Saturday, July 23, 2016

✤ လေးဖြူတက္ကသိုလ်ကျောင်းသား ဘဝက ပြောခဲ့သော ဂီတနဲ့ဂစ်တာအပေါ်သူရဲ့အတွေးအမြင်သဘောတရားများ ✤ . ⓛⓐⓨ ⓟⓗⓨⓤ

Music Crazy Te Te Tar Tar


ထိုနေ့က ကျွန်တော်သည် အဆောင်ထမင်းစားပြီး အိပ်ပျော်သွားသည်။အိပ်ရာမှရုတ်တရက် လန့်နိုးချိန်တွင်လွန်ကောင်းမွန်သောဂစ်တာသံကိုကြားရလေသည်။ရုတ်တရက်အိပ်ရာမှထသေးဘဲ
နားထောင်နေဖြစ်သည်။အမှန်တိုင်းပြောရရင် ကျွန်တော်ဂစ်တာစတီးသော ၁၉၇၉ ဒီဇင်ဘာလ မှ ၁၉၈၇ဖေဖော်ဝါရီလလယ်လောက်ဆို ၇ နှစ် လောက်ရှိပြီဖြစ်သည်။ ထိုကာလအတွင်းယခုလောက်ကောင်းသော ရစ်သမ် ဂစ်တာတီးသံကိုမကြားဖူးတာ အမှန်ပါ။
ကျွန်တော်လည်း အိပ်နေရာမှ ညင်သာစွာ ထကာ ဂစ်တာသံကြားရာ အခန်း B-6သို့လာခဲ့သည်။ B-6 တွင် ကိုကျော်ရင်သည်ထုံးစံအတိုင်းသူ့ခုတင်ပေါ်တွင်ပက်လက်လှန်ကာ စာဖက်လျှက်ရှိသည်။အခန်း ရဲ့ အရှေ့ဘက်အခြမ်းတွင် စွပ်ကျယ်ချိုင်းပြတ် ဝတ်ထားသော ကျောင်းသားတယောက်ဟာ
ဂစ်တာပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ကာ ခေါင်းတခါခါ လည်တခါခါ နဲ့တီးနေသည်ကို တွေ့ရပါသည်။ကျွန်တော်သည် ကိုကျော်ရင်ကိုလည်း ခွင့်မတောင်း ဂစ်တာတီးနေသူကိုလည်း ဘာမှမပြောဘဲ အခန်းတွင်းသို့ဝင်ကာ ဂစ်တာတီးနေသူနောက်မှအသာရပ်လျက် ဂစ်တာတီးနေခြင်းကို ၎င်း သီချင်းဆိုနေခြင်းကို ၎င်း အံ့အားတသင့် ငေးကြည့်နေမိသည်။ ထိုစဉ်က သူဆိုနေသော သီချင်း ကိုအထူးပင် အမှတ်တရရှိလှသည်။ လွန်ခဲ့သော နှစ်များက ခေတ်စားခဲ့သော အဆိုတော် ခင်မောင်ထူး ရဲ့
ဇာတ်တော်ထဲမှာအလွမ်းဆုံး တေးသီချင်းဖြစ်သည်။ သူသည်ဂစ်တာကိုအားရှိပါးရှိတီးနေပါသည်။သီချင်းဆိုနေပုံ
မှာလည်းသူ့ကိုယ်ပိုင်ဟန်ဖြစ်ပါသည်။ထိုသို့ပြောရသည်မှာ ထိုစဉ်က ကျွန်တော်တို့သည် စိုင်းထီးဆိုင် သီချင်းဆိုလျှင် စိုင်းထီးဆိုင်ရဲအသံကို အနီးစပ်ဆုံးဖြစ်စေရန်၎င်း ခင်မောင်တိုးသီချင်းဆိုလျင် ခင်မောင်တိုးအသံနှင့် အနီးစပ်ဆုံးတူစေရန်တုပ၍ူသီဆိုတက်ကြပါသညိ။သည်ပုဂ္ဂိုလ်ကတော့အဆိုတော်ရဲ့အသံကိုတုပသီဆိုခြင်းမရှိဘဲသူ့ရဲ့ပင်ကိုယ်အသံဖြင့်သီဆိုနေရာအလွန်နားထောင်၍ကောင်းလှသည်။အခန်းထဲကျွိတော်ဝင်လာသည်ကို ကိုကျော်ရင်ကသိပေမယ့် ဂစ်တာတီးနေသောပုဂ္ဂိုလ်ကမသိပါ။သီချင်းဆုံးသောအခါ စားပွဲအစွန်းတွင်တင်ထားသောဆေးပေါ့လိပ်အားပါးစပ်တွင်တပ်ကာမီးညှိဖွာရှိုက်လိုက်ပါသည်။ပြီးမှဘေးတွင်ကျွန်တော်ရောက်နေသည်ကိုတွေ့သွားပါသည်။သူကအရင်စပြုံးပါသည်။အလွန်ရိုးသားနွေးထွေးသောမျက်လုံးအကြည့်ဖြင့်ပြုံးပြခြင်းဖြစ်ည်ဟုကျွန်တော်ထင်ပါသည်။ပြုံးလိုက်သောအခါသူ့ပါးစပ်ပြဲသွား၍သွားကျဲကျဲများကိုတွေ့လိုက်ရပါသည်။ သူ့သွားတွေကကွမ်းစားဆေးသောက်သဖြင့် ကွမ်းချိုး ဆေးချေး များကြားတွင် မဲ နေသည်ကိုတွေ့ရပါသည်။
ကျွန်တော်က ....
