Wednesday, July 27, 2016

. ၁၈ နှစ်ကျော်ရင်မဖတ်ရ

ရဲ ဝဏ္ဏ သန်း

ညီလေးရေ...
COC game ဆော့နေတာလား
Candy crush game ဆော့နေတာလား
ခဏနားပြီးနားထောင်စမ်းပါ
အရေးကြီးတာ ပြောမလို့ကွာ...

ညီလေးရေ.. ..စာဖတ်ကွ
မြန်မာပြည်ရဲ့အနာဂတ်က မင်းတို့လက်ထဲမှာ
ပြင်စရာတွေ အများကြီး

ဖာစရာတွေ တစ်ပုံကြီး
သမိုင်းစစ်စစ်ကြီး လမ်းမှန်ပေါ်ရောက်ဖို့ လိုပြီ
အဲဒါ မင်းတို့အပေါ်မှာ မူတည်တယ်ကွ
ညီလေးရေ.. ....စာဖတ်ကွ
မင်းတို့မိသားစု စည်းလုံးညီညွတ်ဖို့
အချင်းချင်း နားလည်မှုပေးနိုင်ဖို့
ကိုယ်ချင်းစာတရား တိုးပွားလာစေဖို့
ပြဿနာအထွေအထွေ ဖြေရှင်းနိုင်ဖို့ သာယာတဲ့မိသားစုဘဝ ပိုင်ဆိုင်ဖိုဖို့
စာ များ များ ဖတ် ကွ
ညီလေးရေ.. ...စာဖတ်ကွ
စာဖတ်တဲ့လူဟာ
ရိုင်းချင်ရိုင်းမယ် မယုတ်မာဘူး
ကြမ်းချင်ကြမ်းမယ် မရက်စက်ဘူး
ပြတ်သားချင်ပြတ်သားမယ် အတ္တမကြီးဘူး
ဆိုးချင်ဆိုးမယ် လောကကိုမဖျက်ဆီးဘူး
စာ များ များ ဖတ် ကွ
ညီလေးရေ.. ...စာဖတ်ကွ
I spent most of my time reading.
ဒီစကားကို အကြိမ်ကြိမ် ပြောခဲ့သူဟာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Bill Gates ပေါ့
ခု ချက်ချင်း မင်းရဲ့ နှလုံးသားတွင်းမှာ မြှုပ်နှံ
စာ များ များ ဖတ်ဖို့ ကြံစမ်းပါကွ
ညီလေးရေ.. ....စာဖတ်ကွ
မင်းတို့လူငယ်တွေ
အကြောင်းမဲ့အချိန်ဖြုန်းနေချိန်မှာ
ကမ္ဘာပေါ်က တစ်ခြားလူငယ်တွေ စာဖတ်နေပြီ
ကြာလေ........ကွာလေ
ကြာလေ.........ကျန်ခဲ့လေ
ကြာလေ........ခံရလေ ဖြစ်လိမ့်မယ်
စာ များ များ ဖတ် ကွ
ညီလေးရေ.. ...စာဖတ်ကွ
အောင်ဆန်း စာဖတ်ခဲ့တယ်
ဦးသန့် စာဖတ်ခဲ့တယ်
မင်းကွန်းဆရာတော် စာဖတ်ခဲ့တယ်
ကမ္ဘာပတ်ချင်တဲ့ မင်းရဲ့လောဘကို
စာဖတ်ခြင်းနဲ့ပဲ စစမ်းပါကွာ
ညီလေးရေ.. .....စာဖတ်ကွ
မင်းတို့ဟာအဆိပ်မိပညာရေးအောက်မှာကြီးပြင်း
အောင်မြင်မှု ဖျက်ဆီးခြင်းခံရတဲ့ ဘဝ
ငယ်ရွယ်ခြင်းရဲ့အသီးအပွင့်တွေ လန်းဆန်းခွင့်ရဖို့
ထပ်ပြီး မှိုင်းတိုက်မခံရဖို့
စာ များ များ ဖတ် ကွ
ညီလေးရေ.. .....စာဖတ်ကွ
ဟစ်တလာ မဖြစ်ဖို့
ဘင်လာဒင် မဖြစ်ဖို့
ကဒါဖီ မဖြစ်ဖို့
စာ များ များ ဖတ် ကွ
ညီလေးရေ.. ......စာဖတ်ကွ
ဂန္ဒီ ဖြစ်ဖို့
မင်ဒဲလား ဖြစ်ဖို့
မာသာထရီဇာ ဖြစ်ဖို့
စာ များ များ ဖတ် ကွ
ညီလေးရေ.. .....စာဖတ်ကွ
ပုဂံကို ချစ်တတ်ဖို့
ခါကာဘိုရာဇီကို မြတ်နိုးတတ်ဖို့
ဧရာဝတီကို ကျေးဇူးသိဖို့
မိုးကုတ်မြို့ကို တန်ဖိုးထားတတ်ဖို့
မြနန္ဒာသီချင်းကို ရင်ခုန်တတ်ဖို့
စာ များ များ ဖတ် ပါ
ညီလေးရေ.. ....စာဖတ်ကွ
Tea ဆိုင်ထိုင်တာ လျှော့
ကျူထိုးတာ နား
ဘီယာဆိုင်ထိုင်တာ ရပ်
ဖဲရိုက်တာ stop
တန်ဖိုးရှိ တဲ့ အချိန်တိုင်းမှာ
စာ များ များ ဖတ် ပါ
ညီလေးရေ.. .....စာဖတ်ကွ
ကြာရင် မြန်မာပြည်ဖာဖြစ်တော့မယ်
မင်းတို့လူငယ်တွေ ကြိုးစားမှ ဖြစ်မယ်
မြန်မာပြည်ကိုကယ်တင်ဖို့ မင်းတို့ တိုက်ပွဲဝင်ရမယ်
စီးပွားရေး တိုက်ပွဲ
ပညာရေး တိုက်ပွဲ
ဘာသာရေး တိုက်ပွဲ
နိုင်ငံရေး တိုက်ပွဲ
ဒီတိုက်ပွဲတွေက လက်နက်မပါဘူး
ဥာဏ်ကစားရမယ် ညီညွတ်မှုပြိုင်ရမယ်
တိုက်ပွဲအားလုံးကို အနိုင်ယူဖို့
မင်းတို့ ပညာတတ်ရမယ်
စည်းလုံးညီညွတ်ရမယ်
ပညာတတ်ဖို့ စာဖတ်ပါ
ညီညွတ်နိုင်ဖို့ စာဖတ်ပါ
ကိုယ်ကျင့်ဖြူစင်ဖို့ စာဖတ်ပါ
ညီလေးရေ.. ..
စာ
များ
များ
ဖတ်
စမ်း
ပါ..........။
‪#‎အာကာစိုး‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...