သစ်ထူးလွင် သတင်းစုစည်းမှု (၂-၂)
သစ်ထူးလွင် |
- လက် အစားထိုး ကုသမှု အိန္ဒိယတွင် အောင်မြင်
- ဗိုလ်ချုပ်အောင်ဆန်း ပုံစံတူ ရုပ်တု နတ်မောက်ကို သယ်ဆောင်မယ်
- အရွယ်မရောက်သေးသော လူငယ်များ အသုံးပြုလျှင် အန္တရာယ် ရှိသည့် Application လေးခု
- လမ်းကူးရန် စောင့်ဆိုင်းနေသော ကိုရင်နှစ်ပါးအား ယာဉ်တိုက်မိရာ တစ်ပါးပျံတော်မူ
- ပုလောမြို့ အမှတ် (၁) ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား အိမ်ခြေ (၂၈)လုံး ဆုံးရှုံး
- ကျောင်းသားတွေ မကွေးမြို့ ကို ဆက်လက်ချီတက် (ရုပ်/သံ)
- မင်းကွန်းတွင်တွေ့ရှိထားသည့် ရှေးဟောင်းလှေကြီးကို စတင်ဖော်ယူ
- PTTEP ထိုင်းကုမ္ပဏီကို ဇောတိက မြန်မာလုပ်သားများ အဖွဲ့က (၃)ရက်အတွင်း အချက်(၆)ချက်လုပ်ဆောင်ပေးရန် တောင်းဆို
- မူလခြံပိုင်ရှင်(၁၉) ဦး ပိုင်နက်ကျူးကျော်မှုဖြင့် ရေးမြို့တွင် တရားစွဲဆိုခံနေရ
- ထိုင်းတွင် မြန်မာအမျိုးသမီး ၁ ဦး ကုန်းကျော်တံတားပေါ်မှ ပြုတ်ကျသေဆုံး
- ဒီဗွီဘီ၏ နယ်လှည့်ရုပ်သံ ရိုက်ကူးရေးယာဉ် ခဲပစ်ခံရ
- ထားဝယ် အထူးစီပွားရေးဇုန် စီမံကိန်းကို အရှိန်မြှင့်မည်
- နာနတ်တောလမ်းဆုံ လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး
- ကျောင်းသားသပိတ်စစ်ကြောင်း မကွေးတိုင်းကို ဆက်လက်ချီတက်
- NNER ကိုယ်စားလှယ် ပါတီကိုယ်စားမပြုဟု NLD ကြေညာ
- Al Jazeera သတင်းထောက် အီဂျစ်ပြည်နှင်ဒဏ်ပေး
- လေယာဉ်မှူးလွတ်မြောက်ရေး ဂျော်ဒန်ဘုရင် အစွမ်းကုန်ကြိုးစားမည်
- မြန်မာလုပ်သား ၃ ဦး ထိုင်းတွင် အသတ်ခံရမှု အမြန်ဖော်ထုတ်ရန် ခရိုင်ရဲချုပ် ညွှန်ကြား
- ဆော်ဒီဘုရင်သစ် လက်ထက်တွင် ၅ ဦးမြောက် ခေါင်းဖြတ် စီရင်
- ၁၈ ဘီးတွဲယာဉ် အရှိန်လွန်၍ လမ်းဘေးချောက်ထဲ ထိုးကျ
- ရွှေစက်တော်ဘုရားဖူးယာဉ် အရှိန်လွန် လမ်းဘေးသစ်ပင်တိုက်မိ သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရရှိ
- သပိတ် စစ်ကြောင်းထဲ ထောက်လှမ်းရေး တွေ ပါဝင်နေ
- ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ
Posted: 02 Feb 2015 05:29 AM PST
ဓာတ်ပုံ- လက်အစားထိုး ခွဲစိတ်ကုသမှုခံယူသူ အိန္ဒိယနိုင်ငံတွင် ပထမဆုံး လက် ၂ ဖက် အစားထိုးကုသမှု တရပ် အောင်မြင် သွားပြီလို့ကြေညာပါတယ်။ ရထားမတော်တဆမှုဖြစ်စဉ်မှာ လက် ၂ ဖက်လုံး ဆုံးရှုံးသွားတဲ့ အသက် ၃၀ နှစ် မာနုကို ခွဲစိတ်တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ မာနုကတော့ လက်အသစ်တွေအတွက် ဝမ်းမြောက်ရတယ် ပုံမှန်လှုပ်ရှားမှုတွေ အားလုံး လုပ်နိုင်တယ်လို့ ဇန်န၀ါရီ ၃၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ခွဲစိတ်ကုဆရာဝန် ၂၀က
