Friday, October 2, 2015

"Facebook တြင္ မျပဳလုပ္သင့္ေသာ အခ်က္ (၁၀) ခ်က္"

Internet Journal

Facebook သုံးစြဲသူမ်ားအေနနဲ႔ လူမႈေရးမီဒီယာမွာတင္တဲ့ post ေတြနဲ႔ပတ္သက္ၿပီး သတိထားသင့္ပါတယ္။ Facebook post တစ္ခုေၾကာင့္ ကိုယ္ေရးအခ်က္အလက္ ခိုးယူခံရျခင္းမွ အလုပ္ျပဳတ္တဲ့အထိ ျဖစ္ႏိုင္ပါတယ္။ ဆိုက္ဘာ လုံၿခဳံေရးကၽြမ္းက်င္ပညာရွင္ေတြက လႈမႈေရးမီဒီယာ သုံးစြဲသူေတြ အေနနဲ႔ privacy setting အနည္းငယ္သာ အသုံးျပဳေနၾကတာကို သတိေပးထားပါတယ္။ ဒါေၾကာင့္ လႈမႈေရးမီဒီယာ သုံးစြဲသူေတြ သတိျပဳႏိုင္ဖို႔ Facebook မွာလုံးဝ မတင္သင့့္တဲ့ အခ်က္ ၁၀ ခ်က္ကို ေအာက္မွာ ေဖာ္ျပသြားပါမယ္။
ဒီအခ်က္ေတြက Facebook သုံးစြဲသူနဲ႔ ၎တို႔ ပိုင္ဆိုင္တဲ့ ပစၥည္းဥစၥာေတြကို ကာကြယ္ေပးႏိုင္မွာပါ။
(၁၀) အိမ္အျပင္ထြက္မည့္ အေၾကာင္း
Facebook သုံးစြဲသူေတြဟာ အားလပ္ရက္ ခရီးထြက္ျခင္း ဒါမွမဟုတ္ ညဘက္ အျပင္ထြက္ျခင္းစတဲ့ အိမ္ကေန အျပင္ထြက္မယ့္အခ်ိန္ကို လူေတြသိေစမယ့္ post မ်ိဳး မတင္သင့္ေၾကာင္း Huffington Post က ေဖာ္ျပခဲ့ဖူးပါတယ္။ Facebook က သင္ဘယ္မွာ ရွိေနတယ္ဆိုတာ လူေတြကိုအသိေပးဖို႔ Facebook Places feature ေထာက္ပံ့မႈ ေပးထားပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ လူေတြကို သင္ဘယ္မွာဆိုတာ အသိေပးဖို႔ သတိထားသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သင့္ရဲ႕ friend list ထဲမွာ မယုံၾကည္ရတဲ့ လူေတြ ပါဝင္လာႏိုင္ပါတယ္။ ဥပမာဆိုရရင္ သင္က Facebook ေပၚမွာ ခ်စ္သူနဲ႔ ဒီည ႐ုပ္ရွင္သြားၾကည့္မယ္ဆိုတာ တင္လိုက္တဲ့အခါ သင္အိမ္မွာ နာရီအနည္းငယ္ခန္႔ မရွိတဲ့အေၾကာင္းကို သူခိုးေတြက သိသြားမွာပါ။ အဲဒီအခ်ိန္အတုိင္းအတာက သင့္အိမ္ကုိ ေကာင္းေကာင္း ေဖာက္ထြင္းႏိုင္ပါတယ္။
(၉) ဖုန္းနံပါတ္
Facebook profile ဒါမွမဟုတ္ သုံးစြဲသူရဲ႕ ဖုန္းနံပါတ္တင္ထားဟာ လုံၿခဳံမႈမရွိပါဘူး။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က မိတ္ေဆြမ်ားရဲ႕ ဖုန္းနံပါတ္ကို Facebook group မ်ားမွာ ရွာေဖြႏိုင္တဲ့ developer တြမ္စေကာ့ရဲ႕ “Evil” app နဲ႔ ပတ္သက္တဲ့ ေဆာင္းပါးကို Huffington Post က ေဖာ္ျပဖူးပါတယ္။ အဲဒီ app နဲ႔ ရွာေဖြရာမွ ရလာတဲ့ ဖုန္းနံပါတ္ေတြကို လူအမ်ား ျမင္ေတြ႕ႏိုင္တဲ့ ေနရာမွာ ေဖာ္ျပေပးပါတယ္။ “Evil” ဟာ သင့္ရဲ႕ဖုန္းနံပါတ္ကို ရယူႏိုင္တဲ့ app တစ္မ်ိဳးပါ။ ဒါ့အျပင္ ေစ်းကြက္ရွာေဖြေရးကုိ ခုတုံးလုပ္ျခင္း ဒါမွမဟုတ္ အမ်ားျပည္သူ ဖုန္းလမ္းညႊန္မ်ား အသုံးျပဳၿပီး ဖုန္းနံပါတ္မ်ားကို ရယူေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ “ကၽြန္ေတာ့္ ဖုန္းေပ်ာက္သြားပါတယ္။ ဖုန္းနံပါတ္ေတြ ျပန္ပုိ႔ေပးၾကပါ” ဆိုၿပီး ေရးထားတဲ့ post ေတြ မတင္သင့္ပါဘူး။
(၈) ဖြင့္ဟဝန္ခံခ်က္
Facebook မွာ တစ္ကိုယ္ေရ အခ်က္အလက္ေတြကို မေဖာ္ျပတာက အေကာင္းဆုံးပါ။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီအခ်က္အလက္ေတြကို တရားတေဘာင္ ရင္ဆိုင္ရာမွာ သက္ေသအျဖစ္ အသုံးျပဳႏိုင္တဲ့အတြက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သင့္အေနနဲ႔ သူေဌးကို ဘယ္ေလာက္မုန္းတီးတဲ့ အေၾကာင္း ဒါမွမဟုတ္ အဆင္ျခင္မဲ့တဲ့ လုပ္ရပ္ ဒါမွမဟုတ္ ဥပေဒျပင္ပ လုပ္ရပ္ေတြ လုပ္ေနတဲ့ ပုံေတြတင္မယ္ဆုိရင္ အေသအခ်ာ ျပန္စဥ္းစားသင့္ပါတယ္။
(၇) ပတ္သက္ဆက္ႏြယ္မႈ
သင့္ရဲ႕ Facebook profile မွာတစ္ဦးတစ္ေယာက္ ဒါမွမဟုတ္ လူအမ်ားနဲ႔ ပတ္သက္ ဆက္ႏြယ္မႈေတြကို ေဖာ္ျပဖုိ႔ မသင့္ေတာ္ဘူးလို႔ လုံၿခဳံေရးကၽြမ္းက်င္ပညာရွင္ အန္ဒီအိုေဒၚနယ္က ေျပာပါတယ္။ တစ္ကုိယ္ေရ တစ္ကာယသမား တစ္ေယာက္ျဖစ္သူက သူတစ္ပါးကို လိုက္လံေႏွာက္ယွက္တတ္သူေတြကို နားလည္မႈလြဲမွားၿပီး စကားစတင္ေျပာလာေအာင္ အခြင့္အေရးေပးရာ က်ပါတယ္။ ဒါ့အျပင္ သင္ဟာ တစ္ကိုယ္ေရသမား ျဖစ္တဲ့အတြက္ အိမ္မွာတစ္ေယာက္ထဲရွိတာကို လူေတြကို သိေစပါတယ္။ သင့္အေနနဲ႔ လုံၿခဳံမႈကို အေလးထားတယ္ဆိုရင္ relationship status ကို မျဖည့္တာ အေကာင္းဆုံးပါ။
(၆) ေမြးဖြားသည့္ ေန႔ႏွင့္ေနရာ
Facebook သုံးစြဲသူေတြဟာ ၎တို႔ ေမြးတဲ့ေန႔နဲ႔ ေနရာကုိ မတင္သင့္ဘူးလို႔ CBS News ကေဖာ္ျပခဲ့ပါတယ္။ သင့္ရဲ႕ေမြးေန႔ကို ၾကည့္ၿပီး လူမႈလုံၿခဳံေရး ကိန္းဂဏန္းကို အျပည့္အဝမဟုတ္ေတာင္မွ အမ်ားစုကို ကိုယ္ေရးအခ်က္အလက္ ခိုးယူသူေတြက တိတိက်က် ခန္႔မွန္းမိပါတယ္။
(၅) လက္ရွိတည္ေနရာ
