ဟာသစုစည်းမှု ( ၂၂ - ၁၀ )
ဘာရမလဲ
ကိုဖြိုး ဆိုတဲ့လူကြီးဟာ မနက်(၃)နာရီလောက်မှာ အစောကြီး တယ်လီဖုန်းခေါ်သံကြားရလို့ အကြီးအကျယ် စိတ်ညစ်သွားပါတယ်။ ဒီတယ်လီဖုန်းကို အိမ်နီးနားချင်း တစ်ယောက် ကခေါ်လိုက်တာပါပဲ။ သူက ဖုန်းထဲကနေပြီး ခင်ဗျား အိမ်ကခွေးဟောင်လွန်းတယ် ကျွန်တော်အိပ်လို့မရဘူး တဲ့ ကိုဖြိုးလည်း အလွန်ဒေါသထွက်သွားပါတယ်။ ဘယ်လိုများ တုံ့ပြန် လက်စားချေရမလဲလို့ စဉ်းစားနေလိုက်တယ်။
နောက်တစ်နေ့မနက်စောစော (၃) နာရီလောက်မှာတော့ ကိုဖြိုးဟာ အိမ်နီးနားချင်းဆီသွားပြီး အိမ်တံခါးကို ခေါက်လိုက်ပါတယ်။ အိမ်ရှင်နိုးပြီး ထလာတော့မှ သူက ခုလိုပြောလိုက်ပါတယ်။ ကျုပ်အိမ်မှာ ခွေး မရှိဘူးဗျ
Credit-စိုင်းရွေတိုး
သား
မြို့တစ်မြို့တွင်အလွန်စိတ်ကြီးသော ကိုထက်ဆိုသူရှိသည် ။ သူ့တွင်သားတစ်ဦးရှိသည် ။တစ်နေ့တွင် ကိုထက်၏ဖခင်က မြေးဖြစ်သူကိုရိုက်သည်။
ကိုထက်အဖေက " မင်းသားက လူကြီးကို မထီလေးစားလုပ်လို့ ရိုက်တာ "

" ရဲ ဘော် ကို ချူ ချာ "
တပ်သားကိုချူချာကို ရန်သူတွေ ဖမ်းမိသွားသည် ။ တပ်အင်အား မည်မျှရှိသနည်းကို ၄င်းအား
စစ်မေးကြသည် ။ ကိုချူချာ လုံးဝကို ထုတ်မပြောချေ..။ အမျိုးမျိုး စစ်သည် ။ ချော့သည် ။ ခြောက်

သည် ။ မရ ။ ကိုချူချာ ခေါင်းမာမာနှင့် တင်းခံသည် ။ သို့ နှင့်
" စစ်သားတစ်ယောက်ကို အာမီရမ် တစ်ပုလင်းနှုန်း ပေးပါမည် " ဟု ဖြားယောင်းသည် ။
ကိုချူချာ ခေါင်းယမ်းပြီး ပြောသည် ။
" အာမီရမ် ပုလင်း ၁၀၀ နဲ့  ကျုပ်တပ်မတော်ရဲ့  လျှို့ ဝှက်ချက်ကို ထုတ်ပြောမဲ့ ကောင်းစား
မှတ်လို့ လား...မပြောဘူး...အသေသတ် "
Credit-Tun Aye
" စစ်သားတစ်ယောက်ကို အာမီရမ် တစ်ပုလင်းနှုန်း ပေးပါမည် " ဟု ဖြားယောင်းသည် ။
ကိုချူချာ ခေါင်းယမ်းပြီး ပြောသည် ။
" အာမီရမ် ပုလင်း ၁၀၀ နဲ့  ကျုပ်တပ်မတော်ရဲ့  လျှို့ ဝှက်ချက်ကို ထုတ်ပြောမဲ့ ကောင်းစား
မှတ်လို့ လား...မပြောဘူး...အသေသတ် "
Credit-Tun Aye
သား
မြို့တစ်မြို့တွင်အလွန်စိတ်ကြီးသော ကိုထက်ဆိုသူရှိသည် ။ သူ့တွင်သားတစ်ဦးရှိသည် ။တစ်နေ့တွင် ကိုထက်၏ဖခင်က မြေးဖြစ်သူကိုရိုက်သည်။
ကိုထက်အဖေက " မင်းသားက လူကြီးကို မထီလေးစားလုပ်လို့ ရိုက်တာ "
ဒါပေမဲ့ကိုထက်ကသားကိုထိတော့ မခံနိုင်ဖြစ်ပြီး တုတ်တစ်ချောင်းယူကာ
သူ့ကိုယ်သူရိုက်သည်။သူ့အဖေက " ဟဲ့သား ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရိုက်နေတာလဲ ၊
ရူးနေလား "
သူ့အဖေမေးသောအခါ ကိုထက်ဖြေလိုက်သည်မှာကား " အဖေ ကျွန်တော့သားကိုရိုက်တော့ ၊ အဖေ့သားကို ကျွန်တော်ပြန်ရိုက်တာပေါ့ "
ကာတွန်းဆရာငွေကြည်ရဲ့ဟာသ
" လွယ် လွယ် လေး "
ချူချာ နှစ်ယောက် ငါးမျှားနေရာ တစ်ယောက်က ငါးကြင်းကြီးတစ်ကောင်ကို မိသည် ။
ငါးကြီးသည် ကုန်းပေါ်ရောက်သည် အထိ ရုန်းကန်နေရာ..၄င်းအား မည်သို့ မှ ဖမ်းလို့ 
မရဘဲ ဖြစ်နေသည် ။
" သူငယ်ချင်း ဒီငါးက အားကောင်းလှတယ်..လွတ်သွားနိုင်တယ်ကွ..ဘယ်လိုလုပ်ရမလဲ
အမြန်ဆုံး အကြံပေးစမ်းပါဦး.."
" လွယ်လွယ်လေးပဲ..ရေနှစ်သတ်ပလိုက်..."
Credit-TUN AYE

0 comments:
Post a Comment