သူရဲကောင်းဖေဖေ
Min Htet Akar
ရင်၌မလွယ်ဖွား နို့ချိုမတိုက်ငြား
အသက်သွေးချွေး ဘဝကိုစတေး
မိသားစုဝမ်းရေး ရုန်းကန်လှုပ်ရှား
သားသမီးများရဲ့ သူရဲကောင်းဖေဖေ...
ရင်၌မလွယ်ဖွား နို့ချိုမတိုက်ငြား
အသက်သွေးချွေး ဘဝကိုစတေး
မိသားစုဝမ်းရေး ရုန်းကန်လှုပ်ရှား
သားသမီးများရဲ့ သူရဲကောင်းဖေဖေ...
နေပူမရှောင် မိုးရွာမရွေး
မိသားစုဘဝ သာယာလှပရေး
ရင်ဆိုင်ဖြတ်သန်း ဘဝနွမ်းနွမ်း
မမောမပန်းဘဝရှေ့တန်း တိုက်ပွဲကြမ်းတွေလျှမ်းလျှမ်းဝေ...
မိသားစုထမင်းဝိုင်း ဟင်းမစုံလေတိုင်း
အဖေမျက်ရည်ဝိုင်းဖူးတယ်
ဒါသားအတွက်...ဒါသမီးအတွက်
အဖေအတွက်ဆိုတာ မရှိခဲ့...
ဖေဖေပညာမတတ် ဆင်းရဲခြင်းဝဲဂယက်
လွှဲမထွက်နိုင်သော်ငြား သားသမီးများကို
သွားစေချင်သည် မြရိပ်ညိုတက္ကသိုလ်ဆီ...
ဖေဖေဟာ ကျွန်ုပ်တို့ရဲ့ ရှေ့ဆောင်ကောင်းပီသသည်
သားသမီးများအတောင်စုံ ပျံသန်းလေပြီ
သိုက်မြုံလေးရဲ့ အဝေးဆီ...
ရက်လတွေခြစား ပြန်ရောက်မလာသော်ငြား
နှုတ်ကမပြော ရင်မှာမောနေတာ ဖေဖေ...
ဇရာထုထောင်း ရိုးတံဂေါင်းနှင့်
အိုးမင်းမစွမ်း နာမကျန်းရှိလည်း
သားသမီးအတွက် ရှေ့ကထွက်မည်
ငါသေချင်သေပါစေ အဲဒါ အဖေဟုခေါ်သည်
ဘဝနေညိုမနုပျိုပြီ သေမင်းရဲ့မှတ်တမ်း
လမ်းတစ်ကမ်း ...ဖေ့ဖေ့ကျေးဇူးမြင့်မိုရ်ဦး
ဆပ်ဖူးပါလို ဆပ်ပါလို...
သူရဲကောင်းဖေဖေကျန်းမာပါစေ တောင်းဆုခြွေ...
နေဝေးသူ(ပုပ္ပား)
မိသားစုဘဝ သာယာလှပရေး
ရင်ဆိုင်ဖြတ်သန်း ဘဝနွမ်းနွမ်း
မမောမပန်းဘဝရှေ့တန်း တိုက်ပွဲကြမ်းတွေလျှမ်းလျှမ်းဝေ...
မိသားစုထမင်းဝိုင်း ဟင်းမစုံလေတိုင်း
အဖေမျက်ရည်ဝိုင်းဖူးတယ်
ဒါသားအတွက်...ဒါသမီးအတွက်
အဖေအတွက်ဆိုတာ မရှိခဲ့...
ဖေဖေပညာမတတ် ဆင်းရဲခြင်းဝဲဂယက်
လွှဲမထွက်နိုင်သော်ငြား သားသမီးများကို
သွားစေချင်သည် မြရိပ်ညိုတက္ကသိုလ်ဆီ...
ဖေဖေဟာ ကျွန်ုပ်တို့ရဲ့ ရှေ့ဆောင်ကောင်းပီသသည်
သားသမီးများအတောင်စုံ ပျံသန်းလေပြီ
သိုက်မြုံလေးရဲ့ အဝေးဆီ...
ရက်လတွေခြစား ပြန်ရောက်မလာသော်ငြား
နှုတ်ကမပြော ရင်မှာမောနေတာ ဖေဖေ...
ဇရာထုထောင်း ရိုးတံဂေါင်းနှင့်
အိုးမင်းမစွမ်း နာမကျန်းရှိလည်း
သားသမီးအတွက် ရှေ့ကထွက်မည်
ငါသေချင်သေပါစေ အဲဒါ အဖေဟုခေါ်သည်
ဘဝနေညိုမနုပျိုပြီ သေမင်းရဲ့မှတ်တမ်း
လမ်းတစ်ကမ်း ...ဖေ့ဖေ့ကျေးဇူးမြင့်မိုရ်ဦး
ဆပ်ဖူးပါလို ဆပ်ပါလို...
သူရဲကောင်းဖေဖေကျန်းမာပါစေ တောင်းဆုခြွေ...
နေဝေးသူ(ပုပ္ပား)
0 comments:
Post a Comment