Monday, October 12, 2015

ဗုဒ္ဓနှင့် သာကီဝင်တွေဟာ အာရီယာန် မဟုတ်ကြောင်း ရှင်းလင်းချက် နိဒါန်း

Soe Moe Hlaing

ဗုဒ္ဓနှင့်ဘသာကီဝင်တွေဟာ ကုလားမဟုတ်ပါဘူး။ ကုလားမဟုတ်ဘူးဆိုတာ အရပ်စကား ဖြစ်ပြီး မနုဿဗေဒရှုထောင့်က ပြောရရင်တော့_
မနုဿဗေဒမှာ ကမ္ဘာပေါ်ရှိ လူမျိုးများကို အကြမ်းဖျင်းသုံးအုပ်စု ခွဲပါတယ်။

အဝါမျိုး (မွန်ဂိုလွိုက် Mongoloid အုပ်စု) (မွန်ဂိုလူမျိုးမဟုတ်ပါဘူး။ အဝါမျိုးရဲ့ အမည်ပါ)
အဖြူမျိုး (Europoid)
အမဲမျိုး (Negroid) တို့ ဖြစ်ကြတယ်။

-
ရှေးမြန်မာကြီးတွေဟာ မွန်ဂိုလွိုက်မဟုတ်သူ အဖြူမျိုး၊ အမဲမျိုးတွေကို ကုလားလို့ ခေါ်ခဲ့ကြဟန်တူပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လူမျိုးခြား ဖြစ်ပေမယ့် အဝါမျိုးအုပ်စုဝင် တရုတ်ကို စိန၊ စိန့် စသဖြင့် ခေါ်ခဲ့ကြလို့ပါ။
-
အဲ့ဒီ သုံးအုပ်စုကြီးမှာ တစ်စုခြင်း ပြောတဲ့စကား (linguistics) အရ လူမျိုးအုပ်စုတွေ ထပ်ခွဲပါတယ်။
မွန်ဂိုလွိုက်အုပ်စုမှာဆို ရှမ်းတရုတ်၊ မွန်ခမာ၊ တိဘက်မြန်မာ (TIbeto-Burman) စသဖြင့်ပေါ့ဗျာ။
ဟို အဖြူအုပ်စုမှာလည်း ကော့ကေးရှပ်၊ ဆဗ်၊ အာရီယံ စသဖြင့် ပေါ့။
-
အာရီယံဆိုတာ အဖြူအုပ်စုထဲက အာရီယံစကားပြောအုပ်စုပါ။ ဒါပေမယ့် အိန္ဒိယထဲကို အာရီယံတွေဝင်ရောက်လာပြီးမှာ ဒေသခံတွေနှင့် ရောနှောသွားပြီး အာရီယံစကားပြော အသားမဲသူတွေလည်း ရှိပါတယ်။
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အများစုတွေဟာ အာရီယံနှင့် ဒြာဗီးဒီယန်း အရောတွေပါ။ ဘင်္ဂလီ စကားကိုက အာရီယံစကား အုပ်စုထဲမှာ ပါ,ပါတယ်။ မြင်သာတဲ့ ဥပမာပေးပါမယ်။ ကဗျာဆရာ ရာဘင်ဒြာနတ်တဂိုးဟာ အာရီယံ ဘင်္ဂလီလူမျိုး အသားဖြူ၊ ဟိန္ဒူဘာသာ ကိုးကွယ်သူပါ။ လက်ရှိ ဘင်္ဂလီအမဲအများစုကတော့ အသားမဲ၊ မွတ်စလင်ကိုးကွယ်သူတွေ ဖြစ်ကုန်ပါပြီ။
-
ဗုဒ္ဓခေတ် မစ္ဈိမဒေသ မှာ (ယနေ့အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသဖြင့်)
အမဲမျိုး၊ အဖြူမျိုး၊ အဝါမျိုး သုံးမျိုးလုံး နေထိုင်ကြပါတယ်။ အမဲမျိုးမှာ အများစုကိုတော့ ဒြာဗီးဒီးယန်းလို့ ခေါ်ကြပါတယ်။ အဖြူမျိုးကတော့ အာရီယံစကားပြောတွေမို့ အာရီယံတွေလို့ ခေါ်ကြတာ။
-
