Wednesday, July 27, 2016

ဘန်ကောက်ကို မိမိဘာသာ ပထမဆုံးသွားရင် သတိထားရမည့်အချက်များ

Do's and Dont's For Bangkok

ဘန်ကောက်ဆိုတဲ့မြို့ကြီးက လူမျိုးစုံပျော်ပါးရာ ညမအိပ်တဲ့ မြို့တော်ကြီးပါဘဲ။ ဒါပေမဲ့လည်း သတိထားရမည့်အချက်လေးတွေရှိပါတယ်။ ချီလီ သိသလောက်မျှဝေပါတယ်နော်။ လိုနေခဲ့ရင် ထပ်ဖြည့်သွားပေးနို်င်ပါတယ်။ ဘန်ကောက်ကို သွားဖို့ ဗီဇာမလိုပေမဲ့ ကုန်းလမ်းက သွားမယ်ဆိုရင်တော့ ဗီဇာလိုပါတယ်နော်။
၁) ဘန်ကောက်ကိုသွားမယ်ဆိုရင် အတတ်နိုင်ဆုံး ကိုယ်ကုန်မယ်ထင်တဲ့ ငွေပမာဏကို ထိုင်းဘတ်ငွေ လဲယူသွားပါ။ ဒေါ်လာဆိုရင် ထပ်လဲရတော့ နှစ်ခါ နာလို့ပါ။ ပထမဆုံးဆိုရင် ဘတ် ၂၀၀၀၀, နဲ့ ဒေါ်လာ ၅၀၀ လောက်ယူသွားပါ။ ဒေါ်လာကြီးပဲတိုရင် ရ၀၀ ကျော်ပေါ့။

