေချင်ပါတယ်
…………………………………..
WHAT IF + (SUBJECT + VERB)
………………………………….
What ဆိုတော့.. “ဘာလဲ”.. ပေါ့ ၊ if က.. “လျှင်”.. ဆိုတော့ နှစ်ခုပေါင်းလိုက်တာ what if = လျှင်ဘာလဲ .. လို့ ဖြစ်သွားမှာပေါ့နော ။ တကယ်တော့ အဲဒီအတိုင်းဆို.. ဆိုလိုရင်းအချက်နဲ့ နည်းနည်း လွဲနေပါသေးတယ် ..
တကယ်တန်းက What if = “လျှင် ဘာဖြစ်မလဲ” .. ဆိုမှသာ အဓိပ္ပါယ်မှန်ပြီး ဘာသာပြန်ရတာ ချောမွေ့စေပါတယ်ခင်ဗျာ ..
We use “what if” at the beginning of a question when we are asking about the consequences of an action.
လုပ်ဆောင်မှုတစ်ခုရဲ့ အကျိုးဆက်ဟာ ဘာဖြစ်လာမလဲလို့ မေးချင်တဲ့အခါ ဒီပုံစံနဲ့မေးပါတယ် ။
ကဲ စမ်းကြည့်ကြပါစို့လား..
.
(1) What if I miss the bus?
ကျနော် ဘတ်စ်ကားလွတ်သွားလျှင် ဘာဖြစ်မလဲ
(2) What if we invite him?
ကျနော်တို့ သူ့ကို ဖိတ်ကြားလျှင် ဘာဖြစ်မလဲ
(3) What if I were late to dinner?
ညစာစားပွဲကို ကျနော်နောက်ကျလျှင် ဘာဖြစ်မလဲ
( I နောက်က were ဟာ တကယ်မဟုတ် စိတ်ကူးကြည့်တာ imaginary မို့လို့ သုံးတာဖြစ်ပါတယ်)
(4) What if I block him on Facebook?
Facebook မှာ ကျနော် သူ့ကိုblock လုပ်လျှင် ဘာဖြစ်မလဲ
(Facebook ဟာ internet ပေါ်မှာ ရှိနေတာမို့လို့ on ပဲ အမြဲသုံးပါတယ်)
(5) What if I call her tomorrow?
ကျနော် သူမကို မနက်ဖန်မှာ ဖုန်းခေါ်လျှင် ဘာဖြစ်မလဲ
(6) What if I don't understand?
ကျနော် နားမလည်လျှင် ဘာဖြစ်မလဲ
(7) What if someone sees me?
ကျနော့်ကို တစ်ယောက်ယောက်က မြင်သွားလျှင် ဘာဖြစ်မလဲ
(8) What if they decide to stay?
သူတို့ နေဖို့ဆုံးဖြတ်လျှင် ဘာဖြစ်မလဲ
(9) What if I do not finish on time? (on time = အချိန်ကိုက်)
ကျနော် အချိန်ကိုက် မပြီးစီးလျှင် ဘာဖြစ်မလဲ
(10) What if we introduce ourselves first?
ပထမဆုံး ကျနော်တို့ ကိုယ့်ဖာသာ မိတ်ဆက်ကြလျှင် ဘာဖြစ်မလဲ
(11) What if no one is home?
အိမ်မှာ တစ်ယောက်မျှမရှိလျှင် ဘာဖြစ်မလဲ
.
( “is” ကို ..ရှိသည် ၊ ဖြစ်သည် လို့ ငယ်ငယ်ကတည်းက ကျက်ခဲ့ကြရပေမယ့် “ဖြစ်သည်” ဆိုတဲ့ အဓိပ္ပါယ်နဲ့ပဲ တွေ့ရများတော့ “ဖြစ်သည်” ကိုပဲ စွဲနေ တတ်ပြီး ၊ “ရှိသည်” ဆိုတဲ့ အဓိပ္ပါယ်ယူဖို့သင့်တဲ့နေရာကျလျှင် မပေါ်လာပဲနဲ့ ဖြစ်နေတတ်ပါတယ် ၊ ဒါကြောင့်မို့ ဘယ်စာလုံးမဆို ၀ါကျအနေအထားပေါ်မူတည်ပြီး ဖြစ်သင့်တဲ့ အဓိပ္ပါယ်ကို တွေးပါလို့ အကြံပြုလိုက်ရပါတယ် )
အဲဒါက မူရင်းဝါကျမို့လို့ ထားလိုက်တာပါ
What if there is no one at home. ဆိုလျင်တော့ ဘာသာပြန်ရတာ ပိုရှင်းတာပေါ့ ..
…………………………….
ကဲ ..ဘာလုပ်လျှင် ဘာဖြစ်မလဲ တွင်တွင်ကြီး မေးကြပေရော့ဗျာ
.
မေတ္တာဖြင့်

0 comments:
Post a Comment