Thursday, February 5, 2015

ရင်ထဲက တံဆိပ်လေးတွေ


ကျမတို့အားလုံးမှာ တန်ဖိုးတွေရှိကြတယ်။ ကျမ တို့အနားမှာရှိတဲ့ လူတွေ သတ်မှတ်ထားတဲ့တန်ဖိုး ၊ ကျမတို့ နဲ့ ဝေးဝေးမှာရှိတဲ့ လူတွေ သတ်မှတ်ပေးတဲ့တန်ဖိုး။
ကျမတို့ကိုချစ်တဲ့ သူတွေ သတ်မှတ်ထားတဲ့တန်ဖိုး။ ကျမတို့ကိုမုန်းတဲ့သူတွေ သတ်မှတ်ထားတဲ့ တန်ဖိုး ။

ကျမတို့ တနေ့တနေ့ လူတွေနဲ့စကားပြောဆို ဆက်ဆံ အတူသွား အတူလာ နေတဲ့ အခါတိုင်း ကျမတို့ရဲ့ တန်ဖိုးတွေကတတ်သွားသလို တန်ဖိုးတွေ ဟာ ကျသွားတယ်။
လူတိုင်းမှာတံဆိပ်တွေရှိတယ်။
ကျမမှာလည်း တံဆိပ်တွေရှိတယ် လူတွေကသတ်မှတ်ထားတဲ့ တန်ဖိုးရှိတယ်။
ကျမကနေ လူတွေကို မြင်တဲ့ အမြင်အတိုင်း ကပ်ထားတဲ့ တံဆိပ်တွေ တန်ဖိုးရှိတယ်။
တစ်ခါတလေ တန်ဖိုးတွေတံဆိပ်တွေ ကိုခွာကြည့်တဲ့ အခါမှာ လူဆိုတာ လူသက်သက်ပါပဲ။မျက်လုံးနှစ်လုံး နှာခေါင်းပေါက် တစ်ပေါက် နဲ့ လူတစ်ယောက်ပေါ့။

လူအချို့က ထင်မြင်တယ်ယူဆတယ် သူတို့ဟာတန်ဖိုးသိပ်ကြီးတယ် သူတို့ဟာ နာမည်ကြီး အမှတ်တံဆိပ်တွေ ပေါ့။
တကယ်တော့ သူတို့ကိုယ် သူတို့ကပ်ထားတဲ့တံဆိပ်တွေ ဖြစ်ပြီး ပတ်ဝန်းကျင် ကလူတွေကတော့ သူတို့ဟာဘ၀င်မြင့်နေတဲ့သူတွေလို့ တံဆိပ်ကပ်ခံထားရပြီး တန်ဖိုးကလည်းရှိရင်းဆွဲ ထက် ခပ်ပေါပေါ ပဲလို့ သတ်မှတ်ခံလိုက်ရပါတယ်။
ဒါပေမယ့်သူတို့ကတော့သူတို့ကိုယ်သူတို့ နာမည်ကြီးတံဆိပ်တစ်ခုလို့ယုံကြည်နေတုန်းပါပဲ။

