Wednesday, July 27, 2016
လေးနက်မှုရှိသလို ပျော်ရွှင်အေးချမ်းဖွယ် မေတ္တာကမ္ဘာလေး
ပျော်ရွှင်ဖွယ်ကောင်းသောမိသားစုဘ၀လေးကို ပိုင်ဆိုင်စေလိုသော မေတ္တာဖြင့် ထောက်ပြစရာလေး အနည်းငယ်တော့ရှိပါတယ်..။
အဲ့ဒါကဘာလဲဆိုတော့….
တွေကတော့....
.
~~~~~~~~~~~~~~~~~~
မိသားစုတာဝန်တွေကို ထမ်းဆောင်းပေးရမယ့်တာဝန်တွေ ရှိသလို၊ စီးပွားရေး လုပ်ငန်းတွေအတွက်လည်းဆွေးနွေး တိုင်ပင်မှုတွေရှိမှာပဲ၊ပစ္စုပ္ပန်အနာဂတ်ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတဲ့ အတွေးအမြင်တွေလည်းရှိသင့် ရှိထိုက်ပါတယ်။
.
(၂)အိမ်တွင်းသူခိုး
~~~~~~~~~~~~
သူကိုဆိုလိုတာပါ။
ခိုးခိုးပေးနေတာ မိသားစုရှေ့ရေးကို သိပ်မတွေးဘူး။
.
(၃)မတည့်အတူနေမိသားစု
~~~~~~~~~~~~~~~~~~
အိမ်တစ်အိမ်ဟာ ဘယ်တော့မှ သာယာမှုမရှိဘူး၊
.
~~~~~~~~~~~~~~~~~~
မဟုတ်ပါဘူး… ။
စောင့်ရှောက်နေမှာ မဟုတ်တဲ့ အတွက် ဆင်းရဲနေမှာပဲ…
.
.
ရှောင်ကျဉ် နိုင်ကြမယ်ဆိုရင် ၀မ်းသာပါတယ်။
အေးချမ်းပြီးပျော်ရွှင်လှတဲ့ မိသားစုဘ၀လေးကို လူသားတိုင်း
တောင်းပေးလိုက်ပါတယ်။
━━━━━━━━━━━━━━━━━━━━
Ref. ; ကိုရဲ(Barlarlar)
.
[UnicodeVersion]
မိသားစုတစ်စု ဘာ့ကြောင့်ဆင်းရဲရသလဲ…?
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
(လူသားအားလုံးအတွက် အကျိုးရှိစေတာမို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါနော်)
ကျနော်တို့လူသားတိုင်းမှာ မိသားစု အသိုက်အမြုံဆိုတာ
ရှိကြပါတယ်..။
သက်ရှိသတ္တ၀ါတိုင်းမှာလည်း မိသားစုဆိုတာရှိကြစမြဲပါ…
ဒီမိသားစုဆိုတဲ့ လှပတဲ့အဓိပ္ပါယ်လေးက အရမ်းကို
လေးနက်မွုရှိသလို ပျော်ရွွင်အေးချမ်းဖွယ် မေတ္တာကမ္ဘာလေး
ဆိုလည်း (လုံး၀) မမှားပါဘူး။
တစ်ဦးနဲ့တစ်ဦး အမှီသဟဲ ပြုပြီးနေထိုင်နေကြတာပဲဖြစ်ပါတယ်…
ကဲ…ကျနော့်အနေနဲ့ လူသားအားလုံးအေးချမ်းပြီး
ပျော်ရွွင်ဖွယ်ကောင်းသောမိသားစုဘ၀လေးကို ပိုင်ဆိုင်စေလိုသော မေတ္တာဖြင့် ထောက်ပြစရာလေး အနည်းငယ်တော့ရှိပါတယ်..။
အဲ့ဒါကဘာလဲဆိုတော့….
အိမ်ထောင်စု တစ်စု မိသားစု တစ်စု ဘာ့ကြောင့်ဆင်းဆင်းရဲရဲ
ဒုက္ခတွေကို ရင်၀ယ်ပိုက်နေရသလဲဆိုတာလေးပါ..
