Wednesday, February 4, 2015

ဟာသ စုစည်းမှု (၃-၂)

‪#‎လျှို‬့ ဝှက်ချက် ကိုဘယ်လိုမှမပေါက်ကြားအောင် ထိန်းသိမ်းထားတဲ့မိန်းမဟာ ဘယ်လိုမျိုးမိန်းမလဲ”
“သူငယ်ချင်းမရှိတဲ့မိန်းမ”
“အကြံဥာဏ်ပေးရင်လက်မခံချင်ကြဘူး။ ပိုက်ဆံကြတော့ယူကြတယ်။ ဘာဖြစ်လို့လဲ”
“ပိုက်ဆံ ကို ပိုပြီးတန်ဖိုးထားကြလို့ပေါ့”

”လူပျင်းဆိုတာဘယ်သူလဲဟင်”
“အလုပ်လုပ်ချင်ယောင် မဆောင်တဲ့သူ”
“အဖေထက် အမေလုပ်တဲ့လူက သားသမီးတွေကို ဘာဖြစ်လို့ ပိုချစ်ကြတာလဲဟင်”
“ရှေးဂရိတွေခေါ်ပညာရှင်‘အရစ္စတိုတယ်‘ ရဲ့အဆိုအရ ကိုယ့်ရင်သွေးဖြစ်တယ်ဆိုတာကို အမေကပိုပြီး
စိတ်ချ ယုံကြည်လို့ဆဲ့ဗျာ”
“သင်တန်းပို့ချနေချိန်မှာ ကျောင်းသားတွေက မေးခွန်းမေးရင် ဆရာတွေ အမတန်သဘောကျကြတယ်။ဘာဖြစ်လို့လဲ”
“ပိုချတဲ့ အကြောင်းအရာကို နားမလည်တဲ့ကျောင်းသား တချို့ လဲရှိပါသေးလားဆိုတာ သူသိလိုက်ရလို့”
“၀တဲ့လူတွေဘာကြောင့် ရန်မဖြစ်ချင်ကြတာလဲဟင်”
“ပြေးရတာခက်လို့”
“ ဘယ်ခြေထောက်နဲ့ ညာခြေထောက် ဘယ်လို ခွဲရသလဲ”
“ဘယ်ခြေထောက်မှာ ခြေမ ဟာညာဘက်မှာရှိတယ်”
“ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်စသလဲဟင်”
“မသိဘူး” ဒါပေမယ့် ကြက်ဖကိုတော့ ကျေးဇူးတင်တယ်”
“အမွှာပူး မွေးတဲ့နှုန်း....တိုးလာတယ်လို့ ပြောကြတယ် ထင်မြင်ချက်ပေးစမ်းပါ”
“ချာတိတ်လေးတွေ လူ့ ပြည်ကိုတစ်ယောက်တည်း ၀င်လာရမှာ ကြောက်ကုန်ကြပြီထင်တယ်”
“ကမ္ဘာပေါ်မှာ ငတုံး၊ ငအ တွေမရှိတော့ရင် ဘာဖြစ်မလဲဟင်”
“ခင်ဗျားကို ဆရာတင်တဲ့လူတွေ နည်းသွားမှာပေါ့”
“မိန်းမတစ်ယောက်ကို ချစ်စကားကြိုက်စကား အကြားကြီးပြောသင့်ပါကလား”
“မပြောသင့်ဘူး” ခင်ဗျားကို အပြောသမားသက်သက်လို့ထင်သွားလိမ့်မယ်”
“မိန်းမတစ်ယောက်ဟာ ယောကျာင်္းတစ်ယောက်ကို ဘယ်နှစ်ခါ ၀မ်းသာအောင် လုပ်နိုင်သလဲ”
“လက်ထပ်ဖို့ခေါင်းညိတ်လိုက်တဲ့အခါရယ်၊ ကွာရှင်းဖို့သဘောတူလိုက်တဲ့အခါရယ်....နှစ်ခါတည်းပါ။”
“မှိုတွေဘာလို့ ထီးပုံ ဖြစ်နေတာလဲဟင်”
မိုးတွင်းမှာပေါက်တာကိုးဗျား”
“တောထဲဝင်သွားရင် တိတ်ဆိတ်နေတာပဲ။ဘာဖြစ်လို့လဲ“
“တိရိစ္ဆာန်တွေမှ ဖိနပ် မစီးတာ”
“ကိုယ့်လုပ်အားရဲ့ ရလဒ်ကို ချက်ချင်းမြင်ချင်ရင် ဘာလုပ်ရမလဲ“
“ပန်ကန် ဆေးလိုက်“
“ယောကျာင်္းကောင်းဆိုတာ ဘယ်လိုမျိုးလဲဟင်”
“မိန်းမက ဟောင်တဲ့အခါတိုင်း ‘မြောင်’လို့ ပြန်ထူးတဲ့လူ”
“အပြောနဲ့ အလုပ်ညီအောင် ဘာလုပ်ရမလဲဟင်”
“ဘာမှမလုပ်နဲ ၊ ဘာမှမပြောနဲ့”
“တချို့ မိန်းမတွေ ဘာလို့အိမ်ထောင်စောစောပြုကြတာလဲဟင်”
“ဒုတိယ အိမ်ထောင်ပြုဖို့ နောက်ကျမှာ စိုးလို့”
“ထာဝရတရားအကြောင်း ဟောပြောနေတဲ့အချိန်မှာ ဘာကိုသတိထားရမှာလဲ”
“နာရီကို ခဏခဏ မကြည့်ဖို့”
“လဲနေသူကို မကန်ရဘူးဆိုတဲ့ အဓိပ္ပာယ်ကို ၇ှင်းပြပါလား”
“သူ ထ တဲ့အထိကို သည်းခံပြီး စောင့်ပါ ဆိုတဲ့အဓိပ္ပာယ်ပေါ့” ဟီးဟီးးးးးးး

မောင်ကောင်းထိုက်( နှီးပဒေါ)

‪#‎မိန်းမ‬ နှင်. ရန်မဖြစ် အချိန် အထိ စပီကာ များမှ အသံများကို အကျယ်ဆုံး ဟု ကျတော် ယုံကြည် မိခဲ.ပါသည်။။။။စိစိစိ

‪#‎မနေ့ကကျနော်တို့အိမ်ပေါ်တက်ခိုးသွားတဲ့သူခိုးကိုဖမ်းမိပြီကြားလို‬့ ပါဆရာ
-
-
-ဟုတ်ပါတယ်.အချုပ်ခန်းထဲမှာရှိပါတယ်
--
-
-ခဏလောက်တွေ့လို့ ရမလားခင်ဗျ...
-
-
-ဘာများပြောစရာရှိလို့ လဲ
-
-
-
ကျနော့မိန်းမမနိုးအောင်အိမ်ပေါ်ဘယ်လိုတက်ခဲ့.လဲဆိုတာလေးမေးကြည့်ချင်လို့ပါ
-
-Credit-nga myo

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...