`` အခုလိုတီးတာ တခါမှ မတွေ့ဖူးဘူးဗျ´´ လို့အဆက်စပ်မဲ့စွာပြောလိုက်ပါသည်။
သူကဘာမှ မတုန့်ပြန်ပဲ ထပ်မံပြုံးပြပါ သည်။
ကျွန်တော်က...``အဲဒီ့တီးနည်းကိုဘယ်လိုခေါ်လည်း´´ဟ
ုထပ်မံမေးခွန်းထုတ်ရာ...
`` BACKIN ´´ ဂစ်တာလို့ခေါ်တယ်ဗျ ဒီသီချင်းရဲ့
မူရင်းအဆိုတော်က `` ဂျွန်ကူးပါး ´´ဗျ သူတို့အဖွဲ့က
`` BACKIN ´´ ကောင်းတယ်ဗျ `` HARD ROCK´´
တွေပေါ့ဗျာ။ကျွန်တ်ာသည် ဂစ်တာဝါသနာပါသောတောသားတယောက် အလိုက် ကန်းဆိုးမသိတဖက်လူဖြေလိုသည် မဖြေလိုသည် မသိဘဲ ကိုယ်မေးချင်တာလျှောက်မေးနေဖြစ်ခဲ့သည်။ သူ့ အဖြေများသည် ဆရာကြီးပုံစံ ပေါက်မည်စိုး၍
ထိန်းထိန်းသိမ်းသိမ်းဖြေနေပုံရသည်။
ကျွန်တော်က ...
`` BACKIN GUITAR ဆိုတာ သီးသန့်သင်လို့ရလားဗျ ´´ဟုမေးရာ
ကျွန်တော်ကတော့ဒီလိုဘဲသီချင်းခွေတွေနားထောင်ပြီး
ဂစ်တာကိုလိုက်တီးတာပဲ။ စနစ်ကျသင်ပြီး တက်လာတာမဟုတ်ဘူး။ကျွန်တော့်အထင်တော့ `` BACKIN GUITAR ´´ဂစ်တာတီးဖို့ အလေအကျင်တွေများများလိုမယ်ဟု ထိန်းထိန်းသိမ်းသိမ်းဖြေပါသည်။
ကျွန်တော်က..
`` မိမိအတွက်နဲ့အအနှောင့်အယှက်ဖြစ်ခဲ့ရင် ခွင်လွတ်ပါ ဘာညာ´´ နဲ့ ပဋိသန္ဓောရ စကားမဆိုပါ။
`` လုပ်ပါဦး ဆက်တီးပါဦး နားထောင်ရအောင်´´ ဟုဆိုသော်လည်း သူကဆက်မတီးတော့ပါ။
သူကအဆက်စပ်မရှိ `` ကက်ဆက်နားထောင်ရအောင်´´ပြောပြီး TAPEတခွေအားPLAYER အတွင်းထည့်ကာ PLAY ပါသည်။ကျွန်တော် အရမ်း ကြိုက်တယ်ဟုပြော၍ TAPE COVER အားယူကြည့်မိပါသည်။ ကျွန်တော်ဘာမှနားမလည်ပါ နားလည်ချင်ယောင်လည်းမဆောင်ပါ။
``ဘယ်သီချင်းလည်းမသိဘူး´´ဟု
TAPE COVER ကိုကြည့်ရင်းမေးမိပါသည်။
`` TELEGRAPH ROAD ´´တယ်လီဂရပ်လမ်းမပေါ့ဗျာ
`` နည်းနည်းလောက်ပြောပြမလား´´
`` ကြေးနန်းကြိုးတွေအကြောင်း ဖွဲ့ထားတဲ့သီချင်းပါပဲ
ကြေးနန်းရိုက်တဲ့ ကြေးနန်းကြိုးတွေနေမှာပါ ´´
`MUSIC COMPOSITION နဲ့ သီချင်းဖွဲ့စည်းပုံသိပ်မိုက်တယ် ဂစ်တာကိုတီးထားတာက ကြေးနန်းကြိုးတွေရဲ့ အခြေနေနဲ့ လိုက်အောင်ကိုက်ညီအောင် တီးထားတာ မှန်ကိတဲအကြောင်းရာပေါ်မှာမှန်မှန်ကန်ကန် နဲ့
ဖွဲ့စည်းထားတဲ့သီချင်းပါ။