လူအမ်ားစုဟာ အၿမဲတေစ သူတို႔သြားေရာက္ခဲ့တဲ့ ေနရာေတြကို သူငယ္ခ်င္းေတြ သိရွိေစဖို႔အတြက္ Facebook မွာ ေဖာ္ျပေလ့ရွိတယ္။ ဒါဟာ Facebook မွာပါဝင္တဲ့ ေပ်ာ္စရာ feature တစ္ခုပါ။ ဒါေပမယ့္ သင္အျပင္ ေရာက္ေနတာကို အိမ္ေဖာက္ထြင္းမယ့္ သူေတြသိသြားႏိုင္ပါတယ္။
(၄) မသင့္ေတာ္သည့္ ဓာတ္ပုံမ်ား
ကုမၸဏီဝန္ထမ္းအမ်ားစုက သူတို႔နဲ႔ ရာထူးတစ္ခုအတြက္ ယွဥ္ၿပိဳင္မယ့္သူေတြရဲ႕ Facebook profile မ်ားကို ၾကည့္႐ႈတတ္ပါတယ္။ ဒါေၾကာင့္သင့္အေနနဲ႔ Facebook ေပၚမွာ ျပစ္မႈမကင္းတဲ့ ဓာတ္ပုံေတြကို မတင္သင့္ပါဘူး။
(၃) Password
လူေတြဟာ Facebook ေပၚမွာ password ေတြေဝမွ်တတ္ၾကေလ့ရွိတာကို မယုံႏိုင္ေအာင္ ေတြ႕ရပါတယ္။ Facebook မွာ မေဝမွ်ဖုိ႔ နံပါတ္တစ္အျဖစ္ စာရင္းသြင္းထားတာက password ေတြေဝမွ်တဲ့ ကိစၥပါ။ သင္အယုံၾကည္ရဆုံးသူ တစ္ေယာက္နဲ႔ password ေဝမွ်တာလည္း အႏၲရာယ္မ်ားပါတယ္။ Password ေၾကာင့္ သင္တို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ထိခိုက္ႏိုင္ပါတယ္။ ဥပမာဆိုရရင္ သင့္ရဲ႕ Facebook password ကို ခ်စ္သူကို ေပးထားတယ္။ သင္တို႔ႏွစ္ေယာက္ လမ္းခြဲလိုက္ၾကတဲ့အခါ သင္မႏွစ္သက္သူ တစ္ေယာက္က သင့္ရဲ႕ အခ်က္အလက္နဲ႔ account ကို အသုံးျပဳႏိုင္တဲ့ အေျခအေနေရာက္ ေနတာကို ျမင္ေတြ႕လာမွာပါ။
(၂) အိမ္လိပ္စာ
လူေပါင္း ၄၀ ရာခိုင္ႏႈန္းက လူမႈေရးမီဒီယာ ဝက္ဘ္ဆုိက္မွာ အိမ္လိပ္စာေတြ ေဖာ္ျပထားေလ့ရွိတယ္လို႔ CBS သတင္းဌာနက တင္ျပခဲ့ဖူးပါတယ္။ အဲဒီ ၄၀ ရာခိုင္ႏႈန္းထဲက ၆၅ ရာခိုင္ႏႈန္းဟာ privacy setting မ်ားနဲ႔ သူတို႔ရဲ႕ သတင္းအခ်က္အလက္ေတြကို သူစိမ္းေတြ လာေရာက္ၾကည့္႐ႈတာ ခြင့္ျပဳထားပါတယ္။ ရာခိုင္ႏႈန္း ၆၀ ရွိတဲ့ လူမ်ားက သူတို႔ friend list ထဲကလူေတာ္ေတာ္မ်ားမ်ားကို မယုံၾကည္ရတဲ့သူေတြျဖစ္ၿပီး သူတိုု႔နဲ႔ သိ႐ုံသာသိတဲ့ သူေတြလို႔ ေျဖၾကားခဲ့ပါတယ္။ ပိုနီမြန္တကၠသိုလ္က ျပဳလုပ္တဲ့ စစ္တမ္းအရ လူမႈေရးမီဒီယာ သုံးစြဲသူေတြဟာ မသုံးစြဲသူေတြထက္ ကိုယ္ေရးအခ်က္အလက္ ခုိးယူခံရႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
(၁) ကေလးပုံမ်ား tag ျပဳလုပ္ျခင္း
