Sunday, February 8, 2015

လေးစားချစ်ခင်လျက် အကြံပြုပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သော ခြေလျင်ကျောင်းသားသပိတ်စစ်ကြောင်းများနှင့်
ရန်ကုန်မြို့အပါအ၀င် အမြို့မြို့၊ အနယ်နယ်မှ ခြေလျင်သပိတ်မှောက်ကျောင်းသားများကို
ထောက်ခံကြိုဆိုသူများအနေဖြင့် နိုးနိုးကြားကြား သတိရှိရှိဖြင့် အမျိုးသားပညာရေးဥပဒေပြင်
ဆင်ရေး၊ ဒီမိုကရေစီပညာရေးတို့ကို မျက်ခြေမပြတ်ရန်၊ လမ်းကြောင်းမလွဲချော်စေရန် ၀ိုင်းဝန်း
ပံ့ပိုးထောက်ခံသင့်သည်။ သပိတ်မှောက်ကျောင်းသားများအပ၊ အခြားသူများသည် ကျောင်းသား
များကို ၀န်းရံသူများ၊ ထောက်ခံသူများ၊ တံတိုင်းပြုသူများသာ ဖြစ်သင့်သည်။ သပိတ်မှောက်
ကျောင်းသားများအပ၊ အခြားသူများ စင်ပေါ်တက် တရားဟောခြင်းကို အထူးကန့်သတ်သင့်
ကြောင်း အကြံပြုတိုက်တွန်းလိုပါသည်။ အမြို့မြို့အနယ်နယ်တွင် ပြည်သူလူထု၏ထောက်ခံမှု
ကို မြင့်မြင့်မားမား တစ်ရက်ပြီးတစ်ရက် ရရှိလာနေသော သပိတ်မှောက်ကျောင်းသားများအနေ
ဖြင့် ပူးကပ်လာနိုင်ခြေရှိသော လမ်းကြောင်းလွှဲမှုများကို အထူးသတိပြုသင့်သည်။ အစိုးရဒလံ
များ၊ သူ့လူကိုယ့်ဘက်သားများကလည်း ငြိမ်းချမ်းစွာသပိတ်မှောက်မှုကို လမ်းကြောင်းပြောင်း
အောင် တမင်အကွက်ဆင်လာနိုင်ခြေရှိသည်ကို သတိကြီးကြီးထားသင့်သည်။ သပိတ်မှောက်
ကျောင်းသားများကို ခေါင်းဆောင်သူများအနေဖြင့်လည်း နိုင်ငံရေးအမြင်ကျယ်ကျယ်၊ ရင့်ကျက်
မှုရှိရှိ၊ ပရိယာယ်ကြွယ်ကြွယ် စဉ်းစားတွေးခေါ်၊ ဆွေးနွေး၊ လမ်းပြ၊ ဟောပြောနိုင်ရန် လိုအပ်
ကြောင်း တိုက်တွန်းအကြံပြုလိုပါသည်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲတတ်သည့်သဘော
သဘာဝများကို ဆင်ခြင်ပြုပြင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ သပိတ်မှောက်ကျောင်းသားမဟုတ်
သူများ စင်ပေါ်တက်၊ မိုက်ကိုင် တရားဟောခြင်း၊ စကားပြောခြင်းတို့ကို စနစ်တကျကန့်သတ်
ထားနိုင်မည်ဆိုလျှင် ပိုမိုလိုက်လျောညီထွေဖြစ်မည်ဟု ထင်မြင်မိသည်။

သပိတ်မှောက်ကျောင်းသားစစ်ကြောင်းများအကြား အပြန်အလှန်ဆက်သွယ်မှု၊ အပြန်အလှန်
ယုံကြည်မှုနှင့်ပုံမှန်ထိတွေ့ဆွေးနွေးမှုတို့သည်လည်း အလွန်အရေးကြီးသော စိန်ခေါ်မှုများဖြစ်
သည်။ ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်ထုံးများကို နှလုံးမမူမိရန် ပဓာနကျသည်။ စစ်ကြောင်း
များ၏ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များအကြား ကျယ်ပြန့်သောဆွေးနွေးသဘောတူ
မှုများကို တည်ဆောက်ထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။
ငွေရေးကြေးရေးဆိုင်ရာစိန်ခေါ်မှုများကိုလည်း သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များအ
နေဖြင့် မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။ စစ်ကြောင်းအလိုက် ပြည်သူလူထု၏လှူဒါန်းငွေများ
ကို စနစ်တကျစာရင်းဇယားပြုစုထားနိုင်ရန် အထူးလိုအပ်သည်။ ငွေကြေးအရှုပ်အရှင်းများသည်
သပိတ်မှောက်ကျောင်းသားများကို အလွယ်ကူဆုံးတိုက်ကွက်ဆင်နိုင်သည့် လက်နက်ဖြစ်လာ
နိုင်သည်ကို မမေ့မလျော့သင့်ပါ။
သပိတ်မှောက်ကျောင်းသားများက စစ်ကြောင်းအသီးသီးဖြင့် ရန်ကုန်မြို့သို့ ခြေလျင်ခရီးဆက်
နေသည့်ကာလတွင် အမြို့မြို့၊ အနယ်နယ်ရှိ ကျောင်းသားများအနေဖြင့် အမျိုးသားပညာရေး
ဥပဒေပြင်ဆင်ရေးဆိုင်ရာတောင်းဆိုချက် (၁၁)ချက်ကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး
လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရေး ၀ိုင်းဝန်းပံ့ပိုးသင့်သည်။
သပိတ်မှောက်ကျောင်းသားများအနေဖြင့်၊ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းစွာ
တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်းများကို အစဉ်တစိုက် အလေးအနက်ပြုသင့်ပါ
ကြောင်းလည်း ထပ်လောင်းတိုက်တွန်းလိုပါသည်။
လေးစားလျက်-
ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...