`` ကျွန်တော် နားမလည်ဘူး ယေဘူယျသဘောပြောရုံ နဲ့ ကွ်ျတော် နားမလည်ဘူး ´´ ဟု ကျွန်တော်ကပြောတော့
`` ကြေးနန်းကြိုး တွေက မြေပြန့်မှာ သွယ်တန်းထားရင် မြေပြန့်မှာ သွယ်တန်းထားတဲ့ အခြေအနေနဲ့ ကိုက်ညီအောင်
ဂစ်တာကိုတီးထားတယ်။ကြေးနန်းကြိုး တွေကမြေပြန့်ကနေ တောင်ကုန်းမြင့်တွေဆီတက် သွားတဲ့အခါ ဓာတ်ကြိုးတွေ အမြင့်တနေရာဆီတက်သွားသလိုခံစားရအောင်တီးထားတယ်။
အဲလိုပဲ ဓာတ်ကြိုးတွေ သွယ်တန်းမှု့ဟာ တောင်ကုန်းထိပ်ကနေ တောင်အောက်ကိုစီးဆင်းသွားရင်လည်း ဂီတဖွဲ့စည်းပုံက ဓာတ်ကြိုးတောင်အောက်ကိုသွယ်တန်းသွားတာကို သရုပ်ဖော်တီးခတ်ထားယ် အဲလိုထင်တာပဲလေ ကျွန်တော်လည်းသိပ်မသိပါဘူး´´ ဟုပြောပါသည်။ သူကသာ သိပ်မသိပါ ဟပြောသည် ကျွန်တော်အတွက်ကတော့ အားလုံးအသစ်ဆန်းတွေချည်း ဖြစ်သည်။ ဂီတဖြင့် သဘာဝကိုဖော်ကျူးခြင်း
မဟုတ်ပါလား။
ကျွန်တော်က...
`` ကျွန်တော်တို့ OWN TUNE တွေမှာရော အဲလိုတီးတာရှိလား ´´ဟုစပ်စုပါသည်။
သူက...
`` ရှိတာပေါ့ ခင်မောင်တိုး ရဲ့ `` ဆည်းလည်းခတ်သံ ´´တို့
`` ကြိုးကြာသံ ´´တို့ ခင်ဗျားနားထောင်ကြည့် ကြိုးကြာသံ သီချင်း ဆိုရင် ကြိုးကြာငှက်တွေအုပ်စုဖွဲ့ပြီး အတောင်ပံတေညီညီညာညာ ခတ်ကာ အားမာန်ရှိရှိ
ပျံသန်းသွားတာကိုဂီမှာခံစားနိုင်မယ် စိတ်ဝင်စားဖို့လိုသလိုဖီလင်လည်းလိုတာပေါ့ ခံစားတက်ဖို့
ပေါ့ဗျာ။ ဆည်းလည်းခတ်သံ သီချင်းမှာလည်း သစ်ရွက်ကြွေတာ စမ်းချောင်းကလေးရဲ့ရေစီးသံကျေးငှက်ကလေး ရုတ်တရက်ထပျံလို့ သစ်ရွက်ခြောက်ကလေး ဖျတ်ကနဲ လွင့်ကြွေသွားတာလေးကိည စာသားနဲ ဂီတရောပြီး နားထောင်တက်ဖို့လိုမှာပေါ့။ စောင်း ကြိုးရှိုက်သံ မှာလည်း MUSIC မှာ ခေါင်းလောင်းထိုးသံတွေထည့်ထားတာအလွယ်တကူကြားနိုင်ပါတယ် ဂရုတစိုက် နားထောင်ရင်တွေ့နိုင်ပါတယ်´´
`` ကျွန်တော်လည်းဂီတနဲ့ပတ်သက်လို့ဝါသနာတော့ပါတယ် ဒါပေမယ့် ဘာမှဗဟုသုတတော့မရှိဘူး ဆရာကောင်းသမားကောင်းနဲလည်းမသင်ခဲ့ရဘူး ပါရမီလည်ပါပုံ မရပါဟု ပြောရင်သူ၏ဂစ်တာ နဲ့ ပတ်သတ်၍အတွေးအမြင်များပေါ် လေးစားဦးညွှတ်မိပါသည်။
ⓒⓡⓔⓓⓘⓣ
ပေါ်ဦးသစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...