လူတိုင်းသိထားသင့်သလို၊ လိုက်နာဆောင်ရွက်သင့်မယ်လို့လည်း ကျနော့်အနေနဲ့ တွေးထင်မိပါတယ်..။ကျနော်အနေနဲ့ မိသားစုတစ်ခုလုံးဆင်းရဲတွင်းထဲနက်နက်စေတဲ့အချက်လေး
တွေကတော့....
.
(၁)မပီသတဲ့ အိမ်ထောင်ဦးစီး
~~~~~~~~~~~~~~~~~~
အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး လုပ်တဲ့သူ တစ်နည်းအားဖြင့်
“အဖေ” ကို အဓိကထားစေချင်တာပါအိမ်ထောင်ဦးစီးညံ့ဖျင်း
ရင်လည်း ဒီအိမ်ဟာဆင်းရဲမှာပဲ၊ အိမ်ထောင်ဦးစီအနေနဲ့
မိန်းမယူ၊ ကလေးမွေးယုံလောက်နဲ့တော့ အိမ်ထောင်ဦးစီး မခေါ်ထိုက်သေးပါဘူး။
မိသားစုတာ၀န်တွေကို ထမ်းဆောင်းပေးရမယ့်တာ၀န်တွေ ရှိသလို၊ စီးပွားရေး လုပ်ငန်းတွေအတွက်လည်းဆွေးနွေး တိုင်ပင်မွုတွေရှိမှာပဲ၊ပစ္စုပ္ပန်အနာဂတ်ကို ဘယ်လိုဆက်လေှျာက်ရမလဲဆိုတဲ့ အတွေးအမြင်တွေလည်းရှိသင့် ရှိထိုက်ပါတယ်။
မိသားစုအရေးတွေကို လည်းရင်ကော့ခေါင်းမော့ပြီး ရေှ့က ဦးဆောင်မွုတွေလည်း လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ကဲ…အဲ့လိုမှမဟုတ်ပဲ တစ်နေ့တစ်နေ့ စားလောက်ရုံလေး လုပ်မယ်၊ အိမ်ပြန်ထမင်းစား၊ အိပ်၊ထ၊စား၊သွား ဆိုယုံလောက်ပဲလုပ်နေရင်တော့ ဒီအိမ်ဟာ သေချာတယ်ဆင်းရဲတွင်းထဲရောက်ပြီး ဒုက္ခတွေ တန်းစီပြီး၀င်နေမှာပဲ…ဒါ့ကြောင့် ဒီအိမ်ဟာဆင်းရဲနေမှာပဲ..။
.
(၂)အိမ်တွင်းသူခိုး
~~~~~~~~~~~~
ဒီအချက်ကတော့ အရေးကြီးတယ်အိမ်တစ်အိမ်မှာ အိမ်တွင်းသူခိုးရှိနေရင်လည်း ဒီအိမ်ဟာ ဆင်းရဲမှာ ပဲ
အိမ်ထောင်ဆိုတာ လင်နဲ့မယား နှစ်ဦးတည်ဆောက်ထားတာပါ ။
အဲ့ဒီမှာ ပြဿနာတစ်ခုက ယောက်ျားဖြစ်စေ၊ ဇနီးမယားဖြစ်စေ တစ်ယောက်ယောက်က အိမ်တွင်းသူခိုးဖြစ်နေရင်သေချာတယ်။
ဆင်းရဲပြီး...ဆိုလိုတာက ကိုယ့်ဘက်ကိုပဲကြည့်တတ်တဲ့
သူကိုဆိုလိုတာပါ။
ကိုယ့်အိမ်မှာဖြင့်စားမလောက်သေးဘူး၊ ကိုယ့်အမျိုးဆီကို
ခိုးခိုးပေးနေတာ မိသားစုရေှ့ရေးကို သိပ်မတွေးဘူး။
ထင်တိုင်းကျဲနေတာမျိုး ထမင်းမငတ်ရုံတမယ်ပဲ ရပ်တည်နေသ၍တော့အဲ့ဒီအိမ်ဟာဆင်းရဲမှာပဲ….
နောက်တစ်နည်းက အရက်သောက်တတ်တဲ့ ယောက်ျားကလည်း
ခိုးမှာပဲ၊ ချဲတွေ နှလုံးတွေ ထိုးတတ်တဲ့ မိန်းမကလည်း ခိုးမှာ အဲဒါဆိုသေချာတယ် ဒီအိမ်ထောင်စုဟာ ဆင်းရဲနေမှာပဲ…။
.