ဗုဒ္ဓနှင့် ဆွေတော်မျိုးတော် သာကီဝင်တွေဟာ အဖြူမျိုးလည်း မဟုတ်၊ အမဲမျိုးလည်း မဟုတ် အဝါမျိုး အုပ်စုဝင်တွေ ဖြစ်တယ်။ အဲ့ဒီ့ အဝါမျိုးအုပ်စုမှာမှာ သာကီဝင်တွေဟာ တိဘက်တိုဘားမင်းခေါ် တိဘက်မြန်မာစကားပြောအုပ်စုဖြစ်တယ်။
-
သာကီဝင်တွေဟာ တိဘက်တိုဘားမင်း ခေါ် တိဘက်မြန်မာအုပ်စုလို့ ဘာလို့ပြောရတာလည်း ဆိုတော့ အိန္ဒိယရှေးဟောင်းသုတေသနက သာကီဝင်မြို့ကြီးသုံးမြို့ကို တူးဖော်ပါတယ်။
-
ထွက်လာတဲ့ အသုံးအဆောင်၊ အိုးခွက် ပစ္စည်းတွေက ဒြာဗီးဒီးယန်း ပစ္စည်းလည်း မဟုတ်
အာရီယံပစ္စည်းလည်း မဟုတ်၊ တိဘက်မြန်မာ အသုံးအဆောင်ပစ္စည်းတွေပါ။
တူးလို့ထွက်လာတဲ့ သာကီဝင်မြို့ကြီးသုံးမြို့ရဲ့ ယဉ်ကျေးမှုဟာ တိဘက်မြန်မာ ယဉ်ကျေးမှု (TIbeto-Burman Culture ) ဖြစ်နေတာပါ။
(Archaeological Survey of India Annual Report 1958)
-
လူမျိုးမတူရင် ယဉ်ကျေးမှုမတူသလို အသုံးအဆောင်၊ ဓားက အစ မတူပါဘူး။ မြန်မာငှက်ကြီးတောင်ဓားဟာ တရုတ်ဓား၊ ဂျပန်ကင်ဒို၊ ဥရောပဓား၊ ကုလားဓားကောက်စတာတွေနဲ့ မတူတာကို ဥပမာပေးလိုတယ်။
-
နောက်တစ်ခုက ရုပ်ရည်ပါ။ လက်ရှိ နီပေါနိုင်ငံက သာကီဝင်အဆက်အနွယ်တွေလို့ ပြောကြတဲ့ နေဝါရီလူမျိုးတွေဟာ အဖြူလည်း မဟုတ်၊ အမဲလည်းမဟုတ်၊ အဝါပါ။ ဒြာဗီးဒီးယန်း ရုပ်လည်းမဟုတ်၊ အာရီယန်ရုပ်လည်း မဟုတ်၊ မွန်ဂိုလွိုက် ရုပ်ရည်တွေပါ။ သူတို့ ပြောတဲ့ စကားကို ကြည့်လိုက်တော့ တိဘက်မြန်မာစကားဖြစ်နေပါတယ်။
-
ဗုဒ္ဓနှင့် သာကီဝင်တို့သည် ကုလား မဟုတ်ဆိုတာ
ရှေးမြန်မာကြီးတွေက အဖြူ ကိုရော၊ အမဲ ကိုပါ ကုလားလို့ ခေါ်ခဲ့ကြပါတယ်။ အိန္ဒိယမှာ ရှိတဲ့ အဖြူတွေဟာ အများအားဖြင့် အာရီယံဖြစ်ပြီး အမဲတွေက အများအားဖြင့် ဒြာဗီးဒီးယန်းတွေပါ။ တောင်ပိုင်းအမဲမျိုးလို့ခေါ်တဲ့ ဩစတစ် ဆိုတာရှိပါသေးတယ်။
-
ဒီတော့ ဗုဒ္ဓနှင့် သာကီဝင်တို့သည် ကုလား မဟုတ်ဆိုတာ
ဗုဒ္ဓနှင့် သာကီဝင်တို့သည် အာရီယံလည်း မဟုတ်၊ ဒြာဗီးဒီးယန်း ဩစတစ် လည်းမဟုတ် မွန်ဂိုလွိုက်အစုဝင် တိဘက်တိုဘားမန်း များသာ ဖြစ်တယ်လို့ ပြောနေတာဖြစ်ပါကြောင်း။
သို့သော် ယခုအခါ ဗုဒ္ဓနှင့်သာကီဝင်တွေကို ဘာအထောက်အထားမှ ခိုငိခိုင်မာမာ မပေးနိုင်ပဲ အာရီယံဖြစ်မယ်လို့ ပြောနေဆိုနေသံတွေ ရှိနေတာကြောင့်၊ ဗုဒ္ဓ နှင့်သာကီ ဝင်များဟာ အာရီယံ မဟုတ်ကြောင်း ဆက်လက်ရေးသားမှာ ဖြစ်ပါတယ်။
(ကိုသာဝ)
credit to @ဈာန်သစ်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...