Saturday, October 17, 2015

ရဲရဲတောက် ဆရာတော်တစ်ပါးနှင့်တွေ့ဆုံခြင်း

Tin Nyunt

ပဲခူးရောက်တုန်း ၈၈ တုန်းက ဦးဆောင်ပါဝင်ခဲ့တဲ့ ရဟန်းပျိုများသမဂ္ဂဥက္ကဋ္ဌ ဆရာတော်ကို ဝင်ရောက်ဖူးခဲ့ပါ တယ်။ စာချတော့မယ့်အချိန်ကိုပေးပြီး နာရီဝက်လောက် စကားပြောခွင့်ရခဲ့ပါတယ်။
“ဆရာတော် မဘသ ထဲပါတယ်ဆိုတာ တပည့်တော်တော့ နားမလည်ဘူး”
“တကာကြီး အဓမ္မတွေ အားကောင်းသွားရင်၊ ဓမ္မပျောက်လိမ့်မယ်။ အဓမ္မသမားတွေကို စိုးမိုးပြီး လုပ်ချင်ရာ လုပ်ဖို့ ပြင်ဆင်နေကြတာ။ ဦးဇင်းတို့က ဘေးထွက်နေလိုက်ရင် သူတို့လုပ်နေတာတွေအမှန်၊ သူတို့ပြောနေတာ တွေ အမှန်လို့ ယူဆသွားနိုင်စရာ အကြောင်းရှိတယ်။ အဖွဲ့အစည်းထဲမှာ ရှိမနေရင် သူတို့ဘာတွေ ကြံစည်နေ တယ်တိုတာ မသိနိုင်ဘူး။ အဓမ္မတွေ ပြောနေတာတွေကို မသိနားမလည်တဲ့သူတွေက အမှန်တွေလို့ ယူဆသွား နိုင်တယ်။ အဓမ္မသမားတွေ ဒီလာပြီးပြောချင်တာတွေ ပြောနေတာ ဦးဇင်း ပထမဆုံး ကန့်ကွက်တာပဲ။ ပြီးတော့ သူတို့ လုပ်ရပ်တွေကိုလည်း ဦးဇင်းမထောက်ခံဘူး။
ဒါပေမဲ့ ဦးဇင်းတို့ ရဟန်းလောကမှာက အချင်းချင်း မဟုတ်တာတွေလုပ်နေ ပြောနေလည်း တိုက်ရိုက်ကြီး လက်ညှိုးထိုးပြီး ဝေဖန်လေ့မရှိဘူး။ သပိတ်အိုင်ဆရာ တော်ကြီးလည်း ပညာသားပါပါပြောသွားတာပဲ။ ဦးဇင်းလည်း မဟုတ်တာတွေကို ထောက်ခံချင်လို့ အဖွဲ့ထဲဝင် နေတာမဟုတ်ဘူး။ မဟုတ်တာလုပ်နေတဲ့သူတွေကို တတ်နိုင်သမျှ ဆန့်ကျင်တားဆီးနိုင်အောင်ပါ တကာကြီး” “ဦးဝီရသူနဲ့ ဦးပါမောက္ခတို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဦးဇင်း ဘယ်လိုမြင်ပါသလဲဘုရား”
“တကာကြီး သူတစ်ပါးကောင်းကြောင်း၊ မကောင်းကြောင်း ပြောတာ ဦးဇင်းအလုပ် မဟုတ်ဘူး။ ဦးဇင်းတို့က ဘုရားသားတော်တွေ။ ဘုရားဟောအတိုင်း ကျင့်ကြံနေထိုင်နိုင်မှ ရဟန်းသူတော်ကောင်းပါဒကာကြီး”
“တပည့်တော်တို့ တိုင်းပြည်မှာက ရဟန်းအချို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်အကျူးဖြစ်လွန်းနေတယ်လို့ တပည့်တော်ထင်ပါတယ်ဘုရား”
“ဒကာကြီး လမ်းမှန်အတိုင်း မဆုံးဖြတ်ဘဲ ချစ်သူဘက်ပင်းပြီး ဆုံးဖြတ်ရင် ဆန္ဒာဂတိလိုက်တာလို့ခေါ်တယ်။ မုန်းသူဘက် နှိမ်ပြီး ဆုံးဖြတ်ရင် ဒေါသာဂတိလိုက်တာပါ။ ဘယ်လို ဆုံးဖြတ်ရမှန်း မသိဘဲ အရမ်းဆုံးဖြတ်ရင် မောဟာဂတိလိုက်တာ။ ကြောက်ပြီးတော့ မတရားဆုံးဖြတ်ရင် ဘယာဂတိလိုက်ပြီပေါ့။ ဦးဇင်းကတော့ ဘုရားဟောနဲ့ မညီရင်၊ ဘုရားအပြောနဲ့ မညီရင် ဘာမှ လက်မခံပါဘူး”
“သာဓု … သာဓု … သာဓု ပါဘုရား။ ကျေးဇူးကြီးလှပါတယ်”
“ဦးဇင်း စာချစရာရှိသေးတယ် သွားဦးမယ်”
“ဦးတင်ပါတယ်ဘုရား”
၁၆.၁၀.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...