(၃)မတည့်အတူနေမိသားစု
~~~~~~~~~~~~~~~~~~
အိမ်တစ်အိမ်မှာ မိသားစုဆိုတာ ဖြစ်ပေါ်လာမှာပဲ…
အဲ့မိသားစုတွေမှာပဲ ပြဿနာတစ်ခုက အကြီးနဲ့အငယ်
မတည့်တာ၊ အမနဲ့ညီမ မတည့်တာ စတဲ့ စကားများရန်ဖြစ်တတ်တာတွေအစုံပေါ့ ...
အိမ်တစ်အိမ်ဟာ ဘယ်တော့မှ သာယာမွုမရှိဘူး၊
နေ့တိုင်းလိုလို စကားများတတ်တယ်၊ မသိရင်သူစိမ်းတွေလိုပဲ။ သူ့ကိုလည်းအဖတ်မလုပ် င့ါကိုလည်းမလေးစား ဖြစ်နေရင်တော့
အဲ့ဒီ့ အိမ်ထောင်စုဟာလဲပြိုပြီးဆင်းရဲတွင်းထဲ
လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။
.
(၄)အိမ်နီးချင်းကောင်းမရှိခြင်း
~~~~~~~~~~~~~~~~~~
လူဆိုတာ လူ့အသိုင်းအ၀ိုင်းထဲမှာ နေတတ်မှ လူနဲ့တူတာပါ။
အဲ့လိုမှ မဟုတ်ရင်တော့ လူဖြစ်တယ်ဆိုရုံပဲ သုံးလို့ရပါတယ်။
လူလို့ မခေါ်ထိုက်လောက်ပါဘူး။
အဓိကပြောချင်တာက ကိုယ်နေတဲ့ ပတ်၀န်းကျင်နဲ့
အဆင်ပြေအောင် နေစေချင်တာပါ… အဲ့လိုမှမဟုတ်ပဲ သူနဲ့ငါ့အကြောင်းပြော ငါနဲ့တွေ့ရင် သူ့အကြောင်းပြော
လောကကြီးကို အကောင်းမမြင်းတတ်ဘူး ဆန့်ကျင်ဘက်
အတွေးတွေ ရှိနေသ၍ တော့ ဘယ်တော့မှ အဆင်ပြေနိုင်မှာ
မဟုတ်ပါဘူး… ။
အဲ့လိုလူမျိုးကို ဘယ်လိုပုဂ္ဂိုလ် ကမှလည်း ဖေးမ
စောင့်ရေှာက်နေမှာ မဟုတ်တဲ့ အတွက် ဆင်းရဲနေမှာပဲ…
ဘယ်တော့မှ အဆင်ပြေပြေနဲ့ ခရီးဆက်နိုင်နေမှာမဟုတ်တဲ့
အတွက် ဒီအိမ်ဟာလည်း ဆင်းရဲနေမှာပဲ။
.
.
ကျနော်ပြောတဲ့ ဒီအချက်တွေ တစ်ချက်ချက်နဲ့ ငြိနေတယ်ဆိုရင် ဒီမိသားစုရဲ့ အနာဂတ်ဟာ လှပနေမှာမဟုတ်နိုင်တဲ့ အတွက်
ကျနော့် ရဲ့ စာဖတ်ပရိတ်သတ်တွေလည်း ဒီအချက်လေးတွေကို
ရေှာင်ကျဉ် နိုင်ကြမယ်ဆိုရင် ၀မ်းသာပါတယ်။
ဒီအချက်တွေနဲ့ လွတ်မြောက်နိုင်မယ်ဆိုရင် အေးချမ်းလှတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
အေးချမ်းပြီးပျော်ရွွင်လှတဲ့ မိသားစုဘ၀လေးကို လူသားတိုင်း
ပိုင်ဆိုင်နိုင်ကြပါစေလို့ဗဟုသုတရွာမှဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်။
မိသားစုအားလုံး သာယာချမ်းမြေ့နိုင်ကြပါစေ…
━━━━━━━━━━━━━━━━━━━━
🗿🗿(‪#‎သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ‬)
Ref. ; ကိုရဲ(Barlarlar)
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...