Saturday, July 9, 2016

မိုင်းဖုန်းဆရာတော်ဘုရားအကြောင်း သိသလောက်မျှဝေပါရစေ

သိန်း မြင့်

၁ ဆရာတော်ဘုရားကငယ်ဖြူ တစ်ပါးပါ။
ငယ်စဉ်တောင်ကျေးကလေးဘဝမှသိတတ်တဲ့အရွယ်မှစပြီး
သာသနာ့ဘောင်ထဲဝင်ရောက်သူပါ။
၂ ငယ်စဉ်မှစပြီးသတ္တဝါတွေအပေါ်သနားကြင်နာ
ချစ်ခင်မေတ္တာထားရုံမကငယ်ငယ်ကတည်းက
သက်သတ်လွတ်စားသုံးသူပါ။

၃ ငယ်ငယ်ကတည်းက ၈ နှစ်အရွယ်ကတည်းက
ဝိပဿနာတရားကိုတောထဲတောင်ထဲသွားပြီး
ဝိပဿနာတရားထိုင်သူပါ။
၎ ဆရာတော်ဘုရားဟာငယ်ငယ်ကတည်းက
ခန္တီပါရမီကြီးမားသူသီတင်းသုံးဖော်
သူငယ်ချင်းများနှင့်ရန်မဖြစ်တတ်သူ
၅ ငယ်ငယ်ကတည်းကအေးအေးဆေးဆေးနေတတ်သူ
၆ အသက် ၁၂ နှစ်အရွယ်မှစ၍စဝ်မောင်းလုံတရားခွေကို
နှစ်နှစ်ခြိုက်ခြိုက်နာယူသူ
၇ ရဟန်းခံပြီးနောက်ပိုင်းအိန္ဒိယဟိမဝန္တာတောထဲ
နှစ်ချီပြီးတရားသွားအားထုတ်သူ
၈ ဟိမဝန္တာတောထဲတရားအားထုတ်စဉ်
ကုလားလူရိုင်းများဖမ်းဆီးချုပ်နှောင်ထားသော်လည်း
ချည်ထားသောကြိုးများအလိုလိုဖြည်သွားခြင်း
၉ ဘာသာစကားများမည်သူမျှသင်ပေးခြင်း
မရှိသော်လည်းအလိုလိုတတ်မြောက်ခြင်း
၁၀ ဝါတွင်းသုံးလငယ်စဉ်မှစပြီးယခုထိတိုင်
မည်သူနှင့်မျှအတွေ့ မခံဘဲဂူတွင်း၌သစ်သီးများကိုသာ
သုံးဆောင်၍တရားများကိုနှလုံးသွင်းကျင့်ကြံခြင်း
၁၁ ဆရာတော်ဘုရားဂူထွက်ချိန်တွင်
လူများအလိုလိုသွားဖူးမျှော်ကြခြင်း
၁၂ ဆရာတော်ကြွသည့်နေရာတွင်လူများအလိုလို
အလူ့ အယက်တိုးဝှေ့ ၍သူ့ ထက်ကိုဦးအောင်
သွားရောက်ဖူးမျှော်ကြခြင်း
၁၃ ဆရာတော်ဘုရားအသံတော်သည်သူများနှင့်မတူဘဲ
အော်ကြီးဟစ်ကျယ်မရှိဘဲစူးစူးနားဝင်ချိုပြီး
အသံငယ်သေးသော်လည်းအားလုံးကြားအောင်ပြောနိုင်ခြင်း
၁၄ ထေကြီးဝါကြီးဆရာတော်များနှင့်တွေ့ သောအခါ
မြင်သူများအံသြဘွယ်ကြက်သီးထဘွယ်ကောင်းလောက်အောင်
ပြားပြားဝပ်ရိုရိုသေသေရှစ်ခိုးကန်တော့ခြင်း
၁၅ ရသမျှအလှူ ငွေများကိုမက်မောခြင်းမရှိဘဲ
ပြန်လည်လှူ ဒါန်းခြင်း
၁၆ ဆရာတော်သက်တော် ၅၀ ပြည့်မွေးနေ့တွင်
အံ့အောဘွယ်ကောင်းလောက်အောင်အနယ်နယ်အရပ်ရပ်မှ
ပရိဿများလာကြခြင်း
သိန်းချီပရိဿမှရန်ဖြစ်မှု မရှိခြင်း
၁၇ ဘူတန်ဘုရင်မင်းမြတ်မှအထူးကြည်ညိုခြင်း
၁၈ ဆရာတော်ဘုရားကိုဖူးမျှော်ရတဲ့လူတိုင်း
ဖူးမဝအောင်ဆန္ဒများဖြစ်ပေါ်ခြင်း
၁၉ ဆရာတော်ဘုရားမှလူတစ်ယောက်ကိုမြင်လိုက်သည်နှင့်
အဲ့ဒီလူရဲ့ စိတ်နေစိတ်ထားကိုအကုန်သိခြင်း
၂၀ ဆရာတော်ဘုရားသည်မပျင်းမရိဘုရားကို
အမြဲဝတ်တက်ကန်တော့ခြင်းတစ်ခါကန်တော့လျှင်
နာရီလိုက်ကြာရုံမကအသံထွက်၍ဝတ်တက်ခြင်း
တစ်ရက်လျှင်အနည်းဆုံး ၅ ကြိမ်မက
ဝတ်တက်ကန်တော့ခြင်း။
စသည့်သိသလောက်များကိုတင်ပြကုသိုလ်ယူပါသည်။
Credit > Nang Kyi Thein

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...