ဟာသပေါင်းချုပ် (၁၇-၁၀)
Zaw Min Latt
ဆရာမကို နမ်း
ဒီမှာ ..ရဲမေတစ်ယောက်ကို ဘယ်တော့မှ သွားမနမ်းမိစေနဲ့ ..နမ်းရင် သူက ဒီလိုပြောလိမ့်မယ်ကွ...
" ရပ်စမ်း.....လက်မြှောက်လိုက်.."
ကွန်ပျူတာ ဆေးစာ
လူတစ်ယောက်ဟာ သူ့ညာဖက် လက်မောင်းနာနေလို့ ဆရာဝန် နဲ့ ပြကြည့်မယ် ဆိုတော့ သူ့သူငယ်ချင်းက အလကား ပိုက်ဆံကုန်အောင်ကွာ၊
ကွန်ပျူတာစက်ကို “ဆီး” အစစ်ခိုင်းပြီး ရောဂါရှာလိုက်ရင် ဆယ်စကန့်အတွင်း သိရမယ်၊
ပြီးတော့ ဆယ်ဒေါ်လာပဲ ကုန်မယ် ဆိုလို့ စိတ်ဝင်တစား ဖြစ်မိတာနဲ့ ဆေးခန်းရှေ့က ကွန်ပျူတာစက်ဆီကို ရောက်သွားမိတယ်။
ရောက်ရောက်ချင်း ကွန်ပျူတာထဲ ဆယ်ဒေါ်လာထည့်လိုက်တော့ ကွန်ပျူတာက ဆီးထည့်ဖို့ ပုလင်းထုတ်ပေးမယ်။
ဆီးတွေကို ကွန်ပျူတာနဲ့ ချိတ်ထားတဲ့ ခွက်ထဲ လောင်းထည့်လိုက်ပြီး ဆယ်စကန့် အကြာမှာ ကွန်ပျူတာက ဆေးအညွှန်း စာရွက် ထုတ်ပေးတယ်။
ဆရာမကို နမ်း
ဒီမှာ ..ရဲမေတစ်ယောက်ကို ဘယ်တော့မှ သွားမနမ်းမိစေနဲ့ ..နမ်းရင် သူက ဒီလိုပြောလိမ့်မယ်ကွ...
" ရပ်စမ်း.....လက်မြှောက်လိုက်.."
အေး...ဆရာဝန်မတစ်ယောက်ကိုလည်း မနမ်းမိစေနဲ့ ကွ...သူကျ ဒီလိုပြောလိမ့်မယ်...
" ပြီးပြီ...နောက်တစ်ယောက်...."
မင်း နမ်းချင်ရင်တော့..ကျောင်းဆရာမကိုရွေးနမ်း.. မင်းနမ်းပြီးရင်တော့ .ဒီလိုပြောလိမ့်မယ်....
" မှားတယ်...နောက်တခေါက် ဆက်လုပ်...
Credit-မင်းခေါင်
" ပြီးပြီ...နောက်တစ်ယောက်...."
မင်း နမ်းချင်ရင်တော့..ကျောင်းဆရာမကိုရွေးနမ်း.. မင်းနမ်းပြီးရင်တော့ .ဒီလိုပြောလိမ့်မယ်....
" မှားတယ်...နောက်တခေါက် ဆက်လုပ်...
Credit-မင်းခေါင်
လူတစ်ယောက်ဟာ သူ့ညာဖက် လက်မောင်းနာနေလို့ ဆရာဝန် နဲ့ ပြကြည့်မယ် ဆိုတော့ သူ့သူငယ်ချင်းက အလကား ပိုက်ဆံကုန်အောင်ကွာ၊
ကွန်ပျူတာစက်ကို “ဆီး” အစစ်ခိုင်းပြီး ရောဂါရှာလိုက်ရင် ဆယ်စကန့်အတွင်း သိရမယ်၊
ပြီးတော့ ဆယ်ဒေါ်လာပဲ ကုန်မယ် ဆိုလို့ စိတ်ဝင်တစား ဖြစ်မိတာနဲ့ ဆေးခန်းရှေ့က ကွန်ပျူတာစက်ဆီကို ရောက်သွားမိတယ်။
ရောက်ရောက်ချင်း ကွန်ပျူတာထဲ ဆယ်ဒေါ်လာထည့်လိုက်တော့ ကွန်ပျူတာက ဆီးထည့်ဖို့ ပုလင်းထုတ်ပေးမယ်။
ဆီးတွေကို ကွန်ပျူတာနဲ့ ချိတ်ထားတဲ့ ခွက်ထဲ လောင်းထည့်လိုက်ပြီး ဆယ်စကန့် အကြာမှာ ကွန်ပျူတာက ဆေးအညွှန်း စာရွက် ထုတ်ပေးတယ်။
“သင့် လက်မောင်း နာနေတယ်၊ စိုးရိမ်စရာ မရှိ။ ရေနွေးနွေးနဲ့ ကြပ်ပူ
တိုက်ပေးပါ။ အလေးအပင် မမ,ပါနဲ့။ တစ်ပတ်အတွင်း ကောင်းသွားမှာပါ” တဲ့။
ဆေးစာကိုကြည့်ပြီး သူတော်တော် အံ့သြသွားတယ်။ ကွန်ပျူတာကို တော်တော်လေးလည်း အထင်ကြီးသွားတယ်။
အိမ်ပြန်ရောက်တော့ ကွန်ပျူတာကို အရူးလုပ်ချင်စိတ်လည်း ပေါက်သွားတယ် တဲ့။ ဒါနဲ့ ဆီးထည့်တဲ့ ပုလင်းထဲကို
၁။ ရေပိုက်ထဲက ရေနည်းနည်း
၂။ ခွေးဆီက
၃။ သမီးဆီက
၎။ ဇနီးဆီက ဆီးနည်းနည်းစီရောထည့်
၅။ သူ့ဆီးကိုတော့ ကွန်ပျူတာက သိပြီးသား ဆိုတော့ မာစတာဘိတ်လုပ်ပြီး သူ့ရဲ့ သုက် အနည်းငယ် ပေါင်းထည့်ပြီး ကွန်ပျူတာဆီ သူ ပြန်သွားတယ်။
အရင်အတိုင်းပဲ ဆယ်ဒေါ်လာ ထည့်လိုက်တော့ ကွန်ပျူတာက စစ်ဆေးတော့တာပဲ။ အဲ ဆယ်စကန့်နဲ့တော့ မပြီးဘူး ဖြစ်နေသတဲ့၊ ကွန်ပျူတာ ခေါင်း နည်းနည်း စားသွားတယ်။
အတော်လေးကြာမှ ဆေးစာ ထုတ်ပေးတယ်။ “သင် သိလိုတဲ့ အဖြေအားလုံးကို သိရဖို့ ဒေါ်လာ ၄၀ ထပ်ထည့်ပါ” တဲ့။
ဟုတ်တယ်လေ၊ သူ့ဟာက ငါးမျိုးဖြစ်နေတာကိုး။
ဒေါ်လာ ၄၀ လည်း ထည့်လိုက်ရော ဆေးစာ အပြည့်အစုံ ထွက်လာတယ်။ ဒီလို…….
၁။ သင့်ရေပိုက်ခေါင်းက သံချေးတွေ တက်နေပြီး ရေက နံနေတယ်၊ ဒီရေကို သုံးစွဲရန် မသင့်၊ ရေပိုက်ခေါင်း အသစ် အမြန်လဲပါ ။
၂။ သင့်ခွေးမှာ ၀ဲပေါက်နေတယ်၊ လူကို မကူးစက်ခင် ၀ဲပျောက်ဆေးလူးပြီး ရေချိုးပေးပါ ။
၃။ သင့် သမီးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးစွဲနေတယ်၊ ဆရာဝန် နဲ့ အမြန်ပြပြီး ဆေးဖြတ်ပေးပါ၊ AIDS ဖြစ်လာနိုင်ခြေ ရှိတယ် ။
၎။ သင့် ဇနီးမှာ ကိုယ်ဝန်ရှိနေပြီ၊ မိန်းကလေး အမွှာပူး၊ သင်နဲ့ ရတာ မဟုတ်။ ကွာရှင်းဖို့ ရှေ့နေတစ်ယောက် အမြန်ရှာထားပါ။
၅။ အဲသလိုသာ လက်ကမျင်းနေရင် ညာဖက်လက်မောင်း နာတာ ဘယ်တော့မှ မပျောက်ဘူး မှတ်ပါ......တဲ့။
အဲဒီလူ ဖြုံသွားတယ်။ နောက် မစရဲတော့ဘူး။
ခွက်ဒစ် -> ဇင်ဝေသော် ရဲ့ ပြုံးစိစိ ချဉ် ငန် စပ်လေးများ စာအုပ်မှ ပြန်လည်မျှဝေပါသည်။

0 comments:
Post a Comment