မိဘအမ်ားစုက သူတို႔ကေလးေတြအတြက္ ဂုဏ္ယူၾကပါတယ္။ ကေလးရဲ႕ပုံကို မိတ္ေဆြေတြကို ျပတာ သဘာဝက်ပါတယ္။ ဒါေပမယ့္လည္း တစ္ခုသတိျပဳသင့္တာက လူမႈေရးမီဒီယာေပၚမွာ လူေပါင္းမ်ားစြာ ရွိပါတယ္။ သင့္ရဲ႕ကေလးကို ကာကြယ္လိုရင္ profile ကို တင္းက်ပ္မထားဘူးဆိုရင္ ကေလးရဲ႕ပုံကို တင္ျခင္း ဒါမွမဟုတ္ tag မျပဳလုပ္တာ အေကာင္းဆုံးပါဆုိၿပီး How Stuff Works က အႀကံေပးထားပါတယ္။ အြန္လိုင္းမုဆိုးေတြက အင္တာနက္အသုံးျပဳၿပီး ကေလးကုိရွာေဖြ ေႏွာင့္ယွက္ေလ့ရွိပါတယ္။ ဒါေၾကာင့္ မိဘေတြအေနနဲ႔ Facebook ေပၚမွာ ကေလးရဲ႕ဓာတ္ပုံကို ေဝမွ်ရင္ သတိထားသင့္ပါတယ္။ အလုံၿခဳံဆုံးနည္းလမ္းကေတာ့ သင္အေနနဲ႔ မိသားစုဓာတ္ပုံေတြ ေဝမွ်ခ်င္ရင္ profile ကို ကန္႔သတ္မႈ ျပဳလုပ္ထားသင့္ပါတယ္။
Ref: TheRichest
http://internetjournal.media/article/4333
xxxxxxxxxxxxxxx
"Facebook တွင် မပြုလုပ်သင့်သော အချက် (၁၀) ချက်"
Facebook သုံးစွဲသူများအနေနဲ့ လူမှုရေးမီဒီယာမှာတင်တဲ့ post တွေနဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ Facebook post တစ်ခုကြောင့် ကိုယ်ရေးအချက်အလက် ခိုးယူခံရခြင်းမှ အလုပ်ပြုတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆိုက်ဘာ လုံခြုံရေးကျွမ်းကျင်ပညာရှင်တွေက လှုမှုရေးမီဒီယာ သုံးစွဲသူတွေ အနေနဲ့ privacy setting အနည်းငယ်သာ အသုံးပြုနေကြတာကို သတိပေးထားပါတယ်။ ဒါကြောင့် လှုမှုရေးမီဒီယာ သုံးစွဲသူတွေ သတိပြုနိုင်ဖို့ Facebook မှာလုံးဝ မတင်သင့့်တဲ့ အချက် ၁၀ ချက်ကို အောက်မှာ ဖော်ပြသွားပါမယ်။ ဒီအချက်တွေက Facebook သုံးစွဲသူနဲ့ ၎င်းတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ပေးနိုင်မှာပါ။
(၁၀) အိမ်အပြင်ထွက်မည့် အကြောင်း
Facebook သုံးစွဲသူတွေဟာ အားလပ်ရက် ခရီးထွက်ခြင်း ဒါမှမဟုတ် ညဘက် အပြင်ထွက်ခြင်းစတဲ့ အိမ်ကနေ အပြင်ထွက်မယ့်အချိန်ကို လူတွေသိစေမယ့် post မျိုး မတင်သင့်ကြောင်း Huffington Post က ဖော်ပြခဲ့ဖူးပါတယ်။ Facebook က သင်ဘယ်မှာ ရှိနေတယ်ဆိုတာ လူတွေကိုအသိပေးဖို့ Facebook Places feature ထောက်ပံ့မှု ပေးထားပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ လူတွေကို သင်ဘယ်မှာဆိုတာ အသိပေးဖို့ သတိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ friend list ထဲမှာ မယုံကြည်ရတဲ့ လူတွေ ပါဝင်လာနိုင်ပါတယ်။ ဥပမာဆိုရရင် သင်က Facebook ပေါ်မှာ ချစ်သူနဲ့ ဒီည ရုပ်ရှင်သွားကြည့်မယ်ဆိုတာ တင်လိုက်တဲ့အခါ သင်အိမ်မှာ နာရီအနည်းငယ်ခန့် မရှိတဲ့အကြောင်းကို သူခိုးတွေက သိသွားမှာပါ။ အဲဒီအချိန်အတိုင်းအတာက သင့်အိမ်ကို ကောင်းကောင်း ဖောက်ထွင်းနိုင်ပါတယ်။
(၉) ဖုန်းနံပါတ်
Facebook profile ဒါမှမဟုတ် သုံးစွဲသူရဲ့ ဖုန်းနံပါတ်တင်ထားဟာ လုံခြုံမှုမရှိပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိတ်ဆွေများရဲ့ ဖုန်းနံပါတ်ကို Facebook group များမှာ ရှာဖွေနိုင်တဲ့ developer တွမ်စကော့ရဲ့ “Evil” app နဲ့ ပတ်သက်တဲ့ ဆောင်းပါးကို Huffington Post က ဖော်ပြဖူးပါတယ်။ အဲဒီ app နဲ့ ရှာဖွေရာမှ ရလာတဲ့ ဖုန်းနံပါတ်တွေကို လူအများ မြင်တွေ့နိုင်တဲ့ နေရာမှာ ဖော်ပြပေးပါတယ်။ “Evil” ဟာ သင့်ရဲ့ဖုန်းနံပါတ်ကို ရယူနိုင်တဲ့ app တစ်မျိုးပါ။ ဒါ့အပြင် စျေးကွက်ရှာဖွေရေးကို ခုတုံးလုပ်ခြင်း ဒါမှမဟုတ် အများပြည်သူ ဖုန်းလမ်းညွှန်များ အသုံးပြုပြီး ဖုန်းနံပါတ်များကို ရယူလေ့ရှိကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ “ကျွန်တော့် ဖုန်းပျောက်သွားပါတယ်။ ဖုန်းနံပါတ်တွေ ပြန်ပို့ပေးကြပါ” ဆိုပြီး ရေးထားတဲ့ post တွေ မတင်သင့်ပါဘူး။
(၈) ဖွင့်ဟဝန်ခံချက်
Facebook မှာ တစ်ကိုယ်ရေ အချက်အလက်တွေကို မဖော်ပြတာက အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချက်အလက်တွေကို တရားတဘောင် ရင်ဆိုင်ရာမှာ သက်သေအဖြစ် အသုံးပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ သူဌေးကို ဘယ်လောက်မုန်းတီးတဲ့ အကြောင်း ဒါမှမဟုတ် အဆင်ခြင်မဲ့တဲ့ လုပ်ရပ် ဒါမှမဟုတ် ဥပဒေပြင်ပ လုပ်ရပ်တွေ လုပ်နေတဲ့ ပုံတွေတင်မယ်ဆိုရင် အသေအချာ ပြန်စဉ်းစားသင့်ပါတယ်။
(၇) ပတ်သက်ဆက်နွယ်မှု
သင့်ရဲ့ Facebook profile မှာတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူအများနဲ့ ပတ်သက် ဆက်နွယ်မှုတွေကို ဖော်ပြဖို့ မသင့်တော်ဘူးလို့ လုံခြုံရေးကျွမ်းကျင်ပညာရှင် အန်ဒီအိုဒေါ်နယ်က ပြောပါတယ်။ တစ်ကိုယ်ရေ တစ်ကာယသမား တစ်ယောက်ဖြစ်သူက သူတစ်ပါးကို လိုက်လံနှောက်ယှက်တတ်သူတွေကို နားလည်မှုလွဲမှားပြီး စကားစတင်ပြောလာအောင် အခွင့်အရေးပေးရာ ကျပါတယ်။ ဒါ့အပြင် သင်ဟာ တစ်ကိုယ်ရေသမား ဖြစ်တဲ့အတွက် အိမ်မှာတစ်ယောက်ထဲရှိတာကို လူတွေကို သိစေပါတယ်။ သင့်အနေနဲ့ လုံခြုံမှုကို အလေးထားတယ်ဆိုရင် relationship status ကို မဖြည့်တာ အကောင်းဆုံးပါ။
(၆) မွေးဖွားသည့် နေ့နှင့်နေရာ
Facebook သုံးစွဲသူတွေဟာ ၎င်းတို့ မွေးတဲ့နေ့နဲ့ နေရာကို မတင်သင့်ဘူးလို့ CBS News ကဖော်ပြခဲ့ပါတယ်။ သင့်ရဲ့မွေးနေ့ကို ကြည့်ပြီး လူမှုလုံခြုံရေး ကိန်းဂဏန်းကို အပြည့်အဝမဟုတ်တောင်မှ အများစုကို ကိုယ်ရေးအချက်အလက် ခိုးယူသူတွေက တိတိကျကျ ခန့်မှန်းမိပါတယ်။
(၅) လက်ရှိတည်နေရာ
လူအများစုဟာ အမြဲတစေ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေကို သူငယ်ချင်းတွေ သိရှိစေဖို့အတွက် Facebook မှာ ဖော်ပြလေ့ရှိတယ်။ ဒါဟာ Facebook မှာပါဝင်တဲ့ ပျော်စရာ feature တစ်ခုပါ။ ဒါပေမယ့် သင်အပြင် ရောက်နေတာကို အိမ်ဖောက်ထွင်းမယ့် သူတွေသိသွားနိုင်ပါတယ်။
(၄) မသင့်တော်သည့် ဓာတ်ပုံများ
ကုမ္ပဏီဝန်ထမ်းအများစုက သူတို့နဲ့ ရာထူးတစ်ခုအတွက် ယှဉ်ပြိုင်မယ့်သူတွေရဲ့ Facebook profile များကို ကြည့်ရှုတတ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ Facebook ပေါ်မှာ ပြစ်မှုမကင်းတဲ့ ဓာတ်ပုံတွေကို မတင်သင့်ပါဘူး။
(၃) Password
လူတွေဟာ Facebook ပေါ်မှာ password တွေဝေမျှတတ်ကြလေ့ရှိတာကို မယုံနိုင်အောင် တွေ့ရပါတယ်။ Facebook မှာ မဝေမျှဖို့ နံပါတ်တစ်အဖြစ် စာရင်းသွင်းထားတာက password တွေဝေမျှတဲ့ ကိစ္စပါ။ သင်အယုံကြည်ရဆုံးသူ တစ်ယောက်နဲ့ password ဝေမျှတာလည်း အန္တရာယ်များပါတယ်။ Password ကြောင့် သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ ဥပမာဆိုရရင် သင့်ရဲ့ Facebook password ကို ချစ်သူကို ပေးထားတယ်။ သင်တို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ သင်မနှစ်သက်သူ တစ်ယောက်က သင့်ရဲ့ အချက်အလက်နဲ့ account ကို အသုံးပြုနိုင်တဲ့ အခြေအနေရောက် နေတာကို မြင်တွေ့လာမှာပါ။
(၂) အိမ်လိပ်စာ
လူပေါင်း ၄၀ ရာခိုင်နှုန်းက လူမှုရေးမီဒီယာ ဝက်ဘ်ဆိုက်မှာ အိမ်လိပ်စာတွေ ဖော်ပြထားလေ့ရှိတယ်လို့ CBS သတင်းဌာနက တင်ပြခဲ့ဖူးပါတယ်။ အဲဒီ ၄၀ ရာခိုင်နှုန်းထဲက ၆၅ ရာခိုင်နှုန်းဟာ privacy setting များနဲ့ သူတို့ရဲ့ သတင်းအချက်အလက်တွေကို သူစိမ်းတွေ လာရောက်ကြည့်ရှုတာ ခွင့်ပြုထားပါတယ်။ ရာခိုင်နှုန်း ၆၀ ရှိတဲ့ လူများက သူတို့ friend list ထဲကလူတော်တော်များများကို မယုံကြည်ရတဲ့သူတွေဖြစ်ပြီး သူတိုု့နဲ့ သိရုံသာသိတဲ့ သူတွေလို့ ဖြေကြားခဲ့ပါတယ်။ ပိုနီမွန်တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းအရ လူမှုရေးမီဒီယာ သုံးစွဲသူတွေဟာ မသုံးစွဲသူတွေထက် ကိုယ်ရေးအချက်အလက် ခိုးယူခံရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
(၁) ကလေးပုံများ tag ပြုလုပ်ခြင်း
မိဘအများစုက သူတို့ကလေးတွေအတွက် ဂုဏ်ယူကြပါတယ်။ ကလေးရဲ့ပုံကို မိတ်ဆွေတွေကို ပြတာ သဘာဝကျပါတယ်။ ဒါပေမယ့်လည်း တစ်ခုသတိပြုသင့်တာက လူမှုရေးမီဒီယာပေါ်မှာ လူပေါင်းများစွာ ရှိပါတယ်။ သင့်ရဲ့ကလေးကို ကာကွယ်လိုရင် profile ကို တင်းကျပ်မထားဘူးဆိုရင် ကလေးရဲ့ပုံကို တင်ခြင်း ဒါမှမဟုတ် tag မပြုလုပ်တာ အကောင်းဆုံးပါဆိုပြီး How Stuff Works က အကြံပေးထားပါတယ်။ အွန်လိုင်းမုဆိုးတွေက အင်တာနက်အသုံးပြုပြီး ကလေးကိုရှာဖွေ နှောင့်ယှက်လေ့ရှိပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ Facebook ပေါ်မှာ ကလေးရဲ့ဓာတ်ပုံကို ဝေမျှရင် သတိထားသင့်ပါတယ်။ အလုံခြုံဆုံးနည်းလမ်းကတော့ သင်အနေနဲ့ မိသားစုဓာတ်ပုံတွေ ဝေမျှချင်ရင် profile ကို ကန့်သတ်မှု ပြုလုပ်ထားသင့်ပါတယ်။
Ref: TheRichest
http://internetjournal.media/article/4333

0 comments:

Post a Comment

စာမေရးျဖစ္ေတာ့တာေၾကာင့္ က်ေနာ္ႀကိဳက္ၿပီး ဖတ္ေစခ်င္တဲ့ စာေလးေတြကို တင္ထားပါတယ္ဗ်ာ

Followers

Total Pageviews

အမွာပါးစရာမ်ားရွိေနရင္

Pop up my Cbox

Blog Archive

အက္ဒမင္

အျခားက႑မ်ားကို ေလ့လာရန္

ရွာေဖြေလ ေတြ႔ရွိေလ

စာေပျမတ္ႏိုးသူမ်ား

free counters
Related Posts Plugin for WordPress, Blogger...