Wednesday, October 28, 2015

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၁)

Advanced Engineering Myanmar LLC
January 28 · Edited ·
Advanced Engineering Myanmar LLC's photo.

ကတ္တရာလမ်းတစ်ခုဟာ ကွဲအက်ခြင်း၊ ပုံပျက်ခြင်း မရှိပဲ အချိန်ကာလတစ်ခုအထိ တာရှည်ရမယ်။ ရေတိုက် စားမှုဒဏ်၊ စိုထိုင်းဆစိမ့်ဝင်မှုဒဏ်တွေကို တောင့်ခံနိုင်ပြီး ကျောက်သားပေါ်က ကတ္တရာ ကွာကျတာမျိုး မရှိသင့်ဘူး။ မျက်နှာပြင်ဟာ အလွန်တရာချောနေခြင်းမရှိပဲ ကားဘီးနဲ့ သဟာဇာတ ဖြစ်နေ ရမယ်။ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ခင်းနိုင်ရမယ်။
အဲဒီအချက်အလက်တွေကို ပြည့်စုံနိုင်ဖို့ ကတ္တရာရဲ့ Mix Design ကို သေချာနားလည်ရမယ်။ ကွန်ကရစ်မှာ water cement ratio အရေးကြီးသလို ကတ္တရာဒီဇိုင်းမှာလည်း ကတ္တရာပမဏနဲ့ ကျောက်ပမာဏ၊ ကျောက်အရွယ်အစားတွေက အရေးကြီးတယ်။
ပထမတစ်ချက်အနေနဲ့ ကတ္တရာလမ်းတွေမှာ ရှိသင့်တဲ့ stability အရည်အသွေးကို ကြည့်ကြမယ်။ ကတ္တရာလမ်းတစ်ခုဟာ ခိုင်မာတည်ငြိမ်ပြီး အန္တရာယ်ကင်းကင်းသွားလာနိုင်တဲ့ လမ်းတစ်ခုဖြစ်ဖို့လိုတယ်။ အဲဒီအရည်အသွေးကို ပြည့်မှီဖို့ ...
၁။ ကျောက်မျက်နှာပြင်နဲ့ ကျောက်အား -
ကျောက်လေးတွေရဲ့ ပုံစံနဲ့ မျက်နှာပြင်ကြမ်းတမ်းမှုတွေကို ကြည့်ရမယ်။ ကျောက်ဟာ လုံးဝိုင်းနေရင် ကျောက်အချင်းချင်း ကျားကန်ပေးမှု အားနည်းပြီး အပေါ်က ယာဉ်အသွားမှာ ရွေ့သွားနိုင်တယ်။ ဒါကြောင့် ကျောက်လေးတွေဟာ လုံးဝိုင်းမနေသင့်ပဲ angular ဖြစ်နေဖို့ လိုတယ်။ ကျောက်လေးတွေဟာ ချောနေရင်လည်း ကျောက်အချင်းချင်းကျားကန်ပေးမှု အားနည်းပြီး လမ်းမှာ ရှိသင့်တဲ့ friction value နိမ့်နေရင်လည်း ယာဉ်မောင်းတွေအတွက် အန္တရာယ်ရှိနိုင်တယ်။ နောက်တစ်ချက်က ကျောက်ပျော့မှု။ ကျောက်ဟာ ကြွပ်ဆတ်နေရင် အပေါ်က ၀န်ဖိအားကို မခံနိုင်တဲ့အတွက် အဲဒီလမ်းဟာလည်း ရေရှည်မခံနိုင်ဘူး။
၂။ ကျောက်စီမှု -
နိုင်ငံတကာမှာ လမ်းခင်းရင် သက်ဆိုင်ရာ အေဂျင်စီတွေက ကတ္တရာလမ်းဒီဇိုင်းမှာ ပါဝင်သင့်တဲ့ ကျောက်အရွယ်အစားတွေကို သတ်မှတ်ထားတာရှိတယ်။ ဒီဇိုင်းကို လိုက်ပြီး နံပါတ် ၄ က ဘယ်လောက်ကနေ ဘယ်လောက်ကြားရှိရမယ်၊ နံပါတ် ၈ က ဘယ်လောက် အနည်းဆုံး ရှိရမယ်၊ အနုတ် ၂၀၀ အရွယ် အမှုန်လေးတွေက ဘယ်လောက်ထက် ပိုမရှိသင့်ဘူး စသဖြင့် sieve size ကို လိုက်ပြီး သတ်မှတ်ထားတယ်။ တကယ်လို့ ကျောက်ငယ်နဲ့သဲ (fine) အရေအတွက် များသွားရင် ဒီဇိုင်းအထည်ဟာ တောင့်တင်းမှုမရှိနိုင်ဘူး။ ဒါကြောင့် ဒီဇိုင်းမှာ ပါဝင်သင့်တဲ့ ကျောက်အရွယ်အစားတွေကို သေချာသိထားပြီး စနစ်တကျ ကျောက်စီမှုကို ပြုရတယ်။
၃။ ကတ္တရာရည် ပါဝင်မှု -
လိုအပ်တာထက် ကတ္တရာရည် များသွားပြန်ရင်လည်း ကတ္တရာဟာ ချောဆီလို ပြုမူသွားပြီး ၀န်အဖိမှာ ရွေလျားပြီး မတည်ငြိမ်နိုင်ဘူး။
၎။ အပူပြင်းချိန်နဲ့ ကတ္တရာရဲ့ Viscosity -
Viscosity ဆိုတာ resistance to flow။ ရွေလျားမှုကို ကန့်သတ်မှု။ ကတ္တရာဟာ အပူချိန်ကိုလိုက်ပြီး သူရဲ့ပရော်ပါတီတွေက ပြောင်းလဲတယ်။ အပူနိမ့်မှာ အခဲသဏ္ဍန်ကို ဆောင်သလို အပူပြင်းချိန်မှာ အရည်သဏ္ဍန်တုန့်ပြန်တတ်ပြန်တယ်။ နွေရာသီပူပြင်းချိန်မှာ viscosity ဟာ အနိမ့်ဆုံး ရှိတတ်တယ်။ ဒါကြောင့် ၀န်အဖိမှာ တည်ငြိမ်မှုမရှိပဲ လမ်းပိန်မှုတွေ ဖြစ်တတ်တယ်။ ဒါကြောင့် သုံးစွဲတဲ့ ကတ္တရာအမျိုးအစားကို ချင့်ချိန်ပြီး နွေရာသီအပူပြင်းချိန်မှာ ခံနိုင်တဲ့ အမျိုးအစားကို သုံးစွဲသင့်တယ်။
ဆက်ရန် ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...