Thursday, October 1, 2015

လူတိုင်းနည်းပါးသိသင့်တဲ့ အရာလေးတွေပါ

 မင်္ဂလာဆောင်လက်ထပ်ထိမ်းမြား အိမ်ထောင်ပြုတယ်ဆိုတာ
အခေါ်ဝေါ်လေးတွေက တိုတောက်ပေမယ့် အဓိပ္ပါယ်လေးတွေကတော့ . . .
နက်ရှိုင်းပါတယ် !

မင်္ဂလာဆိုတာပျော်ရွှင်တာ သာယာချမ်းမြေ့မှုလေးတွေကို သယ်ယူစုဆောင်းကြတာပါ။

မင်္ဂလာဆောင်ကြပြီဆိုရင်
တစ်ဦးနဲ့တစ်ဦး စစ်မှန်တဲ့ပျော်ရွှင်မှုလေးတွေ အပြန်လှန်
သယ်ယူစုဆောင်းနိုင်ကြဖို့လည်း လိုအပ်ပါတယ်
လက်ထပ်တယ်ဆိုတာ !
ဘာအကြောင်းကြောင်းနဲ့မှ တစ်ယောက်လက်တွဲတစ်ယောက်
မဖြုတ်ကြေး ကတိပြုကြတာ သစ္စာထားကြတာပါ
တစ်သက်တာအတွက် ကတိသစ္စာမတည်မြဲနိုင်ဘူးဆိုရင်
တစ်ပါးသူကိုလက်ထပ်ရယူဖို့အတွက်လည်း
မစဉ်းစားမိပါစေနဲ့ . . .
ထိမ်းမြားတယ်ဆိုတာ !
မိန်းကလေးတွေဘက်ကကိုယ့်လင်ယောင်္ကျား ရှာဖွေထားသော
ပစ္စည်းဥစ္စာတို့ကို နေရာလိုက်ထိမ်းထိမ်းသိမ်းသိမ်း
ကိုင်တွယ်သုံးစွဲတတ်ဖို့နဲ့ ယောင်္ကျားတွေဘက်ကလည်း
များတာကနေများတာထက်များပြားလာအောင်
လုပ်ကိုင်ရှာဖွေစုဆောင်းအပ်နှံပေးတတ်ဖို့ လိုအပ်ပါတယ်
အိမ်ထောင်ပြုတယ်ဆိုတာ !
အိမ်ကြီးကိုထောင်လုပ်ပြစ်လိုက်တာ မဟုတ်ပါ grin emoticon
ကိုယ့်ဘိုးကိုယ့်ဘွားကိုယ့်မိဘ ကိုယ့်အသိုင်းဝိုင်းတွေကြားကနေ
ကိုယ့်အိုးကိုယ့်အိမ်နဲ့ခွဲခွာပြီး အနာဂတ်မှာ . .
သားသားမီးမီးလေးတွေနဲ့ အများသူငါအားကျစရာ
ကောင်းလောက်တဲ့မိသားစုဘဝလေးတခုဖြစ်အောင် ဖန်တီးယူတာပါ
သတိ . ! !
ဘဝအချို့ကွေ့မှာ အခက်ခဲပေါင်းများစွာနဲ့
ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ် ။
အဲဒီအချိန်တွေမှာ !!
၁ ။ သူများတွေမပေးနိုင်လောက်တဲ့ နားလည်မှုမျိုး
တစ်ယောက်ကိုတစ်ယောက် အပြန်လှန်ပေးကြဖို့
မမေ့ပါစေနဲ့ . .
၂ ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြဖို့
မမေ့ပါစေနဲ့ . .
၃ ။ တစ်ယောက်ချော်လဲရင်တစ်ယောက်
ဖေးမထူပေးဖို့ မမေ့ပါစေနဲ့ . .
၎ ။ တစ်ယောက်လက်တစ်ယောက် ခိုင်ခိုင်မြဲမြဲတွဲထားဖို့
မမေ့ပါစေနဲ့ . . .
၅ ။ တစ်ယောက်အားငယ်ဝမ်းနည်းနေရင်
ကျန်တစ်ယောက်က အားပေးနှစ်သိမ့်ပေးဖို့
မမေ့ပါစေနဲ့ . . .
၆ ။ ဘာအကြောင်းကြောင်းနဲ့မှ တစ်ယောက်ပေါ်တစ်ယောက်
အပြုံးမပျက်ကြဖို့ မမေ့ပါစေ နဲ့ . . .
၇ ။ ဘယ်လောက်ပဲကြမ်းတမ်းတဲ့ အခက်ခဲတွေ နဲ့
တွေ့ကြုံရင်ဆိုင်လာရပါစေ နှစ်ယောက်အတူ
ကြိတ်မှိတ်ရင်ဆိုင်ဖြေရှင်းကြဖို့ မမေ့ပါစေ နဲ့ . .
ဗလာ စာအုပ် ( ဝိရနေ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...