Friday, October 2, 2015

ကျိန်စာ



"နင်တို့လို မင်းဆိုး မင်းညစ်တွေနဲ့ ရောက်လေရာ ဘ၀မှာ မဆုံပါရစေနဲ့"
အဆိုပါ အဖွားအို၏ ကြောက်မက်ဖွယ်ရာ ငိုကြည်းချက်မနှင့် မြည်ကြွေးသံကြီးကား မြန်မာတမျိုးသားလုံး၏ ရင်တွင်း ဆန္ဒကို အတိအကျ ထင်ဟတ် ပြသ လိုက်ခြင်းပင် ဖြစ်ပေသည်။
ဟုတ်တော့လည်း ဟုတ်ပေသည်။ နိုင်ငံရေး ဆို၍ နကန်းတလုံးမျ မသိသော၊ ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် အမျိုးသမီးသည် တခါက ၎င်းတို့ လွန်စွာ အားကိုးအားထားပြုခဲ့ရသည့် ဗိုလ်ချူပ်အောင်ဆန်းဆိုသူ၏ သမီး ဖြစ်သည်က လွဲ၍ ဖြူ သလား မဲသလားပင် မမြင်ဘူးရှာကြသော လွန်စွာ ရိုးသားသော တောင်သူ များ ဖြစ်ကြပေသည်။
သို့သော် တတိုင်းပြည်လုံး.ရွှေရည်စိမ် ဒီမိုကရေစီ ကြီး ပေးကာ တိုင်းပြည် ဖြူကာပြာကာ ကျသည့်အထိ ဝေခြမ်း ရောင်းချ စားသောက်ယုံဖြင့် အားမရသော လောဘသား စစ်ဘီလူးများက အဖွားအို အပါအ၀င် ရိုးသားသော တောင်သူများ ကို ပင် ချမ်းသာ မပေးခဲ့ကြပေ။ ၎င်းတို့ ဓါးမ ဦးချ လုပ်ကိုင်လာကြသည့် လယ်ယာမြေ များ ကို သိမ်းပိုက်ရန် လက်နက်ကိုင်များ စေလွှတ်ခဲ့သည့် အဖြစ်ကို အဆိုပါ အဖွားအိုတယောက် အဘယ်သို့များ တွန်းလှန်နိုင်သော ခွန်အား ရှိပေမည်နည်း။
အဖွားအိုတွင် သာမက ပေ။ တနိုင်ငံလုံးက
ရန်သူမျိုးငါးပါးတွင် မီးဘေး၊ လေဘေး၊ ရေဘေး အပြင် အဆိုပါ လူမနိုင်မသားများနှင့် ဖွဲ့စည်းထားသော အစိုးရ ဆိုသည်ချည်းကိုလည်း ကြုံတွေနေရသဖြင့် ဗျာများနေရရှာသော လူထုကြီးမှာ ယင်း အစိုးရ ဆိုသူများက စိတ်လိုလက်ရရှိတိုင်း အကျဉ်းထောင်မှ ထုတ်လွှတ်ပေးတတ်သည့် လူဆိုးဒမြ ရန်ကိုပါ နောက်ထပ်ကြုံတွေနေရကား ရန်သူမျိုး ငါးပါး ဆိုသည်မှာ ပြည့်ယုံတင်မက လျံပင်ကျနေရသည့်
ဒဏ်ကို တတိုင်းပြည်လုံး ကျောကော့အောင် အလူးအလဲ ခံစားနေရချိန်လည်း ဖြစ်နေရပေသည်။
ထိုမတရားမှုများကို ရှေ့တန်းမှ ရွတ်ရွတ်ခ္ဈံခ္ဈံ ခုခံပြောဆိုခဲ့ကြသည့် များပြားလှစွာသော ဗမာ့သားကောင်း၊ သမီးကောင်း များစွာတို့သည်လည်း အကျဉ်းထောင် အသီးသီးတွင် စံမြန်းနေကြရပြန်သည်။