လူအချို့ကတော့ သူတို့ဟာ တန်ဖိုးမရှိတဲ့ တံဆိပ်လေးတစ်ခု လူတွေ မမြင်တဲ့ မရွေးချယ်တဲ့ တံဆိပ်လေး တစ်ခုလို့ထင်ကြတယ်။
ဒါပေမယ့် သူတို့ဟာ အချို့လူတွေ အတွက် တော့ ဘယ်တန်ဖိုးကြီး တံဆိပ်နဲ့မှ မလဲနိုင်တဲ့ တန်ဖိုးတွေရှိနေတယ် ဆိုတာပါပဲ။
……………………………………………………………………………………………………………………..
ကျမ အသက် ၂၃ မပြည့်ခင်တုန်းက လူတွေရဲ့ တန်ဖိုးတွေနဲ့တံဆိပ်တွေကို မကွဲပြားခဲ့ဘူး။
လူတွေဟာ သာမာန် လူတွေ တွေးသလို ဦးနှောက်တစ်လုံးနဲ့ ရိုးသားစွာတွေးခေါ် လေ့မယ်လို့ပဲ ကျမယုံကြည်ခဲ့တယ်။
လူတွေဟာ အမှန်တရားကိုယုံကြည်မြတ်နိုးမယ်။ လောကပါလ တရားကို လက်ကိုင်ထားလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။
ဒါပေမယ့် ကျမ ရောက်ခဲ့တဲ့ အသိုင်းအ၀ိုင်းမှာတော့ လူတစ်ဦးတစ်ယောက်နဲ့ဆက်ဆံ တဲ့ အခါ ဘယ်လို အပြောအဆို ဘယ်လို မျက်နှာထား ဘယ်လို စကားတွေကို ပြောပြီး ဆက်ဆံရမလဲ ဆိုတာကို ဘ၀ အတွေ့အကြုံတွေက သင်ကြားပေးခဲ့တယ်။
လူတိုင်းကိုစိတ်ထဲရှိသလို ဆက်ဆံ ဖို့ ခက်ခဲတဲ့ နေ့ရက်တွေဟာ ကျမတို့ ဘ၀ထဲမှာတကယ်ပဲ ကြုံလာတယ်။
တစ်ခါတလေ မှားယွင်းပြီးခိုးကြောင်ခိုးဝှက်လုပ်ထားတဲ့ သူက ကျမတို့ကို လက်ညှိးထိုးပြီး နင်မှားတယ် ဆိုတဲ့ စော်ကားတဲ့စကားကို စိတ်ငြိမ်ငြိမ်နဲ့သီးခံပြီး ပညာရှိ အမျက် အပြင် မထွက် ဆိုတဲ့စကားနဲ့သတိပေးပြီး တည်ငြိမ်စွာဆက်ဆံတတ်လာတယ်။
တဖက်သားရဲ့သိက္ခာအတွက် ကျမတို့ တွေ လူပုံအလည်မှာ ပြောမထွက်တဲ့ စကားတွေ အတွက် တစ်ခါတလေ နောက်ကွယ်မှာ ကျမတို့ သီးခံပြီး ကိုယ့်ဟာ ပတ်ဝန်းကျင်က အချစ်တွေနဲ့ ပျော်ရွှင်နေတာကြောင့် သူ့ခမျာ သိက္ခာကျသွားမယ် သနားပါတယ်ဆိုပြီး ထိန်းသိမ်းခဲ့ရတဲ့အခြေအနေ ရှိတယ်။
ကျမတို့ဟာအချင်းချင်း အပြုံးနဲ့ လက်တွဲထားပြီး တန်ဖိုးမရှိတဲ့ တံဆိပ်တွေကို မသိကျိုးကျွှန်ပြုပြီး ဘာမှမဖြစ်သလို သီးခံစိတ်နဲ့ ကိုယ့်ဘ၀ကိုယ်အောင်မြင်အောင် ဆက်လျောက်နေတုန်းပဲ။
……………………………………………………………………………………..
ကျမက ချစ်တဲ့သူတွေကို သတ်မှတ်ထားတဲ့တန်ဖိုး ….. ကျမကို ချစ်တဲ့သူတွေက သ
တ်မှတ်ထားတဲ့ တန်ဖိုးတွေရှိတယ်။
ကျမ ဘ၀မှာ ကံအကောင်းဆုံးကတော့ ဘာပဲဖြစ်ဖြစ်ကျမကို နားလည်ပေးတဲ့ ကျမကိုတိုက်ရိုက် ထိပါးလာမယ့် ကျမကို သိက္ခာလီဆယ်ချမယ့်ကိစ္စမျိုးတွေကို အမြဲတစေ ကာကွယ်ပေးတဲ့ ဘ၀ရဲ့ လမ်းကြောင်းတွေကို နည်းမှန်လမ်းမှန် နဲ့လျောက်တတ်အောင် အမြဲတစေ ကလေးတစ်ယောက်လို ကျမကို ဖေးမလျောက်ပေးနေတဲ့ လူနှစ်ယောက် ရှိနေတာပါပဲ။
လွန်ခဲ့တဲ့ငါးနှစ်က ဆိုရင် ကျမက မွေးကင်းစကလေးတစ်ယောက်ပေါ့။
သူတို့က ကျမ ကိုလမ်းလျောက်တတ်အောင် စကားပြောတတ်အောင် … သင်ကြားပေးရုံမက
ကျမ ဒီကနေ့ဒီလို ရပ်နေနိုင်တာဟာ အဲဒီလူကြီးလူကောင်းနှစ်ယောက်ကကျမ ရှေ့က မြဲကာဆီးကာဆီးနဲ့ ကာကွယ်ပြီး စောင့်ရှောက်ခဲ့ကြလို့ပါ။
သူတို့ နှစ်ယောက် သာမရှိရင် ကျမ ဆိုတာလည်း ဒီနေရာမှာရှိနိုင်မှာမဟုတ်ဘူး။
သူတို့အတွက်လည်းကျမ ဆိုတဲ့ အမှတ်တံဆိပ်ဟာ ဂုဏ်သိက္ခာတစ်စုံတရာ မကျအောင်ထိန်းသိမ်းရမယ့်သူ အထိခိုက်အပွန်းအပဲ့ မခံနိုင်လောက်အောင်ကိုတန်ဖိုးရှိတယ်လို့သူတို့ယုံကြည်ထားတယ်ဆိုတာကို ကျမ ကိစ္စတစ်ခုခုကြုံတိုင်း ကျမကိုဝိုင်းကာကွယ်တဲ့ အခြေအနေတွေကို ကြုံရတိုင်း ကျမကပိုပိုနားလည်လာပါတယ်။
ကျမ အတွက်တော့ သူတို့နှစ်ယောက်ရဲ့တန်ဖိုးက သိပ်ကြီးပါတယ်။ သူတို့ကိုစော်ကားပြောဆို တာဟာ
ကျမကို ဓားနဲ့ထိုးတာထက် နာတယ်လို့ကျမ အမြဲခံစားရလို့ပါပဲ။
ကျမရဲ့ ဘ၀မှာတော့ တန်ဖိုးကြီးတံဆိပ် နှစ်ခု ဟာသူတို့ပါပဲ။
………………………………………………………..

အခု အသက်ကြီးလာလေ သိလာတာဟာ ကျမတို့ကိုယ်တိုင်ကပ်တဲ့ တံဆိပ်တွေ တန်ဖိုးတွေ ထက် ကိုယ့်ကို ချစ်မြတ်နိုးတန်ဖိုးထားသူတွေက ပေးတဲ့ တန်ဖိုးနဲ့တံဆိပ်ဟာ ဘ၀မှာ အစစ်အမှန်ပျော်ရွှင်စေပြီး တန်ဖိုးရှိတယ် ဆိုတာပါပဲ။

ကျမ မိသားစု အပေါ်မှာထားတဲ့ တံဆိပ် ကျမ မောင်နှမတွေပေါ်ထားတဲ့ တံဆိပ်တွေရှိတယ်။
ကျမ တန်ဖိုးထားးတဲ့တံဆိပ်တွေကို ဘယ်လိုအခြေအနေမျိုးပဲကြုံကြုံ  ကျမဆက်ပြီးထိန်းသိမ်းမယ်။ တန်ဖိုးထားမယ်။ ကျမ အသက်ရှိနေသရွေ့အဲ့ဒီတံဆိပ်တွေဟာ လူပုံအလည်မှာတင့်တယ်နေတဲ့တံဆိပ်တွေဖြစ်အောင် ချစ်မြတ်နိုးမယ်ဆိုတာပါပဲ။

ကျမတန်ဖိုးထားတဲ့ အမှတ်တံဆိပ်တွေကို ကျမဖြစ်စေချင်တာကတော့
မှန်ကန်တဲ့ သူတွေ ရိုးသားတဲ့သူတွေ လောကဓံကို ကောင်းကောင်းရင်ဆိုင်နိုင်တဲ့သူတွေ
ချစ်ခင်မြတ်နိုးတတ်တဲ့သူတွေအဖြစ်ပါပဲ။

သူတို့အတွက် ကျမ အရာရာကို လုပ်ပေးနိုင်ပါတယ်။
သူတို့ဘက်က ကျမကိုပြန်ပေးရမယ့် အရာက ချစ်ခြင်းမေတ္တာတရားနဲ့ကိုယ်ချင်းစာနာမှုတရားပါပဲ။
ကျမရင်ထဲက မှာ အမြဲလှပနေတဲ့ တန်ဖိုးကြီးတဲ့ တံဆိပ်တွေ သိပ်များများမရှိပါဘူး

ရှိနေတဲ့ တံဆိပ်လေးတွေကိုလည်း ကျမ နွေးနွေးထွေးထွေးနဲ့တန်ဖိုးထားဖို့ကြိုးစားတယ်။
ကျမရင်ထဲက တံဆိပ်တွေ အမြဲတန်ဖိုးတတ်နေပါစေလေ။

NL

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...