Saturday, July 2, 2016

အသုဘရှုတရားတော်နာ ဖိတ်ကြားစာ။ ။

မင်း ဒင်

မြန်မာတမျိုးသားလုံး၏ မီးရှူးတန်ဆောင်ဖြစ်သော
မြန်မာစာပေလောကသည်၊ (၉၆) ပါးသောနာတာရှည်
ရောဂါတို့၊အခါမလပ်ဖိစီးနှိပ်စက်မှုကြောင့်၊
ယနေ့အာရုဏ်တက်အချိန်၌ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ပါ၍၊
၎င်း၏ကြွင်းကျန်ရစ်သောဥတုဇရုပ်ကလာပ်ကို၊
သမိုင်းရာဇဝင်သု ဿန်၌ ဖုတ်ကြဉ်းသဂြိုဟ်မည်ဖြစ်ပါသောကြောင့်၊
အသုဘရှုတရားတော်နာကြွရောက်ကြပါရန်၊

မြန်မာစာပေချစ်သူများအားလုံး၏ကိုယ်စား
ညှိုးငယ်သောစိတ်ထားဖြင့်ဖိတ်ကြားအပ်ပါသည်။ အသုဘယာဉ်များ အမျိုးသားစာကြည့်တိုက်ရှေ့မှ
(၁၃း၀၀)နာရီတွင်ထွက်ခွာပါမည်။
မြန်မာစာပေ၏အရိုးပြာကို၊ရှေးဦးမဆွကွယ်လွန်ကြလေသည့်
မြန်မာကဗျာ၊မြန်မာ့ဇာတ်သဘင်၊မြန်မာရုပ်သေး
တို့၏အုတ်ဂူများနှင့်ယှဉ်တွဲဂူသွင်းပါမည်။
မှတ်ချက်။ ။အသုဘလိုက်ပါပို့ဆောင်သူများအနေဖြင့်
အသုဘစားရိတ်ကျေရန်အလို့ငှာ၊တဦးလျှင်
၊မြန်မာစာပေသမိုင်းငါးအုပ်စီရောင်းချပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်။
ရုပ်ပုံ။ ။အင်တာနက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...