|
Posted: 02 Feb 2015 05:16 AM PST
ပန်းချီဆရာ ဦးအောင်ကျော်ထွန်း ထုဆစ်ထားတဲ့ ဗိုလ်ချုပ် စာဖတ်နေတဲ့ ပုံစံတူ ဆီလီကွန် ရုပ်တုကို ဗိုလ်ချုပ် ရာပြည့် အထိမ်းအမှတ် အဖြစ် ဇာတိ နတ်မောက်ရှိ ဗိုလ်ချုပ်ပြတိုက်မှာ ထားရှိဖို့ ဒီကနေ့မှာ ရန်ကုန်ကနေ နတ်မောက်ကို သယ်ဆောင်မယ်လို့ သိရပါတယ်။ ဒီ ရုပ်တုကို နတ်မောက်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စီစဉ်မှုနဲ့ ပန်းရဲ့လမ်း ဂီတ အဖွဲ့ လှည့်လည် ဖျော်ဖြေခဲ့ရာမှ ရရှိတဲ့ အလှူငွေနဲ့
|
Posted: 02 Feb 2015 05:10 AM PST
လန်ဒန် ၊ ၂-၂-၂၀၁၅ နည်းပညာ တိုးတက်နေသည့် ခေတ်ကြီးတွင် အွန်လိုင်း လူမှုကွန်ရက် အမျိုးမျိုး ထွက်ပေါ် နေလျက်ရှိရာ လူငယ်များကို ဆက်သွယ်ပေး နေသည့် လူမှုကွန်ရက် Application အနက် အောက် ဖော်ပြပါ Application လေးခုတို့ကို အသုံးပြု ခြင်းက အရွယ် မရောက်သေးသော လူငယ်များ အတွက် မထင်မှတ် ထားသည့် ဘေးအန္တရာယ် များကို ဖိတ်ခေါ်ရာ ရောက်ကြောင်း Fox News ၏ အင်တာနက် သတင်းတစ်ရပ် ပေါ်တွင် ဖော်ပြ ထားသည်။ Snapchat Application
|
Posted: 02 Feb 2015 05:01 AM PST
ဖေဖော်ဝါရီလ (၁) ရက်နေ့  နံနက် ၉း၃၀ ခန့် တွင် လားရှိုးမြို့ ၊ ပြည်ထောင်စု လမ်းမကြီး၊ ရပ်ကွက် (၁၂) မန်ဆူဘုန်းကြီးကျောင်းအနီးတွင် သုံးဘီးယာဉ်အား ကျော်တက်လိုက်သော အေဒီဗင် အဖြူတစ်စီးက လမ်းလယ်မှနေ၍ လမ်းဖြတ်ကူးရန် စောင့်ဆိုင်းနေသော ကိုရင်လေး (၂) ပါးအား တိုက်မိခဲ့ရာ ကိုရင်လေးတစ်ပါးမှာ လားရှိုးပြည်သူ့ ဆေးရုံမှ မန္တလေးသို့ ပင့်ဆောင်စဉ် လမ်းခရီး၌ ပျံတော်မူပြီး ကျန်တစ်ပါးမှာ လားရှိုးပြည်သူ့ ဆေးရုံတွင် ဆေး
|
Posted: 02 Feb 2015 04:54 AM PST
ဓာတ်ပုံ - soe lay (ပုလောဆုံဆည်းရာ) ၂၀၁၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁)နေ့ နေ့လည် (၃)နာရီ (၂၀) မိနစ် အချိန် မြိတ်ခရိုင် ပုလောမြို့ အမှတ် (၁) ရပ်ကွက် ဗိုလ်မှူးခင်မောင် လမ်းဆွယ်တွင် နေထိုင်သော ခင်ဇော်ဦး (ခ) ဇော်ငယ် (ဘ) ဦးဖေသန်း ၊ (နိုင်ငံသားမှတ်ပုံတင်အမှတ် ၆/ပလန (နိုင်) ၀၄၄၇၅၃ )၏ နေအိမ် မီးကျွင်း မီးကျန်မှ တဆင့် မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် ဗိုလ်မှူးခင်မောင်လမ်းနှင့် မြ၀တီလမ်းရှိ နေ
|
Posted: 02 Feb 2015 02:33 AM PST
အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ဒီနေ့ ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ဆက်လက်ချီတက်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူ တင်ပြထားပါတယ်။ (function(d, s, id) { var js, fjs = d.getElementsByTagName(s)[0]; if (d.getElementById(id)) return; js = d.createElement(s); js.id = id; js.src = "//connect.facebook.net/en_US/
|
Posted: 02 Feb 2015 01:54 AM PST
ရှေးဟောင်းယဉ်ကျေးမှု နယ် မြေဖြစ်သည့် စစ်ကိုင်းမြို့နယ် မင်း ကွန်းရွာတွင် ဧရာဝတီ မြစ်ကမ်းပါး ပြိုရာမှ ပေါ်ထွက်လာခဲ့သည့် ရှေး ဟောင်း လှေကြီးကို ယခုအခါ မင်း ကွန်းလေးဌာန ဆရာတော်ကြီးများ က ဦးဆောင် ၍ ပြန်လည်ဆယ်ယူ လျက်ရှိကြောင်း သိရသည်။ အဆိုပါလှေကြီးကို ဇန်နဝါရီ ၄ရက်က ဧရာဝတီမြစ်ကမ်းဖောင် တော်သီဆိပ်တွင် ကမ်းပါးပြိုရာမှ လှေဦးပိုင်းကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၉ရက်မှစတင် ကာ နစ်မြုပ်လြှေ
|
Posted: 02 Feb 2015 01:40 AM PST
မြန်မာနိုင်ငံ၏ ဇောတိက ကမ်းလွန် ရေနံလုပ်ကွက်ရ ထိုင်းနိုင်ငံ ကုမ္ပဏီ တစ်ခုဖြစ်သော ပီတီတီအီးပီ ကုမ္ပဏီကို ဇောတိက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်သားများ အဖွဲ့အစည်းက (၃)ရက်အတွင်း လုပ်ဆောင်ပေးရမည့် အချက်(၆)ချက်ကို ယနေ့ (၂.၂.၂၀၁၅)ရက်နေ့တွင် တောင်းဆိုလိုက်သည်။ ယင်းအချက်များမှာ ကုမ္ပဏီအနေဖြင့် မြန်မာဝန်ထမ်းများအပေါ်ခွဲခြား
|
Posted: 02 Feb 2015 01:34 AM PST
မြို့နယ်တရားရုံး(IMNA) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာသား စိုက်ပျိုးခြံလုပ်ကိုင်သူ (၁၉) ဦးကို ခြံရှင်အသစ်ဆိုသူက ပိုင်နက်ကျူးကျော်မှု၊ ခြိမ်းခြောက်မှုဖြင့် မြို့နယ်တရား၌ တရားစွဲဆိုခြင်း ခံထားရကြောင်း သိရသည်။ အဆိုပါ ကိုးမိုင်ရွာသားတို့ နှစ်ကာလကြာ စိုက်ပျိုးလုပ်ကိုင်လာသောမြေကို စီးပွားရေးလုပ်ငန်းရှင် ဦးပေါ်ထွန်း ဆိုသူက ၄င်းပိုင်ဆိုင်သည်ဟု ဆိုကာခေါဇာမြို့ ရဲစခန်း၌ ၂၀၁၅ ဇန်နဝါရီလဆန်းပိုင်း
|
Posted: 02 Feb 2015 01:24 AM PST
ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်မှာ မြန်မာအမျိုးသမီး ၁ ဦး လူကူးကုန်း ကျော်တံတား ပေါ်ကနေ ပြုတ်ကျ သေဆုံးတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ မနေ့မနက်က ဆမွတ်ပရကန်မြို့ ဘန်မိုင်းရပ်ကွက် ဆီရိနတ်ခလင်း လမ်းပေါ်မှာ အမျိုးသမီး တဦး ကုန်းကျော် တံတားပေါ်ကနေ ပြုတ်ကျပြီး အောက်မှာသွားနေတဲ့ တက္ကစီကားပေါ် ထပ်မံ ပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ မြို့နယ် ရဲစခန်းက တာဝန်ကျ ဒုရဲအုပ်က ပြောပါတယ်။ ပြုတ်ကျသူအသက်
