Saturday, July 16, 2016

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေသူတွေ ဘဝ

အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေသူတွေကို ကျန်နေခဲ့တဲ့ မိသားစု ဆွေမျိုး သူငယ်ချင်း မိတ်ဆွေ ချစ်သူတွေဟာ အရမ်းအထင်ကြီးကြပါတယ်။
တယောက်ယောက်မေးလာရင်လည်း ကိုယ့်သား ကိုယ်တူ ကိုယ့်ချစ်သူ ကိုယ့်လင်သား နိုင်ငံခြားမှာ ဘယ်နိုင်ငံမှာဆိုတာဖြေပြရတာ ပါးစပ်သိပ်အရသာရှိတတ်ကြပါတယ်။

တစ်လကိုဘယ်လောက်ပို့ နိုင်တယ်ဆိုပြီး ကြွားပြ သုံးဖြုန်းပြပါတယ်။ လစဉ်ပုံမှန်ပို့ နေတာထက် တခါတလေ ဒီလတော့ဘယ်လောက်ပိုပြီးပို့ ပေးပါဦး ဘာကြောင့် ညာကြောင့်ဆိုပြီး လှမ်းမှာတတ်ပါသေးတယ် ။ သူတို့ ပိုမှာတာနဲ့ အမျှ ငွေပို့ ရသူက ကျွဲလို နွားလို ကုန်းရုံးရှာဖွေပို့ ပေးရပါတော့တယ်။

သူများနိုင်ငံမှာအစစအရာရာဈေးကြီးတော့ ချွေတာသောအားဖြင့် ခေါက်ဆွဲပြုတ်ကို ထမင်းလိုစားကြရပါတယ် ကိုးရီးယားမှာလက်ဖက်တပွဲကို ငါးထောင်ကျပါတယ် မြန်မာငွေနဲ့ တွက်တော့မြိုမကျတော့ပါဘူး။ အော် ငါးထောင်ဆိုတာမြန်မာမှာဆို ဘာတွေဘယ်လိုဝယ်လို့ ရတယ်တွက်ပြီး ခေါက်ဆွဲကိုလင်မယားလုပ် မမုန်းတမ်းဖိစားပါတော့တယ်။
မြန်မာမှာကျန်နေခဲ့သူမိသားစုကတော့ အေးဆေးဘဲ ညီအကိုတချို့ က အလုပ်မလုပ် လက်ဖက်ရည်ဆိုင်ထိုင် ဟေးလားဟားလားလုပ် ငွေလိုလာရင် အမျိုးမျိုးခေါင်းစဉ်တပ် မမြင်ရသူကိုလိမ်ပြီးတောင်းတတ်ကြပါတယ်။
ချစ်သူတွေ မိန်းမတွေကလည်း ကိုယ့်ချစ်သူ တနေ့ တနေ့ အိပ်ချိန်ဘယ်လောက်ရလဲတို့  လုပ်ငန်းခွင်အန္တရာယ်တို့ ကို လျှာဖျားလေးနဲ့ စိတ်ပူပြပြီး ကွယ်ရာမှာ သူဌေးသမီးလို သုံးဖြုန်းတတ်ကြပါသေးတယ် အဝေးမှာ မိဝေးဖဝေး မိသားစုပစ် အထီးကျန်စွာ ရက် လ နှစ်တွေ ဖြတ်သန်းနေရသူကို လှမ်းစိတ်ကောက်ပြ စိတ်ဆိုးတာကပြသေးတယ် သူများနိုင်ငံကမတူညီတဲ့ရာသီဥတုနဲ့ ပင်ပန်းမူ့ ကြောင့်ဖျားနာမှာထက် အရိပ်အောက်နေပြီး မောင်ရေ ကိုရေ ဒီမှာပူတယ် အေးတယ် ဘာလေးဝယ်မှဖြစ်မယ် ဝယ်မယ်နော်လို့ လှမ်းပူဆာတတ်ကြပါတယ်
အထူးသဖြင့် သဘောင်္သားဘဝကပိုဆိုးပါတယ် လှိုင်းဒဏ် လေဒဏ် မုန်တိုင်းစသဖြင့် အန္တရာယ်ကိုနေ့ တဓူဝ ရင်ဆိုင်နေရတာပါ လူတော်တော်များများက သဘောင်္သားဆိုတာနဲ့  ပွေတယ် ရှုပ်တယ် သုံးဖြုန်းတယ်ပြောကြတယ် တကယ်တော့ သဘောင်္သားက စစ်သားနဲ့ တူတူပါဘဲ စစ်လိုက်ရတဲ့ဆေး ဆေးအောင်မှသူတို့ အသက်ရှုနိုင်တာပါ ကိုယ့်ဘဝကိုယ်မသတ်ကြပါဘူး
ကမ်းမမြင် လမ်းမမြင် အဆုံးအစမရှိပင်လယ်ပြင်မှာ ရက်ရှည်လများနှစ်တွေဟောင်းအောင် တနေ့ တနေ့ ဒီလူ ဒီမျက်နှာ ဒီဟင်း မုန်းအောင်မြင်နေစားနေရတာပါ အသက်ကိုပင်လယ်နဲ့ ရင်းထားရတာပါ။
ဒါကြောင့် ကိုယ့်ချစ်သူ ကိုယ့်ယောကျာ်း ကိုယ့်မိသားစု နိုင်ငံခြားမှာ လုပ်နေတာလို့ ဂုဏ်ယူဝံ့ကြွားစွာပြောလာသူတွေ ကိုယ်တိုင်ကဘာအလုပ်လုပ်နေပါသလဲ ဝင်ငွေဘယ်လောက်ရှာနိုင်ပါသလဲ သူတို့ ပို့ လာတဲ့ငွေထဲက တလကို 50% တောင်ပြန်စုဆောင်းပေးထားရဲ့ လား ပို့ တာမလောက်လို့ ပိုတောင်းနေရင် အလုပ်လုပ်နေသူပြန်လာရင် ဘုန်းကြီးကျောင်းသွား ကပ္ပိယလုပ်ရတော့မလား
စဉ်းစားပါ ကိုယ်ချင်းစာပါ ပို့ လာသမျှ 50% စုဆောင်းထားပေးလိုက်ပါ သင်အသားငါးစားချိန် သူခေါက်ဆွဲစားနေပါတယ် သင် i ph ကိုင်နေချိန် သူဖုန်းမှန်ကွဲလေးကိုင်နေပါတယ် သင် ပေါ်သမျှဝယ်နေချိန် သူ ဒါဝတ်ဖြစ်နေပါတယ် သင် လည်ပတ်နေချိန် သူလုပ်ငန်းခွင်မှာ ကုန်းရုန်းအချိန်ပိုဆင်းနေပါတယ် သင်ဖျားနာတယ်ပြောချိန် သူတယောက်ထဲ အိပ်ယာထက် လူးလိမ့်ဝေဒနာခံစားနေရပါတယ်။ သင်သူ့ အတွက်စာနာလိုက်ပါ။
ဒီနေ့ တွေးမိ ဒီနေ့ ပြုပြင်ရင် ဒီနေ့ သင်သူ့ ကိုကျေးဇူးဆပ်လိုက်ခြင်းပါ ကိုယ်ချင်းစာစိတ်နဲ့  မျှဝေခံစားတတ်ကြပါစေ။
ခရက်ဒစ် - https://www.facebook.com/profile.php?id=100004164366789

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...