သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁၀)
သစ်ထူးလွင် |
- ဂျူး အထွတ်အမြတ် နေရာကို ပါလက်စတိုင်းတွေ မီးရှို့
- ဘာသာရေး၊ လူမျိုးရေး ပြောဆို စည်းရုံးသူတွေကို မယုံကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကုတ်မြို့ အောင်နိုင်ရေး မိန့် ခွန်း ဟောပြောပွဲ (ဓါတ်ပုံ)
- ဆီးရီးယားနယ်စပ်အနီး ဒရုန်းတစ်စီးကို တူရကီ ပစ်ချ
- အမေရိကန်ရဲ့ အချက်အလက်တွေ ခိုးယူသူ မလေးရှားမှာ ဖမ်းမိ
- ကြိုက်တာပြော ဆောင်ရွက်ပေးမည်ဟု တရုတ်အစိုးရ အရာရှိများက ကမ်းလှမ်းခဲ့ဖူးကြောင်း ဒေါက်တာအေးမောင်ပြော
- ဒေါ်စု ရခိုင်ခရီး စတင်
- အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တဲ့ SSPP/SSA တပ်စခန်းတချို့ ဖယ်ရှားပေးလိုက်ရ
- အစိုးရသစ်မှာ သမ္မတဦးသိန်းစိန် ဆက်လက်တာဝန်ယူနိုင်ဖို့ ကြံ့ခိုင်ရေးပါတီ မဲဆွယ်
- သူရဲကောင်းဖြစ်သွားတဲ့ သမ္မတကြီး [သရ၀ဏ် (ပြည်)]
- ကျူရှင်နှင့် ပတ်သက်ပြီး ကျော်စောသတင်း ထွက်ရှိသော ဆရာ၊ ဆရာမများကို အရေးယူမည်ဟုဆို
- ပက်ထရစ်ခွန်ဂျာလီနှင့် ချောစန္ဒီထွန်းတို့အား ခြွင်းချက်မရှိ လွှတ်ပေးရေး အမေရိကန် တောင်းဆို
- မြောက်ဥက္ကလာပ မီးလောင်မှုဖြစ်ပွား
- သံတွဲလေဆိပ်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် လူပေါင်းထောင်နှင့်ချီ စုရုံး
- ရခိုင်အမျိုးသားကွန်ရက်မှ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်
- မြန်မာ ကလေး စစ်သား စုဆောင်းမှု ကျဆင်း
- ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ တောင်ကုတ် အပါအ၀င် မြို့နယ်အများအပြားတွင် ပုဒ်မ ၁၈၈ ဒေသန္တရ အမိန့် ထုတ်ပြန်ထားကြောင်း သိရ
- ဖေ့စ်ဘွတ်ပေါ် ပုံတင်လို့ ဖမ်းခံရသူတွေကို ချက်ခြင်းလွှတ်ဖို့ AI တောင်းဆို
- စစ်ကိုင်းနဲ့ ကယားမှာ ရေဘေးကြောင့် လူ ၄၀ ကျော် သေဆုံး
- ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တားမြစ်ပစ္စည်းသွင်းယူမှု နဲ့ ထောင်ဒဏ်တွေချမှတ်
- ဒေါ်စု ရခိုင်ပြည်နယ် ခရီးစဉ် အကြို လုံခြုံရေး ဆောင်ရွက်
- ပြည်ပကြိုတင်မဲ အခက်အခဲမျိုးစုံတွေ့
- နေပြည်တော်က အစိုးရဝန်ထမ်းနေအိမ်တွေမှာ မဲဆွယ်ခွင့် ပိတ်ပင်တားမြစ်
- အမျိုးစောင့်သူဖြစ်ကြောင်း မဲဆွယ်ပွဲမှာ မွန်ဝန်ကြီးချုပ် ပြောကြား
- အောက်တိုဘာလ (၁၇)ရက်နေ့ ထုတ် Inside Weekly Sports Vol 3 No 77
Posted: 16 Oct 2015 07:00 AM PDT
မီးရှို့ခံရလို့ ဂျိုးဇက်ရဲ့ ဂူသင်္ချိုင်း ဆိုးဆိုးရွားရွား
ပျက်စီးခဲ့ဟု ဆို။
အစ္စရေးနဲ့ ပါလက်စတိုင်းတွေ အကြား တင်းမာမှုတွေ တိုးမြှင့်
နေချိန်မှာပဲ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း နာဘလုစ် မြို့က
ဂျူးတွေ အလေးအမြတ် ထားရာ နေရာတစ်ခုကို ပါလက်စတိုင်းတွေက
မီးရှို့ ခဲ့ကြပါတယ်။
ဂျူးတွေရဲ့ ကျမ်းစာလာ သူတော်စင် ဂျိုးဇက်ရဲ့
|
Posted: 16 Oct 2015 07:00 AM PDT
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
မဲဆွယ်စည်းရုံးဟောပြောစဉ်။ Photo: Kyaw Htoon Naing/RFA