|
Posted: 02 Feb 2015 01:21 AM PST
မန္တလေးမြို့မှာ ဒီဗွီဘီ အပတ်စဉ်ရုပ်သံ အစီအစဉ်ရိုက်ကူးရေး မော်တော်ယာဉ်ကို အမည်မသိ ဆိုင်ကယ်စီး ၂ ဦးက အုတ်ခဲနဲ့ ပစ်ခတ်လို့ ကားဘယ်ဘက်ခြမ်းက နောက်ခန်း မှန်တချပ်ကွဲခဲ့ပါတယ်။ မန္တလေးမြို့ လမ်း ၈၀၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြာမှာရှိတဲ့ Palace ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့ တို့ပြည်တို့မြေ နယ်လှည့် ရိုက်ကူးရေး အဖွဲ့ရဲ့တိုယိုတာ၊ ပရာဒို ကားကို ဆိုင်ကယ်စီးလူငယ် ၂ ဦးက ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၁ နာရီခန့်မှာ အုတ်နီခဲ
|
Posted: 02 Feb 2015 12:39 AM PST
နှေးကွေးနေတဲ့ ထားဝယ် အထူးစီပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းကို အရှိန်မြှင့်ဖို့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံအဆင်ြ့မင့် ပူးတွဲကော်မတီရဲ့ သုံးရက်ကြာ ဆွေးနွေးပွဲကို ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။ နှစ်နိုင်ငံဆွေးနွေးပွဲအပြင် ဂျပန်နိုင်ငံနဲ့ပါ သုံးနိုင် ငံဆွေးနွေးပွဲတစ်ခုလည်း ကျင်းပခဲ့ပါတယ်။ ထားဝယ် အထူးစီပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံကလည်း ကူညီထောက်ပံ့မယ်လို့ ကမ်းလှမ်း ထားပါတ
|
Posted: 02 Feb 2015 12:37 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ၁.၂.၂၀၁၅ ရက်နေ့ ၁၉၂၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း စမ်းချောင်းမြို့နယ် ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကိုဝင်းဇော်(၂၇)နှစ် မောင်းနှင်လာသော 4C ---- ကယ်ရီနားဗင် ကိုယ်ပိုင်ယာဉ်သည် နာနတ်တောလမ်းဆုံ အလွန်အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ ကမာရွတ်မြို့နယ်နေ ဦးစိုးသန်း(၅၅)နှစ်အား တိုက်မိခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ဦးစိုးသန်းမှာ
|
Posted: 02 Feb 2015 12:32 AM PST
အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြ ချီတက်နေကြတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းဟာ ဒီကနေ့ ရေနံချောင်းမြို့ကနေ မကွေးတိုင်းဘက်ကို ဆက်လက် စတင်ချီ တက်ဆန္ဒပြနေ ကြပါတယ်။ မကွေးမြို့အထိ ခရီးဝေးတဲ့ အတွက် လမ်းတနေရာမှာ ညအိပ်ရပ်နားမယ်လို့ သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။ “အခု ကျနော်တို့ ရေနံချောင်းကနေ မကွေးကို ထွက်နေတယ်။ ဒီနေ့ ခရီးစဉ်မိုင် အရှည်နှုန်းအရတော့ ကျနော်တို့က ကံဖျားမှာ
|
Posted: 02 Feb 2015 12:28 AM PST
ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းလွင် ဆွေးနွေးနေစဉ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက် ရောက်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ကိုယ်စားလှယ် ဒေါက်တာသိန်းလွင် ဟာ ပါတီကို ကိုယ်စား မပြုဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မနေ့က ကြေညာ ပါတယ်။ ဒေါက်တာသိန်း
|
Posted: 02 Feb 2015 12:23 AM PST
အီဂျစ်နိုင်ငံမှာ အကျဉ်းကျ ခံနေရတဲ့ အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းထောက် တယောက်ကို အီဂျစ်အစိုးရက သူ့နေရပ်ရင်းကို ပြန်ပို့လိုက်ပါတယ်။ သြစတြေးရီးယား နိုင်ငံသားတဦးဖြစ်တဲ့ Peter Greste ဟာ အီဂျစ်အစိုးရ မတရားအသင်း အဖြစ် ကြေညာထားတဲ့ မွတ်ဆလင် ညီအကိုတော် အဖွဲ့ကို ကူညီထောက်ပံ့နေတယ်လို့ အစွပ်စွဲခံရပြီး တနှစ်ကျော် ထောင်သွင်း အကျဉ်းချ ထားတရာကနေ အခု အီဂျစ်ကနေ နေရပ်ရင်းကို ပြန်ပို့လိုက်တာပါ။ သူ့ကို နှင်ထု
|
Posted: 02 Feb 2015 12:21 AM PST
IS စစ်သွေးကြွတွေ ဖမ်းဆီးခံထားရသူ ဂျော်ဒန်လေယာဉ်မှူး Muath al-Kaseasbeh ရဲ့ဖခင် Safi al-Kaseasbeh (ဗဟို) အား သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၁၊ ၂၀၁၅) IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို ကယ်ဆယ်နိုင်ဖို့ လုပ်ဆောင်ပေးနိုင်တာတွေ မှန်သမျှ လုပ်ပေးမှာ ဖြစ်ကြောင်း ဂျော်ဒန်ဘုရင် Abdullah II က ပြောလိုက်ပါတယ်။ သူရဲကောင်း တိုက်လေယာဉ်မှူး Muath al-Kaseabeh ကို ပြန်
|
Posted: 02 Feb 2015 12:41 AM PST
ဓာတ်ပုံ- MAT ထိုင်းနိုင်ငံ ချိုင်ဘူရီခရိုင်မှာ ၁၃ နှစ်အရွယ် ကလေးတယောက် အပါအ၀င် မြန်မာ ၃ ယောက် အသတ်ခံရမှုကို အမြန်ဖော်ထုတ်နိုင်အောင် လုပ်ဆောင်ဖို့ ဆူရတ်ဌာနီ ခရိုင်ရဲချုပ် ရဲမှူးကြီး အဖီချတ် ဘွန်စရီရော့ဂ်ျက စုံစမ်းစစ်ဆေးသူတွေကို ညွှန်ကြားထားပါတယ်။ အသတ်ခံရတဲ့ အလုပ်သမား ၃ ဦးထဲမှာ အသက် ၁၃ နှစ်ရွယ် ကလေး ၁ ဦးပါ ပါဝင်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၃ ရက် ည ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာပါ။ လူသတ်မှုဟာ
|
Posted: 02 Feb 2015 12:11 AM PST
ဆော်ဒီအာရေဗီးယားနိုင်ငံက လူသတ်မှု ကျူးလွန်သူတဦးကို ဇန်န၀ါရီ ၁ ရက်နေ့က ခေါင်းဖြတ် စီရင်လိုက်ပါတယ်။ ဒီအတွက် ဇန်န၀ါရီ ၂၃ ရက်နေ့ကနေ စတင် ဘုရင် ဖြစ်လာတဲ့ ဆာလ်မန် လက်ထက်မှာ ၅ ဦးမြောက် ခေါင်းဖြတ် စီရင်ခံရသူ ဖြစ်လာတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။ စကားများပြီး တခြားလူတဦးကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့အတွက် အဗ္ဗဒယ်ရာမန် အယ်လ် ဂျာနီကို မက်ဒီနာမြို့မှာ သေဒဏ် စီရင်လိုက်တာ ဖြစ်ပါတယ်။ လုံခြုံရေးကို ထိန်း
|
Posted: 01 Feb 2015 05:30 PM PST
ဘားအံ ဖေဖော်ဝါရီ ၁ ကရင်ပြည်နယ် ဘားအံမြို့နယ် ဝါးပိုးတောလမ်းဆုံ၌ ၁၈ ဘီးတွဲ ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက် မှု ဇန်နဝါရီ ၃ဝ ရက် ည ၁၁ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဘားအံ-သထုံကားလမ်း မိုင်တိုင်အမှတ် (၁၃/၄) တံတား အမှတ် (၁၄/၁) ဝါးပိုးတောလမ်းဆုံ အနီး ဘားအံဘက်မှသထုံဘက်သို့ ယာဉ်မောင်း ကျော်ဇေယျာသိန်း(၂၃)နှစ် အိုးဇရပ်ရပ်ကွက် ဆားလင်းကြီးမြို့နယ်နေသူမောင်းန
|
Posted: 01 Feb 2015 05:03 PM PST
ရွှေတောင် ဖေဖော်ဝါရီ ၁ ရွှေတောင်မြို့မ ရဲစခန်းအပိုင် ရဲစခန်း အရှေ့တောင်ဘက် လေးမိုင်ခန့်အကွာ မီးလောင်အုပ်စု၊ ဝါးလည်ရွာ အနီးတွင် ဇန်နဝါရီ ၃၁ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ခရိုင် ရွှေတောင်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ်သော်ဇင်နှင့်အဖွဲ့ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ရဲဝင်းဖြိုး (၂၉နှစ်)ဝေါမြို့နေသူ မောင်းနှင်ပြီး သံဃာနှစ်ပါး အပါအဝင် ဘုရားဖူး ၁၅ ဦးခန့် လိုက်ပါ လာေ
|
Posted: 01 Feb 2015 05:39 PM PST
သပိတ်မှောက် ကျောင်းသားတွေ ကို အရေးမယူရ ကြိုတင် စည်းကမ်းကို အစိုးရ သဘောမတူ။ မန္တလေး ကနေ ရန်ကုန် ချီတက် နေတဲ့ သပိတ်မှောက် စစ်ကြောင်း ထဲမှာ စစ်ဖက် ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ယောက် ကျောင်းသား အယောင်ဆောင် လိုက်ပါ လာတယ် ဆိုပြီး သပိတ် စစ်ကြောင်း ကို ဦးဆောင် နေတဲ့ ဗကသ တာဝန်ခံ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။ အဲဒီ့ ၃ ယောက် စလုံးကို ရဲစခန်း ကို ကျောင်းသားတွေ က အပ်နှံ ခဲ့တယ် လို့လည်း သိရပါတယ်။ မနေ့က လုပ်
|
Posted: 01 Feb 2015 04:44 PM PST
ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 01 Feb 2015 04:40 PM PST
ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 01 Feb 2015 04:35 PM PST
ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment