ဗိုလ်ချူ ပ်အောင်ဆန်း၏ နောက်ဆုံးနေ့ နံနက်စာ
နံနက်ပိုင်းက..
၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၊ ၁၉ ရက်၊ စနေနေ့ ---
နံနက်ပိုင်း အတွင်းဝန်ရုံးတွင် အထူးအစည်းအဝေးသို့သွားရန် ပြင်ဆင်လျက် ရှိနေသလို ဇနီး ဒေါ်ခင်ကြည်သည်လည်း သူ့ခင်ပွန်းကို နံနက်စာ ကျွေးမွေးရန်အတွက် မီးဖိုဆောင်ထဲ၌ အလုပ်များလျက်ရှိသည်။
ထမင်း ဟင်း အချိန်မီကျက်နိုင်ပုံ မပေါ်၍ ဗိုလ်ချူ ပ်က ရှိတာနှင့်ပင် စားသွားတော့မည့်အကြောင်း သူ့ဇနီးကို ပြောလိုက်သည်။ ဘဲဥပြုတ်နှင့် ထမင်းကြမ်း..
ထို့ကြောင့် ကြောင်အိမ်ထဲ၌ အသင့်ရှိနေသော ဝမ်းဘဲဥပြုတ်နှင့် ထမင်းကြမ်းကို ဒေါ်ခင်ကြည်က ယူပေးလိုက်ရာ ဗိုလ်ချူ ပ်သည် ဝမ်းဘဲဥပြုတ်ဆီဆမ်းနှင့် ထမင်းကြမ်းခဲကို ကသောကမျောစားပြီးနောက် အတွင်းဝန်ရုံးသို့ ထွက်ခွာသွား၏။
အစည်းအဝေးပြီး၍ ပြန်လာမှပဲ ခင်ပွန်းဖြစ်သူအား ကျကျနန ဖွယ်ဖွယ်ရာရာ ပြင်ဆင် ကျွေးမွေးတော့မည်ဟု ဒေါ်ခင်ကြည်သည် ဗိုလ်ချူပ်ပြန်အလာကို စောင့်မျှော်နေသည်။
ဗိုလ်ချူပ်ကား ပြန်မလာ၊ ရောက်လာသောသတင်းကား ယူနီဖောင်းဝတ် သေနတ်သမားတစ်စုက ပစ်ခတ်သွား၍ ရန်ကုန်ဆေးရုံကြီးသို့ ရောက်နေသည်ဆိုသော လုပ်ကြံခံရမှု သတင်းပင်တည်း..
ချစ်ကြည်ရေး ကြည်ညွန့်
ရောင်နီဦး မဂ္ဂဇင်း (၂)
၁၉၇၈၊ အောက်တိုဘာလ
Admin >>> ကိုကြီးလှ Via မောင်(စွယ်စုံကျမ်း)

0 comments:
Post a Comment