ထိုသို့သော အခါသမယ တွင် ၎င်းတို့အား နောက်ထပ် ဆက်လက် အုပ်ချူပ်ခွင့် ပေးကြပါရန် အဆိုပါ လူမနိုင်မသားများက အရှက်ကင်းမဲ့လှစွာ တစာစာ အော်ဟစ် တောင်းဆိုနေကြပေတော့သည်။
အေးချမ်းစွာ တောင်းဆို၍ မရက လူဆိုး လူမိုက်များ ဖြစ်သည့် အားလျော်စွာ အမျိုးမျိုးသော ညစ်နည်းပေါင်းစုံ သုံး၍ ညစ်ကြရန်လည်း အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်နေပေသည်။ ထိုမျနှင့် မလုံလောက်က ၎င်းတို့ ၏ ရိက္ခာတော် ဖွတ်မွဲဖြင့် မသဒ္ဒါ ရေစာ ကြွေးထားပြီး ထားရာနေ စေရာသွား ဖြစ်နေရသည့် တပ်မတော် ကို ယခင် အတိုင်း အသုံးချကြရန်လည်း မိုက်မဲလှစွာ ညှိနှိုင်း တိုင်ပင်ထားကြပြီးလည်း ဖြစ်သည်။
အဆိုပါ အန္တရယ် အမျိုး မျိုး နှင့် ကြောက်ခမန်းလိလိ ကြုံတွေ့နေရသည့် အချိန်တွင် ဗမာလူမျိုး များတွင် ဖြစ်တတ်သော မညီညွတ်မှုများနှင့် ခေါင်းဆောင် တဦးတယောက်၏ ဦးဆောင်မှုကို မခံယူလိုခြင်းဟူသော ငါမြင်းငါဆိုင်း စိတ်ဓါတ်များဖြင့် ပါတီ အသီးသီး ဖွဲ့ကာ တစင်ထောင်လာကြပြန်ပေသည်။ အသားထဲက လောက်ထွက်ကာ ညီညွတ်မှု စတင် ပျက်ပြားလာနေကြပြီး ဘုံရန်သူကို အပြီးအပိုင် ဖယ်ရှားနိုင်မှသာ ဗြမ္မာစိုတရား လောကပါလ တရားများ ထွန်းကားသော တိုင်းပြည် ဖြစ်လာမည့် အရေးကို မစောင့်ဆိုင်းနိုင်ဖြစ် ကြပြန်သည်ကို ၀မ်းနည်းဘွယ် တွေ့မြင်နေရပေတော့သည်။ ထိုအရေးတော်ပုံကြီး ပျက်ယွင်းသွားပါက မြန်မာ့သမိုင်းသည် ဆက်လက် သွေးစွန်းနေဦးမည်သာ။
သို့အတွက် တိုင်းပြည်ကြီး ပျက်စီးခြင်းငါးပါး ဆိုက်ကာ ၎င်းတို့၏ ခြေဖ၀ါး အောက်တွင် ဆက်လက်ဒူးထောက်ဝပ်ဆင်းကြရမည့် အရေးကို ကောင်းစွာ သိမြင် သဘောပေါက်ကာ ထိတ်လန့်လာကြသော လူအများစုကြီးကား ခွပ်ဒေါင်း ကြယ်ဖြူ အလံတော်အောက်ဝယ် တညီတညွတ်တည်း ခိုဝင်လာကာ တော်လှန်ရေးကို အရိုးကြေကြေ အရေ ခမ်းခမ်း ပြီးဆုံးသည့်အထိ ဆက်လက်တိုက်ပွဲဝင်ရန် သံဓိဌာန် ချထားပြီး ဖြစ်သည်ဆိုသည့် အချက်က အနာဂါတ် မြန်မာနိုင်ငံတော်ကြီး နှင့် အဖွားအိုအတွက် မျော်လင့်ချက် ရောင်ခြည်ပင် ဖြစ်ပေတော့သည်။
HSW

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...