၂) မသွားခင် ကိုယ်က ဘာလုပ်မလဲဆိုတာ မူတည်ပြီး နေရာရွေးနေလို့ရတယ်။ ဈေးဝယ်မယ်ဆိုရင် ဈေးဝယ်စင်တာနဲ့နီးတဲ့ နေရာမှာ နေလို့ရပါတယ်။ မြန်မာတွေအများဆုံးနေတဲ့ Soi 19 မှာနေလို့ရတယ်။ Soi 19 မှာနေမယ်ဆိုရင် တစ်ရက်ကို ဘတ် (၉၀၀) ကစပါတယ်။ nest@eaglesthai.com ကို မေးလ်ပို့ပြီး booking တင်လို့ရပါတယ်။ ဆေးရုံဆိုလဲ ဆေးရုံနဲ့နီးတဲ့နေရာ ရှာထားတာ ကောင်းပါတယ်။
၃) ဘယ်တွေကိုယ်သွားမလဲဆိုတာလဲ တစ်ခါတည်းကြည့်သွားတာကောင်းတယ်။ အချိန်ကုန်သက်သာအောင်လို့။ ဘယ်နေ့ ဈေးဝယ်မယ် ဘယ်နေ့ဘယ်သွားမယ် တစ်ခါတည်းစဉ်းစားထားတာ ကောင်းတယ်။
၎) power bank သယ်မယ်ဆိုရင် ဘယ်တော့မှ luggage ထဲမထည့်ပါနဲ့။ Hand Carry သယ်မည့် ကိုယ့်အိတ်ထဲပဲထည့်ပါ။ မဟုတ်ရင် အကုန်ပြန်ထုတ်ရတတ်တယ်။ သိမ်းသွားရင်လဲ သိမ်းတတ်တယ်။ 10000 ထက်ကျော်လို့မရဘူးတဲ့။ လေယာဉ်လက်မှတ် တို့ဘာတို့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားတာ အကောင်းဆုံးပါဘဲ။
၅) ဘန်ကောက်ရောက်တာနဲ့ အင်တာနက် တစ်ပတ် အလကားရတဲ့ ဖုန်းကဒ်ကိုဝယ်ပြီးတာနဲ့ ပထမဆုံးလုပ်ရမှာ maps.me mobile app ကို ဒေါင်းလုတ်လုပ်ပါ။ ပြီးရင် Thailand Mapကိုဒေါင်းပါ။ သူက ဝိုင်ဖိုင်မရလဲ အလုပ်လုပ်တယ်။ တော်တော် အဆင်ပြေပါတယ်။ ကိုယ်နေတဲ့နေရာကနေ ကိုယ်သွားမည့်နေရာကို ဘယ်လောက်ကြာမလဲဆိုတာလဲ အင်တာနက်မလိုပဲ ကြည့်လို့ရတယ်။ တော်တော်အသုံးဝင်ပါတယ်။
၆) လေဆိပ်ကနေ တက္ကစီစီးရင် သတိထားပါ။ မီတာနဲ့သွားမယ် သေချာလားမေးပါ။ တက်ပြီးမှ မီတာ မဟုတ်ဘူး ပြောတဲ့လူလဲ ရှိတယ်။ အဲဒါဆိုရင် ဆင်းလို့ရရင်ဆင်း။ ဆင်းလို့မရရင် သူတို့မသိအောင် ကာနံပါတ်မှတ်ရင်မှတ်။ မဟုတ်ရင် ဒရိုင်ဘာခုံနောက်မှာ ချိတ်ထားတဲ့ ဒါရိုင်ဘာ နာမည်နဲကားနံပါတ်ပါတဲ့ စာရွက်ကို ဓာတ်ပုံရိုက်ပြီး ကုန်းလမ်းပို့ဆောင်ရေး 1584 ကို ဖုန်းဆက်တိုင်လိုက်ပါ။
၇) ဘန်ကောက်မှာ တစ်ယောက်တည်းသွားမယ်ဆိုရင်တော့ BTS စီးတာ ကောင်းတယ်။ တစ်ယောက်ကို 15 ဘတ်က စပါတယ်။ ဒါကြောင့် သုံးလေးယောက်ဆိုရင်တော့ တက္ကစီသာစီးပါ။ ဈေးပိုသက်သာတတ်တယ်။
၈) Tuk Tuk (တုတ်တုတ်) တုတုတဲ့ ကိုယ်ကတော့ တုတ်တုတ်ပဲ ထွက်တယ် :P ကိုစီးဖူးချင်တယ်ဆိုရင်စီးပါ။ ဒါပေမဲ့ Tuk Tuk တွေက တအားမောင်းလို့သေချာသာ ကိုင်ထားပါ။ ဈေးလဲ ကြီးတာမို့ ဈေးဆစ်နိုင်မှ တော်ယုံကြမယ်။
၉) Tuk Tuk က ဈေးလျော့ပေးမယ် တစ်နေရာလမ်းမှာ ဝင်ပါရစေ။ ကျောက်မျက်ရတနာပြခန်းတို့ ဘာတို့ကို ဝင်ပေးပါဆိုရင် အားနာစွာနဲ့မလိုက်ပါနဲ့။ သူတို့က ပို့ပေးရင် ဓာတ်ဆီဖိုးရတယ်။ ကိုယ်တွေက အချိန်လင့်တတ်တယ်။
၁၀) မိန်းကလေးတွေဈေးဝယ်ထွက်ရင် ဘယ်သွားသွား Cross Body Bag နဲ့သွားပါ။ ဘန်ကောက်မှာ ခါးပိုက်နှိုက်တော်တော်ပေါပါတယ်။
၁၁) ညဘက် အပြင်သွားရင် ပတ်စ်ပို့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်သွားပါ။ တက္ကစီစီးရင်လဲ ကိုယ်သွားမည့်လမ်းနဲ့သူမောင်းတာ တူမတူသိအောင် GPS ဖွင့်ထားပေါ့နော်။ တစ်ယောက်တည်းဆိုရင်ပြောတာပါ။
၁၂) အတတ်နိုင်ဆုံး Trip advisor တို့ဘာတို့ ဖတ်ပါ။ တစ်ခါတစ်လေ လမ်းထိပ်ကနေ တိုးတွေက ညာပြီး အတင်းရောင်းတတ်တာရှိတယ်။ ကိုယ်တွေကိုယ်တောင် မနက်ပိုင်းပဲဖွင့်တဲ့ ရေပေါ်ဈေးကို နေ့လည်ဘက်ကြီးလိုက်ပို့မယ်လုပ်နေလို့ မသိသူဆိုခံရတတ်တယ်။ ဒါကြောင့် ကိုယ်သွားချင်တဲ့နေရာတွေကို အတတ်နိုင်ဆုံး သူများရေးထားတဲ့ reviews တွေဖတ်ပြီးမှ သွားပါ။
၁၃) Thai Massage သွားဖြစ်အောင်သွားခဲ့ပါ။ ဘတ် ၄၀၀ လောက်ပဲရှိပါတယ်။
၁၄) ပတ်ပုန်းတို့ ဘာတို့မှာ ဈေးလုံးဝမဝယ်ပါနဲ့နော်။ လုံးဝဈေးကြီးပါတယ်။
၁၅) Brand တွေဝယ်မယ်ဆိုရင် ဘတ် (၂၀၀၀) ဖိုးအနည်းဆုံးဝယ်ရင် VAT ပြန်claim လို့ရတယ်။ VAT ယူမယ်ဆိုရင် တစ်ခါတည်း ပိုက်ဆံရှင်းကတည်းက ပြောရတယ်။ လေဆိပ်ေ ရာက်မှ ပြောလို့မရဘူးနော်။
IN CASE if you want to know about VAT https://www.facebook.com/mykhayee/posts/787033838109998
သတိရရင် ထပ်ဆက်ပါမယ်။
MyKhayee တွင်ရေးသားထားသော စာများနှင့် ဓာတ်ပုံများအား ကူးယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါရှင်။ ကြိုက်သလောက်ရှဲနိုင်ပါတယ်။
With love
‪#‎chilli‬
‪#‎doanddont‬
‪#‎bangkok‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...