ဘာသာရေး၊ လူမျိုးရေးနဲ့ ပြောဆိုစည်းရုံးတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ
တိုင်းပြည်ရဲ့ အနာဂတ်ကို မကြည့်ဘဲ ပြည်သူတွေကို အကြောက်တရားတွေနဲ့
စည်းရုံးတာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မယုံကြည်ကြ ဖို့
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကေ
|
Posted: 16 Oct 2015 06:38 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သည် အောက်တိုဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သို့ 
ရောက်ရှိလာပြီး မွန်းလွဲ ၃ နာရီမှာ ဒေသခံပြည်သူများအား ရွေးကောက်ပွဲ
အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။
သတင်း - ဓါတ်ပုံ ။ ။ National League for Democracy
https://www.facebook.com/
|
Posted: 16 Oct 2015 05:24 AM PDT
ဆီးရီးယားနဲ့ နယ်စပ်အနီး တူရကီ လေပိုင်နက်ထဲကို
ဝင်လာတဲ့ မောင်းသူမဲ့ လေယာဉ် တစ်စီးကို တူရကီ
တိုက်လေယာဉ်တွေက ပစ်ချလိုက်တယ်လို့ တူရကီ အစိုးရက
ပြောပါတယ်။
အဲဒီ လေယာဉ်ဟာ မောင်းသူမဲ့ ဒရုန်း တစ်စီး ဖြစ်တယ်လို့သာ
သတင်းတွေက ဖော်ပြပြီး အသေးစိတ်ကို မသိရသေးပါဘူး။
အဲဒီ ဒေသမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို တို
|
Posted: 16 Oct 2015 05:11 AM PDT
အမေရိကန် လုံခြုံရေး ဝန်ထမ်းတွေရဲ့ ကိုယ်ရေး အချက်အလက်
တွေကို ခိုးယူပြီး IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ဆီ
ပေးပို့တယ် ဆိုတဲ့ ကိုဆိုဗို နွယ်ဖွား လူငယ် တစ်ယောက်ကို
မလေးရှား နိုင်ငံမှာ ဖမ်းမိ လိုက်ပါတယ်။
ကိုဆိုဗို ဒေသဖွား အသက် ၂၀ ကျော် အရွယ် အဲဒီ လူကို
စက်တင်ဘာ ၁၅ ရက်နေ့က ဖမ်းမိခဲ့တာလို့ မလေးရှား
ရဲတပ်ဖွဲ့က ကြေညာ
|
Posted: 16 Oct 2015 05:07 AM PDT
ပြီးခဲ့သည့် ဇူလိုင်လက သွားရောက်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ခရီးစဉ်အတွင်း တရုတ်အစိုးရအရာရှိများက ၎င်းအား ငြင်းဆန်မရသည့်
ကမ်းလှမ်းမှုမျိုးဖြင့် ကမ်းလှမ်းခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏
ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
''ကြိုက်တာပြော ကျွန်တော်တို့ ဆောင်ရွက်ပေးပါမယ်''ဟု
တရုတ်အစိုးရအရာရှိများဘက်မှ ကမ်းလှမ်းချက်ကို ဒေါက်တာအေးမောင်က
ရည်ညွှန်းပြောဆိုသည်။
ANP သည် အင်အားကြီးတိုင်းရင်းသားပါတီကြီ
|
Posted: 16 Oct 2015 04:52 AM PDT
ဒေါ်အောင်ဆန်းစုကြည် (Credit: AFP)
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ကစပြီး ရခိုင်ပြည်နယ်
ခရီးစဉ်ကို စတင်နေပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အတွင်းကို သွားတာမဟုတ်ပဲ သွားလာရ လွယ်ကူပြီး
မြန်မာပြည်မနဲ့ ပိုပြီးနည်းတဲ့ တောင်ကုတ်၊ သံတွဲစတဲ့ နေရာကိုသာ
သွားမှာ ဖြစ်ပါတယ်။
ရခိုင်တွေထဲမှာ NLD အောင်နိုင်ရေးအတွက် ကြိုးပမ်းသူတွေ၊
ကြံ့ခိုင်ရေးအတွက် ကြိုးပမ်းသူတွေနဲ့ ရခိုင်ပါတီအတွ
|
Posted: 16 Oct 2015 04:30 AM PDT
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှုးမြို့နယ်နဲ့ ကျေးသီးမြို့နယ်ထဲမှာ
အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA
(ဝမ်ဟိုင်း) တို့ တိုက်ပွဲဖြစ်ပွားရာ တာဆမ်ပူးတပ်စခန်းကို
ဖယ်ရှားပေးလိုက်ရတယ်လို့ SSPP/SSA (ဝမ်ဟိုင်း) အဖွဲ့က ပြောပါတယ်။
မနေ့ကထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး မိုင်းရှုးမြို့နယ်ထဲက
တာဆမ်ပူးတပ်စခန်းနေရာတွေကို ဖယ်ရှားပေးလိုက်ရတယ်လို့ SSPP/SSA (ဝမ်ဟိုင်း)က
ဗိုလ်
|
Posted: 16 Oct 2015 04:26 AM PDT
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာမယ့် အစိုးရသစ် သက်တမ်းအတွင်းမှာ
သမ္မတအဖြစ် ဆက်လက်တာဝန်ယူနိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ ပြည်ထောင်စု
ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့
မွန်ပြည်နယ် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးသိန်းဇော်က ဒီနေ့ မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။
သထုံမြို့နယ် လိပ်အင်းရပ်ကွက် လေယာဉ်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ သထုံမြို့နယ်
ပြည်ခိုင်ဖြိုး
|
Posted: 16 Oct 2015 04:13 AM PDT
ကိုယ့်နိုင်ငံက ခေါင်းဆောင်တယောက် သူရဲကောင်းဖြစ်သွားတယ်ဆိုရင်၊
လူချစ်လူခင်များတယ်ဆိုရင် ကျွန်တော် သဘောကျပါတယ်။
သမ္မတကြီးဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ် ကျွန်တော်
တို့နိုင်ငံသားတွေ မဟုတ်လား။ ဘယ်သူပဲ နာမည်ကြီးကြီး ကိုယ့်နိုင်ငံကလူတွေ
နာမည်ကြီးတာကောင်းတာ ပေါ့။ ဒါပေမဲ့ ဘယ်အရာပဲဖြစ်ဖြစ်
ကိုယ့်ဥာဏ်နဲ့စိစစ်ပြီးမှ ကောက်ချက်ချတာ အကောင်းဆုံးပါပဲ။ အခုတလော
င်္Facebook Profile ပုံတွေမှာ မြ
|
Posted: 16 Oct 2015 03:59 AM PDT
ဆရာ၊ဆရာမများကို ကျူရှင်သင်ကြားခြင်းများနှင့် ပတ်သက်ပြီး ခွင့်ပြုထားခြင်းမရှိဘဲ
ကျော်စောသတင်း ထွက်ရှိလာသူများကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူမည်
ဖြစ်ကြောင်း သိရသည် ။
ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာန လက်အောက်တွင် သင်ကြားရေး
တာဝန်ယူထားရသော ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့ တာဝန်ယူ သင်ကြား
နေသော ဘာသာရပ်များနှင့် မိမိတို့ တာဝန် ယူထားရသော ကျောင်းရှိ ကျောင်း
သားကျောင်းသူများကို ကျူရှင် သင်ကြားခွ
|
Posted: 16 Oct 2015 03:56 AM PDT
ဖေ့စ်ဘုတ်တွင်ရေးသားဖော်ပြမှုမျ
|
Posted: 15 Oct 2015 10:41 PM PDT
မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၁၆
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် နံနက် ၁နာရီ ၁၅ မိနစ် အချိန် မြောက်ဥက္ကလာပ
မြို့နယ် (ဋ)ရပ်ကွက်၊ ဏ္ဍန္ဒာ (၁၁)လမ်း၊ အမှတ်(၉၃၄)နေ အိမ်ရှင်
ဦးမောင်မောင်ကြည် (ခ)ဦးမောင်မောင်ယဉ်အေး၏ သားဖြစ်သူ ဝေလင်း ထွန်း
(၃၀)နှစ် အား နေအိမ်တွင်း တစ်ဦးတည်း သော့ခတ်ထား စဉ် ဝေလင်းထွန်းမှ
စိတ်ဖောက်ပြန်ပြီး ၎င်း၏ အိမ်ခန်းအား မီးရှို့ရာမှ စတင် လောင်ကျွမ်းခဲ့ကြောင်း
သတင်းရရှိပါသည်။
မီးလောင်မှုအား
|
Posted: 15 Oct 2015 10:33 PM PDT
( ယနေ့ သံတွဲလေဆိပ်လမ်းမတစ်လျှောက် ကြိုဆိုနေကြသူများအားတွေ့ရစဉ်/ ဓာတ်ပုံ-
နိရဉ္စရာ)
နိရဉ္စရာ
ရန်ကုန်၊ အောက်တိုဘာ ၁၆
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်
သံတွဲ လေဆိပ်တွင် လူပေါင်း ထောင်နှင့်ချီပြီ စုရုံးရောက်ရှိနေပြီဟု
သံတွဲလေဆိပ်သို့ ရောက်ရှိနေသည့် နိရဉ္စရာ သတင်းထောက်မှ သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုဆိုင်းဘုတ်တစ်ခုအား အများက စိတ်ဝင်စား
ရန်ကုန်၊ေ
|
Posted: 15 Oct 2015 10:29 PM PDT
ရန်ကုန်၊
အောက်တိုဘာ ၁၆
ရခိုင်အမျိုးသားကွန်ရက် ( Arakan National Network) မှ ဒေါ်အောင်ဆန်းစုကြည်
ရခိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး သဘောထား တစ်စောင်ကို ယနေ့ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ (၃)
ရက်တိုင်တိုင် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်နှင့်
ဂွမြို့နယ်တို့သွားရောက်ပြီး မဲဆွယ်စည်းရုံးရေးတရားများ ဟောပြောမည်ဟု
သိရှိရသည်။
ရခိုင်အမျိုးသားကွန်ရက်၏ သဘောထား ထုတ်ပြန်ချက်
|
Posted: 15 Oct 2015 05:25 PM PDT
လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးသူငယ်တွေကို အကာအကွယ်ပေးရေး သဘောတူစာချုပ်
ကို မြန်မာနိုင်ငံအနေနဲ့ အမြန်ဆုံး အတည်ပြု လိမ့်မယ် လို့
မျှော်လင့်ကြောင်း ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ
အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zerrougui က ကုလအထွေထွေ
ညီလာခံမှာ ပြောကြားလိုက်ပါတယ်။ ကလေးသူငယ်တွေရဲ့အခွင့်အရေးနဲ့
အကာအကွယ်ပေးရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့
တတိယေကာ္မတီမွာ ေ
|
Posted: 15 Oct 2015 04:48 PM PDT
ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင် ၁ ရက်အလိုတွင် ပုဒ်မ ၁၈၈
ထုတ်ပြန်ကြောင်းကို သံတွဲမြို့  နယ်အတွင်း ဈေးများ ဆိုင်များ
ရပ်ကွက်များတွင် ယနေ့ မနက်မှ စတင်ပြီး အုပ်ချုပ်ရေး တာဝန်ရှိသူများက
အသံချဲ့စက်များဖြင့် လိုက်လံကြေငှာခဲ့ကြောင်း သံတွဲမြို့ရောက် The Ladies
သတင်းထောက်က သတင်းပေးပို့သည်။
ယနေ့ ညနေ တောင်ကုတ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သံတွဲမြို့
တောင်ကုတ်မြို့  အပါအ၀င် မြို့  နယ် ၁၈ ခုစလုံးတွင် ပု
|
Posted: 15 Oct 2015 05:27 PM PDT
အီလက်ထရောနစ် ဥပဒေ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မတွေ
အသီးသီး နဲ့ အမှုဖွင့် စွပ်စွဲ ခံနေရ။
Facebook လူမှု ကွန်ရက် စာမျက်နှာ ပေါ်မှာ မြန်မာ စစ်တပ်ကို သရော်တဲ့
ဓာတ်ပုံနဲ့ စာသားတွေ တင်ခဲ့လို့ ဖမ်းဆီးခံ ထားရသူ ၂ ဦး ကို ခြွင်းချက် မရှိ
ချက်ခြင်း လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty
International က တောင်းဆို လိုက် ပါတယ်။
အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အ
|
Posted: 15 Oct 2015 04:19 PM PDT
ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီး ဒေသမှာ မြေပြိုကျတဲ့ နေရာ တစ်ခုကို
အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: MOI
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ကယားပြည်နယ်မှာ
ရေကြီး နစ်မြုပ်မှုကြောင့် သေဆုံးသူ ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၁၉ ဦးက ရေနဲ့ မျောပါ သေဆုံး ခဲ့ပြီး
ကယားပြည်နယ် မော်ချီးဒေသမှာ မြေပြိုကျ မှုကြောင့် သေဆုံးသူ
၂၀ကျော်ရှိတယ်လို့ နေပြည်ေ
|
Posted: 15 Oct 2015 12:16 PM PDT
သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
သာယာဝတီအကျဉ်းထောင်အတွင်း တားမြစ်ထားတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတွေ
ယူဆောင်တာကြောင့်ဆိုပြီး တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂ နဲ့
တရားစွဲခံထားရတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို သာယာဝတီမြို့နယ်
တရားရုံးက ထောင်ဒဏ် ၂ လကျခံဖို့ ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
ချုပ်ရက်တွေကို ထည့်သွင်းခံစားစေဆိုပြီး တရားသူကြီးက အမိန့်ချလိုက်တဲ့အတွက်
ချုပ်ရက်က ၃ လ
|
Posted: 15 Oct 2015 12:16 PM PDT
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးခရီး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်
ခရီးစဉ်အတွင်း NLD အနေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်
ထားတယ်လို့ သံတွဲခရိုင် NLD ဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေ အနေနဲ့
ပူးပေါင်းပြီး ခရီးစဉ် အတွင်း ဆူပူမှုတွေမဖြစ်အောင် ထိန်းသိမ်းသွားမယ်လို့
NLD ကပြောပါတယ်။ ရခိုင်ပြည်နယ် သံတွဲ ၊ တောင်ကုတ်၊ ဂွမြို့တွေဆီ မဲဆွယ် စ
|
Posted: 15 Oct 2015 12:16 PM PDT
ဆိုးလ်မြို့တော် မြန်မာ သံရုံးက မဲပေးမယ့်နေ့ မနက်မှ
မဲစာရင်း ထုတ်ပြန်
တောင်ကိုရီးယားနဲ့ စင်ကာပူ နိုင်ငံတို့မှာ အောက်တိုဘာလ ၁၅
ရက်နေ့ကနေ စတင်ပြီး ကြိုတင်မဲတွေ ပေးနေရာမှာ
အခက်အခဲတွေ ရှိနေတယ်လို့ မဲပေးခဲ့ကြသူ တွေက ဘီဘီစီကို
ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တော်က မြန်မာ သံရုံးက
ကြိုတင်မဲ စတင်
|
Posted: 15 Oct 2015 12:16 PM PDT
စက်တင်ဘာလ ၂၁ ရက်နေ့က ဇမ္ဗူသီရိမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
|
Posted: 15 Oct 2015 12:16 PM PDT
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်
ဦးအုန်းမြင့် ကို တွေ့ရစဉ်။ Photo: Wai Mar Tun/RFA
မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်
ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က သူဟာ အမျိုးဘာသာ သာသနာကို
စောင့်ထိန်း သူဖြစ်ကြောင်းပြောပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒီနေ့ မုဒုံမြို့ မြို့မ ၁ရပ်ကွက်က
|
Posted: 15 Oct 2015 11:52 AM PDT
အောက်တိုဘာလ (၁၇)ရက်နေ့ ထုတ် Inside Weekly Sports Vol 3 No 77
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment