Thursday, July 14, 2016

English Speaking Basics (22) အင်္ဂလိပ်စကားပြော အခြေခံများ (၂၂)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

ကျေးဇူးတင်ပါတယ်လို့ အင်္ဂလိပ်လို ပြောဖို့ အကြောင်းကိစ္စတစ်ခုကြုံလာတဲ့အခါ Thank you. လို့ တိုတိုလေးပြောလိုက်တာထက်ပိုပြီး ပြည့်ပြည့်စုံစုံ နဲ့ သက်သက်သာသာလေး အလွယ်တကူ ပြောထွက်နိုင်စေဖို့အတွက် တင်ဆက်လိုက်တာ ဖြစ်ပါတယ်
……………………..
THANK YOU FOR
………………………..
Saying 'thank you' is telling someone you appreciate what they have done.


.
(A) Thank you for + V-ing (Gerund noun)
…………………………………
(1) Thank you for accepting my friend request.
ကျနော့်ရဲ့ friend request ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
(2) Thank you for helping me.
ကျနော့်ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်
(3) Thank you for inviting me.
ကျနော့်ကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်
(4) Thank you for inviting me to your birthday party.
ခင်ဗျားရဲ့ မွေးနေ့ပါတီကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်
(5) Thank you for replying to my email.
ကျနော့်ရဲ့ email ကို ပြန်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်
(6) Thank you for hurrying to get there. (hurry = လောဆော်သည် ၊ ရေးကြီးသုတ်ပျာ လုပ်သည်)
ဒီနေရာကို ရောက်အောင် လောပေးတဲ့အတွက် (ရေးကြီးသုတ်ပျာ လုပ်ပေးတဲ့အတွက်) ကျေးဇူးတင်ပါတယ်
(7) Thank you for attending my birthday party.
ကျနော့်ရဲ့မွေးနေ့ပွဲကို တက်ရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်
(8) Thank you for coming into my life and giving me joy.
ကျနော့်ဘ၀ထဲကို ၀င်လာပြီး ပျော်ရွှင်မှုတွေ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
(9) Thank you for loving me and receiving my love in return.
ကျနော့်ကို ချစ်တဲ့အတွက် ၊ ပြီးတော့ အပြန်အလှန်အားဖြင့် ကျနော့် အချစ်ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
(10) Thank you for being a part of my life. (being = ရှိနေသည်)
ကျနော့်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
…………………………………..
(B) Thank you for + Noun phrase
………………………………….
(11) Thank you for your help.
ခင်ဗျားရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်
(12) Thank you for your kindness.
ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်
(13) Thank you for your kind consideration. (consideration = စဉ်းစားဆင်ခြင်ခြင်း)
ခင်ဗျားရဲ့ ညှာတာ စဉ်းစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်
(14) Thank you for a nice present. ( nice = အလွန်ကောင်းသော)
သိပ်ကောင်းလွန်းတဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်
(15) Thank you for everything.
အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်
(16) Thank you for the dinner.
ညစာအတွက် ကျေးဇူးတင်ပါတယ်
(17) Thank you for the information.
သတင်းအချက်အလက်အတွက် ကျေးဇူးတင်ပါတယ်
(18) Thank you very much for your hospitality. (hospitality = ဧည့်ဝတ်ကျေပွန်မှု ၊ ပျူငှာမှု)
ခင်ဗျားရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် အလွန့်အလွန် ကျေးဇူးတင်ပါတယ်
(19) Thank you very much for your tender love. (tender = ကြင်နာသနားသော ၊ သိမ်မွေ့နူးညံ့သော)
ခင်ဗျားရဲ့ သိမ်မွေ့နူးညံ့တဲ့အချစ်အတွက် အလွန့်အလွန် ကျေးဇူးတင်ပါတယ်
(20) Thank you so much for the necklace and earrings. (necklace = လည်ဆွဲ ၊ earring = နားကွင်း)
လည်ဆွဲနဲ့ နားကွင်းတွေအတွက် အများကြီး အများကြီး ကျေးဇူးတင်ပါတယ်
…………………………
ကဲ ကျေးဇူးတွေ ဖေါဖေါသီသီ တင်လို့ရပြီနော်..
..
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...